Author: Admin-501
-

မုံရွာမှာ အမျိုးသမီးတစ်ဦးကို ပစ်သတ်ပြီး ကားလုယက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မိုးကောင်းလမ်းပေါ်က အဟောင်းပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်ဆောင်ထားတဲ့ လူသုံးဦးက ဆိုင်အတွင်းထိ ဝင်ရောက် ပစ်သတ်ခဲ့ပြီး ကားကို လုယက်ယူဆောင်သွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက် မနက်အစောပိုင်းက မုံရွာမြို့ မိုးကောင်းလမ်းပေါ်ရှိ အဟောင်းအစ္စည်း ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ ဆိုင်အတွင်းထိ ဝင်ရောက်ပြီး ပိုင်ရှင်ဖြစ်သူ အမျိုးသမီးကို အဓမ္မဖမ်းဆီးဖို့ ပြုလုပ်ခဲ့ရာအသာတကြည် အဖမ်းမခံတာကြောင့် သေနတ်နဲ့ လေးချက်ပစ်သတ်ခဲ့ပြီးနောက် ဆိုင်မှာရှိတဲ့ ကားကို လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ အဟောင်းပစ္စည်းဆိုင်ပိုင်ရှင် အမျိုးသမီးဟာ အသက် ၃၇ နှစ်အရွယ်ဖြစ်ပြီး သမီး သုံးယောက်ရဲ့ မိခင်လည်း ဖြစ်တယ်လို့ သိရပါတယ်။ “တကယ်က ပြန်ပေးဆွဲပြီး…
-
နွေဦးတော်လှန်ရေးခရီးကြမ်းတွင် စုစည်းမှုဖြင့်ချီတက်နေ
မန္တလေးမြို့သည် နွေဦးတော်လှန်ရေးခရီးကြမ်းတွင် စုစည်းမှုဖြင့်ချီတက်နေဟု ဒေါက်တာတေဇာစန်းပြော မန္တလေးမြို့လယ်တနေရာတွင် တော်လှန်လူငယ်များက ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ မန္တလေးမြို့၏ နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက အောက်ပါအတိုင်း ဖွင့်ဟထားသည်။ “ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်”ဟု ဒေါက်တာတေဇာစန်းက ပြောသည်။ မန္တလေးမြို့သည် နွေဦးတော်လှန်ရေး ခရီးကြမ်းတွင် မြို့သူ၊မြို့သားများ၏ စုစည်းညီညွတ်မှုအားနှင့်အတူ ခိုင်မြဲစွာ ချီတက်နေကြသည်ဟု ဒေါက်တာတေဇာစန်းက ဆိုသည်။ “ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။…
-

နေပြည်တော်တပ်ရင်း-၈၀၄ မှ အနောက်တန်းရဲဘော်များနှင့် ရဲဘော်သစ်များကို စစ်ရေးပြသင်တန်းများ ပို့ချ
နေပြည်တော်တပ်ရင်း-၈၀၄ မှ အနောက်တန်းရဲဘော်များနှင့် ရဲဘော်သစ်များကို စစ်ရေးပြသင်တန်းများ ပို့ချခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် နေပြည်တော်တပ်ရင်း – ၈၀၄ မှ ရဲဘော်သစ်များနှင့် နောက်တန်းစခန်း ရဲဘော်များကို နိုင်ငံရေးသင်တန်းများပို့ချခဲ့ကြောင်း၊ ရဲဘော်များ စစ်ရေးအသိအမြင်၊ ရဲဘော်ကျင့်ဝတ်များနှင့် ပြည်သူများနှင့် ဆက်ဆံသည့်အခါတွင် ထားရမည့် ကျင့်ဝတ်များနှင့် ရဲဘော်အချင်းချင်း အပြန်အလှန် ဆွေးနွေးများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
-

DSA ကျောင်းဆင်း နှစ်ပတ်လည်ပွဲတွင် စစ်ခေါင်းဆောင် သီချင်းဆို ပျော်ပါးနေ
နိုင်ငံတဝန်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ ရှုံးနိမ့်ပြီး စခန်းတွေ တခုပြီးတခု အသိမ်းခံနေရချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က DSA ကျောင်းဆင်းပွဲ ၄၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ သီချင်းဆိုဖျော်ဖြေခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ အဲဒီပွဲကို ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ၈ မိုင် စစ်ရုံးထဲမှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲနေရာအနီးတဝိုက်ကို လုံခြုံရေးတင်းကျပ်ထားခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ နီးစပ်သူတယောက်က “အခမ်းအနားတက်မယ့်သူနဲ့ လိုက်မယ့်မိသားစု မှတ်ပုံတင်၊ တော်စပ်ပုံ၊ မိန်းမ၊ သားသမီး၊ မြေးတွေပဲ တက်ခွင့်ရတယ်။ လူနဲ့ မှတ်ပုံတင် လာမယ့်ကားနံပါတ်ကို တပတ်အလိုတည်းက ကြိုပေးထားရတယ်။ တယောက် ၂ သိန်းဖိုး ကျွေးတယ်။ လူစေ့ မဲနှိုက်ခွင့်ရတယ်။…
-

ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ
စမ်းချောင်းတွင် လူငယ်များကို တပ်သားသစ်အဖြစ် ဖမ်းဆီး ငွေညှစ်မှုကြောင့် ပစ်ခတ်ခံရသော ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေညှစ် တောင်းခံခဲ့သည့် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ယနေ့ နံနက်အစောပိုင်း ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး စန်းငွေသည် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀…