Author: Admin-501

  • နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာ

    နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာ

    နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီသုံးသပ်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ်ခြောက်ခြားနေလောက်ပြီလို့ဆို

    နေပြည်တော် နယ်မြေအထိ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီတစ်ဦးက သုံးသပ်ပြောဆိုလိုက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ် ခြောက်ခြားနေလောက်ပြီလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

    နေပြည်တော် ဥတ္တရသီရိမြို့နယ်က စစ်အုပ်စု၏စစ်တပ်လုံခြုံရေးကင်းစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က နိုဝင်ဘာ ၁၂ ရက်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သလိုနိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း ထပ်မံပြီး အဲဒီစခန်းကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။

    အဲဒီ စခန်းဟာ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပြီးစခန်းကို ရှင်းလင်းရေးလုပ်စဉ်မှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။

    အလားတူ နေပြည်တော်၊တပ်ကုန်းမြို့နယ်က “လေးက” တံတားစခန်းဂိတ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေကဒီလ ၁၁ ရက်ညအချိန်က ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စု တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အရာရှိတစ်ဦးဒဏ်ရာရရှိကာဆေးရုံတင်ထားရတယ်လို့ နေပြည်တော်တပ်ကုန်းPDFတပ်ရင်းအမှတ် (၈၀၃) သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒီစခန်းဟာ တပ်ကုန်းမြို့ ရန်ကုန်-မန္တလေးအမြန်လမ်း၊မိုင်တိုင်အမှတ်(၂၃၉)မှာရှိတဲ့တံတား စခန်းဂိတ် ဖြစ်ပြီး နိုဝင်ဘာ၁၁ရက်ည၉နာရီ၄၅မိနစ်မှာတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    ဒီလို နေပြည်တော် နယ်မြေထိ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ကွက်ဖော်လာတဲ့ အပေါ် စစ်လော်ဘီ တစ်ဦးက တပ်ကုန်းလို နေရာတွေအထိ PDF တွေ စိမ့်ဝင်နေတာဟာ သေချာကြည့်ရင် နေပြည်တော် ဒေသအထိ စည်းပေါက်တာပါဘဲလို့ ထုတ်ဖော်ရေးသားလာပါတယ်။

    “ နေပြည်တော်ဖြစ်စဉ်က အမြန်လမ်း လခရ စခန်းငယ်လေးကို PDF က ရုတ်တရက် ဝင်စီးခဲ့တာ ဖြစ်ပေမယ့် သေချာကြည့်ရင် နေပြည်တော်ဒေသအထိ စည်းပေါက်တာပါဘဲ။ လယ်ဝေး၊ တပ်ကုန်းလို နေရာတွေအထိ PDF က စိမ့်ဝင်နေတယ်။ ပေ့ါဆတဲ့ တာဝန်ရှိသူများ ကိုယ့်အိမ်ရှေ့ထိ PDF ရောက်လာမှ အသိတရာ ရမှာလား။ အခုဝင်တိုက်တဲ့အဖွဲ့က ဗကပ PLA အဖွဲ့လို့သိရ။ ဒီကောင်တွေက ရိုးရိုး PDF ထက် ပိုကြမ်းတယ် ဗကပတွေ ”လို့ ရေးသားထားပါတယ်။

    CDM ဗိုလ်ကြီးဇင်ယော်ကတော့ “ နေပြည်တော်ကောင်စီနယ်မြေအထိ တော်လှန်ရေးတပ်တွေရဲ့ တိုက်ကွက်ဖော်ဆောင်နိုင်မှုကြောင့် စစ်ရုံးချုပ်ဟာ ခြောက်ခြားနေကြလောက်ပြီလို့ ယူဆရပါတယ်” ရေးသားလာပါတယ်။

    “ ပြီးခဲ့တဲ့လ ၁၂ ရက်နေ့က ဥတ္တရသီရိမြို့ နယ်အတွင်းမှာရှိတဲ့ အမြန်လမ်း လုံခြုံရေးကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေဟာ စစ်ကြောင်းကြီး ၃ ကြောင်း ခွဲပြီး စီးနင်းတိုက်ခိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။နေရာတွေ အတိအကျ အသေးစိတ် မဖော်ပြတာကတော့ အမြန်လမ်းတလျှောက် ခရီးသွားဖူးသူတွေ အနေနဲ့ လမ်းဘေးတလျှောက်မှာ စစ်စခန်းတွေ တည်ရှိနေတာကို မြင်ဖူးကြပြီး ဖြစ်ပါလိမ့်မယ်” လို့ ရေးသားဖော်ပြထားပါတယ်။

    လက်ရှိ စစ်ကော်မရှင်ဟာ မြို့တွေကို​ တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နိုင်တယ်လို့ အကြီးအကျယ် ဝါဒဖြန့်နေပေမယ့် လက်တွေ့မှာ တိုက်ပွဲတိုင်းလိုလိုမှာ အောင်မြင်မှုမရဖြစ်နေတယ်လို့ စစ်ရေးလေ့လာ အကဲခတ်သူတွေက ပြောပါတယ်။

    နိုဝင်ဘာ ၁၄ ရက်ကလာ်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်ပြီး ကုန်သွယ်ရေးအရအရေးပါတဲ့ မောတောင်မြို့ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဦးဆောင်မှုနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ခဲ့ပြီးလက်နက်ခဲယမ်းအများအပြားနဲ့အတူစစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    နိုဝင်ဘာ ၁၂ရက်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဗျူဟာမှူးအပါအဝင် ၅၀ခန့်သေဆုံးပြီး သုံ့ပန်း၁၅ဦးဖမ်ဆီးမိကာ လက်နက် ၂၀ ကျော်သိမ်းဆည်းရမိခဲ့တယ်လို့စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတင်းထုတ်ပြန်ထားပါတယ်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နှင့် နိုဝင်ဘာ ၅ရက်နေ့တွေကလည်းမကွေးတိုင်း၊ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ၁၇ ဦးသေဆုံးပြီး အောက်တိုဘာ ၂၅ ရက်နေ့ကပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်သား ၂၀ဦးသေဆုံးခဲ့ရပါတယ်။

  • AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစစ်စခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံးသွားကြောင်း AA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    နိုဝင်ဘာလ ၁၄ ရက်နေ့ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ကျောက်ဖြူမြို့ မင်းပြင်ရွာ ရေဒါစခန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်များ က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာကြောင်း၊ ယင်းနောက် AA က မင်းပြင်ရွာစခန်းမှ ယာယီ ဆုတ်ခွာပေးလိုက်ရပြီး စစ်တပ်က ဝင်ရောက် နေရာယူသွားကြောင်း၊ ထိုသို့ မင်းပြင်ရွာစခန်းကို စစ်တပ်က ရရှိပြီးနောက် ဝါဒဖြန့် ဓာတ်ပုံရိုက်ကူးရန်အတွက် စစ်သား ၂၀ ကျော်က ပြင်ဆင်နေခဲ့ကြောင်း၊ ယင်းအချိန် AA က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မင်းပြင်ရွာစခန်း အတွင်းရှိ ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် ပြင်ဆင်နေသည့် နေရာသို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုအတွင်း စစ်သားအများအပြား သေဆုံးသွားကြောင်း သိရှိရသည်။

    “ အဲဒီ မင်းပြင်ရွာ ရေဒါစခန်းကို AA ကသိမ်းထားတာ။ အင်အား အနည်းငယ်ပဲရှိတယ်။ အဲဒါကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ပြန်ဆုတ်ပေးလိုက်ရတာ။ အဲဒါကို စစ်တပ်က မနေ့က ဝါဒဖြန့်ဓာတ်ပုံရိုက်ဖို့ လုပ်နေတုန်း AA က လက်နက်ကြီးနဲ့ပစ်လိုက်တာ အကုန်ကြွကုန်တယ်။”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    မင်းပြင်ရွာစခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အကြမ်း ဖက်စစ်သား အနည်း ဆုံး ၁၀ ဦးခန့်သေဆုံးနိုင်ပြီး ၂၄ ဦးသေဆုံးသည်ဟု သတင်းများကြားသိရသော်လည်း အတိအကျကို အတည်မပြုနိုင်သေးပေ။

    ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာအများစုတွင် AA က နယ်မြေစိုးမိုးထားပြီး စစ်တပ်က ရေ တပ် နှင့် မြို့ပေါ် အခြေစိုက်တပ်များတွင်သာ နေရာယူထားရာမှ ကြည်းရေလေ အင်အားသုံးပြီး တန်ပြန်ထိုးစစ်များ ပြုလုပ်နေခြင်းဖြစ်သည်။

    AA က ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ၊နိုဝင်ဘာလ၊ ၁၃ ရက်နေ့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး လက်ရှိတွင် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား ၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း AA ကသိမ်းပိုက်ထားသည်။

    AA က ရခိုင်တစ်ပြည်လုံးသိမ်းပိုက်နိုင်ရန်အတွက် လက်တစ်ကမ်းသာလိုတော့ပြီး ထိုးစစ်များ အရှိန်မြှင့်တင်လျက်ရှိကြောင်း AA တရားဝင် ထုတ်ပြန် ကြေညာထားသည်။

  • စစ်တိုက်ရင်း အကြွေးတင်နေသူများ

    “ကျွန်တော်တို့ဆီက လက်နက်ကြီးနှစ်ခု မဟာမိတ်အဖွဲ့ဆီ ရောင်းလိုက်တယ်။ ကျွန်တော့်တပ်ဖွဲ့က ရဲဘော်တွေအတွက် ရိက္ခာလုံးဝပြတ်သွားလို့။ အဲဒါရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ရိက္ခာ ဖြည့်လိုက်ရတာပေါ့” လို့ ပြောလာတာက စစ်ကိုင်းတိုင်း မြောင်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ခံတစ်ဦးဖြစ်ပါတယ်။

    သူတို့တပ်ဖွဲ့ဟာ မြောင်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက နီးစပ်ရာမြို့နယ်တွေမှာ တခြားဒေသကာကွယ်ရေးတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

    ဒီလိုအခြေအနေကြုံနေရတာ သူတို့အဖွဲ့တစ်ခုတည်းမဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ်အများစုအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တချို့ပါ ဒီလိုအခြေအနေကြုံနေရတာပါ။

    လူသူ၊ လက်နက်၊ ငွေကြေးနဲ့ လေတပ်ကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားတဲ့ အစစအရာရာသာလွန်တဲ့ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ရဖို့ တော်လှန်ရေးတပ်တွေအတွက် ရုန်းကန်ရမှုတွေ ကြီးကြီးမားမား ရှိလာနေပါတယ်။

    အထူးသဖြင့် စစ်အသုံးစရိတ်အတွက် အကြွေးတင်လာတဲ့အထိဖြစ်လာကြတယ်လို့ တော်လှန်ရေးအဖွဲ့တွေပြောလာကြပါတယ်။ ဘာကြောင့်လဲ။

    သေနတ်တစ်လက်အတွက်

    စစ်ကိုင်းတော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း (ပုံဟောင်း)

    စစ်ပွဲတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ လက်နက်ခဲယမ်းဈေးတွေက အဆမတန် မြင့်တက်နေပါတယ်။

    ဒါကြောင့် တော်လှန်‌ရေးတပ် တချို့လည်း ငွေကြေးချေးငှားပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းဖြည့်တင်းကြရင်း ငါးနှစ်ဝန်းကျင်ကာလမှာ အကြွေးတွေ တင်လာကြတယ်လို့ ထုတ်ပြောကြပါတယ်။

