Author: Admin-501

  • အဆိုတော် Adino ရဲ့ ကောင်မလေးရဲ့ ရင်ဖွင့်သံ

    အဆိုတော် Adino ရဲ့ ကောင်မလေးရဲ့ ရင်ဖွင့်သံ

    ရေခဲတိုက်ထည့်တဲ့ထိ နောက်ဆုံးအနေနဲ့ ‌လက်ကလေးကိုင်ပြီး လိုက်ပို့ခဲ့တယ်

    အေးစက်ပြီး အသားလေးတွေနူးညံ့နေတုန်းပဲ

    နှုတ်ခမ်းလေးတွေ လက်သည်းလေးတွေက ပြာလို့

    လူချစ်လူခင်ပေါပြီး စိတ်ထားကောင်းတဲ့ ကိုကို အေးချမ်းသွားပါပြီ

    နေ့တိုင်း ဆေးတွေ အများကြီးသောက်စရာ မလိုတော့ဘူးနော် ❣️

    နမိတ်ဆိုတာ တကယ်ရှိပါတယ်

    Show ပွဲမတိုင်ခင်တရက်က သူအလုပ်လာကြိုရင်း ဗိုလ်တထောင်ကမ်းနားကဆိုင်တခုမှထိုင်ရင် ပြောဖြစ်တယ်

    ရွှေဂုံတိုင်တံတာနားမှာ ချစ်သူနှစ်ယောက်စိတ်ကောက်ရန်ဖြစ်ရင်း ကောင်မလေးကားတို-က် ပြီးဆုံးသွားတာ သိပြီးပြီလားတဲ့

    သိတယ်လို့ ဘေဘီသာ ကောင်လေးနေရာမှာဆို တသက်လုံးနောင်တရနေမှာ သူနဲ့ရန်ဖြစ်ရင်း စိတ်ဆိုးပြီးစကားကြမ်းတွေပြောဆိုကြရင်းနဲ့ ရုတ်တရက်ကောင်မလေးဆုံးသွားတာလေ လို့ပြန်ပြောခဲ့တယ်

    ကိုကိုရောပဲတဲ့

    အဲ့နောင်တတွေနဲ့ တသက်လုံးလိပ်ပြာလုံမှာမဟုတ်ဘူးတဲ့

    ခနနေတော့ show ကိစ္စပြောရင်း ကိုကို show မှာ သီချင်းဆိုနေတဲ့အချိန် ဘေဘီနားတခြားကောင်တွေရှိနေရင် ကိုကိုသီချင်းဆိုရတာ စိတ်မဖြောင့်ပဲ ဒေါသထွက်နေမှာတဲ့ ကိုကိုကအရမ်းသဝန်တတ်လို့ပါတဲ့

    အချိန်ပြည့်လဲဂရုစိုက်နိုင်မှာမဟုတ်ဘူး

    show. မှာဆိုတော့ အသိမိတ်ဆွေတွေနှုတ်ဆက်ရမှာနဲ့ ဘေဘီကလဲ တယောက်ထဲဖြစ်နေမှာဆို စိတ်ကမဖြောင့်ဘူးတဲ့

    ကိုယ်က အဲ့စကားကိုစိတ်ကောက်ပြီး မလိုက်တော့ဘူး ပြောရင်း ရန်ဖြစ်စကားများကြရင်း အိမ်ပြန်လိုက်ပို့တယ်

