Author: Admin-501
-
မဲပလီဗျူဟာစခန်းကြီးကို မဟာမိတ်တပ်တွေကသိမ်းပိုက်ပြီး အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာ ပြည်သူ့အတွက်လက်ဆောင်ပေး
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီကနေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်ပါတယ်။ “အာဏာသိမ်းမှု(၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်” လို့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခကဖေစ်ဘွခ်လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ ဟောင်ဝစ်ဇာ အမြောက် နဲ့ မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေအောင်ပွဲခံနေတဲ့ ဓါတ်ပုံ နဲ့ “ငါတို့ခေတ်မှာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”လို့လည်းရေးသားထားပါတယ်။ ဗျူဟာစခန်းကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၀၅ခြေမြန်တပ်ရင်(၄၀၅) ကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူပေးနေတဲ့ကြားကနေ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိခဲ့တာလို့ စုံစမ်းသိရပါတယ်။ (မဲပလီဗျူဟာစခန်းသိမ်းပြီးနောက် စစ်တပ်ထံကသိမ်းရတဲ့ ဟောင်ဝစ်ဇာနဲ့အောင်ပွဲခံနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ။ ဓါတ်ပုံ-Maung Saung…
-

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ ချီးမြှင့်
စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ်၊ ဖျက်ဆီးနိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ ချီးမြှင့် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ၏ ဒေါ်လာ ၉ သန်းတန် ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ချနိုင်ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ အကြမ်းဖက် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ်၊ ဖျက်ဆီးနိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ တံဆိပ် ချီးမြှင့်လိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူပလယာခရိုင်၊ ကောကရိတ်မြို့နယ်…
-

ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ
အင်းတော်မြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ၍ ၆ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခုခံနေ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ၍ ၆ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခုခံနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းရှိ စခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုစခန်းကုန်းရှိ ကာကင်းတချို့ကို…
-

ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများထံ ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများထံ ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများကို ဆက်သွယ်ကာ တပ်သားနှင့်ရဲ ၁၃၆ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အလင်းဝင်ရောက်လာသူများထဲတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်…
-

စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအများစုက ပူးတွဲကြေညာချက်ထုတ်
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု လေးနှစ်ပြည့်ခြင်းအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ ယနေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ် အတည်းများထဲမှ တစ်ခုကိုဖန်တီးခဲ့ခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၄င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသောပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရသည်။ မြန်မာစစ်အာဏာရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ဘာသာရေးနှင့်တိုင်းရင်းသားလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုနှင့် ခွဲခြားဆက်ဆံမှုများ အပါအဝင် အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချပါသည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီး ကျောင်းများ၊ ဈေးများ၊…