    “ခဲယမ်းလိုအပ်ချက်ကတော့ အမြဲတမ်းရှိနေတယ်။ တိုက်ပွဲဖြစ်တာနဲ့ လိုအပ်တာပဲ။ မဖြစ်ရင်လည်း ကြိုတင်ပြင်ဆင်ထားရတော့ လိုအပ်ချက်က ရှိနေတာပဲ။ ဒါတွေကိုဖြည့်ရင်းနဲ့ အကြွေးက သိန်းတစ်ရာကျော်ရှိလာတယ်။ ဖြည့်လိုက်၊ တိုက်လိုက်၊ ကုန်သွားလိုက် ပြန်ဖြည့်လိုက်နဲ့ အကြွေးတွေတင်လာတာ” လို့ ယင်းမာပင်မြို့နယ်အခြေစိုက် နွေဦးပြောက်ကျားတပ်စု Spring Guerrilla Platoon အဖွဲ့ ခေါင်းဆောင် ကိုဝေကြီးက ပြောပါတယ်။

    လက်နက်ခဲယမ်းဝယ်ယူရာမှာ တော်လှန်ရေးတပ်တွေအချင်းချင်းကြားမှာတော့ အများအားဖြင့် အကြွေးနဲ့ ဝယ်ယူလို့ရတာရှိသလို တချို့လည်း လက်နက်တန်ဖိုးအားလုံးပေးချေပြီးမှ ရတယ်လို့ ပြောပါတယ်။

    သူတို့အဖွဲ့ဟာ ၂၀၂၁ ခုနှစ် အစောပိုင်းကာလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ဘုတလင် စတဲ့နီးစပ်ရာဒေသတွေမှာပါ အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

    အခုတော့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူဖြည့်တင်းရင်း အကြွေးတင်လာပါတယ်။

    “တလောကဆို ကျွန်တော့်ကောင်လေးတွေဗျာ၊ တပ်ရင်းမှာ ရိက္ခာပြတ် စားစရာမရှိလို့ တစ်ပတ်လောက် ထမင်းကြမ်းနဲ့ ငရုတ်သီးကို ဆားနဲ့တို့စားရတာ။ ရှိတဲ့ပိုက်ဆံက ခဲယမ်းဖြည့်လိုက်တော့ ရိက္ခာဖိုးမကျန်တော့တာ။” လို့ ကိုဝေကြီးကပြောပါတယ်။

    စစ်အာဏာသိမ်းခဲ့တာ အချိန်ကြာလာတာနဲ့အမျှ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရော လက်အောက်ခံမဟုတ်တဲ့ ဒေသကာကွယ်ရေးတပ်တွေပါ လက်နက်ခဲယမ်း၊ ငွေကြေးနဲ့ ရိက္ခာ စတဲ့လိုအပ်ချက်တွေ ပိုမြင့်တက်လာပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာကုန်တာ၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခပိုကျယ်ပြန့်လာတာကြောင့် စီးပွားရေးလုပ်ငန်းတွေကျပ်တည်းတာနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတာတွေကြောင့် ကုန်ဈေးနှုန်းက အဆမတန်မြင့်တက်သွားပါတယ်။

    ဒါ့အပြင် စစ်တပ်ဘက်က အဖမ်းအဆီးများလာတာတွေကြောင့်ပြည်တွင်းက ငွေကြေးထောက်ပံ့သူတွေလည်း အခက်အခဲတွေကြုံပြီး ပုံမှန်မထောက်ပံ့နိုင်တော့တာ၊ပြည်ပက ဝင်ငွေစီးဆင်းမှုကိုလည်း စောင့်ကြည့်တာတွေရှိလို့ ပြည်ပက ထောက်ပံ့ငွေ မဝင်တော့တာတွေလည်းရှိတယ်လို့ပြောကြပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ၂၀၂၅ စက်တင်ဘာ ၇ ရက်က ထုတ်ပြန်တဲ့ ပြည်သူ့ခုခံ တွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ အာဏာသိမ်းကာလအစောပိုင်းကနေ လက်ရှိအချိန်အထိ PDF တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၅၆ ဖွဲ့ကို ထူထောင်ထားတယ်လို့ ဆိုပါတယ်။

    အဲဒီအစီရင်ခံစာထဲမှာ တော်လှန်ရေးတပ်တွေအနေနဲ့ အတွေ့အကြုံကောင်းတွေနဲ့ အားသာချက်တွေ ရှိသလို တော်လှန်ရေးကာလဖြစ်လို့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲဖြစ်တယ်လို့ NUG က ဆိုပါတယ်။

    စိန်ခေါ်မှုတွေထဲမှာ လက်နက်ကိုယ်စီ မတပ်ဆင်နိုင်သေးတာ၊ ခဲယမ်းမီးကျောက် အားနည်းတာ၊ ရိက္ခာအပါအဝင် အခြေခံလိုအပ်ချက်တွေအတွက် ပိုမိုထောက်ပံ့ဖို့ လိုအပ်နေတာတွေလည်း ရှိနေတယ်လို့ ဝန်ခံထားပါတယ်။

    လက်ရှိအချိန်အထိလည်း တချို့တပ်ရင်းတပ်ဖွဲ့တွေမှာ လက်နက်ခဲယမ်းလိုအပ်ချက်က ကြီးကြီးမားမားရှိနေတာကို ထုတ်ပြောထားကြပါတယ်။

    ဒီလိုလိုအပ်ချက်တွေ ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို နီးစပ်ရာငွေကြေးတတ်နိုင်သူတွေက အတိုးမဲ့ ငွေချေးပေးတာ၊ ကျပ်တိုးနဲ့ ငွေချေးပေးတာအပြင် အိမ်၊ ယာ၊ မြေ စတဲ့ပိုင်ဆိုင်မှုတွေကို အပေါင်ခံပြီး ငွေထုတ်ပေးတာတွေလည်းရှိတယ်လို့ မြေပြင်အချက်အလက်တချို့ အရသိရှိရပါတယ်။