    ဘေဘီမလိုက်ရင် show ဆိုပီး 11 နာရီလောက် ‌တိုက်အောက်မှာ ကိုကိုလာတွေ့မယ်နော်တဲ့

    လမ်းမှာစကားဆက်များတယ်

    သူကတော့ ထုံစံအတိုင်းစကားများရင် ဘာမှသိပ်ပြန်မပြောဘူး

    သူပြန်မပြောလေစိတ်တိုလေဖြစ်ပြီး စကားတွေကြမ်းပြီး မုန်းတယ် ပြတ်မယ်လို့ပြောခဲ့မိတယ်

    သူဘာမှ မတုန့်ပြန်ပဲ အိမ်ပဲ ပြန်ပို့ပေးခဲ့တယ်

    Show နေ့မနက်မှာ သူ့ကိုပြန်ချော့တော့ သူ့ကို မုန်းတယ်လို့ 2ခါတိတိပြောထားမိလို့တဲ့

    သူကပြန်စိတ်ကောက်ပြီး စကားတွေပြန်ရွဲ့ပြောကြရင်းက သူလည်း Show ဆိုမယ့်ဆီ ထွက်သွားတယ်

    ဒါမျိုးကအကြိမ်များစွာဖြစ်နေကျ

    ပြီးရင်ပြန်အဆင်ပြေမှာသိနေတော့ ကိုယ်လဲရုံးသွားလိုက်တယ်

    ရုံးကပြန်ရောက်တော့ ကိုကို့ သူငယ်ချင်းတွေရဲ့ missed call တွေ အများကြီးတွေ့လို့ ပြန်ခေါ်တော့ အတာရေ စိတ်ခိုင်ခိုင်ထားနော် အသက်ကို ဖြည်းဖြည်းရှူ ကိုအဒီနို ဆုံးသွားပြီတဲ့ …

    ဘယ်လိုစိတ်နဲ့ ဖြေသိမ့်ရမလဲရှင်

    စိတ်မပြေခင်လေးမှာ ဘယ်တော့မှ မဆုံဆည်းနိုင်တော့တဲ့ဆီကို သူထွက်သွားခဲ့ပြီ

    မနေ့ညကပဲ သူများချစ်သူတွေ Tay ကွဲကွဲတာပြောရင်း အတူတူ စိတ်‌မကောင်းဖြစ်ခဲ့ကြတာလေ

    ကိုကိုအရမ်းချစ်တာ ဘေဘီသိပါတယ်

    ရန်ဖြစ်ပြီးတိုင်း 3 ရက်လောက်ဆို စိတ်ပြေပြီး အရင်ထက်ပိုချစ်ခဲ့ကြတာလေ

    ခုကျ စိတ်ကောက်မပြေခင်မှာပဲ ထာဝရ နှုတ်ဆက်သွားပြီ

    ကိုကို နောက်ဆုံးအနေနဲ့ ဘေဘီကိုချစ်တယ်လို့ ပြန်မပြောခဲ့ရလို့ ဝမ်းနည်းနေမှာလား

    ဒါမှမဟုတ် အနှောင်ဖွဲ့ကင်းကင်းနဲ့သွားဖို့ သံယောဇဉ်ပြတ်သွားနိုင်မှာလား

    ဘေဘီကတော့ အဲ့ညက မရစ်ခဲ့ ရန်မဖြစ်ခဲ့ရင်ကောင်းမယ်ဆို တသက်လုံးနောင်တတွေ ကျန်ရစ်ခဲ့ပါပြီ

    Love u forever koko

    27.10.2025

    “Rest in peace ပါ ကိုကို Adino

    ဘဝမှာ မရောက်ချင်ဆုံးနေ့ကို ရောက်လာခဲ့ပြီ

    ကိုကိုက ငြိမ်းချမ်းသွားပါပြီ ကျန်ခဲ့တဲ့ ဘေဘီတို့သာ လွမ်းတဲ့စိတ်တွေနဲ့ နေသားကျဖို့အတင်းရုန်းကန်ရအုံးမယ်

    နောက်ဘဝတွေ ရှိခဲ့ရင် ခုလို သေကွဲကွဲရတဲ့အဖြစ်မျိုး မကြုံပါရစေနဲ့နော်

    အရမ်းချစ်တယ်

    ဘဝအဆက်ဆက် ကိုကိုနဲ့ပြန်ဆုံပါရစေ ”

