Author: Admin-501
-

မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မင်းတုန်းမြို့နယ်၊ ကန်မနိုင်ကျေးရွာမှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ ၊ ကပစ ၁၂ နှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၇၀ ပါ စစ်ကြောင်းက မြောက်ပြင်ကျေးရွာ ဘုန်း ကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲခဲ့ကြောင်း၊ ယင်းနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော…
-
စစ်ခေါင်းဆောင်များ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ရန် အင်တာပိုလ်နှင့် ချိတ်ဆက်မည်
စစ်ခေါင်းဆောင်များ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ရန် အင်တာပိုလ်နှင့် ချိတ်ဆက်မည် စစ်ခေါင်းဆောင်တွေအား ထုတ်ထားတဲ့ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဖို့ တရားရုံးကနေတဆင့် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ BROUK တာဝန်ရှိသူက ပြောပါတယ်။ အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်အရာရှိ ၂၂ ယောက်နဲ့ အရပ်သား ၃ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အရပ်သား ၃ ယောက်စာရင်းထဲမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ ပါဝင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအများအပြား လူမျိုးတုံးသတ်ဖြတ်ခံရတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့အမှုအတွက် စစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဖို့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ကနေတဆင့် နိုင်ငံတကာအစိုးရတွေနဲ့…
-

မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်
ထိုင်းအစိုးရပိုင် လောင်စာဆီကုမ္ပဏီ PTT Oil and Retail Business Plc (OR) က မြန်မာနိုင်ငံကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖော်ပြပါတယ်။ အိမ်နီးချင်းနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒအရ အခုလိုရပ်ဆိုင်းဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ နယ်စပ်ဂိတ်ငါးခုက လောင်စာဆီတင်ပို့မှုကို တားမြစ်ဖို့အတွက် တရားဝင်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကို ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့အတွက် NSC က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ…
-
ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ
ပုသိမ် ခလရ ၁၁ မှ ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ ဂွ-ငါးသိုင်းချောင်းတိုက်ပွဲတွင် ထွက်ပြေးသည့် ခလရ ၁၁ ၏ တပ်ရင်းမှူးဖြစ်သူကို သာပေါင်းမြို့နယ် အထက်ခြမ်း ခွေးကုပ်ရွာအုပ်စု အနန်းကုန်းသို့ ပို့လွှတ်တာဝန်ပေးထားကြောင်း သိရသည်။ ခလရ ၁၁ တပ်ရင်းမှူးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်ပါဝင်သည့် စစ်သုံးဖောကားတစ်စီး နှင့် အတူ ဆိုင်ကယ် သုံးစီး၊ စစ်ကောင်စီတပ်သား ခြောက်ဦးတို့ဖြင့် အနန်းကုန်းရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး ညနေပိုင်းတွင် နောက်ထပ် အင်အား ၅၀ ခန့် ထပ်မံရောက်ရှိလာ၍ ဦးစီးကွပ်ကဲနေကြောင်း သိရသည်။ “ခွေးကုပ်အုပ်စုက ကြံ့ဖွံသိန်းထွန်းအပိုင်၊ အနန်းကုန်းကျေးရွာထဲကို အင်အား…
-

သာပေါင်းမြို့ထဲ AA ဝင်ရောက်လာမည်စိုး၍ အင်အားဖြည့်တင်းရန် စက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေး
AA ၏ထိုးစစ်မှာ သာပေါင်းမြို့နယ်အတွင်းထိ ရောက်ရှိလာပြီး ထိုးစစ်အရှိန်မြှင့်တင်လာသည့်အတွက် အင်အားလိုအပ်ချက်အရ သာပေါင်းစက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေးနေကြောင်း သတင်းရရှိသည်။ အခြေခံစစ်ပညာသင်တန်းကို စက္ကူစက်ရုံမှ ဝန်ထမ်းများဖြင့် ပြည်သူ့စစ်အရေးပေါ်ဖွဲ့စည်းပြီး ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ခလရ ၃၀၈ မှစစ်သင်တန်းလာရောက်ပေးနေကြောင်း သိရ သည်။ “စက်ရုံကာကွယ်ရေးအတွက်ဆိုပြီး စစ်သင်တန်းလာပေးတာ မလုပ်တော့မလုပ်ချင်ဘူးပေါ့။ ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်းဆိုတော့ သူတို့ခိုင်းတာလုပ်နေရတာပဲ။ တကယ်လာတိုက်ရင် ဝါရင့်စစ်သားတွေတောင်ပြေးနေကြတာ။ ကျုပ်တို့လည်း မဟန်ရင်တော့ အသေမခံဘူး လွတ်အောင်တော့ပြေးရမှာပဲ။ ခက်တာက စက်ရုံလုံခြုံရေးဆိုပြီး ရှေ့တန်းပို့မှာစိုးရိမ်နေကြတယ်”ဟု စက္ကူစက်ရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လည်ပိုင်းအထိ ကျားခေါင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေးဒေသတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး သာပေါင်းမြို့နယ် ခွေးကုပ်အုပ်စု၊ အနန်းကုန်းရွာ ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီအင်အား ၁၀၀…