ချောင်းဆိုးရပ်စေဖို့ အိမ်တွင်းကုစားမှု (၇) မျိုး

ချောင်းဆိုးခြင်းဟာ တကယ်ကိုပဲ ကောင်းမွန်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ ချောင်းဆိုးခြင်းဆိုတာ သင့်လည်ချောင်းက သူ့ကို ယားယံစေတဲ့အရာကို အလိုအလျောက်တုံ့ပြန်ရှင်းလင်းတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

ချောင်းဆိုးခြင်းက သင့်ကို တစ်ညလုံးအိပ်မရဖြစ်စေနိုင်ကာ ယေဘုယျအားဖြင့် သင့်ကို မသက်မသာဖြစ်စေနိုင်တဲ့အပြင် တစ်ခါတစ်ရံဆို ဘယ်တော့မှ ချောင်းဆိုးမပျောက်တော့ဘူးလားလို့တောင် ခံစားရစေပါတယ်။

ချောင်းဆိုးခြင်းအများစုက ကုသစရာမလိုဘဲ သူ့သာသာ ပျောက်ကင်းသွားကြပေမဲ့ မပျောက်သေးခင်အချိန်အတွင်း ခံစားရသက်သာစေဖို့ သဘာဝဆေးများစွာ ရှိပါတယ်။ ဒါကြောင့် ချောင်းဆိုးသက်သာပျောက်ကင်းစေဖို့အတွက် လူတိုင်းအလွယ်တကူ နေအိမ်မှာ အကုန်ကျသက်သက်သာသာ ကိုယ့်ဘာသာ သဘာဝအတိုင်း ကုစားနိုင်တဲ့ နည်းလမ်းလေးတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျားရည်အနည်းငယ် သောက်ပါ

ပျားရည်ကြိုက်သူဆိုရင်တော့ ကံကောင်းတာပါပဲ။ ပျားရည်ရောထားတဲ့ သောက်စရာပူပူလေးတွေက ဝေဒနာသက်သာစေနိုင်ကာ ချောင်းဆိုးခြင်းကို သက်တမ်းတိုအချိန်ပိုင်းတွေအတွက် ကုသပေးနိုင်ပါတယ်။ ရေနွေးပူပူလေးတစ်ခွက် ဒါမှမဟုတ် လက်ဖက်ရည်ပူပူလေးတစ်ခွက်မှာ ပျားရည်နဲ့ သံပရာ (သံပရာကတော့ အနံ့အတွက် သက်သက်ပါ) ရောပြီး သောက်သုံးပေးပါ။

ပျားရည်ကို ဇွန်းထဲထည့်ပြီး သူ့ချည်းသက်သက် လျှာနဲ့လျက်ပေးတာကလည်း ချောင်းဆိုးသက်သာပျောက်ကင်းစေဖို့

ချောင်းဆိုးသက်သာပျောက်ကင်းစေဖို့အကုန်အကျသက်သာတဲ့ နောက်ထပ်အိမ်တွင်းဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ချောင်းဆိုးနေတဲ့ အသက်နှစ်နှစ်နဲ့အထက် ကလေးတွေကို ညအိပ်ရာဝင်ခါနီး ပျားရည်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းအထိ တိုက်ကျွေးဖို့ Pediatric Clinics of North America ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုက အဆိုပြုထားပါတယ်။ ပျားရည်ဟာ ညအချိန်ချောင်းဆိုးခြင်းကို လျော့နည်းစေရုံသာမက အိပ်ရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ဒါပေမဲ့ အသက် ၁ နှစ်အောက်ကလေးငယ်လေးတွေကိုတော့ ပျားရည်မတိုက်ကျွေးပါနဲ့နော်။ အခန့်မသင့်ရင် အစာဆိပ်သင့်စေနိုင်လို့ပဲဖြစ်ပါတယ်။

၂။ တံတွေးထွက်ခြင်းကိုလှုံ့ဆော်ရန် ငုံဆေးပြားများနှင့် သကြားလုံးအမာတို့ကို စုပ်ပါ

ပါးစပ်ထဲက စိမ့်ထွက်ရည်တွေနဲ့ တံတွေးဟာ ဘယ်လိုချောင်းဆိုးခြင်းမဆိုကို လျော့စေနိုင်ပါတယ်။ ဗီတာမင်စီ၊ ဇင့် စတာတွေ ပါဝင်တဲ့ ငုံဆေးပြားတွေနဲ့ မာကျောတဲ့သကြားလုံးတွေက တံတွေးကို ကူညီနှိုးဆွပေး ဒါမှမဟုတ် ပါးစပ်ထဲမှာ စိမ့်ထွက်ရည်တွေ တိုးများစေဖို့ ကူညီပေးပါတယ်။ ဒီအိမ်တွင်းဆေးကတော့ ချောင်းခြောက်ဆိုးခြင်းအတွက် အထူးအလုပ်ဖြစ်၊ ထိရောက်ပါတယ်။

၃။ သင့်ကိုယ်ခံအားစနစ်တိုးမြှင့်ရန်နှင့် ရေဓာတ်ဖြည့်တင်းရန်အတွက် အရည်များသောက်ပေးပါ

