Author: Admin-501
-

ခမောက်ကြီးမြို့နယ်၌ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီး ၃ ဦး ဖမ်းဆီး ပစ်ခတ်ခံရ
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ ရပ်ရွာအုပ်ချုပ်ရေး၊ ရာအိမ်မှူးနဲ့ ပျူစောထီးခေါင်းဆောင်တို့ကို ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည်ခုခံလို့ဆိုပြီး ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၄ ရက် မနက် ၈ နာရီလောက်က ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ပျူစောထီးခေါင်းဆောင် ဦးအေးစိုးနဲ့ အေးချမ်းသာကျေးရွာက ပျူစောထီး ဦးသက်ဦး တို့ကို ဖမ်းဆီးခဲ့ပြီးနောက် နေ့လယ် ၁၂ နာရီ လောက်မှာ ဖမ်းဆီးထားရာကနေ ထွက်ပြေးတာကြောင့် ၃ ယောက်စလုံးကို လိုက်လံ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံ ကိုလပြည့်က ပြောပါတယ်။ “ဒီသုံးယောက်ကို ဖမ်းဆီးမိပြီးမှ ပြန်လည်ခုခံတယ်ဆိုလို့ ရဲဘော်တွေကနေ ပစ်ခတ် ရှင်းလင်းလိုက်ကြတာပါ။ သက်ဦး ဆိုတဲ့လူမှာ သေနတ်အတို ပါတယ်၊…
-

၁၂ တန်းတွင် ဥပဒေဘာသာရပ် သင်ကြားမည့်အပေါ် ဝေဖန်မှုမြင့်တက်
အထက်တန်းပညာရေး ၁၂ တန်းမှာ ဥပဒေပညာရပ်ကို ထည့်သွင်းသင်ကြားနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင် ဆောင်ရွက်နေတဲ့အပေါ် ပညာရေးအသိုက်အဝန်းနဲ့ ဥပဒေပညာရှင်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက် နေပါတယ်။ အခြေခံပညာအထက်တန်းအဆင့် ၁၂ တန်းမှာ ဥပဒေပညာရပ်ကို ထည့်သွင်းသင်ကြားနိုင်ဖို့ ဆရာ ဆရာမတွေကို သင်ကြားရေး TOT သင်တန်းတွေ စတင်ပေးနေပြီဖြစ်ပြီး ဒီအပေါ်မှာ ပညာရေးအသိုင်းအဝိုင်းနဲ့ ဥပဒေပညာ ရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။ စစ်ကောင်စီက ပေးတဲ့ ဥပဒေပညာရပ်ဟာ ဟန်ပြသာ ဖြစ်နိုင်ပြီး ကျောင်းသားကျောင်းသူတွေကို ဥပဒေနဲ့ပတ်သက်တဲ့အကြောက်တရားတွေသာ သင်ကြားနိုင်ကြောင်း CDM ကျောင်းဆရာ ဆရာနောင်ချိုက ဝေဖန်ပါတယ်။ “စစ်ကောင်စီဘက်ကပြောတဲ့ဥပဒေပညာရပ်ဆိုတာ ဘယ်လိုပုံစံဖြစ်မလဲတော့ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေများတာကတော့ သူတို့ အကြောက်တရားပေါ့ ဘယ်ဟာလုပ်ရင် ဘယ်ပုဒ်မနဲ့ ညှိစွန်းမယ်ဆိုတာမျိုးတွေကို ထည့်ဖို့ပဲ သူတို့လုပ်ကြမယ်ထင်တယ်။ ဆယ်ကျော်သက်တွေကို အဲဒါတွေ…
-

