Tag: Article


  • ၂၀ (ခ) နှင့် ၂၀ (ဂ) ကို သုံးမည် ဆိုပါလား

    ကြာသပတေး နေ့ တွင် နိုင်ငံကို အုပ်ချုပ်နေသော အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ ဒီဇင်ဘာ ၂၈ တွင် ပြုလုပ်ပေးမည့် ရွေးကောက်ပွဲအား မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် ၁၀၂ မြို့တွင် ပထမ အဆင့် အဖြစ် စတင် ပြုလုပ်သွားမည်ဟု ဆိုသည်။ ဤသည်က ဦးနု၏ ဖဆပလ အစိုးရ မှ လွတ်လပ်ရေးရပြီး ကာစ တိုင်းပြည် မတည်မငြိမ် ဖြစ်နေချိန်တွင် အဆင့်လိုက်ခွဲ ၍ ၁၉၅၁ ဇွန်လမှ ၁၉၅၂ ဧပြီ လ အထိ ကျင်းပခဲ့ရဖူးသည်။ ယခု မင်းအောင်လှိုင်သည်လည်း ထိုပုံစံကို အတုယူခဲ့ပုံရသည်၊ သို့သော် တဖက်တွင် ကြည့်မည် ဆိုလျင် ၎င်း၏ အာဏာသိမ်း လုပ်ရပ်ကြောင့်…

  • သုံးစွဲသူ အချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့တဲ့ တယ်လီနော

    ၄င်းတို့၏လုပ်ရပ်ကြောင့် သုံးစွဲသူများ အဖမ်းခံရနိုင်သည်ကိုသိလျှက်နှင့် တယ်လီနော သည် သုံးစွဲသူများ၏ ဒေတာအချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော(Telenor) ကုမ္ပဏီသည် ၄င်းတို့ထံတွင် သိမ်းဆည်းထားသော မြန်မာပြည်သူများ၏ အကဲဆတ်သော ပုဂ္ဂိုလ်ရေးအချက်အလက်များကို အချိန်အတန်ကြာထိ စစ်အုပ်စုထံ လွှဲပြောင်းပေးနေခဲ့သည်။ ထို့အပြင် တယ်လီနောသည် စစ်ကောင်စီ ခိုင်းစေသည့်အတိုင်း တသွေမသိမ်း ဝဘ်ဆိုဒ်များအား ပိတ်ပစ်ခဲ့ခြင်း၊ ဖုန်းလိုင်းများပိတ်ပင်ခဲ့ခြင်း များပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့မှုများကြောင့် ထိခိုက်ခံခဲ့ရသူများတွင် လက်ရှိ စစ်အုပ်စုက အဓမ္မ အကျဥ်းချထားသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦးအပါအဝင်ဖြစ်ခဲ့သည်။ “နော်ဝေနိုင်ငံက အမေ့ကို အမြဲထောက်ခံခဲ့ပေမဲ့ နော်ဝေကုမ္ပဏီက ဒါမျိုးလုပ်နေတယ် ဆိုတာကတော့ ထိတ်လန့်တုန်လှုပ်စရာပဲ။ တကယ့်ကို ကဲ့ရဲ့ရှုတ်ချစရာပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က နော်ဝေမီဒီယာ NRK ကို…

  • ငလျင်အန္တရာယ်နှင့် ရန်ကုန်မြို့၏ အထပ်မြင့်တိုက်များ

    မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး အင်အားကြီးငလျင်များ လှုပ်ခတ်နိုင်သည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။ နိုဝင်ဘာ ၁၂ ရက်က တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်သာရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ရန်ကုန်မြို့တွင် ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရပြီး အထပ်မြင့်တိုက်အချို့ တိမ်းစောင်းကာ ရွှေတိဂုံစေတီတော်ရှိ အရံစေတီနှစ်ဆူနှင့် မြေစိုက်စေတီတစ်ဆူ၏ စိန်ဖူးတော်များ မြေခခဲ့သည်။ ရစ်ချ်တာစကေး ၄ ဒသမ ၁ အင်အား အနည်းငယ်သာရှိသည်ဆိုသည့် မြေငလျင်၏ သက်ရောက်မှုကို ရန်ကုန်မြို့ရှိ…

