Author: Admin-501

  • In Your Dreams

    In Your Dreams

    In Your Dreams (2025)

    အိပ်မက်ကောင်းလေးတွေဆိုရင် တကယ်ဖြစ်လာဖို လူတော်တော်များများ ငယ်ငယ်ကဆုတောင်းဖူးကြမယ် ထင်ပါတယ်။

    ဒီအန်နီမေးရှင်းဇာတ်လမ်းလေးထဲမှာလည်း စတီဗီနဲ့ အဲလိယတ်တို မောင်နှမနှစ်ယောက်ဟာ အဲဒီလိုဆုတောင်းရင်း သူတိုရဲ့အိပ်မက်တွေဆီ ခြေဆန့်ပြီး စွန့်စားခန်းခရီးဖွင့်ခဲ့ကြတာကို ပုံဖော်ထားပါတယ်။

    အစပိုင်းမှာတော့ အဖေရယ် အမေရယ် စတီဗီရယ် သူ့မောင်လေးအဲလိယတ်ရယ်ဟာ သိပ်ပျော်စရာကောင်းတဲ့ မိသားစုလေးတစ်ခုပေါ့။

    တစ်နေ့မှာတော့ မိဘတွေရဲ့အလုပ်အကိုင်ကြောင့် မိသားစု တစ်ကွဲစီနေရတော့မလို အခြေအနေဖြစ်လာခဲ့ပါတယ်။ အဲဒီအကြောင်းကို မထင်မှတ်ဘဲကြားလိုက်ရတဲ့ စတီဗီဟာ မိသားစုလေးမပြိုကွဲရေးဆိုတဲ့ သူ့အိပ်မက်ကို တကယ်ဖြစ်လာအောင်လုပ်ဖို ကြိုးစားပါတော့တယ်။

    ဒီလိုနဲ့ အိပ်မက်မြိုတော်က အိပ်မက်ဖန်တီးသူဆီအရောက်သွားကြမဲ့ စတီဗီနဲ့အဲလိယတ်တိုရဲ့ စွန့်စားခရီးဟာ ဘယ်လိုဖြစ်လာမလဲ၊ ဘာတွေကြုံတွေ့ရမလဲ၊

    စတီဗီရဲ့အိပ်မက် တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာ ပျော်ပျော်ပါးပါး စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

  • Diesel

    Diesel

    Diesel (2025)

    ဒီတစ်ခါမှာတော့ မင်းသား Harish Kalyanရဲ့ နောက်ထပ် အကြမ်းစားဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။

    အစိုးရစီမံကိန်းကြောင့်နဲ့ ချန်နိုင်းဆိပ်ကမ်းကနေ အင်နိုးအထိ ၁၇ ကီလိုမီတာရှည်တဲ့ ပိုက်လိုင်းကြီးကို တည်ဆောက်ဖို လုပ်ဆောင်ပါတော့တယ်။ ဒီစီမံကိန်းကြောင့်မလို ငါးဖမ်းရွာပေါင်း လေးဆယ်လောက်ထိ ထိခိုက်နစ်နာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ်းရိုးတမ်းတစ်လျှောက်မှာ ပိုက်လိုင်းကြီးတည်ဆောက်ထားတာဖြစ်လို သင်္ဘောတွေ လှေတွေ ပင်လယ်ထဲချလိုမရတဲ့အတွက် ငါးဖမ်းပြီး လုပ်ကိုင်စားသောက်ရတဲ့ရွာတွေအကုန် ဒုက္ခရောက်ကြတာပေါ့။ ဒီအတွက်နဲ့ မခံနိုင်တဲ့လူထုဟာ ဆန္ဒပြ ပုန်ကန်ကြတဲ့အခါမှာတော့ ရဲတွေဟာ ပစ်သတ်တဲ့အထိ လုပ်ခဲ့တဲ့အတွက် ဆန္ဒပြတဲ့သူတွေဟာလည်း နောက်ဆုတ်ခဲ့ကြရပါတော့တယ်။

    ဒီလိုနဲ့ နေလာရင်း အစိုးရလုပ်ထားတဲ့ ပိုက်လိုင်းကြီးဟာ ရေနံစိမ်းတွေ သယ်ပိုတဲ့ ပိုက်လိုင်းကြီးဖြစ်တာကို မာနိုဟာရန်ဆိုသူဟာ သိရှိလိုသွားခဲ့ပါတယ်။ ဒီအခါမှာတော့ သူတိုအသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပိတ်ပင်စေခဲ့တဲ့ ဒီပိုက်လိုင်းကြီးကနေ ရေနံစိမ်းတွေ ခိုးထုတ်ပြီး ဒုက္ခရောက်နေတဲ့ သူနဲ့ သူ့လူတွေအတွက် ငွေရှာဖို လုပ်ပါတော့တယ်။

    ရေနံစိမ်းကနေ နိုင်ငံရဲ့ အကြီးဆုံး ဓာတ်ဆီ ဒီဇယ်ထုတ်တဲ့ ကုမ္ပဏီကို ပြန်သွင်းကာ ဒီဇယ် ဓာတ်ဆီ ပြန်ယူပြီးတော့ ရောင်းချကာ ပိုက်ဆံရှာရပါတယ်။ ဒီလိုလုပ်ဖိုအတွက် အာဏာပိုင်တွေကိုလည်း အပိုင်ချုပ်ထားဖို လိုအပ်ပါသေးတယ်။ မာနိုဟာတစ်ယောက် ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ရာကနေ မွေးစားသားဖြစ်သူ ဒီဇယ် (ခ) ဗာဆူရဲ့ လက်ထပ်မှာတော့ ပိုပြီးတော့ လုပ်ငန်းဟာ ချဲ့ထွင်တိုးတက်လာခဲ့ပါတော့တယ်။ ဒီလို တိုးတက်လာတဲ့နောက်မှာတော့ ဒီဇယ်တိုရဲ့ လုပ်ငန်းကို ကြားကနေ ဖြတ်ခုတ်ပြီး ဆီတွေခိုးကာ ဆီအရောတွေ ဖြန့်တဲ့သူ ရှိလာခဲ့ပါတော့တယ်။

    ဒီဖြစ်ရပ်ကို ဒီဇယ်တစ်ယောက် ဘယ်လို ကိုင်တွယ် ဖြေရှင်းသွားမလဲ ………

    ဒီဇယ်တို လက်ထဲကနေ ဆီတွေခိုးနေတဲ့သူကရော အာဏာပိုင်တွေကို အပိုင်ချုပ်ထားနိုင်လိုများလား ………..

    ဒီဇယ်တို ဆီမှောင်ခိုလုပ်တဲ့အခါမှာရော ဘယ်လိုနည်းလမ်းတွေ သုံးပြီးတော့ ခိုးထုတ်ကြလဲ ……ဆိုတာတွေကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမဲ့ အက်ရှင်ဒရာမာကားလေးဖြစ်ပါတယ်။

  • မိုးကုတ်မြို့သား တော်လှန်ပြည်သူတစ်ဦးကို ဆက်သွယ်မေးမြန်းမှု

    မိုးကုတ်မြို့သား တော်လှန်ပြည်သူတစ်ဦးကို ဆက်သွယ်မေးမြန်းမှု

    “အကျိုးအမြတ်တွေအတွက် တော်လှန်ရေးကိုအသုံးချပြီးတော့ ရယူကြတယ်၊ အကျိုးအမြတ်တွေရတာနဲ့ သဘောတူညီချက်တွေယူကြတယ်၊ ပြန်ပြီးတော့ ပေးကြတယ်။ ဒါဟာ တော်လှန်ရေးရဲ့၊ ဖောက်ပြန်ရေးသမားတွေရဲ့လုပ်ရပ်လို့ ကျွန်တော်ကတော့ မြင်တယ်”

    မိုးကုတ်မြို့သား တော်လှန်ပြည်သူတစ်ဦးကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။

    ဒီလကုန်နဲ့နောက်လ ၁ ရက်မှာ အပစ်ရပ်စာချုပ်အရ တအာန်းတပ် TNLA ဟာ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ ရှမ်းမြောက်က မိုးမိတ်မြို့တွေကို စစ်ကော်မရှင်ထံ ပြန်ပေးရပါတော့မယ်။

    သူတို့ကိုယ်တိုင် စစ်ကော်မရှင်ကိုခေါ်သွင်းလာမှာလို့ မိုးကုတ်မြို့က တော်လှန်ရေးအင်အားစုတွေကို အသိပေးထားတဲ့အပေါ် မိုးကုတ်မြို့သား တော်လှန်ရေးသမားတချို့က ဘဝင်မကျပါဘူး။ ဒါပေမဲ့ သူတို့လည်း ဘာမှမတတ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

    မိုးကုတ်မြို့ကို လက်လွှတ်ရမယ့်အပေါ်မှာ မိုးကုတ်မြို့သား တော်လှန်ပြည်သူတစ်ဦးကို လက်ရှိမြို့ခံတွေရဲ့ အခြေအနေ၊ သူတို့လို တော်လှန်ရေးစကတည်းက ကျရာအခန်းကပါဝင်လာသူတွေရဲ့ အမြင်တချို့ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

    သူဟာ မိုးကုတ်မြို့ လွတ်မြောက်ပြီးနောက် မြို့ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးဆိုင်ရာကိစ္စတွေမှာ ဆက်သွယ်ပါဝင် ဆောင်ရွက်ပေးခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

    သူ့ရဲ့ လုံခြုံရေးအရ အမည်၊ နေရပ်နဲ့ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို မော်ကွန်းကမဖော်ပြတော့ဘဲ လက်ရှိမိုးကုတ်အခြေအနေအပေါ် သူ့ပြောစကားတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

    မော်ကွန်း။ ။ ဒီလကုန်မှာ PSLF/TNLA မိုးကုတ်မြို့က ဆုတ်ခွာမယ့်အပေါ် မြို့မှာရှိတဲ့ အခြား မဟာမိတ် အင်အားစုတွေက ဘယ်လိုအမြင်သဘောထားရှိပါသလဲ။ ဒီဆုတ်ခွာမှုက မိုးကုတ်မြို့ခံတွေနဲ့ တိုက်ယူခဲ့ရတဲ့ တော်လှန်ရေး အင်အားစုတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိပါသလဲ။

    မိုးကုတ်မြို့ခံ။ ။ PSLF/TNLA မိုးကုတ်မြို့ကနေ ဆုတ်ခွာမယ့်အပေါ်မှာ မဟာမိတ်အင်အားစုတွေကတော့ ဒါဟာ မဖြစ်သင့်ဘူး။ ဒီအခြေအနေအပေါ်မှာ တတ်နိုင်သလောက် ထိန်းညှိနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာတာမျိုးတွေ လုပ်ခဲ့ကြပေမယ့် TNLA အနေနဲ့ စစ်ကော်မရှင်တပ်တွေကို မြို့ထဲခေါ်သွင်းပေးဖို့ကလွဲရင် တခြားအဖြေမရှိဘူးဆိုတာမျိုးကိုပဲ တွေ့ရပါတယ်။

    မြို့ခံတွေအနေနဲ့ကတော့ စစ်ကော်မရှင်တပ်ကို တိုက်ထုတ်ခဲ့စဉ်တုန်းက တော်လှန်ရေးအင်အားစုတွေအပေါ်မှာ ယုံကြည်အားကိုးမှုတွေလွန်ကဲပြီးတော့ အကုန်လုံးပုံအပ်ခဲ့တာဖြစ်တဲ့အတွက် လက်ရှိ စစ်ကော်မရှင်တပ် ပြန်ဝင်လာမယ့်အချိန်မှာ မြို့ကိုစွန့်ခွာထွက်ပြေးပြီးတော့ အသက်ကိုရှင်သန်အောင် မွေးမြူဖို့ကလွဲလို့ အခြားမရှိနိုင်တော့ပါဘူး။

    မြို့ခံကာကွယ်ရေးတပ်တွေအနေနဲ့ကတော့ ဆုပ်လည်းစူး စားလည်းရူးရတဲ့ အခြေနေပါ။ မြို့ကို စစ်ကော်မရှင် လက်ထဲပြန်မပေးနိုင်လို့ ခုခံကာကွယ်မယ်ဆိုရင် TNLA နဲ့ ရန်သူအခြေအနေကို ရောက်ရမှာဖြစ်ပြီးတော့ မခုခံမကာကွယ်ဘဲနဲ့ စစ်ကော်မရှင်တပ်ကို အလွယ်တကူ အဝင်ခံလိုက်ရင်လည်း ပြည်သူ့ထောက်ခံမှု zero level(သုံည)ထိကျသွားနိုင်ပြီးတော့ တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ ယုံကြည်မှုပါ ပျောက်ဆုံးရမှာပါ။

    မော်ကွန်း။ ။ မိုးကုတ်ဗျူဟာအပါအဝင် တော်လှန်ရေးအင်အားစုတချို့က မိုးကုတ်မြို့ကို ကာကွယ်မယ်လို့ တရားဝင် ပြောထားပါတယ်။ ဒီအပေါ်မှာ TNLA ဘက်က ဘယ်လို သဘောထားရှိပါသလဲ။ မဟာမိတ်တွေကို သူတို့ ဘယ်လိုသတင်းစကားပါးထားပါသလဲ။ တခြားတော်လှန်ရေးအင်အားစုတွေကရော လက်ခံနိုင်ပါသလား။

    မိုးကုတ်မြို့ခံ။ ။ မိုးကုတ်ဗျူဟာအနေနဲ့ တရားဝင်ကာကွယ်မယ်လို့ သတင်းအတိအကျ ထုတ်ပြန်ထားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ သတင်းထုတ်ပြန်ချက်မှာက တော်လှန်ရေးကို အဆုံးထိတိုက်သွားမယ်ဆိုတဲ့ အစွန်းနှစ်ဘက် လွတ်တဲ့ထုတ်ပြန်ချက်ပါ။ လက်ရှိ မြေပြင်မှာလည်း ၇ မိုင် စစ်မျက်နှာပြင်ကလွဲရင် မြို့ကို စစ်ကော်မရှင်ဝင်လာမယ့် အရေးမှာ ခုခံကာကွယ်မယ့်အင်အားစု (ရဲဘော်) မထုတ်ပေးနိုင်ဘူးဆိုပြီး ပြောဆိုထားတာ ကြားသိရပါတယ်။

    TNLA နဲ့ တွေ့ဆုံခဲ့တဲ့ MDY-PDF အပါအဝင် မိုးကုတ်ဗျူဟာတို့ဟာ TNLA ရဲ့ လောင်းရိပ်မကင်းတဲ့ မွေးစားသားတွေပါ။ အဲ့ဒီအတွက် သူတို့အနေနဲ့ မြို့ကိုကာကွယ်မယ်ဆိုတဲ့ သူတို့ရဲ့ပြောကြားချက်အချို့ဟာ ယုံကြည်ဖွယ်ရာ မရှိပါဘူး။

    ဒါနဲ့ပတ်သက်ပြီးတော့ မိုးကုတ်ဗျူဟာမှာ စစ်ကော်မရှင်တပ်ကို မြို့အဝင်ခံခြင်း၊ မခံခြင်းနဲ့ပတ်သက်ပြီးတော့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အကွဲအပြဲတွေများစွာ ဒီရက်ပိုင်းမှာဖြစ်ပေါ်နေပါတယ်။ MDY-PDF ရဲ့ ထိပ်သီးခေါင်းဆောင်နှစ်ဦး ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သေချာတဲ့သတင်းကိုလည်း ကျွန်တော်တို့ရထားပါတယ်။

    မော်ကွန်း။ ။ အမျိုးသားညီညွတ်ရေးအစိုးရက မိုးကုတ်မြို့ မစွန့်လွှတ်ရရေး ကြံစည်ဆောင်ရွက်နေတာ ရှိပါသလား။ စစ်ရေးနဲ့မဆိုင်တဲ့ ပြောနိုင်တဲ့အချက်အလက်တချို့ ပြောပြပေးစေလိုပါတယ်။

    မိုးကုတ်မြို့ခံ။ ။ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ကတော့ မိုးကုတ်မြို့ကို ပြန်လည် လက်မလွှတ်ရရေးအတွက် မိုးကုတ်စစ်ဦးစီး(အဖွဲ့)ဆိုပြီး ဒေါက်တာစိုးသူရဇော် ဦးဆောင်ပြီးတော့ ဖွဲ့စည်းထားပါတယ်ဗျ။ ဒါပေမယ့် သူတို့အနေနဲ့လည်း မြို့ကိုပြန်လက်မလွှတ်ရရေးလို့ ဆိုပေမယ့် TNLA ခေါ်သွင်းလာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့ နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တို့မှာ ကျည်ပေါက်ခွင့်မရှိပါဘူး။ မြို့ကို သေချာပေါက် စစ်ကော်မရှင်တပ်က ဝင်ကိုဝင်လာမှာပါ။

    TNLA နှင့် PDF မဟာမိတ်များကို ၂၀၂၄ ဇူလိုင်လအတွင်း မိုးကုတ်မြို့ထဲတွင် အတူတကွမြင်ရစဉ်/ Main A Hein

    မော်ကွန်း။ ။ ရှမ်း-မန်း စစ်ဆင်ရေးနဲ့အတူ မိုးကုတ်မြို့ကိုရခဲ့ပြီးနောက် တော်လှန်ရေးအလင်းရောင် ထိန်ညီးခဲ့ကြတဲ့ကာလ ရှိခဲ့ပါတယ်။ အခုလို မိုးကုတ်ကို ရုတ်တရက်ပြန်ပေးရတဲ့အပေါ် မြေပြင်တော်လှန်ရေးမှာ ပါဝင်နေသူတစ်ဦးအနေနဲ့ ဘယ်လိုခံစားချက် ဖြစ်ရပါသလဲ။

    မိုးကုတ်မြို့ခံ။ ။ ကျွန်တော်တို့ အနေနဲ့ ဒါကိုပြောရမယ်ဆိုရင် တော်လှန်ရေးဟာ ရိုးသားရဲ့လား။ အကျိုးအမြတ်တွေအတွက် တော်လှန်ရေးကိုအသုံးချပြီးတော့ ရယူကြတယ်၊ အကျိုးအမြတ်တွေရတာနဲ့ သဘောတူညီချက်တွေယူကြတယ်၊ ပြန်ပြီးတော့ ပေးကြတယ်။ ဒါဟာ တော်လှန်ရေးရဲ့၊ ဖောက်ပြန်ရေးသမားတွေရဲ့လုပ်ရပ်လို့ ကျွန်တော်ကတော့ မြင်တယ်။

    စဉ့်ကူးမှာ သယံဇာတအများဆုံး ရယူခံစားခဲ့တဲ့ MDY-PDF ဟာ စဉ့်ကူးမြို့ခံတွေကို အကြောင်းမကြား၊ အသိမပေးဘဲ တပ်တွေဆုတ်ခွာတယ်။ TNLA အနေနဲ့ကလည်း မိုးကုတ်မြို့ရဲ့ သယံဇာတတွေ အလွန်အကျွံတူးဖော်တယ်။

    ထိန်းသိမ်းရမယ့် public area (အများပြည်သူပိုင်နေရာ)ဖြစ်တဲ့ ဂေါက်ကွင်း၊ ကျောက်အလွန်အကျွံထွက်တဲ့ ဝင်းထရံကျော်စတားလုပ်ကွက်၊ ကျောက်ပြဿာဒ်လိုနေရာတွေအကုန်လုံးကို လက်ဝါးကြီးအုပ်ပြီး လုပ်ချင်တိုင်းလုပ်ပြီးတော့ စစ်ကော်မရှင်တပ်ကို ပြန်ပေးချင်တဲ့အချိန်မှာ ရော့ အင့်ဆိုပြီး မြို့ကိုမတိုင်ပင်ဘဲ၊ မငဲ့ညှာဘဲ ပြန်ပေးလိုက်တာက တော်လှန်ရေးကို ဘယ်လောက်ရှေးရှုသလဲဆိုတဲ့ မေးခွန်းမျိုးတွေ ပြည်သူတွေရော၊ ကျွန်တော်တို့လို တော်လှန်ရေးရဲဘော်တွေရော မေးခွန်းတွေထုတ်ချင်ပါတယ်။

    တားဘုန်းကျော် (TNLA ဗိုလ်ချုပ်) ပြောသလို ဆုတ်ချိန်တန်လို့ ဆုတ်တယ်၊ အားယူတယ်၊ အားမွေးတယ်ဆိုရင် အားမပြည့်ဘဲ၊ အားမရှိဘဲ မြို့တွေကိုဘာလို့ သိမ်းတာလဲ။

    မထိန်းနိုင်ဘဲ မြို့တွေသိမ်းခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြိုတင်မတွေးခဲ့ကြဘူးလား။ သီပေါမြို့ကိုပဲကြည့်ပါ၊ ပြည်သူတွေ အခုလက်ရှိ ဘယ်လောက်ဒုက္ခရောက်နေကြလဲ။ ထောက်ခံခဲ့လို့ ရောက်ရတဲ့ ဒုက္ခတွေ။ ဒါတွေအတွက် ဘယ်သူတွေက လိုင်းပေါ်ကနေဖြစ်ဖြစ်၊ statement(ကြေညာချက်) လေး တစ်စောင်ဖြစ်ဖြစ်၊ ပြည်သူကိုတောင်းပန်တာရှိခဲ့လား။ ဒါတွေကို မေးခွန်းထုတ်ချင်ပါတယ်။

    မော်ကွန်း။ ။ အာဏာသိမ်းစစ်တပ် မိုးကုတ်ကိုပြန်ဝင်လာပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။ ဒီအပေါ်မှာရော လူထုဘေးကင်းရေးအစီအစဉ်အတွက် ဘယ်လိုတွေ ပြင်ဆင်နေပါသလဲ။

    မိုးကုတ်မြို့ခံ။ ။ ဒီအာဏာသိမ်းစစ်တပ် မိုးကုတ်ကိုပြန်ဝင်လာပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်းမှာကိုတော့ မိုးကုတ်မြို့ခံတွေ စိုးရိမ်နေကြတဲ့ကိစ္စ ရှိပါတယ်။

    ဒီအပေါ်မှာ ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ စီစဉ်ဆောင်ရွက်ပေးထားတဲ့အပိုင်းကတော့ စစ်နဲ့ ကင်းလွတ်မယ့်နေရာတွေ၊ စစ်ဘေးစစ်ဒဏ်ကင်းလွတ်နေရာတွေမှာ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးကူညီစောင့်ရှောက်မှုအပိုင်း တွေပေါ့။

    ဒါတွေကိုတော့ အဝေးကိုမတိမ်းရှောင်နိုင်တဲ့ မြို့ခံပြည်သူလူထုတွေအတွက် ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ၊ နေရာတွေလည်း ရှိပါတယ်ဗျ။

    မော်ကွန်း။ ။ မိုးကုတ်မြို့ကို ပြန်ပေးမယ့်အပေါ် မြို့ခံတော်လှန်ရေးသမားတစ်ဦးအနေနဲ့ ဖြည့်စွက်ပြောပြစရာများရှိရင် ပြောပေးပါ။

    မိုးကုတ်မြို့ခံ။ ။ ဖြည့်စွက်ပြောစရာကတော့ ကျွန်တော်တို့ တော်လှန်ရေးတစ်စုံလုံးအပေါ်မှာပေါ့နော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ PSLF/TNLAပေါ့၊ ဒီအဖွဲ့က ‘၁၀၂၇-စစ်ဆင်ရေး’ ဒုတိယပိုင်းမှာ ကျွန်တော်တို့ မိုးကုတ်မြို့ကို မဟာမိတ်တွေနဲ့၊ ဒေသခံတပ်တွေနဲ့ အတူတူပူးပေါင်းပြီးတော့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်။

    အဲဒီအပေါ်မှာ ဒေသခံပြည်သူကျွန်တော်တို့အနေနဲ့က ကျွန်တော်တို့ အားကိုးရတဲ့၊ မြို့ရဲ့ရင်သွေးတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လာတဲ့အပေါ် မြို့က သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြတယ်။ ဒါဟာ TNLA ကို ကြိုဆိုတာမဟုတ်ဘူးပေါ့နော်၊ ကျွန်တော်တို့ဒေသခံတွေက ဒေသခံကာကွယ်ရေးအဖွဲ့တွေကို ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

    နောက်ပိုင်းမှာ ပြည်သူကသိလာခဲ့ရတာက ဒါဟာ TNLA ဦးဆောင်ပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်။

    အဲဒါကြောင့် လက်ရှိမြို့ကို TNLA ကပဲ ဆက်လက်အုပ်ချုပ်မယ်ဆိုတာကို သိခဲ့ရပြီးတဲ့နောက်ပိုင်းမှာလည်း ကျွန်တော်တို့မြို့က ပြည်သူတွေက ဪ..ငါတို့ရဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေပဲဆိုတဲ့စိတ်နဲ့ TNLA ရဲ့ အုပ်ချုပ်ပုံစနစ်မကျမှုတွေ၊ နောက်ပြီးတော့ စီးပွားရေးအတွက် အလွန်အကျူး သယံဇာတ တူးဖော်ထုတ်လုပ်တဲ့ကိစ္စတွေရှိပေမယ့် ဒါတွေဟာ မငြိမ်းချမ်းသေးတဲ့ကာလ၊ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအခြေအနေမှာ သည်းခံရမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ မြို့က၊ ကျွန်တော်တို့ မြို့ခံ ပြည်သူလူထုတွေက အဆုံးစွန်အထိ သည်းခံခဲ့ကြပါတယ်။

    အခုတော့ ကျွန်တော်တို့ ဘာကိုပြေးမြင်မိခဲ့ကြသလဲဆိုရင် ၁၉၄၁ ခုနှစ် အင်္ဂလိပ်ကိုလိုနီကိုတိုက်ထုတ်ဖို့ ဂျပန်ကို မဟာမိတ်အနေနဲ့ ဖွဲ့စည်းပြီးတော့ ဗမာ့တပ်မတော်က ခေါ်လာတဲ့ကာလကို ပြေးမြင်မိစေပါတယ်။ အဲဒီလို အလားတူတဲ့ကိစ္စတွေ မိုးကုတ်မြို့မှာ အခုဖြစ်ခဲ့ကြပါတယ်။

    TNLA မိုးကုတ်မြို့ကို ဝင်ရောက်လာတယ်။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကမ္ဘောဇဘဏ်တို့၊ CB ဘဏ်တို့ပေါ့။