အရည်မျိုးစုံ အထူးသဖြင့် ရေနွေးပူ၊ ကြက်စွပ်ပြုတ်နဲ့ လက်ဖက်ရည်လိုမျိုး ပူပူနွေးနွေးအရည်တွေကို သောက်ခြင်းက ချောင်းဆိုးခြင်းအတွက် နောက်ထပ်ကောင်းမွန်တဲ့အိမ်တွင်းဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ချောင်းဆိုနေသူအတော်များများဟာ ရေဓာတ်ခမ်းခြောက်လေ့ရှိကြပါတယ်။ ရေဓာတ်ဖြည့်တင်းဖို့အတွက်အပြင် အရည်တွေဟာ သင့်ရဲ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ချောင်းဆိုခြင်းကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ရောဂါကူးစက်မှုရင်းမြစ်ကို တိုက်ထုတ်နိုင်ဖို့အတွက်ကိုလည်း ကူညီပေးကာ ချောင်းဆိုးခြင်းနဲ့အတူ အဖြစ်များတဲ့ လည်ချောင်းနာခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

၄။ အာလုပ်ကျင်းခြင်းက ချောင်းဆိုးခြင်းအား မြန်မြန်သက်သာပျောက်ကင်းစေနိုင်သည်

အိမ်မှာ ဆားရှိတယ်ဟုတ်? ရေနွေးနွေးလေးထဲကို ဆားအနည်းငယ်ထည့်ပြီး ၎င်းဆားပျော်ရည်နဲ့ အာလုပ်ကျင်း‌ပေးပါ။ ဒီလိုမျိုးအာလုပ်ကျင်းခြင်းဟာ အသက်ရှူလမ်းကြောင်းအထက်ပိုင်းကူးစက်ရောဂါတွေရဲ့ ရောဂါလက္ခဏာတွေကို အားပျော့စေနိုင်ကာ ၎င်းကူးစက်ရောဂါကို နေရာထပ်မပျံ့လာအောင်ပါ တားဆီးပေးနိုင်ကြောင်း American Journal of Preventive Medicine ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

၅။ ဝမ်းချုပ်ခြင်းကို ‌လျော့ပါးစေပါ

အကယ်၍ သင်က ရေနွေးစိမ်ခြင်း ဒါမှမဟုတ် ရေနွေးနဲ့ရေချိုးခြင်းကို မွေ့လျော်တာကြောင့် သင့်ရဲ့ ချောင်းဆိုးခြင်းနဲ့ ဝမ်းချုပ်ခြင်း သက်သာသွားတာကို သတိပြုမိဖူးတယ်ဆိုရင် ၎င်းဝေဒနာတွေသက်သာလျော့ပါးစေဖို့အတွက် အစိုဓာတ်ရဲ့ တန်ဖိုးကို သင်သိလောက်ပါပြီ။ ဒီရိုးရှင်းတဲ့ချောင်းဆိုးပျောက်ဆေးကို ရေနွေးစိမ်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းနဲ့ humidifier လို့ခေါ်တဲ့ စိုထိုင်းမှုထိန်းစက်ကို အသုံးပြုခြင်းတို့ဖြင့် သင့်အိမ်မှာ ဖန်တီးနိုင်ပါတယ်။

၆။ ချောင်းဆိုးသက်သာစေရန် ကြက်သွန်နီလှီးဖြတ်ပါ

လူအတော်များများဟာ ကြက်သွန်နီ စလှီးတဲ့မိနစ်ပိုင်းမှာတင် မျက်ရည်စထွက်တတ်ကြပါတယ်။ သိပ္ပံနည်းကျတွေ့ရှိချက်တော့ မဟုတ်ပေမဲ့ ကြက်သွန်နီကို လှီးဖြတ်လိုက်လို့ ထွက်လာတဲ့ အငွေ့ပြင်းပြင်းက ချောင်းဆိုးခြင်းကို သက်သာစေတယ်လို့ လူအချို့က ဆိုကြပါတယ်။ အိပ်ရာမဝင်ခင်မှာ ကြက်သွန်နီကို လေးပိုင်းပိုင်းပြီး ပန်းကန်ပြားတစ်ချပ်ပေါ်တင်၍ သင့်အိပ်ရာနံ‌‌ဘေးရှိ စားပွဲပေါ် ထားပါ ဒါမှမဟုတ် အိပ်ရာခြေရင်းမှာ ထားပါ။ ကြက်သွန်နီတွေသုံးခြင်းက ရှေးခေတ်အိမ်ရှင်မတွေရဲ့အပြုအမူနဲ့မခြားဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လည်း စပိန်နဲ့ပြင်သစ်မှာတော့ ယနေ့အထိ အတော်လေးလူကြိုက်များရေပန်းစားတယ်လို့ သိရပါတယ်။

၇။ ချောင်းဆိုးပျောက်ဆေးများ

ဒီအိမ်တွင်းကုစားမှုကတော့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်တွေမှာ ကိုယ့်ဘာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုချက်ရ ချောင်းဆိုးပျောက်ဆေးကို သောက်သုံးခြင်းပဲဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *