မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို ကယ်တင်ထားကြောင်း ဒေါင်းညီနောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ သစ်ခေါက်တောင် စစ်တပ် ကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများက တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ခေါ်ယူကယ်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။ “သစ်ခေါက်တောင် စစ်ခွေး ကင်းစခန်းအနီးက စစ်ခွေး တွေရဲ့ ရမ်းကားမှုကို ကြောက်လို့ တောတွင်းမှာ တိမ်းရှောင်နေရတဲ့…
နှစ်နိုင်ငံနယ်စပ်မှ လူကုန်ကူးနှင့်ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် ထိုင်းကြည်းတပ် အဆင့်မြင့်အရာရှိ နေပြည်တော်သို့ရောက်ရှိနေပြီး စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ယနေ့(ဇန်နဝါရီ ၂၁) တွင် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ကြေညာသည်။ ထိုင်းကြည်းတပ်စစ်ဆင်ရေးဌာန၊ အိမ်နီးချင်းနိုင်ငံများနှင့်ညှိနှိုင်းရေးတာဝန်ခံ ဗိုလ်ချုပ်ကြီး Direk Bongkarn သည် ဒုစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့စဉ် နယ်စပ်လူကုန်ကူးဂိုဏ်းများနှင့် ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် စစ်တပ်နှစ်ခုအကြားပူးပေါင်းနိုင်မည့် နည်းလမ်းများကိုဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီသတင်းကဆိုသည်။ သို့သော်စစ်ဆင်ရေးအသေးစိတ်အချက်အလက်များအပါအဝင် မည်သည်သဘောတူညီချက်များ ရရှိခဲ့သည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။ ပြီးခဲ့သည့်သတင်းပတ်များအတွင်းက တရုတ်သရုပ်ဆောင်တစ်ဦး ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်မှ လူကုန်ကူးဂိုဏ်းများကို နှိမ်နှင်းရန် တရုတ်အစိုးရက စစ်ကောင်စီနှင့်ထိုင်းအစိုးရတို့ကို ဖိအားပေးခဲ့သည်။ လွန်ခဲ့သည့်သတင်းပတ်အတွင်းကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို အမြစ်ဖြတ်မည်ဟု တရုတ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ စစ်ကောင်စီကလည်း ကရင်ပြည်နယ် မြဝတီရှိ ရွှေကုက္ကိုလ်နှင့်…
ရေဖြူမြို့နယ်၊ နဘုလယ်ဆိပ်ကမ်းတွင် စစ်တပ်က လက်နက်ခဲယမ်းများစုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ၏ ဒရုန်း ၂ စီး အပါအဝင် လက်နက်ခဲယမ်းများ မီးလောင်ပေါက်ကွဲပျက်စီး တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဆိပ်ကမ်း၌ လက်နက်ခဲယမ်းများ စုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒရုန်း ၂ စီးအပါအဝင် လက်နက်ခဲယမ်းများ မီးလောင်ပေါက်ကွဲပျက်စီးခဲ့ကြောင်း ဗထူးတပ်မတော် -BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီက ရေဖြူမြို့နယ် ၊ နဘုလယ်ရေနက်ဆိပ်ကမ်းအနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘောမှ နဘုယ်လယ်ရေနက်ဆိပ်ခန်းရှိ အကြမ်းဖက်အခြေစိုက် တပ်စခန်းသို့ လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ရေလမ်းကြောင်း မှတဆင့် Multi – Drone ၂ စီး…
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့အနီးက ဘောမိရွာနဲ့ ကမ်းခြေကို AA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ရခိုင်-ဧရာဝတီအစပ်ဖြစ်တဲ့ နေရာတချို့နဲ့ ပွိုင့် ၃၆၉ ကုန်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရွှေသောင်ယံကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ယာယီထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်းကနေ…
မြန်မာစစ်ကောင်စီက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရာမှာ အိမ်နီးချင်းနိုင်ငံတွေကလည်း ဝိုင်းဝန်း ကူညီကြဖို့ တောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ ၂၀၂၃ ခုနှစ်ကစလို့ အဲဒီ ရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်သူ စုစုပေါင်း ၅၀,၀၀၀ လောက်ကို တရုတ်ပြည်ကို ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြောပါတယ်။ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုလုပ်ဆောင်တဲ့ အဆောက်အဦတွေ မြန်မာနယ်စပ်ဒေသတလျှောက်မှာ ပေါများလာပြီး နိုင်ငံခြားသား အများအပြားလည်း အဲဒီနေရာတွေမှာ အလုပ်လုပ်ဖို့အတွက် ကိုယ့်နိုင်ငံသားအချင်းချင်း လိမ်လည် ဖျားယောင်း ခေါ်ဆောင်ခံရတာအပြင် အဓမ္မ လူမှောင်ခိုကူးခံရတာတွေ ရှိခဲ့ပြီး အဲဒီလုပ်ငန်းတွေကနေ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေကြတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားဌာနတွေ အများအပြား ရှိနေတဲ့အကြောင်း စစ်ကောင်စီလက်အောက်ခံ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့…
