Author: Admin-501

  • မေတ္တာမြို့ရှိ စစ်ကောင်စီ ဗျူဟာစခန်းကို ပို့မည့် ရိက္ခာများ သိမ်းဆည်းရမိဟု KNU ပြော

    မေတ္တာမြို့ရှိ စစ်ကောင်စီ ဗျူဟာစခန်းကို ပို့မည့် ရိက္ခာများ သိမ်းဆည်းရမိဟု KNU ပြော

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိ စစ်ကောင်စီဗျူဟာစခန်းကို ပို့မည့်ရိက္ခာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သိမ်းဆည်းရမိခဲ့‌ေကြာင်း သိရသည်။ ထိုသို့ သိမ်းဆည်းရမိကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင် ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။ ဒီဇင်ဘာလ ၂၆ ရက်က ကျောက်မဲတောင်ဘက်မှ မေတ္တာမြို့ဘက်သို့ ဆန်၊ ဆီ၊ စားသောက်ကုန်များ အပြည့်တင်ဆောင်လာသည့် မြေသယ်ကားတစီးကို ထားဝ​ယ်- ထီးခီးလမ်းပေါ်၊ ဟိန္ဒူးချောင်းရွာအနီးမှာ KNLA တပ်ရင်း (၁၂) က စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ ဖြစ်စဉ်ကတော့ မှန်တယ်၊ အောက်ခြေက သတင်းပို့တာတော့ ရှိတယ်။ အသေးစိတ်တော့ တင်ပြထားတာ မတွေ့ရသေးဘူး။ နောက်ဆုံးအခြေအနေကိုတော့ တင်ပြတာမျိုး မရှိသေးဘူး” ဟု ပဒိုစောဖလိုစိုးဝင်းက ပြောသည်။…

  • ၂၀၂၄ မှာ ပျူတွေသောင်းကျန်းတာ ပိုကြုံခဲ့ရတဲ့ အညာ

    ၁၀၂၇ စစ်ဆင်ရေးကြောင့် အခုနှစ်ဆန်းပိုင်းကစလို့ အညာဒေသတကြော တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုး ထားတဲ့ ဧရိယာအတွင်း စစ်အုပ်စုတပ်တွေ မြေပြင်စစ်ကြောင်းထိုးတာ လျော့နည်းသွားပေမဲ့ ပျူစောထီးတွေ အား ကောင်းတဲ့ ဒေသတကြောကတော့ မရပ်မနားကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး သတ်ဖြတ်တာတွေ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကန့်ဘလူ ၊ ကျွန်းလှ၊ တန့်ဆည် ၊ ခင်ဦး ၊ ရေဦး စတဲ့ အညာဒေသတကြောဟာ ပျူစေထီးခေါင်းဆောင် သင်္ဃန်းဝတ်ဝါသဝ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ မရပ်မနားစစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ် ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ အဲဒီဒေသတွေဟာ ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ ခြေကုပ်ယူထားတဲ့ ဒေသတွေလည်းဖြစ်ပြီး ဝါသ ဝ လက်အောက်ခံပျူစောထီးတွေ အားကောင်းတဲ့…