    ဆုံးပါးသွားတဲ့ အဆိုတော် Adino ရဲ့ ကောင်မလေးရဲ့ ရင်ဖွင့်သံလေးပါ

  • စစ်ခေါင်းဆောင်က သစ္စာတော်ခံဖြစ်ခဲ့သည့် နိုင်ငံရေးထောက်တိုင်များအား တခုပြီးတခု တွန်းလှဲဖြိုခွင်း

    စစ်ခေါင်းဆောင်က သစ္စာတော်ခံဖြစ်ခဲ့သည့် နိုင်ငံရေးထောက်တိုင်များအား တခုပြီးတခု တွန်းလှဲဖြိုခွင်း

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တချိန်က ၎င်း၏သစ္စာတော်ခံများဖြစ်ခဲ့ကြသည့် နိုင်ငံ ရေးဒေါက်တိုင်များအား တခုပြီးတခု တွန်းလှဲဖြိုခွင်းလျှက်ရှိနေပြီး တပ်တွင်းသစ္စာတော်ခံများဖြင့် အစား ထိုးဖြည့်သွင်းလျှက်ရှိသည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။

    သံသယစိတ်လွန်ကဲသည့် စစ်ခေါင်းဆောင်သည် ၎င်းအလိုကျ ရလဒ်ထွက်စေရန် ၂၀၂၅ အထွေထွေရွေး ကောက်ပွဲကို လိုသလိုပုံဖော်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့၌ လက်ထောက် စစ်ရေး ချုပ်ဟောင်းလည်းဖြစ်၊ သဘောထားတင်းမာသူလည်းဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်သန်းစိုးအား UEC ဥက္ကဋ္ဌရာထူးပေးအပ်ခဲ့ပြီး ယခင်ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုအား တာဝန်မှအနားပေးခဲ့သည်။

    ဥက္ကဋ္ဌသစ် ဦးသန်းစိုးသည် ၎င်းရာထူးရပြီး ရက် ၄၀ ပြည့်မြောက်သည့် စက်တင်ဘာလ ၉ ရက်နေ့ ည ပိုင်းတွင် ပြည်ထောင်စုတဝှမ်းလုံးယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီကိုးခုအနက်မှသုံးခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)အပါအဝင် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်၏ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် တိုင်းနှင့်ပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကို ဖျက်သိမ်းပစ်ခဲ့သည်။

    ထိုဖျက်သိမ်းမှုကြောင့် မင်းအောင်လှိုင်၏နိုင်ငံရေးသစ္စာတော်ခံ ဦးခင်မောင်ဆွေ၏ပါတီတွင် ပါဝင်ယှဥ် ပြိုင်ရန် အားခဲထားကြသည့် ဒေါ်စန္ဒာမင်းအပါအဝင် ဘက်ပြောင်းနိုင်ငံရေးသမားများ ပါတီလက်လွှတ် ဖြစ်သွားခဲ့ရသည်။ ယင်းအပြင် စစ်ဥပဒေချုပ်ဟောင်း ဦးစိုးမောင်တို့အဖွဲ့သည်လည်း အလဲလဲအပြိုပြို ဖြစ်သွားခဲ့သည်။

    “ဦးစိုးမောင်တို့အဖွဲ့က အဆိုးဆုံး ရိုက်ခတ်ခံရတာပေါ့။ သူက ၂၀၂၅ ကို အများကြီးမျှော်မှန်းထားတဲ့သူ” ဟု ရွေးကောက်ပွဲဝင်ပြိုင်မည့်ပါတီတခုမှ တာဝန်ရှိသူက ဆိုသည်။

    ဦးစိုးမောင်သည် ၂ဝ၂ဝ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အမျိုးသားနိုင်ငံရေးဒီမိုကရက် တစ်ပါတီကိုထူထောင်ခဲ့ပြီး ၎င်းက ပါတီ၏ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ၎င်းဦးဆောင်သည့်ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ ပါတီရုံးခန်းများ သတ်မှတ်အရေအတွက်မပြည့်မီသည့်အချက်ဖြင့် ဖျက်သိမ်းခံခဲ့ရသည်။

