တရုတ်မှာကျင်းပတဲ့ စစ်ရေးပြအခမ်းအနားကိုရောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ အခြားသော နိုင်ငံတွေက ခေါင်းဆောင်တွေကို လိုက်လံနှုတ်ဆက်နေတဲ့ ရုပ်သံတွေ စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖြန့်ဝေနေကြပါတယ်။ နိုင်ငံခေါင်းဆောင်တွေစုဝေးပြီး ခေတ္တနားနေဖို့ စီစဉ်ပေးထားတဲ့နေရာမှာ စစ်ကောင်စီခေါင်းဆောင်က လိုက်လံ နှုတ်ဆက် တဲ့ ရုပ်သံအတိုတွေကို ဝါဒဖြန့် လူမှုကွန်ရက်ကတွေက ဖြန့်ဝေလာကြတာပါ။ ဒါကို နိုင်ငံတကာခေါင်းဆောင်တွေနဲ့ စစ်ကောင်စီခေါင်းဆောင်တို့ စကားလက်ဆုံကြတာ ၊ တွေ့ဆုံဆွေးနွေးကြတာ ဆိုပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖြန့်ဝေတာကိုတွေ့ရပါတယ်။ ဘေကျင်းမှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တပ်တွေ လက်နက်ချမှု နှစ် ၈၀ ပြည့် အခမ်းအနား ကို တရုတ် ရဲ့မဟာမိတ်တွေဖြစ်တဲ့ ရုရှား သမ္မတ ပူတင် ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း တို့ တက်ရောက်ကြပါတယ်။ အဲဒီပွဲမှာ မြန်မာစစ်ခေါင်းဆောင်ဟာ မြောက်ကိုရီးယားအာဏာရှင်ကင်မ်ဂျုံအွန်းနဲ့တွေ့ဆုံခွင့်ရတာကို ဝမ်းပန်းတသာ…
ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ မျက်နှာနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတချို့ ခွဲစိတ်ပြုပြင်တာအထိ ကုသပေးနေတဲ့ အလှအပရေးရာ (Aesthetic) ဆေးခန်းတွေထဲမှာ အမည်ခံဆရာဝန်သုံးပြီး ဆေးပညာ တတ်ကျွမ်းနားလည်သူက ကုသတာ မဟုတ်တဲ့ ဆေးခန်းအတုတွေ ရှိလာပါတယ်။ အဲဒီဆေးခန်းတုတွေက မျက်နှာကိုဆေးထိုးပြုပြင်တဲ့ ဖေလ်လာ (Filler) ကုထုံးအပါအဝင် ခန္ဓာကိုယ်ကောက်ကြောင်းလှစေတဲ့ အဆီစုပ်ထုတ်ကုသမှုကစလို့ အမျိုးမျိုးသော အလှအပရေးရာ ကုသမှုတွေကို လုပ်ပေးပါတယ်။ ဆေးခန်းအတုတွေမှာ ဆရာဝန်အယောင်ဆောင်ထားတဲ့သူတွေက မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ကုသနေတာကြောင့် မျက်နှာပျက်စီးသွားရတဲ့ ပြဿနာတွေအပြင် အသက်ဆုံးရှုံးတဲ့အထိဖြစ်တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ အယောင်ဆောင်ဆရာဝန်တွေ အလုပ်လုပ်နေတဲ့ အလှအပဆေးခန်းတွေ ဘယ်လိုလည်ပတ်နေလဲ။ အယောင်ဆောင်အလှအပရေးရာ ဆေးခန်းတွေရဲ့ ကုသမှုတွေနောက်မှာ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ အခြားနစ်နာမှုတွေကို ဘီဘီစီက စုစည်းခဲ့ပါတယ်။ “အရမ်းကြောက်တယ်၊ ကြောက်စိတ်ပျောက်အောင် ဟာသလေးပြောပေးပါလား” ရန်ကုန်မြို့၊…
အာရက္ခတပ်တော် (AA) သည် မြန်မာ၏ သေနင်္ဂဗျူဟာကျသော အနောက်ပိုင်းဒေသကို ထိန်းချုပ်ရန် နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ်သည် အရေးပါသောကာလသို့ ရောက်လာသည်။ ထိုအခြေအနေသည် မြန်မာ့ပြည်တွင်းစစ်နှင့် ဒေသတွင်း ပထဝီနိုင်ငံရေးကို ပြန်လည်ဖွင့်ဆိုနိုင်သည် အာဏာအပြောင်းအလဲဖြစ်သည်။ မြန်မာစစ်အုပ်စုသည် နိုင်ငံအတွင်းမှ နယ်မြေများကို အခြားနေရာများတွင် ပြန်လည်ရယူနေသော်လည်း AA သည် နိုင်ငံအနောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်၌ တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားသည်။ မြန်မာစစ်အုပ်ချုပ်သူများအပေါ် အောင်ပွဲများဖြင့် အားတက်နေသော AA သည် ပြည်နယ်မြို့တော်နှင့် အဓိကကျသည့် အိန္ဒိယဆိပ်ကမ်းစီမံကိန်းရှိရာ စစ်တွေနှင့် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ်အတွက် အဓိကျသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိပ်ကမ်းများ၊ ပင်လယ်နက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူအပါအဝင် ပြည်နယ်မှ လက်ကျန်ဒေသများကို သိမ်းပိုက်မည်ဟု ကြုံးဝါးထားသည်။…
နွားကျောင်းသားတောင် ထောက်ခံစာယူနေကြရတဲ့ခေတ် လွတ်လပ်ရေးဖခင်ကြီးဟာ သူ့ဇာတိမြို့ကလူတွေ သူတည်ထောင်ခဲ့တဲ့စစ်တပ်လက်ထက်မှာ ခုလိုသောကပင်လယ်ဝေနေကြရတာသိရင် မြေကြီးထဲက ပြန်ကုန်းထကာ ပါးရိုက်ဆုံးမ လေမလား တွေးကြည့်ပါတယ်။ လီကွမ်းယူမသေခင်က တိုင်းပြည်အာဏာယူပြီး သောက်သုံးမကျရင် သူကိုယ်တိုင်အခေါင်းထဲကပြန်ထလာပြီး ပညာပေးပြမယ်တဲ့လေ။ ပညာမတတ်ဘဲ အာဏာရူးတွေကို လီကွမ်းယူသတိပေးသွားတာလေးက သိပ်သဘောကျစရာပါ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဖဲရိုက်နေတာမျိုး မဟုတ်ဘူး။ သင့်အနာဂတ်ပါသလို ငါ့အနာဂတ်လည်းပါပါတယ်။ ငါတို့မျိုးဆက်ဟာ တိုင်းပြည်လွတ်လပ်ရေးရဖို့၊ ရလာတော့ ပြန်လည်ထူထောင်ရေးလုပ်ကြရာမယ် သွေးသားထဲကနေ အရိုးကျေကျေအရေခမ်းခမ်း ကြိုးစားပြီးလုပ်ခဲ့ကြရတာပါ။ မထိုက်တန်တဲ့ အာဏာကို ရယူပြီးတိုင်းပြည်ဖျက်ဖို့ ကြိုးစားလာတာမျိုး ငါ့မျက်စေ့ရှေ့မှာ အဖြစ်မခံနိုင်ဘူးတဲ့။ photo: credit ZA
ခုချိန်ထိ ဘာဖြစ်လို့ ဖြစ်နေတယ်ဆိုတာ မသိကြသေးဘူး။ ဒေါ်လာဈေးက ငြိမ်နေပါလားဆိုပြီး ကြည်နူးနေတဲ့သူက ရှိသေးတယ်။ နင့်ပထွေးက လှုပ်မရအောင် တုပ် ထားမှတော့ မငြိမ်ဘဲ နေပါ့မလား။ ဘာမှမသွင်းတော့ ဘာမှမကုန်၊ ဘာမှမကုန်တော့ ဘာမှမရှိ၊ ဘာမှမရှိတော့ ဘာမေးမေး ရှားနေတဲ့ ဘာမေးရှားဖြစ်။ လူပြိန်းလိုပြောရရင် ဒေါ်လာဈေး ငြိမ်တယ်ဆိုတာ ၂ မျိုးပဲရှိတယ်။ နိုင်ငံတခုရဲ့ ပို့ကုန်နဲ့ သွင်းကုန်က မျှတနေရင်ပဲဖြစ်ဖြစ်၊ ပို့ကုန်က သွင်းကုန်ထက် ကျော်နေရင်ပဲဖြစ်ဖြစ် ဒေါ်လာဈေးငြိမ်မယ်။ ဒါမှမဟုတ် ပြည်ပက လာတာမှန်သမျှ ဘာမှမသုံးရဆိုပြီး အဝင် အကုန်ပိတ်လိုက်ရင် သုံးဖို့ ဒေါ်လာ မလိုတော့ ရင် ဒေါ်လာဈေးငြိမ်မယ်။ ခုဖြစ်နေတာ နောက်ကဟာပဲ။ နဂိုထဲက ဘာမှမထွက်တဲ့ တိုင်းပြည်မှာ အဝင်ပါ ပိတ်လိုက်တော့ အစစအရာရာ ပစ္စည်းတွေ…