Author: Admin-501
-

အောင်လအင်ဆန်၏ Hall of Fame ခရီးလမ်း
အောင်လအင်ဆန်၏ Hall of Fame ခရီးလမ်းက မြန်မာ့တိုက်ခိုက်ရေးအနာဂတ်ကို မည်သို့ ပြောင်းလဲစေခဲ့ပါသလဲ စပါးအုံးကြီးက ဖွင့်ပေးခဲ့သော အနာဂတ် – Hall of Fame အောင်လအင်ဆန်နှင့် မြန်မာ့တိုက်ခိုက်ရေးမျိုးဆက်သစ်များ လွန်ခဲ့သည့် ရှစ်နှစ်ကျော် သက္ကရာဇ်တချို့ကို သတိရမိသည်။ အတိအကျပြောရမည်ဆိုလျှင် ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖြစ်သည်။ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အသက် ၆၄ နှစ်အရွယ်အမျိုးသားတစ်ဦး ရုတ်တရက် မူးလဲ ဆုံးပါးသွားခဲ့သည်။ အကြောင်းမှာ “မြန်မာ့စပါးအုံး The Burmese Phyton” ဟု လူအများသိကြသည့် အောင်လအင်ဆန်က ရုရှားနိုင်ငံသား Vitaly Bigdash ကို အနိုင်ရကာ ဝမ်းချန်ပီယံရှစ် MMA သိုင်းပေါင်းစုံMiddleweight ဝိတ်တန်း၌ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည့်…
-

မိုးကုတ်ဒေသခံ ထက်ဝက်ကျော် မြို့ကနေ တိမ်းရှောင်နေကြ
မန္တလေးတိုင်း မိုးကုတ်မြို့က ဒေသခံ ထက်ဝက်ကျော်ဟာ မြို့ကနေ အခြားနေရာဒေသဘက်ကို နေ့စဉ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လာမယ့် နိုဝင်ဘာ ၂၅ ရက်မှာ TNLA က မိုးကုတ်မြို့ကနေ ပြန်လည်စွန့်ခွာသွားမှာဖြစ်ပြီး မြို့ထဲကို စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာတော့မယ်ဆိုတဲ့အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “မြို့ခံ ၆၀ ရာခိုင်နှုန်းလောက်က ပြေးကုန်ကြပြီ။ ကျန်တဲ့သူတွေက ကျောက်တူးတဲ့သူတွေ၊ ကျောက်လုပ်သမားတွေပဲ ကျန်တော့မှာ” လို့ ပြောပါတယ်။ မြို့ခံတွေဟာ တအာင်းတပ် ထိန်းချုပ်ရာ နမ့်ဆန်နဲ့ စစ်ကောင်စီထိန်းချုပ်ရာ ကျောက်မဲမြို့၊ မန္တလေးမြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတာလို့ သိရပါတယ်။ မိုးကုတ် မြို့ခံ အမျိုးသမီးတစ်ဦးက “ထွက်ပြေးကြတဲ့သူတွေ ထွက်ပြေးကြပါပြီ။ ကျောက်မဲမှာတောင် ကားအစီး ၅၀၀ လောက်ပိတ်တယ်လို့ ပြောကြတာပဲ” လို့ ပြောပါတယ်။ ဒါပေမယ့်…
-
ဘားအံရောက် အကြမ်းဖက် မင်းအောင်လှိုင် သတင်းပေါက်ကြား
ဘားအံရောက် အကြမ်းဖက် မင်းအောင်လှိုင် သတင်းပေါက်ကြားမှုနှင့် လုံခြုံရေးအခြေအနေကြောင့် အစီအစဉ်တချို့ ဖျက်သိမ်းပြီး ညမအိပ်ဘဲ မော်လမြိုင်သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာ ညအိပ် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင်လှိုင်မှာ ခရီးစဉ် သတင်းပေါက်ကြားမှုနှင့် လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေများကြောင့် ဘားအံတွင် ညမအိပ်တော့ဘဲ မော်လမြိုင်သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ညအိပ်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ဘားအံမြို့သို့ ရောက်ရှိခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်မှာ ဘားအံတွင် ဌာနဆိုင်ရာ တွေ့ဆုံပွဲနှင့် လုပ်ဆောင်ခဲ့ပြီးနောက် လူငယ်စင်တာနှင့် ဇွဲကပင်မိုးလုံ လေလုံအားကစားကွင်း တည်ဆောက်မှုကို သွားရောက် စစ်ဆေးခဲ့ကြောင်း၊ မူလအစီအစဉ်ဖြစ်သည့် ဘားအံတပ်နယ် တွေ့ဆုံပွဲနှင့် တောင်ကလေး စစ်ဆေးရုံသို့ သွားရောက်မည့်…
-