    ”ဦးစိုးမောင်က စစ်တပ်ထဲမှာတုန်းကလည်း နေရာကောင်းမရခဲ့ဘူး၊ စစ်ဥပဒေချုပ်ဆိုတော့ အဲဒီခေတ်က ဘာမှလုပ်ပိုင်ခွင့်မရှိဘူးလေ။ နောက် အရပ်ဘက်ပြောင်းရတော့လည်း သမ္မတရုံးဝန်ကြီး။ စီးပွားရေးကိုင် ရသူလည်းမဟုတ်တော့ ပါတီကြီးတစ်ခုထောင်ဖို့ သူ့မှာငွေကြေးမရှိဘူး။ နောက်ပြီး နောက်ခံ ခရိုနီသူဌေး လည်းမွေးမထားနိုင်တော့ ပါတီရုံးခန်းအပြည့်ဖွင့်ဖို့တောင် သူ့မှာငွေကြေးမရှိတော့ နိုင်ငံရေးကထွက် လိုက်ရတာပေါ့”ဟု အထက်ပါပုဂ္ဂိုလ်က ပြောပြသည်။

    လတ်တလောတွင် စစ်ခေါင်းဆောင်က ၎င်း၏သစ္စာတော်ခံဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်အား ၎င်း ကိုယ်တိုင်ပြင်ဆင်ထည့်သွင်းထားသည့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသည်ဟုဆိုကာ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်လိုက်ပြန်သည်။

    “ကိုယ်စားလှယ်လောင်းစာရွက်ထုတ်ပေးပြီးသား၊ မဲရုံမှာလည်း အမည်စာရင်းကပ်ပြီးသားကြီးကို ပယ် ဖျက်ပစ်လိုက်တာ”ဟု စစ်အုပ်စုကျောထောက်နောက်ခံ ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီတခုက ပြောဆိုသည်။

    ဒေါ်သက်သက်ခိုင်ကို အမတ်လောင်းအဖြစ်မှပယ်ဖျက်ခဲ့သည့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ဃ)သည် ရွေးကောက်ပွဲတွင် ရွေးကောက်ခံပိုင်ခွင့်ရှိသူသည် နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့်ပေးရန်တာဝန်များ ကင်းရှင်းသူဖြစ်ရမည်ဆိုသည့် ပုဒ်မဖြစ်သည်။

    “အခုသတင်းထွက်နေတဲ့ပုံက ကြွေးရှိလို့ ပယ်တယ်ပေါ့ဗျာ။ လုပ်ငန်းရှင်တိုင်း ကြွေးမကင်းဘူး၊ ဒါက သက်သက်မယ့် လုပ်လိုက်တာ”ဟု ၎င်းက ပြောသည်။

    စစ်ကော်မရှင်သည် ကြံ့ခိုင်ရေးပါတီတခုတည်း အနိုင်ရရန်ရည်ရွယ်ထားပြီး တဖက်မှာလည်း ၎င်းတို့၏ အမာခံဖြစ်ကြသော တရုတ်အစိုးရ၊ ဘီလာရုဇ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့များက စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုခြင်းကြောင့် စစ်အုပ်စုက လူသတ်လိုင်စင်လုပ်ရန် သက်တမ်းထပ်တိုးသည့်သဘောဖြင့် ရွေးကောက်ပွဲ မဖြစ်မနေကျင်းပမည်ဖြစ်ကြောင်း နွေဦးတော်လှန် ရေးဘာသာပေါင်းစုံကွန်ရက်မှ ကော်မတီဝင်ဦးထွန်းကြည်က သုံးသပ်သည်။

    “ဒိုင်ကလည်း တယောက်တည်းပဲ။ ဝီစီမှုတ်တာလည်း တယောက်တည်းပဲ၊ ပြေးမှာလည်း တယောက် တည်းပဲ၊ အဲဒါကြောင့် ဒုတိယဗိုလ်ချုပ်ကြီးတွေ ရွေးကောက်ပွဲကို ကျားကုတ်ကျားခဲလုပ်တယ်၊ သူတို့ပဲ အနိုင်ရမယ်၊ အစိုးရဖွဲ့လည်း သူတို့လူတွေပဲ”ဟု ၎င်းကပြောသည်။

    ထို့ကြောင့် စစ်ကော်မရှင်က ၎င်းတို့အတွက်အနှောင့်အယှက်ဖြစ်စေမည့် ပါတီထောက်တိုင်များကို ဖျက် သိမ်းနေခြင်းဖြစ်ကြောင်း ဦးထွန်းကြည်က ဆိုသည်။

    “ရုတ်တရက်ကြည့်လိုက်ရင်တော့ NDF ပါတီ၊ တနိုင်ငံလုံးယှဉ်ပြိုင်မယ့်ပါတီက ကိုးပါတီ။ ဦးစိုးမောင်တို့ ပါတီအပါအဝင် ပါတီတွေကိုဖျက်သိမ်းလိုက်တာ ပြတ်ပြတ်သားသားချေမှုန်းလိုက်တာပဲ။ သူတို့အတွက် အနှောင့်အယှက်ဖြစ်စေမယ့် ဘယ်ပုဂ္ဂိုလ်မျိုးကိုမဆို၊ ဘယ်ပါတီကိုမဆို သူတို့ကရှင်းထုတ်မှာပဲ။ ဦးစိုး မောင်၊ ဦးခင်‌မောင်ဆွေတို့ပေါ့။ စန္ဒာမင်းတို့ဆိုလည်း NDF ပါတီမှာ ဒုဥက္ကဋ္ဌဖြစ်တာ မကြာသေးဘူး၊။ လူ အင်အားမပြနိုင်ဘူးဆိုပြီး ပါတီပါဖျက်သိမ်းလိုက်တယ်။ ဘယ်လောက်ပဲ ဘောမဘောမ သူတို့အလိုမရှိ တော့ရင် သက်သက်ခိုင်ဆိုရင်လည်း ဝင်ပြိုင်ခွင့်မရတော့ဘူး”၎င်းကပြောသည်။

    စစ်ခေါင်းဆောင်သည် တချိန်က လူထုအမုန်းခံပြီး ၎င်းအားထောက်ခံခဲ့ကြသူများဖြစ်သည့် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ကဲ့သို့ နိုင်ငံရေးဝါရင့်များကိုပင် အကြံပေးနေရာပေး၍ ချောင်ထိုးထားခဲ့သည်။

    ယင်းအပြင် စစ်ခေါင်းဆောင်သည် အာဏာသိမ်းစဥ်က ပြည်ထဲရေးဝန်ကြီးအဖြစ်ပါဝင်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ လူယုံတဖြစ်လည်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ရဲချုပ်ဟောင်း ဒုတိယဗိုလ် ချုပ်ကြီးသန်းလှိုင် အပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းရာထူးများအား လေးနှစ်ကျော်အတွင်း အပြောင်းအလဲများ ဆက်တိုက်လုပ်ဆောင်လာခဲ့သူ ဖြစ်သည်။

    တပ်တွင်းသတင်းအရင်းမြစ်များ၏အဆိုအရ လက်ရှိတွင်လည်း နိုင်ငံရေးအား လိုသလိုပုံဖော်နိုင်ရန် အတွက် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအား အရပ်ဝတ်လဲကာ ရွေးကောက်ပွဲထဲ ဝင်ခိုင်းထားသည်။

    ထိုမျှမကသေး ပြိုင်ဖက်မရှိ၍ဆိုပြီး ရွေးကောက်ပွဲဝင်စရာမလိုဘဲ လတ်တလောတွင် ပြည်သူ့လွှတ် တော်၌ ကြံ့ခိုင်ရေးအမတ် ၁၃ ဦးသည် ထိုင်ခုံနေရာရရှိထားပြီး ဖြစ်သည်။

    “အဲဒီစာရင်းမှာ ပြည်သူ့ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ဖို့ ဗဟိုဌာနချုပ်ကို အမည်စာရင်းပို့ပြီးခါမှ ဖိအား ပေးမှုများကြောင့် ပြန်လည်ရုတ်သိမ်းသွားခဲ့တဲ့မြို့နယ်အချို့ ပါဝင်ပါတယ်။ အဲဒီ မြို့နယ်တွေက မဲဆန္ဒရှင် တွေအနေနဲ့ သူတို့ရဲ့ ရွေးချယ်ခွင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ် ရပါတယ်” ဟု ထိုကိစ္စနှင့်ပတ် သက်ပြီး ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ၎င်း၏ လူမှုကွန်ရက်မှတဆင့်ငြီးတွားထားသည်ကို တွေ့ရ သည်။

    ”စစ်ခေါင်းဆောင်က အာဏာရှင်ဖြစ်တဲ့အတွက် အာဏာရှင်လိုကျင့်ကြံ့မှာပဲ။ စစ်အုပ်စုထောက်တိုင် သော၊ ဘာသော သူကနားလည်မှာမဟုတ်သလို စာနာပေးမှာ မဟုတ်ဘူး။ သူ့အတွက်မလိုရင် တွန်းလှဲ ပစ်မှာပဲ”ဟု နိုင်ငံရေးလေ့လာသူတဦးက ပြောဆိုသည်။

    စစ်ကော်မရှင်ကပြုလုပ်မည့်ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိလွှတ်တော်အမတ်ဖြစ်မည့် ကိုယ်စားလှယ် လောင်း ၃၀ ကျော်ရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ပြီးခဲ့သည့် အောက် တိုဘာလ ၂၅ ရက်က ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

    ပြိုင်ဘက်မရှိသည့် မဲဆန္ဒနယ်မြေ ၃၁ နေရာရှိပြီး ယင်းတို့အနက် ၂၈ နေရာတွင် ကြံ့ခိုင်ရေးပါတီက ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

    လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်ပြုလုပ်မည့်ရွေးကောက်ပွဲအား နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

    ကျင်းပမည့်နယ်မြေများတွင် စစ်ရေးပဋိပက္ခဖြစ်နေသည့်မြို့ပါများပါဝင်နေပြီး ပထမပိုင်းအနေဖြင့် မြို့ နယ် ၁၀၂ ခုပါဝင်ကြောင်း စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

  • Arwah Tumbal Nyai: Part Tumbal

    Arwah Tumbal Nyai: Part Tumbal

    Arwah Tumbal Nyai: Part Tumbal (2020)

    Arwah Tumbal Nyai Part Tumbal ဟာ Arwah Tumbal Nyai Triology ရဲ့နောက်ဆုံးအပိုင်းဖြစ်ပါတယ်။

    ဇာတ်လမ်းတွဲတစ်ခုလုံးရဲ့အဆုံးသတ်ဖြစ်ပြီး ဇာတ်လမ်းရဲ့မြစ်ဖျားခံရာနဲ့တစ်ချို့အချက်တွေတူညီတာကလွဲလို့ သီးခြားဇာတ်လမ်းတစ်ခုစီဖြစ်တဲ့အတွက် တစ်ကားတည်းကြည့်လည်းအဆင်ပြေတဲ့ဇာတ်ကားဖြစ်ပါတယ်။

    ဒီဇာတ်ကားမှာတော့ သူ့ကိုချစ်တဲ့သူတိုင်းထူးခြားဆန်းကြယ်တဲ့ဖြစ်စဉ်တွေနဲ့ သေဆုံးသွားရတဲ့ဒေဝီဆိုတဲ့ မိန်းကလေးကိုအခြေခံပါတယ်။

    တကယ်တမ်း ဒီဖြစ်စဉ်တွေကိုနက်နက်ရှိုင်းရှိုင်းခြေရာခံမိလာတဲ့အချိန်မှာတော့ ဒေဝီဟာ သူကိုယ်တိုင် နတ်ဆိုးနဲ့သဘောတူထားတဲ့ စတေးခံ ပူဇော်သက္ကာ ရာတစ်ခုဖြစ်နေတယ်ဆိုတာသိလာရတဲ့နောက်မှာတော့ သူတို့ကိုမျိုးရိုးစဉ်ဆက် နှောင်တွယ်ဒုက္ခပေးနေတဲ့ ကျိန်စာတစ်ခုလုံးကိုအမြစ်ဖြတ်ဖို့ကြိုးစားရတော့မှာပဲဖြစ်ပါတယ်။

    မျိုးဆက်သုံးခုတိုင်ဒုက္ခပေးလာတဲ့ ကျိန်စာဟာ ဘာကိုမှ မသိနားမလည်တဲ့ဒေဝီတစ်ယောက်လက်ထက်မှာ အလွယ်တကူပြေပျောက်သွားဖို့ဆိုတာမဖြစ်နိုင်သလောက်နီးပါးဖြစ်ပါတယ်။

    အဲ့ဒါတွေကို သူဘယ်လိုရင်ဆိုင်တွန်းလှန်မလဲ?

    အောင်မြင်မှုရှိပြီး ကျိန်စာကနေနောက်မျိုးဆက်တစ်ခုလက်ဆင့်မကမ်းအောင် တားဆီးနိုင်ပါ့မလား? ဇာတ်ကားထဲမှာ အဖြေရှာကြရမှာပါ။

  • မန္တလေးမှာ အဒေါ်ဖြစ်သူကို သံတူနဲ့ထုသတ်ပြီး ရွှေ ၁၀ သားနဲ့ ငွေသိန်း ၁၀၀ ယူသူကို ဖမ်းမိ

    မန္တလေးမှာ အဒေါ်ဖြစ်သူကို သံတူနဲ့ထုသတ်ပြီး ရွှေ ၁၀ သားနဲ့ ငွေသိန်း ၁၀၀ ယူသူကို ဖမ်းမိ

    ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီး ဖော်ထုတ်ဖမ်းဆီး

    ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

    ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာ စည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)နေအိမ်၌ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်းသတင်းအရ ချမ်းမြသာစည် မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က သွားရောက် စစ်ဆေးခဲ့ရာ

    အဆိုပါနေအိမ်ပိုင်ရှင် အငြိမ်စား စာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် (၈၄)နှစ်ကို နေအိမ်မြေညီထပ် ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး အတူနေ ၎င်း၏မြေးဖြစ်သူ ဒေါ်အေးအေးခိုင် (၃၆)နှစ်အား မြေညီထပ်ဧည့်ခန်း ခုတင်ပေါ်တွင် ဦးခေါင်း၊ ဝဲနားထင်တို့၌ ပေါက်ပြဲဒဏ်ရာနှစ်ချက် ရရှိထားသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ချမ်းမြသာ စည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း(ပ) ၁၈၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

    ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ တူမတော်စပ်သူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ တွဲဘက် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမ မစိုးစိုးထွန်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းအား အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီကျော်တွင် အခင်းဖြစ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ စိုးစိုးထွန်း၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်မှစ၍ နွားထိုးကြီးမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ပြင်ဦးလွင်မြို့၌ အိမ်ငှားရမ်းနေထိုင်ခဲ့ရသဖြင့် ငွေကြေး အခက်အခဲများစွာရှိခဲ့ကြောင်း၊