    ဒီဘဏ်တွေကို ဖောက်ထွင်းပြီးတော့ ငွေကြေးတွေ၊ ပြည်သူပိုင်ပစ္စည်းတွေပေါ့။ အကုန်လုံး၊အကုန်လုံးပေါ့။ သူတို့ သယ်ယူနေတဲ့ ကိစ္စတွေ၊ ခိုးယူနေတဲ့ ကိစ္စတွေကိုလည်း ပြည်သူတွေက မျက်ကွယ်ပြုပြီး လျစ်လျူရှုပေးခဲ့ကြတယ်ဗျ။

    ဒီလိုအခြေအနေတွေမှာ အတူတူပူးပေါင်းပါဝင်တိုက်ခိုက်လာတဲ့ မြို့ခံကာကွယ်ရေးတပ်တွေကို TNLA က အုပ်ချုပ်ရေးပိုင်းတွေအပါအဝင် အကုန်လုံးဘေးဖယ်ပြီးတော့ သူတို့ပဲ သူတို့နည်း၊ သူတို့စနစ်၊ သူတို့ဟန်နဲ့ အုပ်ချုပ်ခဲ့ကြတယ်။

    အဲဒီလို အုပ်ချုပ်တဲ့အခါမှာ အလွဲအမှားတွေများစွာနဲ့ မှားယွင်းဖမ်းဆီးခံရတာတွေ၊ အသက်သေဆုံးခဲ့ရတဲ့ကိစ္စတွေအပေါ်မှာလည်း ကျွန်တော်တို့ မိုးကုတ်မြို့ခံ ပြည်သူလူထုတွေက အစစအရာရာ သည်းခံပေးခဲ့ကြတယ်။ ဒီတော်လှန်ရေးအဖွဲ့တွေအပေါ်မှာ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးခဲ့ကြတယ်။

    သို့ပေမယ့်လို့ နောက်ဆုံးမှာတော့ သူတို့ရဲ့အကျိုးစီးပွားအတွက်ပေါ့၊ နမ့်ဆန်နဲ့ မန်တုံမြို့လို တအာန်းလူမျိုးအများစုနေထိုင်တဲ့ မြို့ရွာတွေ ဗုံးကြဲခံရပြီးတဲ့နောက်ပိုင်း၊ စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းကြီးတွေနဲ့ အပြင်းအထန်ထိုးစစ်ဆင်ခံလာရတဲ့နောက်ပိုင်း ကျွန်တော်တို့မြို့ အပေါ်မှာ သူတို့ဟာ မြို့သူမြို့သားတွေရဲ့ မျက်နှာကိုမှမငဲ့ကွက်၊ အကျိုးစီးပွားကိုမှ မငဲ့ကွက်ဘဲ စစ်ကော်မရှင်တပ်ရဲ့ လက်ထဲကို ဝကွက်အပ်ခံလိုက်ရတဲ့အပေါ်မှာတော့ ကျွန်တော်မြို့ခံပြည်သူတစ်ယောက်အနေနဲ့ အလွန်ပဲစိတ်နာရတယ်။ ဝမ်းလည်းဝမ်းနည်းရတယ်။ ဒီကိစ္စကို ကျွန်တော်တို့ မကျေမနပ်ဖြစ်ရပါတယ်။

    အဲဒီတော့ မဖြစ်သာတဲ့အဆုံး မိုးကုတ်မြို့ကို စွန့်ခွာပေးလိုက်တယ်။ စစ်ကော်မရှင်တပ်ရဲ့ လက်ထဲကို ပြန်လည် ထိုးအပ်ပေးလိုက်တယ်။ နောင်တစ်ချိန်ကျမှ မိုးကုတ်မြို့ကို စစ်ကော်မရှင်လက်ထဲကနေ ပြန်လည်တိုက်ခိုက်သိမ်းယူ ပေးမယ်ဆိုတဲ့ မြို့ကို မိအေးသုံးခါနာရမယ့်အဖြစ်မျိုးတွေကို ဖန်တီးလာကြဦးမယ်ဆိုရင်တော့ တော်လှန်ရေးအဖွဲ့တွေကိုရော၊ တိုင်းရင်းသား EROs တွေကိုရော၊ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဖြစ်တဲ့ MOD ကိုရော အကုန်လုံးကို ကျွန်တော်ပြည်သူတစ်ယောက်အနေနဲ့ ပြောချင်တာကတော့ နောက်တစ်ကြိမ်တော့ ပြန်လာပြီးတော့ မတိုက်ကြပါနဲ့တော့။

    ကျွန်တော်တို့မြို့က ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မထောက်ခံတော့ပါဘူး၊ မကြိုဆိုတော့ပါဘူး။ ထပ်ပြီးတော့လည်း ကျွန်တော်တို့မြို့ကို အခုလိုမျိုး ကစဉ့်ကလျားနဲ့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း အကျော်ထိ မြို့ကိုစွန့်ခွာထွက်ပြေးပြီး နေအိမ်တွေ၊ စီးပွားတွေ၊ အကုန်လုံးကို စွန့်ခွာထွက်ပြေးရလောက်တဲ့အထိ၊ ယုံကြည်မှုတွေ ပျက်သုဉ်းသွားရလောက်အောင်အထိ မျှော်လင့်ချက်တွေ ဆက်ပြီးမပေးကြပါနဲ့တော့လို့ပဲ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

    တော်လှန်ရေးအဖွဲ့တွေက ကာကွယ်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အစည်းအဝေးတွေခေါ်ခဲ့ကြတယ်။ အစည်းအဝေးတွေ ခေါ်ခဲ့ကြတဲ့ ကာလမှာ ကျွန်တော်တို့ ဘာကိုပြောခဲ့ကြသလဲဆိုရင် ကျွန်တော်တို့မြို့ကို ကာကွယ်ပေးနိုင်မလားလို့ မေးတဲ့အခါ သူတို့က မဟာမိတ်ဆက်ဆံရေးအပေါ်မှာ မျက်နှာမူနေရတယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က ပြောတယ်။

    ဒီအခါ ကျွန်တော်တို့က ပြန်မေးခဲ့တယ်။ လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မဟာမိတ်မျက်နှာကိုကြည့်မလား၊ ပြည်သူ့ မျက်နှာကိုကြည့်မလားဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ မေးခဲ့ပါတယ်ဗျ။

    အဲဒီမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ ဒီလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ TNLA ဟာ စစ်ကော်မရှင်တပ်ကို မိုးကုတ်နဲ့ မိုးမိတ်မြို့ကို တစ်ပြိုင်နက်ထဲ ခေါ်သွင်းမယ်ဆိုတဲ့ကိစ္စဖြစ်ပေါ်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ကလည်း မြို့ကို စစ်ကော်မရှင်တပ်ကို အဝင်ခံရမယ့် အနေအထားမျိုးတွေ ကျွန်တော်တို့ ကြားသိရပါတယ်။

    ၂၀၂၅ ဇွန်လအတွင်း စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ

    သူတို့အနေနဲ့ကလည်း မြို့အပြင်ဘက်ကိုဆုတ်ခွာပြီး ခံစစ်တွေပြင်ဆင်ကြမယ်၊ စစ်တပ်ကို မြို့အပြင်မထွက်လာနိုင်အောင် သူတို့တားဆီးမယ်၊ ပြီးတာနဲ့ မြို့ထဲကို နောက်တစ်ကြိမ်ပြန်တိုက်မယ်ဆိုတဲ့ အခြေအနေတွေကိုလည်း ကျွန်တော်တို့ ကြားသိ ထားရပါတယ်။

    အခုဆို စစ်တပ်ပြန်ဝင်လာရင် တော်လှန်ရေးတပ်တွေကို သပြေပန်းနဲ့ ကြိုဆိုခဲ့ကြတဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့ မြို့သားတွေ ခံစားကြရတော့မှာ။ အဲဒီလိုခံစားရမှာမို့ ကျွန်တော်တို့ဟာ တစ်ခြားမြို့ရွာတွေကို၊ မြို့ပြင်ကို ရှောင်ပုန်း ထွက်ပြေးကြရတော့မယ်။ အဲဒါကို စစ်ကော်မရှင်တပ် ဝင်လာပြီးတော့မှ နောက်တစ်ကြိမ်ပြန်ပြီး တိုက်မယ်ဆိုရင် ကျွန်တော်တို့ မြို့ဟာ ထပ်ပြီးတော့ နာကြရဦးမယ်။ သေကြရဦးမယ်။ မိုးကုတ်မြို့ဟာ တစ်ခြားမြို့တွေနဲ့ မတူတဲ့အချက်က အဲဒါပါပဲ။

    အဲဒီတော့ ခင်ဗျားတို့တွေ မိုးကုတ်မြို့ကို အခုအချိန်မှာ ဆက်လက်ကာကွယ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့မြို့သားတွေ ဆက်လက် ယုံကြည်မှုတွေရှိနေဦးမယ်၊ အားကိုးနေဦးမယ်။

    အဲဒီလိုမှမဟုတ်ဘဲနဲ့ ကျွန်တော်တို့မြို့ကို မဟာမိတ်မျက်နှာထောက်ပြီး စစ်ကော်မရှင်လက်ထဲကို ဝကွက်အပ်ခဲ့ပြီးမှ နောက်တစ်ကြိမ်ပြန်တိုက်မယ်ဆိုရင်တော့ တောင်းပန်ပါတယ်၊ ထပ်ပြီးတော့ ဝင်မတိုက်ကြပါနဲ့တော့လို့ ကျွန်တော်တို့ မြို့သားတွေက ပြောချင်ပါတယ်။

    ကျွန်တော်တို့ မြို့ခံ (တော်လှန်ရေးအဖွဲ့တွေ) တွေ အနေနဲ့က တိုက်မယ်၊ တိုက်ချင်တယ်။ အဲဒီအတွက် တပ်ပေါင်းစုလေးဖွဲ့မယ်ဆိုတဲ့အသံ ထွက်သွားတာနဲ့ NUG, ကာကွယ်ရေးဝန်ကြီးဌာနက တစ်ခါတည်း ကျွန်တော်တို့ အဖွဲ့တွေအားလုံးကို စစ်ဦးစီးအဖွဲ့(မိုးကုတ်) တန်းဖွဲ့ပြီးတော့ ထိန်းချုပ်ပစ်ခဲ့တာဗျာ။ ကျွန်တော်တို့က မြို့ခံတွေပါ။ ဒီမြို့မှာမွေး၊ ဒီမြို့မှာကြီးပြင်းခဲ့တဲ့ သာမန်လူတန်းစားတွေပါ။ နိုင်ငံရေးသမားလည်း မဟုတ်ပါဘူး။ တော်လှန်ရေးစိတ်ဓါတ်တစ်ခုထဲနဲ့ ပြည်သူကိုပဲ အပြည့်အဝမျက်နှာမူချင်ပါတယ်။

    ပုံစာ – ၁၀၂၇ ဒုတိယပိုင်း မိုးကုတ်မြို့သို့ TNLA ပူးပေါင်းတပ်များဝင်ရောက်လာစဉ် (TNLA)

  • လေတပ်က ဒုချုပ်ရဲ့သားနဲ့ ချစ်သူတွေပါဆိုပြီး ထကြွယ်ကာမှ

    လေတပ်က ဒုချုပ်ရဲ့သားနဲ့ ချစ်သူတွေပါဆိုပြီး ထကြွယ်ကာမှ

    လေတပ်က ဒုချုပ်ရဲ့သားနဲ့ ချစ်သူတွေပါဆိုပြီး ထကြွယ်ကာမှ ကျားဖြန့်ဖြစ်နေလို့ တစ်အိမ်လုံးက ပစ္စည်းတွေ မသွားတာ ခံရတဲ့ အဖြစ်

    ခုနောက်ပိုင်း ကောင် ချောချောလေးတွေက ကောင်မလေးတွေကို ချဉ်းကပ်ကြရင် ကားတွေစီးပြ ငွေကိုရေလိုသုံးပြ အရမ်၊းဂရုစိုက်ပြ ကြင်နာပြနဲ့ မထ၊င်ရပါဘူ၊းတဲ့

    ကော၊-င်မ၊လေ၊း ယုံ-ကြ၊ည်အော၊င်နေ၊ပြ၊-ပြီ၊:မှ အိ၊-မ်ထဲက အဖို၊းတ၊န်ပစ္စ၊-ည်းတွေ အကု၊န်ယူ၊သွားတာပါတဲ့

    လူကြီးသားဆိုပြီး ပထမဆုံးချိန်းတွေ့ကတည်းက ကောင်မလေးအတွက် သိန်း ၅၀ ဖိုးလောက် အကုန်အကျခံခဲ့တာတဲ့ ၂ လကြာတော့မှ ကောင်မလေးအိမ်ကနေ ရွှေတွေ ပုံ:လိုက် မ သွားတဲ့ ရဲရင့်ဝေဖြိုး

    ကျားဖြန့်တွေ တော်တော် စိုးရိမ်စရာကောင်းနေပြီ..သတိထားကြပါအုံးနော်

    ဖြစ်ကြောင်း ကုန်စင်က ဒီလိုပါ

    အားလုံးကိုယ့်လိုမျိုး မဖြစ်ရအောင် ကိုယ့်အရှက််ကိုမငဲ့ဘဲ တင်လိုက်တာပါဆိုပြီးတော့ ကာယကံရှင် ညီမလေး Wei Meiက….

    ကျားဖြန့်လိမ်နည်းအသစ် ‼️မိန်းကလေးတိုင်း သတိပြုနိုင်ဖို့အတွက် …..

    ဖြစ်ကြောင်း ကုန်စင်က ဒီလိုပါ။ အားလုံးကိုယ့်လိုမျိုး မဖြစ်ရအောင် ကိုယ့်အရှက််ကိုမငဲ့ဘဲ တင်လိုက်တာပါ။ ညီမခုလက်ရှိဖြစ်သွားတဲ့ အခြေအနေက ညီမနဲ့အဲ့ရဲရင့်ဆိုတဲ့တယောက်နဲ့ ဖေ့ဘုတ်မှာ စတွေ့ပီး သူဘက်က စပီး လာ add ပီး စကားတေပြောရာကနေ lineပေါ်မာတင် တွဲဖြစ်သွားတာပါ။

    ဒါမဲ့ ပထမဆုံးအပြင်မာတွေ့တဲ့ချိန်တုန်းက သူက first date မာတင် နှင်းဆီပန်းအပွင့် 365 ပွင့်လက်ဆောင်ပေးပီး ကော်ဖီဆိုင်မာ အပေါ်ပိုင်းတစ်ထပ်လုံး vip ယူပီး ညမနဲ့သူနဲ့ first date မာတင်ကို ပိုက်ဆံအရမ်းသုံးပြခဲ့ပါတယ်။

    အစက သူကသူနောက်ခံတေကို ညမကမမေးထားလို့ မပြောပါဘူး ဒါမဲ့ နောက်ပိုင်းသိရတာက သူက နေပြည်တော့က လေတပ်က အကြီးဆုံးမာ သူအဖေက အကြီးဆုံးရဲ့အောက်က ဒုတိယအကြီးဆုံးဆိုပီး ပြောပါတယ်။ ညမသူငယ်ချင်းတေက သူနဲ့ညမပုံကို ရိုက်ပေးမယ်ပြောရင်လဲ မရဘူး သူအဖေရာထူးအခြေအနေတေကြောင့် သူ့က်ိုစောင့်ကြည့်နေတဲ့သူတေရှိလို့ မျက်နှာပါလို့မရဘူးလို့ ပြောပီးပုံတေ သိပ်အရိုက်မခံပါဘူး

    အဲ့မာ ညမက သေချာမစုံစမ်းမိဘဲ သူညမရှေ့မာ ညမတွက်နဲ့တင် first date မာတင် သိန်းဆယ်ချီစသုံးတာမြင်တော့ အမှန်တကယ်ထင်ခဲ့မိသွားတာပါ။ နောက်ပိုင်းတေလဲ ဒီကြားထဲ သူပျောက်သွားရင် စစ်ကိုင်းက ဝန်ကြီးများအိမ်ယာမာ ပွဲတေရှိလို့ လူကြီးပိုင်းတေနဲ့သူအဖေက စကားပြောဖို့လွှတ်ထားလို့ဆိုပီး စစ်ကိုင်းဘက်ကို သွားတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ အဆက်အသွယ်တေပျက်တာမျိုးလဲရှိပါတယ်။

    ညမတို့က တစ်ပတ်မာ 4 ရက်လောက်က တွေ့ဖြစ်ကျပါတယ်။ တွေ့ဖြစ်တဲ့နေ့တိုင်းမာလဲ ကားနဲ့အမြဲလာတွေ့ပီး အမြဲ ဒရိုင်ဘာယောင်ဆောင်ထားတဲ့သူတယောက်အမြဲပါပါတယ်။ သူက အဲ့လူတေကို သူအဖေကလွှတ်ပေးထားတဲ့ တပ်ထဲကလူတေ ထောက်လှမ်းရေးပိုင်းတေဆိုပီး လိမ်ထားပီး အကုန်လုံး ဒရိုင်ဘာတေကအစ လူလိမ်တေပါ။

    အဲ့မာ မနက်စာစားမလား နေ့လယ်စာစားမလား သွားတိုင်းလဲ luxury လိုဆိုင်မျိုးတေသွားပီး တစ်နပ်စာတင်ကို 1 သိန်း 2 သိန်းအမြဲထုတ်ရှင်းနေကျပါ တစ်ခါခါသူကိုယ်တိုင်လဲ စျေးကြီးပါတယ်ဆိုတဲ့ ဆယ်ချီတန်တဲ့ brand တေ အဝတ်အစားတေဝယ်ပြတယ် ရေမွှေးတေဝယ်တယ် လုံးဝ ညမရှေ့မာတင်ဝယ်တာပါ။ လုံးဝ အစစ်အမှန်လို့ကို ထင်ရပါတယ်။

    ဒီကြားထဲ ညမမိဘတေကိုလဲ သူ့ကိုနေရာပေးအောင် သူနဲ့ညမကို သဘောတူစေချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အိမ်ဝင်အိမ်ထွက်တေလုပ်တယ် မနက်စာတေလဲ ညမ မိဘတေအတွက် အိမ်ကလူတေအတွက်ဆိုပီး အမြဲဝယ်လာတယ်။ ညမကို အိမ်ပြန်လိုက်ပို့တိုင်းလဲ အမြဲပါဆယ်ဝယ်ဝယ်ပီး ပေးပါတယ်။

    တကယ်ကို ညမကို လေးလေးနက်နက်ချစ်သလိုခံစားရအောင်ထိ သူလိမ်ညာခဲ့တာပါ နောက်ပိုင်းသူနဲ့ညမတွဲတာ 2 လလောက်အကြာမာ မိဘတေကလဲသူကို ယုံကြည်ပီး အိမ်ဝင်အိမ်ထွက်တေခွင့်ပြုလာပါတယ်။ ပတ်ဝန်းကျင်ကအစ သူ့ကိုသိလာမြင်လာနေကျဖြစ်အောင် သူကခနတိုင်းလာနေကျပါညမအိမ်ကို။

    ပြသနာက ဒီမာစတာပါ ညမကို သူက သူအဖေနဲ့ ပေးတွေ့မယ်ဆိုပီး လူကြီးချင်းစေ့စပ်ထားချင်လို့ပီး ညမမိဘတေစီမာလဲ လာပြောလာဝန်ခံပီး 11လပိုင်း 16ရက်နေ့မာ ညမမိဘတေကိုလဲခေါ်ပီး စားသောက်ဆိုင်တဆိုင်မာ သွားပီး သူအဖေနဲ့ပေးတွေ့ဖို့ဆိုပီး ညမနဲ့ ညမမိဘတေက နေ့လယ် 2 နာရီလောက်ထဲက သွားစောင့်ခဲ့ကျတာပါ