  • မတ္တရာမြို့နယ်မှာတိုက်ပွဲဖြစ်

    မတ္တရာမြို့နယ်မှာတိုက်ပွဲဖြစ်

    စစ်​ကောင်စီတပ်ဟာ မတ္တရာမြို့နယ် အ​ရှေ့ခြမ်းက ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) သိမ်းပိုက်ထားတဲ့ Alpha ဘီလပ်​မြေ စက်ရုံဘက်ကို ဒီက​နေ့ (ဒီဇင်ဘာ ၂၈ရက်​နေ့) စစ်ကြောင်းထိုးဖို့ကြိုးစားတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောသည်။ နိုဝင်ဘာလအတွင်းမှာ ​​ဒေသခံကာကွယ်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့ မတ္တရာမြို့နယ် အ​နောက်ခြမ်း ကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ စစ်​ကောင်စီတပ်ဟာ မတ္တရာမြို့နယ် အ​ရှေ့ဘက်ခြမ်းကိုပါ ထိုးစစ်ဆင်ဖို့ ပြင်ဆင်​နေတာဖြစ်ပါတယ် ။ မန္တ​လေး PDFနဲ့ မဟာမိတ်တပ်​တွေက က ၁၀၂၇ ဒုတိယလှိုင်း မှာ မတ္တရာမြို့နယ်အ​ရှေ့ခြမ်းက အင်ကြင်းမြိုင် ​လေ​ကြောင်းရန် ကာကွယ်​ရေးတပ်စခန်း ၊ဆည်​တော်တပ်စခန်း ၊​ကျောက်ပုထိုး တပ်စခန်း ၊ တရုတ် ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်တဲ့ Alpha ဘိလပ်​မြေစက်ရုံက စစ်တပ်စခန်း​တွေအပါအဝင် စစ်တပ်စခန်း​ပေါင်း ၄၀ ခန့်ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ကမတ္တရာမြို့နယ်အရှေ့ခြမ်းကိုထိုးစစ်ဆင်နိုင်ဖို့ နေ့စဥ်စစ်အင်အားတွေပို့တာ၊လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ​ဒေသခံအချို့ဆီကသိရပါတယ်။…

  • လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာ

    ရန်ကုန်တွင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာပြီး မန္တလေးတိုင်းတွင် လူငယ်များကို ဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် စစ်တပ်က ပြန်ရွေးခိုင်း ရန်ကုန်မြို့တွင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာပြီး စဉ့်ကိုင်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြောက်ဥက္ကလာမြို့နယ်၌ နေထိုင်သော ကိုကျော်ထက်ဝင်းသည် မိခင်ဖြစ်သူကို အပြင်ခဏ သွားမည်ဟု ပြောဆို၍ ထွက်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျောက်ဆုံးသွားပြီးနောက် မိခင်ဖြစ်သူက ဖုန်းဆက်တိုက် ခေါ်သော်လည်း ဖုန်းကိုင်ခြင်းမရှိဘဲ စက်ပိတ်လိုက်ကြောင်း…

  • ဂွရိုးကားလမ်းပေါ်ရှိ ဗောဓိတံတားကျိုး၊ စစ်ကောင်စီတပ်က မကျည်းငူဘက်က နောက်ဆုတ်

    ဂွရိုးကားလမ်းပေါ်ရှိ ဗောဓိတံတားကျိုး၊ စစ်ကောင်စီတပ်က မကျည်းငူဘက်က နောက်ဆုတ်

    တင့်ကားအချို့မြို့ပေါ်ကျန်နေခဲ့၊ ဂွမြို့ပေါ်ကို လေယာဉ်တွေနဲ့ အဆက်မပြတ်ဗုံးကြဲနေ ဂွမြို့ပေါ်မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ဂွ-ငသိုင်းချောင်း ရိုးကားလမ်းပေါ်မှာလည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် ဗောဓိတံတားမှာ ကျိုးပျက်သွားပြီဖြစ်ကာ သွားလာလို့မရတော့ကြောင်း ဒေသအတွင်း စစ်ရေး သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ “ ဂွ အခြေအနေမကောင်းဘူး။ လေယာဉ်နဲ့ ဗုံးကြဲတာ အကြီးအကျယ်ဘဲ။ ရိုးမထက်မှာ ဗောဓိတံတားက ကျိုးပျက်သွားပြီ။ ဘယ်အဖွဲ့က ချိုးလိုက်တယ်ဆိုတာ မသိဘူး။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်ဆိုတော့ ဘာကြောင့်ကျိုးတယ်ဆိုတာ တတ်အပ် မပြောနိုင်သေးဘူး။ ဂွမြို့က စကစတွေ နောက်ဆုတ်နေပြီ။ ပင်လယ်ကမ်းနားဘက်က ဆုတ်နေတယ်” လို့အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။ ဗောဓိ တံတားမှာ ဂွမြို့ပေါ်ကနေ ၁၀ မိုင်အကွာ ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာ တည်ရှိပြီး မနေ့က ညနေကစပြီး ဒီကနေ့ မနက်ထိ…