  • ရန်ကုန်က ငလျင်ဒဏ် ခံနိုင်ရဲ့လား

    အရည်အသွေး မပြည့်ဝသည့် အဆောက်အအုံများ ရှိနေသည့် ရန်ကုန်၌ ငလျင်ကြီးတစ်ခု လှုပ်ခတ်လာပါက ထိခိုက်သေဆုံးမှု များပြားမည့်အရေးကို ပညာရှင်များက စိုးရိမ်လျက်ရှိသည် ရန်ကုန်မြို့မှာ နေထိုင်ဖို့ တိုက်ခန်း ရွေးချယ်ကြသူတွေအတွက် ထည့်သွင်း စဉ်းစားစရာအချက်တွေက အတော်များလှသည်။ ရေအလွယ်တကူရနိုင်လား။ သွားရေလာရေးလွယ်ကူရဲ့လား။ အမြဲတမ်းဆူညံနေတတ်တဲ့ အလှူခံဌာနတွေနဲ့ ဝေးရဲ့လား။ လုံခြုံရေးအရ စိတ်ချရရဲ့လား စသည်ဖြင့် များပြားလှသည်။ သို့သော် ရန်ကုန်တွင်နေရန် ရည်ရွယ်သူတို့အတွက် အရေးကြီးသော်လည်း ဘယ်တော့မှ ထည့်သွင်း စဉ်းစားလေ့မရှိသည့် အချက်တစ်ခုလည်း ရှိနေသည်။ ကိုယ်နေထိုင်သည့်တိုက်ခန်းက ငလျင်ဒဏ် ခံနိုင်ပါရဲ့လားဟူသည့်အချက် ဖြစ်သည်။ ရန်ကုန်သည် မြန်မာနိုင်ငံတွင် မြေငလျင်အန္တရာယ်ရှိသည့် ရာနှင့်ချီသော မြို့များအနက်မှ တစ်မြို့ဖြစ်သည်။ နှစ်ပေါင်းအတော်ကြာ ငြိမ်သက်နေခဲ့သည့် ငလျင်ကြောင့် ရန်ကုန်မြို့တွင် ငလျင်လှုပ်မည်ကို ပညာရှင်များက စိုးရိမ်တကြီး စောင့်ကြည့်နေဆဲဖြစ်သည်။ ဒီလိုဆိုရင်…

  • ဖြတ်တောက်ပိတ်ဆို့မှုခံ မြဝတီမြို့နဲ့ စစ်တပ်ရဲ့ အာရှလမ်းထိန်းချုပ်ရေးဗျူဟာ

    စစ်ကော်မရှင်က ပြည်မကနေ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို သွားတဲ့ လောင်စာဆီလမ်းကြောင်းကို ဖြတ်တောက်ထားတာ ရက်သတ္တပတ်ရှိလာပါပြီ။ ဒီလောင်စာဆီဖြတ်တောက်မှုကြောင့် မြဝတီမြို့ပေါ်မှာ လောင်စာဆီပြတ်လပ်လို့ ဆီစျေးမြင့်တက်နေတယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ မြို့ခံတွေကပြောပါတယ်။ တချိန်တည်းမှာပဲ စစ်ကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ မြန်မာ-ထိုင်း အမှတ် ၂ တံတား(မြန်မာဘက်ခြမ်း)ကို ယာယီပိတ်ထားလိုက်ပြီလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။ စစ်တပ်ဟာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်သိမ်းပိုက်ထားပြီးနောက် အဲဒီကနေ မြဝတီ – အာရှလမ်းတစ်ခုလုံးကို ဆက်ပြီး သိမ်းနိုင်ဖို့ ဒီလိုဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်တာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ နီးစပ်တဲ့ စစ်ရေးအကဲခတ်တချို့က ကောက်ချက်ချပါတယ်။ ကရင်တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတချို့ကတော့ အာရှလမ်းမကြီးကို စစ်တပ်က ပြန်လိုချင်တာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ပြောကြပါတယ်။ မြဝတီ အာရှလမ်းက နှစ်ဖက်တပ်တွေအတွက် ဘယ်လောက်ဗျူဟာမြောက် အရေးကြီးနေလဲ။ ဆီဖြတ်၊ ကုန်ကားပိတ်ခံထားရတဲ့…