ကတုံးပေါ် ထိပ်ကွက်
“မင်းအရင် ဖိုက်လေ…ဆော်ကြီးက တမင်လာပေးတာကွ …” ဈေးညစောင့် ဒရဝမ်ကြီး ဦးကျောက်ခဲ မှာ အသက် (၄၀) ကျော်ခန့်နှင့် သန်မာဖြတ်လတ်သူ ဖြစ်သည်။ မအေးမြင့် မှာ ဦးကျောက်ခဲ၏ မထိတထိ ကိုင်တွယ်မှု ပြောဆိုမှုများကြောင့် ခံချင်ကြောင်း အရိပ်အယောင်များ ပြခဲ့သည်ဟု ဦးကျောက်ခဲ က ဆိုသည်။ ထို့ကြောင့် အောင်ခိုင်က မအေးမြင့်ကို ယနေ့ည ချိန်း၍ ခေါ်ထားရန် ဦးကျောက်ခဲကို ခိုင်းခဲ့ခြင်း ဖြစ်သည်။ အောင်ခိုင် ဆိုတာက မအေးမြင့် ဈေးရောင်းနေသော အမှတ် (၄) ဈေးမှ ဈေးတာဝန်ခံ ဖြစ်သည်။ မအေးမြင့်သည် အမှတ် (၄) ဈေးတွင် လမ်းဘေး ပျံကျဈေးသည် တယောက်ဖြစ်ပြီး နေရာတော်တော်များများကို အရင်ဦးကာ အခြားဈေးသည်များကိုလည်း ငှားစားနေသူ ဖြစ်သည်။…
-

AA ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမင်းပြင်၌ စစ်သား ဆယ်ချီ သေဆုံး
ရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းတောင်စခန်းကို သိမ်းပိုက်လိုက်သည့် စစ်တပ်သည် မင်းပြင်ရွာသို့ ဆက်လက်ဝင်လာရာ အာရက္ခတပ်တော်(AA)ထောင်ထားခဲ့သည့် မိုင်းနှင့် လက်နက်ကြီးကျည်တို့ကြောင့် ထိခိုက် သေဆုံးသူ ဆယ်ချီရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြသည်။ နိုဝင်ဘာ ၁၄ ရက်က မင်းပြင်ရွာစခန်းဆီ လေကြောင်းပစ်ကူများနှင့် ထိုးစစ်ဆင်လာသည့် စစ်တပ်ကို AA က မိုင်းများ ထောင်ထားပြီးနောက် တပ်ဆုတ်ပေးခဲ့ရာ စစ်ကော်မရှင်တပ်သားများ စခန်းသို့ ရောက်လာချိန် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးမှုများခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ “တကယ်လည်း ဆုတ်ပေးလိုက်တယ်၊ ဆုတ်သွားပြီဆိုပြီးတော့ အေးဆေးဝင်လာကြတာ၊ သူတို့ ဓါတ်ပုံတွေ ဘာတွေ ရိုက်ဖို့လုပ်ကြနေတဲ့အချိန်မှ ကိုယ့်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ချတာ၊ မိုင်းနဲ့သေတာလည်း မနည်းဘူး၊ သုံးဆယ်လောက်သေတယ်၊ ဒဏ်ရာရတာကတော့ အဲဒါထက်တောင် ပိုများမယ်” ဟု AA…