Author: Admin-501
-

မိုးကုတ်မှာ ဘာကြောင့် ကြက်ခြံလို ဖူဆယ်ကွင်းလိုအဆောင် အရှည်တွေ အဆောင် ကြီးတွေ လေကြောင်း တိုက်ခိုက်ခံနေရတာလဲ…..?
မိုးကုတ်မှာ ဘာကြောင့် ကြက်ခြံလို ဖူဆယ်ကွင်းလိုအဆောင် အရှည်တွေ အဆောင် ကြီးတွေ လေကြောင်း တိုက်ခိုက်ခံနေရတာလဲ…..? ဖော်ပြထားတဲ့ ပုံတွေကိုကြည့်ပါ… အများစု လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာတွေ အနီးမှာ အဆောက်အဦးအကြီးတွေရှိကြပါတယ် အချို့နေရာတွေကတော့ အားလုံးသိသလိုပဲ ရှိတာသိလို့ လာကျဲတာဟုတ်တယ် ဥပမာ ရွှေလိပ်ပြာလိုနေရာမျိုးတွေ… အခုနောက်ပိုင်း ကြက်ခြံ တွေ ဖူဆယ်ကွင်းတွေ သိသာထင်ရှားတဲ့ အဆောက်အဦးအကြီးတွေ အရှည်တွေ ကို ပစ်မှတ်ထားပီး တိုက်ခိုက်လာနေပါတယ် အဲ့တော့…ဗျာ အဖွဲ့အစည်း မရှိဘူးဆိုရင်တောင် အဆောက်အဦးအကြီးတွေ အဆောက်အဦးတန်းလျားရှည် ပုံစံမျိုးတွေ ရှိတဲ့ နေရာတွေအနီးမှာ ရှိရင် ပိုပြီးတော့ သတိထားကြဖို့ လိုပါတယ် လူယုတ်မာ များက သတင်းမရရင်တောင် ရှိမယ် ထင်တဲ့ နေရာမျိုးတွေကို ရွေးပြီး လေကြောင်းတိုက်ခိုက်နေတာမို့ ငါကတော့ ဝေးတယ် လွတ်တယ်…
-

အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု
M ဆိုင်းလုကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အားတင်းပြီး ကျော်ဖြတ်နေတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု၊ နှစ်သိမ့်ဖေးမမှုတွေနဲ့အတူတူ ဝမ်းနည်းခဲ့သလို ဝမ်းသာခြင်းတွေလည်းခံစားခဲ့ရတာပါ။ သို့ပေမယ့်လည်း အနုပညာရှင်တစ်ဦးဖြစ်တာမို့ သူမရဲ့ ဖြစ်ပေါ်လာတဲ့ မျက်နှာအခြေအနေအပေါ် ဝမ်းနည်းမျက်ရည်ကျစွာ ခံစားခဲ့ရတာဖြစ်ပါတယ်။ မီးပိုးကောင်ကြောင့် ဘဝကို အရှုံးပေးရမလိုဖြစ်ခဲ့ပေမယ့် အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု
-
ကာကင်းစခန်း ၂ ခုကို AA နှင့်မဟာမိတ်များ ထပ်မံသိမ်းပိုက်
ကာကင်းစခန်း ၂ ခုကို AA နှင့်မဟာမိတ်များ ထပ်မံသိမ်းပိုက်၍ ကပစ ၁၆ အနီး ၄ မိုင်ဝန်းကျင်သို့ ရောက်ရှိ ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးရှိ ကပစ ၁၆ ၏ အဓိကပွိုင့်ကုန်းနှင့် ကာကင်းစခန်းများ အသိမ်းခံလိုက်ရသည့်အတွက် ယင်းစခန်းများကို ပြန်လည်ရယူရန် စစ်ကော်မရှင်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်း သိရသည်။ စစ်ကော်မရှင်က ၆၆၆ ပွိုင့်ကုန်းကို ပြန်လည်ရယူရန်အတွက် မြေပြင်ထိုးစစ်များအပြင် လက်နက်ကြီး ပစ်ကူ လေကြောင်းပစ်ကူများဖြင့် စစ်ကြောင်းထိုးလာရာ ပွိုင့်ကုန်းနှင့် မိုင်ဝက်ခန့်အကွာတွင် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “၂၃ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတော့ လေယာဉ်မျိုးစုံသုံးပြီး ၁၀ ကြိမ်လောက်ကို ဗုံးလာကြဲတယ်။ အဲဒီကြားထဲက ကာကင်းစခန်းနှစ်ခုကို AA က ထပ်သိမ်းလိုက်တယ်လို့ သိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ AA…
-

ကျားဖြန့်ယူဆရသူ လေးယောက် သောင်ရင်းမြစ်ထဲ ရေနစ်သေဆုံး
မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို သောင်ရင်းမြစ်ကူးပြီး ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ ကျားဖြန့်လုပ်ကိုင်တယ်လို့ ယူဆရတဲ့နိုင်ငံခြားသားလေးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြဝတီ ဒေသခံတွေဆီက သိရပါတယ်။ သောင်ရင်းမြစ်အတွင်း ရုပ်အလောင်းတွေမျောနေတာကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ဒေသခံတွေက မြင်တွေ့ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” အရင်ရက်ကတည်းကသေတာဖြစ်လောက်မယ်။အရင်ရက် KK Park ကိုတပ်ကဝင်စီးတော့ ထိုင်းဘက်ကိုကမ်းကူးပြေးရင်းရေနစ်သေတာဖြစ်ဖို့များတယ်။တယောက်ဆိုရင် တက်တူးအပြည့်ရှိတာတွေ့ရတယ်။ဘယ်နိုင်ငံကလူတွေလည်းဆိုတာတော့မသိဘူး။ဒီတိုင်းမျောနေတာပဲတွေ့ရတယ်။ ကျားဖြန့်သမားတွေမြဝတီမှာအလုပ်ဖြစ်နေတယ်။ဖုန်းတွေအလုအယက်ရောင်းနေကြတယ်။” လို့ မြို့ခံတယောက်ကပြောပါတယ်။ သောင်ရင်းမြစ်အတွင်း ရေနစ်သေဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဒေသခံတွေအနေနဲ့ မသိရှိရဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ မြဝတီမြို့ကို ထွက်ပြေးလာတဲ့ ကျားဖြန့်သမားတွေထဲကနေ သောင်ရင်းမြစ်ကူးပြီး ထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားတဲ့ နိုင်ငံခြားသား ကျားဖြန့်သမား ၁၀၀၀ ကျော်အထိရှိပြီး မြဝတီမြို့မှာလည်းသက်ဆိုင်ရာကနေပြီး ကျားဖြန့်သမားအချို့ကို ခေါ်ယူထိန်းသိမ်းမှုပြုလုပ်နေတယ်လို့သိရပါတယ်။ အခုထိ မြဝတီမြို့ပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ နိုင်ငံခြားသား ကျားဖြန့်သမားတွေရှိနေသေးကြောင်း ၊…
-

The Hand That Rocks the Cradle
The Hand That Rocks the Cradle (2025) ၁၉၉၂ခုနှစ်က ထွက်ခဲ့တဲ့ နာမည်တူရုပ်ရှင်အပေါ် မှီငြမ်းပြီး ပုံစံတစ်မျိုးနဲ့ဆန်းသစ်ထားတဲ့ မှုခင်းဇာတ်လမ်း Crime Thrillerအမျိုးအစားပါ။ ပိုလီ (Maika Monroe)ဆိုတဲ့ ကလေးထိန်းမလေးတစ်ယောက်က အခမဲ့ဥပဒေအကြံပေးပွဲမှာ ကိတ်တလင်း(Mary Elizabeth Winstead)ဆိုတဲ့ ရှေ့နေအမျိုးသမီးနဲ့ ပထမဆုံးဆုံခဲ့ကြတယ်။ အဲဒီအချိန်က ရှေ့နေကိတ်တလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ပေါ့။ ကလေးလေး လသားအရွယ်မှာ သူတို့ဒုတိယအကြိမ် မထင်မှတ်ပဲ ထပ်ဆုံခဲ့ကြတယ်။ ဒီတစ်ခါတော့ ကလေးထိန်းပိုလီက လိုအပ်ရင်သူ့ကို ခေါ်လို့ရကြောင်း ကမ်းလှမ်းခဲ့တယ်။ အစပိုင်းမှာတော့ စိတ်သဘောထားချင်းလည်းတိုက်ဆိုင် ပြောရဆိုရတာရောအဆင်ပြေနေခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ကိတ်တလင်းဟာ ပိုလီရဲ့လုပ်ရပ်တွေကို သံသယဝင်လာမိတယ်။ ပထမကလေးကို မွေးဖွားပြီးချိန်တုန်းက မီးဖွားပြီးစ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ စိတ်ပင်ပန်းတဲ့ရောဂါကို ခံစားဖူးတဲ့ကိတ်တလင်းက သူ့ရဲ့သံသယတွေဟာ ထင်ယောင်ထင်မှားလား အမှန်တရားလားဆိုတာကို သိရဖို့ဖြစ်လာပါတော့တယ်။