    အဲ့မာ သူက သူအဖေက မလာသေးလို့ စာပို့တာလဲ မရောက်သေးလို့ လူကြီးလမ်းကြောင်းနဲ့လာမာအရမ်းလဲနောက်ကျနေလို့ဆိုပီး သူအဖေကိုသွားခေါ်တာပါဆိုပီး ထွက်သွားခဲ့တာပါ။ အဲ့မာ ညမအိမ်မာ ညမရဲ့ ညမလေးဘဲ ကျန်ခဲ့တာပါ။ အိမ်ရောက်တော့ အငယ်မကို အဖေက ပုဇွန်တေစားပီး သွေ၊းတိုးလို့ ဆေးရုံမာဆိုပီး အရေးကြီးတယ်လို့ပြောပီး အငယ်မရဲ့ဖုန်းပါယူထားပီး အငယ်မကို ဆေ၊းရုံမာ ထားခဲ့ပီး သူက အိမ်သော့ပါယူလာပီး အိမ်ကို ပြန်ရောက်နေပါပီ။

    ညမနဲ့ညမမိဘတေလဲ အဲ့ချိန်မာ စားသောက်ဆိုင်မာတင်သူ့ကိုစောင့်နေကျတာပါ 5:30 လောက်ကြာမှ အငယ်မစီက အဆက်အသွယ်ပြန်ရပီ အိမ်ကို အမြန်သွားခဲ့ကျတာပါ အိမ်က ခြံတံခါးတေဖွင့်ရက်နဲ့ ညမမိဘတေအခန်းထဲက သိမ်းထားတဲ့ ပိုက်ဆံတေရယ် စုထားတဲ့ရွှေတေရဲ့ သံပုံထဲထည့်ပီး သော့ခတ်သိမ်းထားတာပါ။

    သော့က ဘလိုမှဖျက်မရလို့ ပုံးလိုက်ကြီးမပီး ရှိသမျှပိုက်ဆံတေ ရွှေတေပါ မ သွားခဲ့တာပါ အိမ်တစ်အိမ်လုံးလဲရှုပ်ပွနေပီး တန်ဖိုးကြီးပစ်စီးတေ အကုန် သူလွယ်အိတ်ထဲ ထည့်ရသလောက်သယ်သွားပီး ဟန်မပျက် ထွက်သွားတာပါ cctv မှတ်တမ်းတေလဲ အကုန်ရှိပါတယ်။

    သူညမနဲ့တွဲနေတဲ့အချိန်နှစ်လအတွင်းမာတင်ကို ညမတွက်ပိုက်ဆံ သူသုံးတာ သိန်း၅၀ကျော် ဖိုးလောက်ထိကိုသုံးခဲ့တာပါ သူလုပ်သွားတာက လုံးဝ ကျားဖြန့်တေလိုမျိုးလုပ်သွားတာပါ ခုလိုမျိုး ညမလိုမျိုး အခြားမိန်းကလေးတေလဲ မခံရအောင် သင်ခန်းစာယူနိုင်အောင် ပြောပြရခြင်း ဖြစ်ပါတယ် စာရှည်သွားရင်တောင်းပန်ပါတယ်။

    Wei Mei အကောင့်မှာ ပြောပြထားတာပါ။ အခု အဲ့ညီမလေးရဲ့acc name ကိုchange ပြီး Lock ချသွားပါပြီ။ တစ်ခုခု ကြီးကြီးမားမား ခြိမ်းခြောက်ခံထားရလားတော့ မသိဘူးရှင့်။

    သတိထားကြပါနော်။ ကိုယ်နဲ့ မြင်နေကျတွေ့နေကျမဟုတ်တဲ့ ခပ်မိုက်မိုက်ခပ်လန်းလန်းအဆင်လေးတွေ ကိုယ်ဆီချဉ်ကပ်လာတိုင်း သွားမကြိုက်ကြပါနဲ့လို့ ပြောချင်ပါတယ်(ယောကျာ်းလေးရော မိန်းခလေးရော အတူတူပါပဲ)

    Source: Wei Mei

  • မြန်မာနိုင်ငံတွင် ကျားဖြန့်များ ကြီးထွားလာမှု ထိုင်းနိုင်ငံကြောင့်ဟု အပြစ်တင်

    မြန်မာနိုင်ငံတွင် ကျားဖြန့်များ ကြီးထွားလာမှု ထိုင်းနိုင်ငံကြောင့်ဟု အပြစ်တင်

    အမေရိကန်၏အွန်လိုင်း ကျားဖြန့်လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးတွင် နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခု ရှိနေဟု အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်း ပြော

    မြန်မာနိုင်ငံတွင် ကျားဖြန့်များ ကြီးထွားလာမှု ထိုင်းနိုင်ငံကြောင့်ဟု အပြစ်တင်

    အမေရိကန်ပြည်ထောင်စု၏အွန်လိုင်း ကျားဖြန့်လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးမှာ Hidden Agenda နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခု ရှိနေကြောင်း အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်းက ပြောဆိုသည်။

    ယနေ့ စစ်တပ်၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Strike Force Burma အဖွဲ့ ဖွဲ့စည်း၍ မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာ ၂ ခုကို စစ်ဆင်ရေး ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း၊ ယင်းအပြင် မြန်မာနိုင်ငံရှိ KK Park ကဲ့သို့သော လိမ်လည်မှုနေရာများကို တိုက်ဖျက်ရန်အတွက် Royal Thai Police War Room Task Force နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဘန်ကောက်သို့ FBI Agent များစေလွှတ်သည်ဟု သိရှိရကြောင်း၊ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

    “‘ဒါတွေကို သုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ ခုနက ပြောတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ဆိုတာထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခု ရှိနေနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ရရှိပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

    ယင်းအပြင် မြန်မာနိုင်ငံရှိ ကျားဖြန့် ဒေသများဖြစ်သော KK Park ၊ ရွှေကုက္ကိုလ်၊ ကျောက်ခတ်ဒေသများရှိ အခြေခံလူနေထိုင်မှု ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးတို့မှာ တစ်ဖက်နိုင်ငံမှ ရရှိခြင်းဖြစ်ကြောင်း၊ စစ်တပ်က KK Park ကို ဖြို ဖျက်စဉ်ကလည်း အစများ ထိုင်းနိုင်ငံဘက်သို့ ကျရောက်သည်ဟု ကန့်ကွက်ကြောင်း၊ KK Park ကို ဖောက်ခွဲ ဖြိုဖျက်မှုများသည် အဆင့်မြင့် ဖောက်ခွဲမှုများ ဖြစ်၍ အနီးအနားရှိ သစ်ပင်ပင် မလှုပ်ကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံထဲသို့ အစများ ကျစရာ အကြောင်းမရှိကြောင်း ၎င်းက ဆိုပြန်သည်။

    ထို့အပြင် ကျားဖြန့်ဒေသရှိ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံမှ တစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက အပြစ်တင် ပြောဆိုခဲ့သည်။