ချောင်းဆိုးရပ်စေဖို့ အိမ်တွင်းကုစားမှု (၇) မျိုး
ချောင်းဆိုးရပ်စေဖို့ အိမ်တွင်းကုစားမှု (၇) မျိုး ချောင်းဆိုးခြင်းဟာ တကယ်ကိုပဲ ကောင်းမွန်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ ချောင်းဆိုးခြင်းဆိုတာ သင့်လည်ချောင်းက သူ့ကို ယားယံစေတဲ့အရာကို အလိုအလျောက်တုံ့ပြန်ရှင်းလင်းတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ချောင်းဆိုးခြင်းက သင့်ကို တစ်ညလုံးအိပ်မရဖြစ်စေနိုင်ကာ ယေဘုယျအားဖြင့် သင့်ကို မသက်မသာဖြစ်စေနိုင်တဲ့အပြင် တစ်ခါတစ်ရံဆို ဘယ်တော့မှ ချောင်းဆိုးမပျောက်တော့ဘူးလားလို့တောင် ခံစားရစေပါတယ်။ ချောင်းဆိုးခြင်းအများစုက ကုသစရာမလိုဘဲ သူ့သာသာ ပျောက်ကင်းသွားကြပေမဲ့ မပျောက်သေးခင်အချိန်အတွင်း ခံစားရသက်သာစေဖို့ သဘာဝဆေးများစွာ ရှိပါတယ်။ ဒါကြောင့် ချောင်းဆိုးသက်သာပျောက်ကင်းစေဖို့အတွက် လူတိုင်းအလွယ်တကူ နေအိမ်မှာ အကုန်ကျသက်သက်သာသာ ကိုယ့်ဘာသာ သဘာဝအတိုင်း ကုစားနိုင်တဲ့ နည်းလမ်းလေးတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ ၁။ ပျားရည်အနည်းငယ် သောက်ပါ ပျားရည်ကြိုက်သူဆိုရင်တော့ ကံကောင်းတာပါပဲ။ ပျားရည်ရောထားတဲ့ သောက်စရာပူပူလေးတွေက ဝေဒနာသက်သာစေနိုင်ကာ ချောင်းဆိုးခြင်းကို သက်တမ်းတိုအချိန်ပိုင်းတွေအတွက် ကုသပေးနိုင်ပါတယ်။ ရေနွေးပူပူလေးတစ်ခွက် ဒါမှမဟုတ်…
-

ပစ္စည်းခိုးသည်ဆိုကာ သားအမိ ၂ ဦးအား နှိပ်စက်ခဲ့သည့် ဆိုင်ရှင်ကို အရေးယူရန် ရဲစခန်းတိုင်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်ထားတဲ့ စတိုးဆိုင်ပိုင်ရှင်က ဆိုင်မှာ စတီးဇလုံဝင်ခိုးတယ်ဆိုပြီး အမျိုးသမီး တယောက်နဲ့ ကလေး တယောက်ကို ဖမ်းဆီးရိုက်နှက်ပြီး လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့အတွက် ဆိုင်ရှင်ကို အရေးယူပေးဖို့ ရပ်ကွက်နေသူတွေက ရဲစခန်းကို တိုင်ကြားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၀ ရက်က သူ့ဆိုင်မှာ စတီးဇလုံး အလုံး ၂၀ ဝင်ခိုးတယ်ဆိုပြီး စတိုးဆိုင်ပိုင်ရှင်က အမျိုးသမီးကြီးနဲ့ ကလေးကို ဖမ်းဆီး ရိုက်နှက်ကာ ဓာတ်တိုင်မှာ ကြိုးတုပ်ထားတာကို လူမှုကွန်ရက်မှာ တင်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “သူခိုးအားပေး မဟုတ်ဘူး။ ပစ္စည်းဝင်ခိုးတယ်၊ မိတယ်၊ ရဲစခန်းကို ပို့လေ။ ကိုယ်ထိလက်ရောက် ဘာလို့ နှိပ်စက်တာလဲ၊ လူမမည်ကလေးကို ကြိုးတုပ်ပြီး ရေနွေးပူနဲ့ လောင်းဖို့အထိ…
-

My First Client
My First Client (2019) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ရုပ်ရှင်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး Reply 1988ထဲက မင်းသား Lee Dong-Hwiနဲ့ အတူ The King’s Affection ထဲက ကလေးသရုပ်ဆောင် Choi Myung-Binတို့ အဓိကပါဝင်ထားတဲ့ မှုခင်းကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ယွန်းဂျောင်ယော့(Lee Dong-Hwi)ဟာ ဆိုးလ်မြို့က ရှေ့နေရုံးတစ်ရုံးမှာ ရှေ့နေအလုပ်ရဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး မြို့ငယ်လေးက လာတဲ့သူ့အတွက်တော့ အလုပ်ရှာရတာ မလွယ်ကူလှပါဘူး။ ဒီအတောအတွင်းမှာပဲ သူဟာ ဇာတိမြို့က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာတစ်ခုမှာ ဆွေးနွေးအကြံပေးသူအဖြစ်နဲ့ ခဏတာ အလုပ်ဝင်လုပ်ရင်းကနေ မိထွေးဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံနေရတဲ့ ဒါဘင်းနဲ့ မင်ဂျွန်ဆိုတဲ့ ကလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကလေးတွေ အနိုင်ကျင့်ခံနေရတာကို သူသိပေမဲ့လည်း ဂျောင်ယော့ဟာ တရားဥပဒေအရ…