    ၂၀၂၅ ဇူလိုင်လတွင် ၎င်း၏အဒေါ်တော်စပ်ပြီး မိသားစုကဲ့သို့ ရင်းနှီး၍ ဝင်ထွက်သွားလာနေသည့် ဒေါ်ခင်စိုးမြင့်မှ မန္တလေးမြို့၊ မြို့ သစ်(၅)ရပ်ကွက်ရှိ နေအိမ်အား ရောင်းချသည်ကို သိရှိရသဖြင့် ငွေချေးယူခဲ့ရာ ဒေါ်ခင်စိုးမြင့်မှ အိမ်ရောင်းရငွေ အကျေအလည် ရရှိပါက စီစဉ်ပေးမည်ဟုပြောကြားခဲ့ပြီး ငွေအကျေအလည်ရရှိပြီး အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား ပြန်လည်ဝယ်ယူ ပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း ၎င်း၏အခက်အခဲအား ဆောင်ရွက်ပေးမှ မရှိကြောင်း၊

    အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်ခင်စိုးမြင့်မှ ၎င်းအား ဖုန်းဆက်ခေါ်၍ အခင်းဖြစ်နေအိမ်သို့ ထပ်မံရောက်ရှိနေထိုင်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဒေါ်ခင်စိုးမြင့်၊ တူမတော်စပ်သူ မအေးအေးခိုင်တို့နှင့်အတူ ဈေးဝယ်ထွက်ပြီးနောက် နံနက် ၁၁ နာရီခန့် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း၊

    နေ့လယ်စာ စားပြီးချိန်တွင် မအေးအေးခိုင်မှာ မြေညီထပ်ဧည့်ခန်းအတွင်းရှိ ခုတင်ပေါ် အိပ်ပျော်နေစဉ် နေအိမ်ဝင်ပေါက်အနီး သစ်သားသေတ္တာ အတွင်းမှ သံရိုက်တူအား ယူဆောင်ကာ မအေးအေးခိုင်အား ၃ ချက်ခန့်ထုရိုက်ပြီး ထိုင်ခုံပေါ် ထိုင်နေသည့် ဒေါ်ခင်စိုးမြင့်၏ ဦးခေါင်းငယ်ထိပ်အား တစ်ချက်ထုရိုက်ခဲ့ကြောင်း၊

    ထို့နောက် ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာအား တူဖြင့်ရိုက်ဖျက်ကာ သေတ္တာအတွင်းသိမ်းဆည်း ထားသည့် “အောင်သမာဓိ”တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး ၁ တုံး၊ အိပ်ယာပေါ်ရှိ ငွေကျပ်သိန်း ၁ဝဝ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့ သို့ ပြန်လာခဲ့ကြောင်း၊

    အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်ခင်စိုးမြင့် နေအိမ်မှ ယူဆောင်လာသည့် ရွှေတုံးအား ရောင်းချကာ ၎င်းချေးငှားထားသည့် ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်။

    ထိုသို့ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့အား သံရိုက်တူဖြင့် ထုရိုက်ခဲ့သည့် စိုးစိုးထွန်းအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်း ရန်ကျန် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

  • All Out: Aj Raval (2025)

    All Out: Aj Raval (2025)

    Aj Raval (2025)

    ဖိလစ်ပိုင်လူကြီးကားကြည့်နေကျ ညိုကီတို့အတွက်တော့ ဒီအေဂျေရာဗဲလ်နဲ့ စိမ်းမယ်မထင်ပါဘူး။

    ဒီဇာတ်ကားမှာတော့ အေဂျေ့ရဲ့ ရိုက်ကူးပြီးသားဇာတ်ကားအားလုံးကို ပြန်ပြီး review ပေးထားတဲ့ပုံစံနဲ့ တွေ့မြင်ရမှာပါ။ ဇာတ်လမ်းမကြည့်ချင်ဘူး အဓိကပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် ကောင်းနိုးရာရာလေးတွေအမြည်းကျွေးထားတာမျိုးပါ။