ထီးလင်းမြို့မ ရဲစခန်း၊ ရုပ်သံကုန်းနှင့် ကင်းပုန်း ဝပ်နေသော စစ်သားများကို တိုက်ခိုက် ထီးလင်းမြို့ထိန်းချုပ်နိုင်ရေး တော်လှန်ရေး တပ်ဖွဲ့များ ကြိုးစားနေ မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ရုပ်သံကုန်းနှင့် ကင်းပုန်း ဝပ်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ပြီး ထီးလင်းမြို့ထိန်းချုပ်နိုင်ရေး ကြိုးစားနေကြောင်း ဗျူဟာ အမှတ် ၈၁ – ယောဗျူဟာမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြို့မရဲစခန်းနှင့် ရုပ်သံကုန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ထီးလင်းမြို့အောင်တော်မူ ဘုရားဘက်၌…
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) တို့ ဇန်နဝါရီ ၁၆၊ ၁၇ ရက်များက ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးရာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးနိုင်ရန် ၇ ကြိမ်ခန့်ထိ တွေ့ဆုံခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်က သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကာ MNDAA နှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုမှာ ယခုဆိုလျှင် ဒုတိယအကြိမ် ဖြစ်သည်။ အပစ်အခတ်ရပ်စဲမှု နောက်ဆက်တွဲအနေဖြင့် MNDAA ထိန်းချုပ်ထားသည့် တရုတ်- မြန်မာ နယ်စပ်ဂိတ်များကို တရုတ် ဘက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သလို MNDAA နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)…
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများနှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်၊ တော်လှန်ရေးသမားများ ဒေသစွဲစိတ် စွန့်လွှတ်ပြီး နိုင်ငံ့အရေး ကြိုးပမ်း ကြရမည်ဟု NUG ယာယီ သမ္မတက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) NUG ယာယီ သမ္မတ ဒူဝါးလရှီးလက ၎င်းတို့နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများအကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီး ဒေသစွဲစိတ်ကို စွန့်လွှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းသွားရန် လိုအပ်သည်ဟု ယနေ့ (ဇန်နဝါရီ ၂၁) တွင် ပြောကြားသည်။ NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “အခုဆိုရင် ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်ပြီလို့…
ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဇန်နဝါရီလပိုင်းမှ စ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်လာပြီး စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ချောင်းသာမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များကလည်း စိုးရိမ်စိတ်ဖြစ်ကာ ဟိုတယ်များကို ပိတ်သိမ်းပြီး ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိချိန်တွင် ချောင်းသာကမ်းခြေကို အလည်အပတ်ဝင်ရောက်မှုများလည်း သိသိသာသာ လျော့နည်းသွားပြီး ရွှေသောင်ယံမြို့အတွင်း တိုက်ပွဲများသည်လည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့်…
စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိကြောင်း ကိုးကန့် MNDAA ၏ လားရှိုးပြန်လည်ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင်က ပြောဆိုသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် MNDAA နှင့် စစ်ကောင်စီတပ်တို့အကြား လက်ရှိနေရာတွင်ပင် အပစ်အခတ်ရပ်စဲထားရန် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သဘောတူညီခဲ့ကြကြောင်း၊ သို့ရာတွင် လားရှိုးမြို့မှ MNDAA တပ်များ ဆုတ်ခွာမည်ဆိုသော သတင်းများမှာ လုံး၀ မှန်ကန်မှု မရှိကြောင်း ၎င်းက ရှင်းပြသည်။ “အပစ်ခတ်ရပ်စဲတာ လက်မှတ်ထိုးတာဟုတ်ပါတယ်။ လားရှိုးက ပြန်ဆုတ်မယ်ဆိုတာ ကျနော်တို့…