ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။ အဆိုပါ မကျီးပင်ဂိတ်အထိုင်စခန်းကို စစ်တပ်က စွန့်ခွာသွားပြီးနောက် စက်တက်ဘာလ ၅ ရက်နေ့၊ မနက် ၁ နာရီအချိန်မှာ တပ်ရင်း (၃၈၀၁) က ဒုရင်းမှူးဦးဆောင်ကာ တပ်ခွဲ (၂)၊ (၄)၊ (၆) တို့ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ “သူတို့ထွက်ပြေးတာကတော့ မနက်အစောကြီး ၁နာရီထိုးလောက် ပြေးသွားကြတယ်။ ကျနော်တို့က မနက်မိုးလင်းတာနဲ့ တန်းပြီးတော့ ရှင်းလင်းရေးလုပ်တာ” လို့ မြေပြင်ရဲဘော်တစ်ယောက်က မောင်းကို ပြောပါတယ်။ အဆိုပါ မကျီးပင်ဂိတ် အထိုင်စခန်းကို နယ်မြေရှင်းလင်းပြီးတဲ့နောက် ဆန် ၁အိတ်၊ ပဲ ၂အိတ်၊ ကျည်…
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ ဆိုးဝါးနေတဲ့အတွက် အထူးကုဆရာဝန်နဲ့ တွေ့ခွင့်မရတဲ့သတင်းနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ စက်တင်ဘာ ၆ ရက်က စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အပြန် နေပြည်တော်လေဆိပ်ကို ရောက်တဲ့အချိန်မှာ စစ်တပ်ဩဇာခံ မီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို မေးမြန်းတာမှာ အခုလို ဖြေတာဖြစ်ပါတယ်။ စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံကို ရောက်နေတဲ့အချိန်မှာ အချိန်ကိုက်ပဲ။ မီဒီယာတွေ အတော်တော်များများမှာ မြန်မာ့ခေါင်းဆောင် တက်ရောက်တယ်၊ မြန်မာ့ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေပေါ့လေ ပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ ဟိုဘက်က ဒီသတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့ သတင်းတခုကို ထုတ်လိုက်တာ ဖြစ်ပါတယ်။ သို့သော် သူတို့ ပြောတဲ့ဟာသည် မအောင်မြင်ပါဘူး။ ဒီသတင်းကို…
တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၁ ခုတည်းသာ ဖွင့်လှစ်နိုင်ဟု တရုတ်နိုင်ငံရောက် မင်းအောင်လှိုင်က ငြီးတွား တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေးနှင့်ကုန်သွယ်ရေး ပြန်စနိုင်ရေး မင်းအောင်လှိုင်က တရုတ်ကို အကူအညီတောင်း တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တစ်ခုတည်းသာ ဖွင့်လှစ်နိုင်ကြောင်း တရုတ်နိုင်ငံရောက် အကြမ်းဖက် မင်းအောင်လှိုင်က ငြီးတွားသည်။ မင်းအောင်လှိုင်က ယမန်နေ့ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင် တရုတ်စီးပွားရေးသမားများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုညဉ်းတွားခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့်မြန်မာနိုင်ငံသည် နယ်နမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ဂိတ်များက အရေးပါသေား ကဏ္ဍမှ ပါဝင်နေကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချု့်အရ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် စုစုပေါင်း နယ်စပ်ဂိတ် ၈ ခုရှိကြောင်း၊…
“PDF လို့ပြောပြီး ဖမ်းခိုင်းမယ်” ဆိုပြီး စစ်တပ် တပ်ကြပ်ကြီးစိုးဝင်းဆိုသူက ပြင်ဦးလွင်ရှိ ဖုန်းဆိုင်တခုထဲ ဝင်ရောက်ခြိမ်းခြောက်ကြိမ်းမောင်းနေတဲ့ ရုပ်သံဖိုင်တခု လတ်တလော ပျံ့နှံ့နေသလို လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာလည်း ဝေဖန်မှုတွေများပြားနေပါတယ်။
“ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်တာကို ကြုံတွေ့လာရင် တရားစီရင်ရေးဌာနသို့ တိုင်ကြားဖို့ UWSA က လူထုနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က ဟိုပန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုတွေကို UWSA ရဲ့ စစ်မှုထမ်းဆိုင်ရာဥပဒေ၊ ပြစ်မှုနဲ့ပတ်သက်ပြီး ချမှတ်အရေးယူနိုင်တဲ့ ပုဒ်မ၊ ဥပဒေဆိုင်ရာ အသိပညာ စတဲ့အကြောင်းအရာတွေကိုလည်း ရှင်းလင်းပေးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ “ဝ”လူငယ့်အသံက သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ သတင်းရင်းမြစ်တစ်ဦးက “စည်းရုံးတာမျိုးတော့ မရှိသေးဘူး။ ပေးမလုပ်ဘူးလို့ ကြားတယ်။ ကြိုတင် သတိပေးတဲ့အနေနဲ့ ပြောတာ။ တစ်ဆက်တည်းမှာပဲ ဟိုပန်ခရိုင်မှူးနေရာအတွက် ရာထူး…