Author: Admin-501

  • Host

    Host 2025

    တစ္ဆေမေမေ (၂၀၂၅)

    မြောက်ပိုင်းလူမျိုးတွေဟာ သူတို့ရဲ့မွေးခါစကလေးတွေက သရဲတွေရဲ့သားသမီးတွေလည်းဖြစ်တာမလို့ ရိုးရာပွဲတွေပေးပြီး ကလေးကို သရဲဆီက ပြန်ဝယ်ရတယ်ဆိုတဲ့ အယူရှိကြပါတယ်

    အဲဒီရိုးရာပွဲတွေမလုပ်ရင် သရဲက ကလေးတွေရဲ့အနားမှာ ရှိနေကြပြီး စောင့်ရှောက်ကြပါတယ်တဲ့

    အင်ခွမ်ဆိုတဲ့ မြောက်ပိုင်းသူလေးဟာ ဖိနီခူဆိုတဲ့ ပြုပြင်ရေးသင်တန်းကျောင်းကို ပို့ခြင်းခံလိုက်ရတဲ့အခါ ကျောင်းကိုဝင်လာတဲ့ လူသစ်လေးဖြစ်နေတော့ ကျောင်းကလူဟောင်းတွေရဲ့ နှိပ်စက်တာကို ခံရပြီး စွပ်စွဲပြောဆိုတာတွေကို ခံရပါတော့တယ်

    အင်ခွမ်ကို ပညာပေးဖို့ ခိုင်းထားတဲ့ သင်တန်းကျောင်းက အမ်းဆိုတဲ့ ကောင်မလေးဟာ သရဲတွေကို စပြီးမြင်လာပါတော့တယ်

    အဲဒီအဖြစ်ပျက်ဟာ အင်ခွမ်လာပြီးမှ ဖြစ်တာဆိုတော့ အားလုံးဟာ သူ့ပယောဂ မကင်းဘူးလို့ ထင်လာကြတဲ့အခါ …

    တကယ်ပဲ အဲဒီသရဲတွေက အင်ခွမ်ကြောင့်ဖြစ်တာလား

    ဒါမှမဟုတ် အင်ခွမ်ကပဲ ဓားစာခံဖြစ်နေမလားဆိုတာ သိချင်ရင် ဒီကားလေးကို ကြည့်လိုက်ကြရအောင်နော်

  • Money

    Money

    Money (2019)

    ဒီတစ်ခေါက်မှာတော့ IMDb 6.1 ရှိတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

    Reply 1988 နဲ့ လူကြိုက်များခဲ့တဲ့ Ryu Jun-yeol, The Judge from Hell က မင်းသား Kim Jae Yeong နဲ့ မင်းသားကြီးတွေဖြစ်တဲ့ Yoo Ji Tae, Jo Woo Jin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

    ဇာတ်လမ်းအကျဉ်း ..

    အီဟျွန်း(Ryu Jun Yeol) ကတော့ စတော့အကျိုးဆောင်တစ်ယောက်ဖြစ်ပြီး ချမ်းသာဖို့ကို အမြဲအိပ်မက်မက်နေခဲ့သူတစ်ယောက်ပါ။

    အဲဒီလိုနဲ့ အီဟျွန်းဟာ စတော့စျေးကွက်လိမ်လည်နေတဲ့ နာမည်ပြောင်အဖြစ် “လက်မှတ်” လို့ လူသိကြတဲ့သူတစ်ယောက်နဲ့ ဆုံဖြစ်သွားပါတယ်။

    အဲဒီ “လက်မှတ်” ဆိုသူကတော့ အီဟျွန်းကို စတော့စျေးကွက်မှာ လိမ်လည်ဖို့ ကူညီပေးတာပဲဖြစ်ပါတယ်။

    အဲဒီအချိန်မှာ ငွေကြေးကြီးကြပ်ရေးဝန်ဆောင်မှုက အမှုစစ်ဟန်ဂျီချောဆိုသူကလည်း “လက်မှတ်” ဆိုသူကို အချိန်အကြာကြီး စုံစမ်းနေခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဟန်ဂျီချောက အီဟျွန်းကိုပါ သံသယဝင်လာပြီး စတင် လိုက်လံစုံစမ်းပါတော့တယ်…။

    အီဟျွန်းရဲ့စတော့စျေးကွက် လိမ်လည်မှုအဆင့်ဆင့်တွေကနေ သူ့အိပ်မက်အတိုင်း သူဌေးကြီးဖြစ်သွားမလား ဘယ်လို ရှုပ်ထွေးမှုတွေရှိဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြည့်ပါနော်…။