    တချို့တော်လှန်ရေးတပ်ဖွဲ့တွေဆို အကြွေးသိန်းဆယ်ချီကနေ ထောင်ချီတဲ့အထိ အကြွေးတင်တာတွေလည်း ရှိလာပါတယ်။ တချို့ တပ်ဖွဲ့တွေကတော့ သူတို့စိုးမိုးထိန်းချုပ်ထားတဲ့ ဒေသတွေထဲက လမ်းပိုင်းတွေ၊ မြစ်ကြောင်းတလျှောက်တွေမှာ ဂိတ်ဖွင့် အခွန်ကောက်ခံမှုတွေလုပ်ကြပါတယ်။

    တချို့ NUG အောက်က တပ်ရင်းတပ်ဖွဲ့တွေ အပါအဝင် လက်အောက်ခံမဟုတ်တဲ့ ဒေသခံကာကွယ် ရေးတပ်တွေက ရဲဘော်တွေရဲ့ ဖြေရှင်းနည်းလည်းရှိပါတယ်။

    စစ်ရေးလှုပ်ရှားမှုနည်းချိန်၊ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှု မရှိချိန်တွေမှာ ဒေသခံတွေရဲ့ စိုက်ပျိုးမွေးမြူရေး အပါအဝင် လုပ်ငန်းခွင်တချို့မှာ နေ့စားအလုပ်သမားအဖြစ် ဝင်ရောက် အလုပ်လုပ်ကြတာမျိုးဖြစ်ပါတယ်။

    တဖက်မှာလည်း ဒီလိုလက်နက်ခဲယမ်းအတွက်လိုအပ်တဲ့ ငွေကြေးပြဿနာကို မူးယစ်ဆေးသယ်ယူပို့ဆောင်ရေးလုပ်ပြီး ဖြေရှင်းကြတာမျိုးလည်း ရှိနေကြပါတယ်။

    ၂၀၂၅ ဇူလိုင် ၈ ရက်က ချင်းပြည်နယ်ဟားခါးမြို့နယ်မှာ ကားနဲ့သယ်ယူလာတဲ့ စိတ်ကြွဆေးပြား သုံးသန်းဝန်းကျင်၊ ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ဝန်းကျင်၊ မောင်းပြန်သေနတ် နှစ်လက်၊ စတားလင့်ခ်စက် (mini Starlink) နှစ်ခုတို့ကို ကားပေါ်ပါလာတဲ့ တော်လှန်ရေး ရဲဘော် သုံးဦး၊ ယာဥ်မောင်းတစ်ဦးနဲ့ စပယ်ယာတစ်ဦးတို့ကို ချင်းဒေသကာကွယ်ရေးတပ်မတော် CDF ဟားခါးက ဖမ်းမိခဲ့ပါတယ်။

    မူးယစ်ဆေးသယ်ယူမှုရဲ့ တာဝန်ရှိသူဟာ ယင်းမာပင်ခရိုင် အမှတ် ၁၅ တပ်ခွဲမှူး ကျော်မင်းဇော် ခေါ် ပုတီးဖြစ်ပြီး မကြာခင်မှာပဲ သူ့မိခင်တပ်ရင်းမှာ သွားရောက်အဖမ်းခံခဲ့ပါတယ်။

    သူ့ကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ နဲ့ ၁၅ က တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရာမှာတော့ သူဟာ တော်လှန်‌ရေးလုပ်ရင်း အကြွေးတွေများလာလို့ မူးယစ်ဆေးဝါးတွေ သယ်ယူခဲ့တာလို့ ဝန်ခံထွက်ဆိုပါတယ်။

    “အခုတစ်ခေါက်ရဲ့ အရင်တစ်ခေါက်မှာ ကျွန်တော့်ရဲ့ အကျိုးအမြတ်အတွက် ပိုက်ဆံ သိန်း ၂၀၀ ရခဲ့ပါတယ်။ ကျွန်တော် (မူးယစ်ဆေး) သယ်တာ နှစ်ခေါက် ရှိပါပြီ” လို့ ကျော်မင်းဇော် ခေါ် ပုတီးက ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅ ကထုတ်ပြန်ခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ ပြောခဲ့တာပါ။

    မလောက်ငတဲ့ NUG ရဲ့ အထောက်အပံ့

    ယင်းမာပင်အခြေစိုက် တပ်ရင်းတစ်ခု

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ စတင်ဖွဲ့စည်းချိန်ကနေ လက်ရှိအချိန်အထိ တပ်ရင်းတပ်ဖွဲ့တွေကို အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉ သန်းထောက်ပံ့ခဲ့တယ်လို့ ၂၀၂၅ မေ ၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

    ဒီငွေကြေးတွေကို နိုင်ငံတဝန်းမှာ ဖွဲ့စည်းထားတဲ့ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်အတွက် ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

    ဒါပေမယ့် NUG ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ တပ်ရင်းထောက်ပံ့စရိတ်ဟာ အနည်းဆုံး နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်ဝန်းကျင်မှ ကျပ်ငွေ သိန်း ၈၀ နဲ့ တစ်ရာဝန်းကျင်သာရတယ်လို့ ထောက်ပံ့ငွေရတဲ့ တော်လှန်ရေးတပ်တချို့ကပြောပါတယ်။

    အဲဒီငွေတွေဟာ တပ်ရင်းတွေမှာရှိတဲ့ ရဲဘော်တွေရဲ့ စားစရိတ်နဲ့တင် မလောက်ဘူးလို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တချို့က တာဝန်ရှိသူတွေက ဆိုကြပါတယ်။

    NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ထောက်ပံ့နိုင်သလောက် ထောက်ပံ့ပေးပေမဲ့ လောက်ငမှုမရှိဘူးလို့ NUG လက်အောက်ခံ တန့်ဆည်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူက ပြောပါတယ်။

    “တပ်ရင်းတစ်ရင်းရဲ့ ဖွဲ့စည်းပုံအပြည့်ဆို ၂၁၇ ယောက်လို့ ကျွန်တော်တို့ သိထားတယ်။ ၂၁၇ ယောက်ကို သိန်းတစ်ရာနဲ့ တွက်ကြည့်ပေါ့ဗျာ။ ရဲဘော်တစ်ယောက်ရဲ့ ဘောင်းဘီဖိုးတောင် မရှိပါဘူး။”

    ဒါကြောင့် လိုအပ်တဲ့ငွေကြေးရနိုင်ဖို့ တပ်ရင်းထဲမှာရှိတဲ့ အသိပညာ၊ အတတ်ပညာနဲ့ လက်မှုပညာကျွမ်းကျင်တဲ့ ရဲဘော်တချို့က သူတို့တတ်ကျွမ်းတဲ့ပညာရပ်လေးတွေနဲ့ သင်တန်းပေးတာ၊ ရောင်းချတာတွေလုပ်ရင်း ရန်ပုံငွေထူထောင်ရတယ်လို့ သူကဆိုပါတယ်။

    “သူတို့ (ကာကွယ်ရေးဝန်ကြီးဌာန) MOD ကထောက်ပံ့ထားတဲ့ သိန်း ၈၀ ဘာညာဆိုတာကလည်း တကယ့်တကယ်တွေးကြည့်ရင် တိုက်ပွဲအတွင်းမှာ ဒဏ်ရာရတဲ့ ရဲဘော် ၁၀ ယောက်ကို ကုရတဲ့စရိတ်တောင်မရှိဘူး။ စစ်တိုက်နိုင်ဖို့ဆိုတာ အဝေးကြီးပါ”

    ” မလောက်ငပေမယ့် အခုလို ထောက်ပံ့ပေးတာကိုပဲ ဝန်ကြီးဌာနကိုတော့ ကျေးဇူးတင်တယ်” လို့ သူကဆိုပါတယ်။

    တချို့ တပ်ဖွဲ့တွေကတော့ ငွေကြေးလိုအပ်ချက်အတွက် တပ်ဖွဲ့ဝင်တချို့ဟာ သူတို့ပိုင်ဆိုင်တဲ့ အိမ်၊ လယ်၊ မြေ စတာတွေကို ရောင်းချကြသလို တချို့လည်း ငွေကြေးတတ်နိုင်သူတွေဆီမှာ အတိုးမဲ့ချေးငှားတာ၊ ငါးကျပ်တိုး၊ တစ်ဆယ်တိုး၊ ဆယ့်ငါးကျပ်တိုး ရတဲ့နည်းနဲ့ ပေါင်နှံကြတာတွေ လုပ်ကြပါတယ်။

    အဲဒီက ရလာတဲ့ ငွေကြေးတွေကို တပ်ရင်းတပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ လက်နက်ခဲယမ်းစရိတ်အတွက်သုံးတာ၊ စားနပ်ရိက္ခာ ဝယ်ယူတာမျိုးတွေ လုပ်ကြရပါတယ်။

    ဒီလိုအခြေအနေတွေအပြင် NUG ရဲ့ ထောက်ပံ့မှုမရတဲ့ အဖွဲ့တွေလည်း အများအပြားရှိပါတယ်။

    “ကျွန်တော်တို့က တပ်ရင်းတပ်ဖွဲ့မဟုတ်တဲ့အတွက် NUG/MOD က တရားဝင်ထောက်ပံ့ငွေ တစ်ကျပ်မှ မရဘူး။ ပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ သုံးစွဲနေရတာ။ ကျွန်တော်တို့ ဒေသခံတပ်အနေနဲ့ ရန်ပုံငွေစီးဆင်းမှုနဲ့ပဲ အလုပ်လုပ်ရတယ်”

    ” ကျွန်တော်တို့လည်း တောင်သူလယ်လုပ် ကိုယ့်ဟာကိုယ်ကြိုးစားဆောင်ရွက်မှုနဲ့ အလုပ်လုပ်ရတာရှိတယ်” လို့ မုံရွာမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်တစ်ခုရဲ့ ခေါင်းဆောင်က ပြောပါတယ်။

    တိုက်ပွဲတစ်ပွဲကို သိန်းရာနဲ့ချီ ကုန်ကျ

    မြေပြင်ပေါက်နေတဲ့ လက်နက်စျေးနှုန်းများလို့ ကာကွယ်ရေးတပ်တချို့ထုတ်ပြော

    စစ်အာဏာသိမ်းပြီးချိန်ကစပြီးမြန်မာငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွတာကြောင့် လက်နက်ခဲယမ်းစရိတ်လည်း မြင့်တက်သွားသလို တိုက်ပွဲတစ်ပွဲရဲ့ ကုန်ကျစရိတ်ဟာလည်း အဆမတန်ရှိလာတယ်လို့ တော်လှန်ရေးတပ်တွေက ပြောကြပါတယ်။

    လက်ရှိအချိန်မှာ တော်လှန်ရေးရဲဘော်တွေ အများစု ကိုင်ဆောင်တဲ့ မောင်းပြန်သေနတ်တွေဟာ တစ်လက်ကို အနည်းဆုံး ကျပ်သိန်း ၈၀ ကနေ သိန်းသုံးရာဝန်းကျင်အထိ စျေးပေါက်တယ်လို့ ဆိုပါတယ်။

    အရင်က ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ်တစ်လက်ကို ကျပ်သိန်းတစ်ရာအတွင်းသာ ပေးဝယ်ရပေမယ့် အခုချိန်မှာတော့ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလို့ သိန်း၂၅၀၊ ကျပ်သိန်း ၃၀၀ ထိပေးဝယ်ရတာတွေလည်း ရှိတယ်လို့ တော်လှန်ရေးတပ်တချို့က ပြောပါတယ်။

    လက်နက်အပြင် ကျည်ဆန်တွေရဲ့ ဈေးနှုန်းကလည်း ကျည်တစ်တောင့်ကို အနည်းဆုံး ကျပ်တစ်သောင်းခွဲဝန်းကျင်ရှိနေလို့ တိုက်ပွဲတစ်ခုဖြစ်ပြီဆို အနည်းဆုံး ကျပ်သိန်းရာချီ ကုန်ကျတယ်လို့ ဆိုပါတယ်။

    မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ တိုက်ပွဲငယ်တစ်ပွဲရဲ့ အနည်းဆုံးကုန်ကျစရိတ်ဟာ ကျပ်သိန်းလေးရာ ဝန်းကျင်ရှိပါတယ်။

    စစ်တပ်ရဲ့ ယာဉ်တန်းတွေ၊ စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာဆိုရင် အနည်းဆုံး ဆယ်သိန်းဝန်းကျင်၊ စစ်ကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ရင် အနည်းဆုံးကျပ်သိန်းသုံးရာဝန်းကျင် စရိတ်ရှိတယ်လို့ တွက်ချက်ပြပါတယ်။

    ဒါအပြင် စစ်ကြောင်းဝင်လာလို့ ထိတွေ့တိုက်ပွဲဖြစ်ရင် အခြေအနေပေါ်မူတည်ပြီး သိန်းထောင်ချီကုန်ကျတာအပြင် စခန်းသိမ်းတိုက်ပွဲတွေဆိုရင်တော့ ကျပ်သိန်းတစ်သောင်းဝန်းကျင်ထိ ကုန်ကျစရိတ်တွေရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

    “ကြာတော့ ပြည်သူကလည်း ပန်းနေပြီဗျ။ တိုက်ပွဲတွေကြောင့် အလုပ်တွေကမဖြစ်ဆိုတော့ အလှူခံရတာလည်း အားနာတယ်။ တိုက်ပွဲကလည်း အချိန်မ‌ရွေးဆိုတော့ လိုအပ်ချက်တွေကတော့ အမြဲတမ်းရှိနေတာပဲ။ ကျွန်တော်တို့ကတော့ ပြည်ပအလှူရှင်တွေ အားကိုးရတာပေါ့” လို့ နွေဦးပြောက်ကျားတပ်စုခေါင်းဆောင် ကိုဝေကြီးက ဆိုပါတယ်။

    လက်နက်ခဲယမ်းဈေးမြင့်တက်လာတဲ့အပြင် ၂၀၂၅ ဩဂုတ် ၂၀ ရက်က UWSA ဟာ တအာင်းတပ် TNLA အပါအဝင် ကိုးကန့်တပ် MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့နဲ့တွေ့ဆုံခဲ့ပြီး ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ လက်နက်၊ ငွေကြေး အကူအညီပေးမှာမဟုတ်ဘူးလို့ တရားဝင်ထုတ်ပြောခဲ့ပါတယ်။

    ဒီလိုအခြေအနေတွေကြောင့် စစ်တပ်နဲ့ တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် ပြည်မက တော်လှန်ရေးတပ်ဖွဲ့တွေကြား လက်နက်ခဲယမ်းစီးဆင်းမှု အခက်အခဲတွေ စတင်ကြုံလာရတယ်လို့ ဆိုပါတယ်။

    “လက်နက်ရှိရင်တောင် ခဲယမ်းမရှိရင် အဲဒါက တုတ်တစ်ချောင်းလိုပဲလေ။ (အညာမှာ) တော်လှန်ရေးအဖွဲ့အစည်း တော်တော်များများကတော့ အခက်အခဲဖြစ်သွားမှာပဲ။ ကျည်မလုံလောက်မှုတွေ ဖြစ်လာနိုင်ခြေ အများကြီးရှိတယ်”

    ” ဝ တပ်ဖွဲ့ ကိုပဲ အဓိက အားကိုးနေရတဲ့ အဖွဲ့အစည်းအကြီးကြီးတွေလည်း အများကြီးရှိတယ်လေ။ “ဝ”က အဲဒီလိုလုပ်လိုက်တော့ အခက်ခဲတစ်ခုတော့ ဖြစ်လာတယ်” လို့ ယင်းမာပင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်က ပြောပါတယ်။

    စစ်ကိုင်းတိုင်းအတွင်းအခြေစိုက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ပြောခွင့်ရသူ ရဲဘော်နီနီကျော်ကတော့ ဒီလိုအခြေအနေတွေကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ လက်နက်ခဲယမ်းလိုအပ်ချက်ကို အဖွဲ့အစည်းတစ်ခုတည်းဆီမှာပဲ အားမကိုးဘဲ ရရှိနိုင်တဲ့အဖွဲ့တွေနဲ့ပါ ချိတ်ဆက်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်လို့ ပြောထားပါတယ်။

    ငွေကြေးလိုအပ်ချက် ဘယ်လိုဖြေရှင်းနေလဲ

    ဒေသကာကွယ်ရေးတပ် Spring Guerrilla Platoon အဖွဲ့

    အာဏာသိမ်းထားတဲ့ အချိန်ကြာလာတာနဲ့အမျှ ငွေကြေးအခက်အခဲ၊ လက်နက်ပစ္စည်းအခက်အခဲတွေကြောင့် ဖျက်သိမ်းလိုက်ရတဲ့ အဖွဲ့တွေနဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားတဲ့ အဖွဲ့တွေလည်း ရှိလာပါတယ်။

    ဘုတလင်မြို့နယ်မှာ အခြေစိုက်ပြီး ၂၀၂၁ မှာဖွဲ့စည်းခဲ့တဲ့ သွေးကြွေး ဒေသခံ ကာကွယ်ရေးအဖွဲ့ဟာ ၂၀၂၂ မှာ သူတို့စခန်းတွေ စီးနင်းခံရပြီးနောက် လက်နက်အင်အား ပြန်မဖြည့်တင်းနိုင်တော့လို့ မြေပြင်တိုက်ပွဲဖော်ဆောင်မှုတွေ ရပ်နားခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

    မန္တလေးတိုင်း၊ မတ္တရာ အခြေစိုက် Sky Hero ဒေသ ကာကွယ်ရေးအဖွဲ့လည်း ရိက္ခာနဲ့ လက်နက်အခက်အခဲကြောင့် ၂၀၂၃ ဇူလိုင်က အဖွဲ့ ဖျက်သိမ်းခဲ့ပါတယ်။

    ဒါပေမယ့် ၂၀၂၃ စက်တင်ဘာလမှာတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အောက်မှာ မစ်ရှင်တွေ ဖော်ဆောင်ပြီး မတ္တရာပကဖ Infinity တပ်ဖွဲ့အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားတာတွေ့ရပါတယ်။

    အလားတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့အခြေစိုက် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF လည်း အခက်အခဲအမျိုးမျိုးကြောင့် ဆက်မရပ်တည်နိုင်တော့လို့ အဖွဲ့ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

    စစ်အာဏာသိမ်းကာလ ငါးနှစ်နီးပါးရှိလာချိန်မှာတော့ တော်လှန်ရေးတပ်တွေအနေနဲ့ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ နေရာဒေသ အများအပြားရှိလာသလို အဲဒီနေရာတွေမှာ ဘဏ္ဍာငွေ ရရှိရေးအတွက် အခွန်ကောက်ခံတာတွေလည်း ရှိလာပါတယ်။

    ဒီလိုကောက်ခံရာမှာ NUG က သတ်မှတ်ထားတဲ့ အခွန်နှုန်းထားတွေ အတိုင်း ကောက်ခံတာတွေရှိသလို တချို့နေရာတွေမှာ အဆမတန်အခွန်ကောက်ခံတာတွေရှိလို့ ဒေသခံတွေက ဆန္ဒဖော်ထုတ်ရတဲ့အထိ ဖြစ်ပွားလာတာတွေလည်း ရှိပါတယ်။

    “တခါတလေ ဒီကိစ္စတွေက မပြောချင်ဘူးဗျာ။ ပြောရင်လည်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်တယ်။ အခွန်ကောက်တဲ့ကိစ္စတွေဆို ကိုယ့်လူတွေက စစ်တပ်ထက်တောင် ပိုများနေတယ်ဗျာ။ တချို့အဖွဲ့တွေဆို ငေါက်ငမ်းပြီးကောက်တာ” လို့ မင်းကင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

    အခုနှစ် ဇွန် ၁၁ ရက်ကလည်း ဝက်လက်- ရှိန်းမကားလမ်းနဲ့ ဝက်လက်-ပေါက်ကံလမ်းပိုင်းတွေမှာ NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖရဲ့ စစ်ဆေးရေးဂိတ်က အခွန်ကောက်ခံတဲ့ ငွေကြေးပမာဏများလို့ဆိုပြီး ဒေသခံတွေနဲ့ ကားသမားတွေ သုံးရက်ကြာ ဆန္ဒပြခဲ့ကြပါသေးတယ်။

    “ပြောရမယ်ဆိုရင် ထောင်ဂဏန်းကနေ သိန်းဂဏန်းအထိ ဝက်လက်လမ်းပိုင်းမှာ အခွန်ကောက်တာ။ အခွန်ကောက်တဲ့နေရာမှာ သူတို့က အဆမတန်ကောက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။” လို့ အဲဒီလမ်းပိုင်းမှာ နေ့စဉ် ဖြတ်သန်းသွားလာရင်း အလုပ်လုပ်နေတဲ့ ဝက်လက်ဒေသခံတစ်ဦးက ပြောပါတယ်။

    အလားတူပဲ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ ဒေသတွေထဲက လမ်းပိုင်းတွေနဲ့ မြစ်ကြောင်းတလျှောက်မှာလည်း အခွန်ကောက်ခံတာတွေ ရှိနေပါတယ်။

    “ကိုယ့်လူတွေက စစ်တပ်ဂိတ်ကတောင်းတာထက် ပိုများတယ်။ ချင်းတွင်းမြစ် တလျှောက်လုံးဆို ဂိတ်တွေကို မနည်းဘူး။ တစ်ဖွဲ့ပေးပြီးလည်း နောက်တစ်ဖွဲ့ကျ ထပ်ပေးရတာပဲ” လို့ ချင်းတွင်းမြစ်အတွင်း ကုန်စည်ပြေးဆွဲနေတဲ့ ကုန်သင်္ဘောသမားတစ်ဦးက ပြောပါတယ်။

    တန့်ဆည်မြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူကတော့ “သူ့ (NUG) အနေနဲ့လည်း ထောက်ပံ့နိုင်သလောက် ထောက်ပံ့ခဲ့တာပါပဲ။ ကျွန်တော်တို့ နယ်မြေမှာရှိတဲ့ ပြည်သူတွေဆီကနေ ဘာပဲလိုလို ပြည်သူတွေကို ပူဆာရတာပေါ့။” လို့ သူတို့ဖြေရှင်းနေတဲ့ အခြေအနေကိုပြောပြပါတယ်။

    တဖက်မှာလည်း စစ်တပ်က ပြည်တွင်းပြည်ပက ငွေကြေးထောက်ပံ့မှုတွေကို စုံစမ်းပြီး ကူညီသူတွေကို ဖမ်းဆီးအရေးယူတာတွေ အများအပြားရှိနေပါတယ်။

    ပြည်တွင်းက ထောက်ပံ့ကူညီသူတွေအနေနဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေကြောင့် တက်နိုင်သလောက်သာ ကူညီထောက်ပံ့နေရတဲ့အတွက် ဆင်ပါးစပ်နှမ်းနဲ့ပက်သလို အခြေအနေ ဖြစ်နေရတယ်လို့ ထောက်ပံ့ကူညီနေသူတွေက ပြောနေကြပါတယ်။

  • မိုးညိုမြို့မှာ အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို မဲစာရင်းလာကြည့်ဖို့ အတင်းဖိအားပေးပြီး ဓာတ်ပုံရိုက်ကာ ဝါဒဖြန့်

    မိုးညိုမြို့မှာ အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို မဲစာရင်းလာကြည့်ဖို့ အတင်းဖိအားပေးပြီး ဓာတ်ပုံရိုက်ကာ ဝါဒဖြန့်

    ပဲခူးတိုင်း၊ မိုးညိုမြို့ပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုတွေက ရွေးကောက်ပွဲမဲစာရင်းကို ရပ်ကွက်ရုံးတွေမှာ တစ်အိမ်တစ်ယောက်နှုန်းလာကြည့်ဖို့ လိုက်လံပြောဆိုပြီး လာမကြည့်တဲ့အိမ်တွေကို အရေးယူမယ်လို့လည်း ပြောဆိုချိန်းခြောက်တယ်လို့ သိရပါတယ်။

    နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိုးညိုမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေဖြစ်တဲ့ မြို့မရပ်ကွက်က အုပ်ချုပ်ရေးမှူး ခင်လတ်ဆိုသူနဲ့ ရွှေဥဒေါင်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြသန်းဆိုသူက သူတို့ရပ်ကွက်တွေမှာ တစ်အိမ်တစ်ယောက်လာကြည့်ဖို့ လိုက်လံပြောဆိုပြီး လာမကြည့်တဲ့အိမ်ထောင်စုတွေ ကိုယ်ဖြစ်ကိုယ်ခံရမယ်ဆိုပြီး ပြောတယ်လို့သိရပါတယ်။

    “လာမကြည့်တဲ့အိမ်တွေ ကိုယ်ဖြစ်ကိုယ်ခံရမယ်၊ မလာရင်အရေးယူမယ်ဆိုတဲ့ စကားတွေပြောတယ်၊ အဲ့လိုတွေပြောလို့ တစ်အိမ်တစ်ယောက် သွားကြည့်ရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    မြိုခံတွေ မဲစာရင်းလာကြည့်တဲ့ပုံတွေကို အဲ့ဒီရပ်ကွက်အုပ်ချုပ်ရေးမှုးကော ရဲနဲ့တပ်က သတင်းပေးတွေကော ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်ပေါ်မှာ ပြည်သူတွေရွေးကောက်ပွဲကို စိတ်၀င်စားတဲ့ပုံစံ ဝါဒဖြန့်တာတွေလည်း လုပ်ခဲ့တယ်လို့သိရပါတယ်။

    “ကျမတို့ သွာကြည့်နေတဲ့ပုံတွေကို လိုင်းပေါ်တင်တယ်၊ ရွေးကောက်ပွဲအတွက် ပြည်သူတွေစိတ်ဝင်စားပြီး မဲစာရင်းတွေ လာကြည့်နေကြတယ်ဆိုပြီးတင်တာ၊ တကယ်တော့ ချိန်းခြောက်ပြောလို့သာကြည့်ရတာ၊ သူတို့ တစ်ခုခုလုပ်မှာလည်းကြောက်ရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    အဲ့ဒီ ချိန်းခြောက်ခေါ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေဖြစ်တဲ့ မြို့မရပ်ကွက်က ခင်လတ်ဆိုသူနဲ့ ရွှေဥဒေါင်းရပ်ကွက်က မြသန်းဆိုသူတို့ဟာ စစ်မှုထမ်းအတွက် လူငယ်တွေကိုပေါ်တာဆွဲတာ ဧည့်စာရင်းအကြောင်းပြငွေညှစ်တာ စစ်မှုထမ်းကြေး တစ်အိမ်ကို ၃ သောင်းနှုန်း လစဥ်ငွေကောက်ခံတာတွေလည်း လုပ်တယ်လို့သိရပြီး ရပ်ကွက်ထဲကသူတွေအပေါ် ခြိမ်းခြောက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

  • Kill the Jockey

    Kill the Jockey

    Kill the Jockey (2024)

    El Jockey ဆိုတဲ့ဇာတ်ကားကတော့ 2024မှထွက်ရှိထားပြီး မြင်းပြိုင်ပွဲတွေခေတ်စားခဲ့တဲ့အချိန်မှာ နံပါတစ်မြင်းစီးသမားဖြစ်တဲ့ လူတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ Drama, Surrealist neo-noir ကားအမျိုးစားလေးဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း———-

    ရေမိုဆိုတဲ့ နာမည်ကြီးမြင်းစီးသမားတစ်ယောက်ဟာ မြင်းပြိုင်ပွဲလောကမှာ ထိပ်တန်းဖြစ်ခဲ့ပေမယ့် မူးယစ်ဆေးစွဲသွားပြီး ကိုယ့်ဘဝကိုဖျက်ဆီးမိခဲ့ပါတယ်။

    သူဟာ မြင်းပြိုင်ပွဲလောကရဲ့ စီးပွါးရေးသမားတစ်ဦးရဲ့ ဖိအားရယ် သူ့ချစ်သူဟာကိုယ်ဝန်ဆောင်နေရတယ်ဆိုရဲ့ဖိအားတွေကြောင့် မြင်းပြိုင်ပွဲတစ်ခုမှာ မတော်တဆဖြစ်သွားပါတော့တယ်။

    သူဟာမတော်တဆဖြစ်ပြီးနောက် ဘဝအသစ်ပြန်လည်မွေးဖွားပြီး သူ့ချစ်သူကိုတာဝန်ယူမယ်ဆိုပြီး သူရှုပ်ခဲ့တဲ့ပြဿနာတွေကိုဘယ်လိုရှင်းပြီးဘဝအသစ်ပြန်လည်မွေးဖွားမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။