  • Daemon Mind

    Daemon Mind (2024)

    ဆာရာလို့အမည်ရတဲ့ အာရုံကြောဆိုင်ရာသိပ္ပံသုတေသနပညာရှင်တစ်ယောက်ဟာ ဆုံးပါးသွားတဲ့ သူ့အစ်ကိုရဲ့ သုတေသနအလုပ်ကို ဆက်ပြီးလုပ်ကိုင်နေသူတစ်ယောက်ပါ။

    အစ်ကိုနဲ့ အရမ်းနီးစပ်ခဲ့လို့ အစ်ကို့ကိုရည်စူးပြီး ကောင်းရာကောင်းကျိုးလုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း တစ်ချိန်တည်းမှာ ဆာရာဟာ တစ်ချိန်ကစိတ်ဒဏ်ရာရှိထားဖူးသူတစ်ယောက်ဖြစ်ပါတယ်။

    ဒီလိုမျိုး စိတ်ဒဏ်ရာရှိနေတဲ့သူတစ်ယောက်က လူတွေရဲ့ အာရုံကြောကုထုံးသစ် သုတေသနသစ်တစ်ခုကိုလုပ်ဖို့ဖြစ်လာတဲ့အခါ ကောင်းဆိုးဒွန်နှစ်ခုတွဲနေနိုင်တာမျိုးကတော့ ထည့်တွေ့စရာအချက်တစ်ခုဖြစ်ပါတယ်။

    တစ်နေ့ စမ်းသပ်မှုတစ်ခုလုပ်နေတဲ့အချိန်မှာ ဆာရာဟာ သူ့ရဲ့မသိစိတ်ကို နှိုးဆွမိသွားပြီး စိတ်ကစဉ့်ကလျားရောဂါတွေမှာဖြစ်လေ့ဖြစ်ထရှိသလိုမျိုး သူ့ရဲ့ မသိစိတ်က သီးခြားအသိစိတ်တစ်ခုအနေနဲ့ ဆာရာ့ဦးနှောက် ဒါမှမဟုတ် အသိစိတ်ထဲမှာ နေရာယူလာခဲ့ပါတယ်။

    အဲဒီ မသိစိတ်ဟာ သူ့ရဲ့ နေ့တတူဝလုပ်ငန်းစဉ်တွေကို လမ်းပြ အကြံပေးလေ့ရှိပါတယ်။

    တချို့အချိန်တွေမှာတော့ မှန်တဲ့လမ်းကိုဦးတည်နေပေမယ့် တချို့အကြံပေးချက်တွေကလည်း မနောအားဖြင့် အစွန်းရောက်တယ်လို့ဆိုနိုင်လောက်တဲ့အထိကို ဖြစ်လာလေ့ရှိပါတယ်။

    ဒီလိုနဲ့ အစ်ကိုဖြစ်သူဟာ မတော်တဆကြောင့်မဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်ဆိုတာကို သိသွားတဲ့ ဆာရာဟာ သူ့မသိစိတ်ရဲ့ လမ်းပြမှုကြောင့် သူ့အစ်ကိုလုပ်ကြံမှုမှာပါဝင်ပတ်သက်မှုရှိခဲ့တဲ့လူမှန်သမျှကို စိတ္တဇလူသတ်သမားတစ်ယောက်လို ရက်ရက်စက်စက်အမဲလိုက်သတ်ဖြတ်ဖို့ဖြစ်လာပါတော့တယ်။

  • မြစ်ငယ်အထက်တန်းကျောင်း၌ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဆေးရုံတင်ထားရ

    မြစ်ငယ်အထက်တန်းကျောင်း၌ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဆေးရုံတင်ထားရ

    မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းမှာ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲက အရပ်သားတယောက်က Grade 11 ကျောင်းသား ကျောင်းသူ ၃ ယောက်ကို ဓားနဲ့ထိုးသွားလို့ ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့ နေ့လယ် ၁၂ နာရီခွဲက အရပ်သားလူငယ်တစ်ယောက်က ညီမဖြစ်သူကို အအေးဘူးပေးမယ်ဆိုပြီး Grade 11 ဘီ ခန်းအတွင်းဝင်ကာ ကျောင်းသူတစ်ယောက်ကို လည်ပင်းညှစ် ဓားနဲ့ထိုးပြီး ဝင်ဆွဲတဲ့ ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်ပါ ဓားနဲ့ထိုးခံရတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “မုန့်စားဆင်းချိန် Grade 11 ဘီ ခန်းမှာ ဖြစ်သွားတာ။ အဲဒီကောင်လေးက သူ့ညီမကို မုန့်ပေးမယ် ဆိုပြီး ဝင်လာတာ။ အခန်းထဲရောက်တော့ ကျောင်းသူလေးကို လည်ပင်းကိုညှစ်ပြီး ဓားနဲ့ထိုးတာ။ ဘေးက သူငယ်ချင်းတွေက ဝင်ဆွဲတယ်၊ ဝင်ဆွဲတဲ့ သူငယ်ချင်း ၂ ယောက်ကိုလည်း ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတယ်။ ၃ ယောက်စလုံး ဆေးရုံမှာ။”

    ဓားနဲ့ထိုးခံရသူတွေဟာ Grade 11 ဘီ ဝိဇ္ဇာတွဲအခန်းမှ မစုမြတ်နိုးဦး၊ မရွှေစင်ငြိမ်းနဲ့ မောင်ဝင်းထွန်းမျိုး တို့ဖြစ်ပြီး မန္တလေးဆေးရုံကြီးကို ဆေးကုသဖို့ ပို့ဆောင်ထားရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ဓားနဲ့ထိုးတဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် အပြင်လူကို ကျောင်းဝင်းထဲကို ဝင်ခွင့်ပြုတဲ့ ဆရာ၊ ဆရာမတွေမှာပဲ တာဝန်ရှိတယ်။ သူ့ညီမကို ခေါ်ပေးပြီး ကျောင်းအပေါက်ဝမှာ မုန့်နဲ့ အအေး ပေးလို့မရဘူးလား။ ဓားနဲ့ထိုးခံရတဲ့ ၃ ယောက်ထဲမှာ လည်ပင်းကို ဓားနဲ့ထိုးခံရတဲ့ ကလေးမက စိုးရိမ်ရတယ်။ ကျန်တဲ့နှစ်ယောက်က ဝင်ဆွဲတော့ လက်တွေပဲရှပ်ထိတာ။”

    လတ်တလောမှာ ကျောင်းသား၊ ကျောင်းသူ ၃ ယောက်ကို မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပြီး ဓားနဲ့ထိုးခဲ့တဲ့ ဝိုင်းဝိုင်း ဆိုသူ လူငယ်ကို ရဲတွေက ဖမ်းမမိသေးဘူးလို့ သူက ပြောပြပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ဧရာဝတီနဲ့ မွန်န်ပြည်နယ်က စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ရန်ဖြစ်တာတွေကြောင့် ကျောင်းသား ၂ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

  • Bungalow Section 12

    Bungalow Section 12 (2024)

    မလေးရှားနိုင်ငံက ဆယ်ကျော်သက်အရွယ်ကျောင်းသားတစ်ခုဟာ ယူကျူ့ဘ်ချန်နယ်ထောင်ပြီး ထူးဆန်းထွေလာဖြစ်ရပ်တွေကို ရိုက်ကူးလေ့ရှိသူပါ။

    ဒီလိုနဲ့ သူတို့ရိုက်ပြီးတင်တင်နေတဲ့ ဗီဒီယိုတွေဟာ ယုံတမ်းတွေပါဆိုပြီး ကောမန့်တွေကြား ပုတ်ခတ်ခံလာရတဲ့အချိန်မှာ သရဲကပ်နေတယ်လို့ ရာဇဝင်ကြီးတဲ့ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို စွန့်စားပြီးအဖြေရှာဖို့ ကြံလာကြပါတယ်။

    တစ်ချိန်တည်းမှာပဲ အဲဒီ ဘန်ကလိုဆိုတဲ့နေရာမှာ အရင်ကလည်း သူတို့လိုလူငယ်တွေတစ်သိုက် စူးစမ်းဖို့သွားကြရင်း တစ်အုပ်လုံးသေသွားပါတယ်။

    ဒါကိုသိလျက်နဲ့သွားကြဖို့လုပ်တဲ့အချိန်မှာ သွားရင်းနဲ့လည်း အိမ်ရဲ့ အနီးပရဝုဏ်ကိုရောက်လာတဲ့အချိန် အိမ်စောင့်နတ်ကလည်းအကြိမ်ကြိမ်ကိုယ်ထင်ပြပြီး ထွက်သွားကြဖို့ သတိပေးပါတယ်။

    ဒါတောင်မှပဲ ခေါင်းမာပြီး သတ္တိရှိတမ်းကစားခဲ့ကြတဲ့ လူငယ်တစ်သိုက်ဟာ ဘယ်လိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ကြရမလဲဆိုတာကို သဲထိပ်ရင်ဖို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။