Author: Baby Yit Lone
-

မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား
မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြင်းခြံမြို့နှင့် နွားထိုကြီးမြို့အကြားသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအထိ တနေကုန် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၇ ဦး ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ…
-

နီပါဗိုင်းရပ်စ် (Nipah Virus)၏ ရှေ့ပြေးလက္ခဏာများနှင့် စစ်ဆေးအတည်ပြုခြင်း
🔴 နီပါဗိုင်းရပ်စ် (Nipah Virus)၏ ရှေ့ပြေးလက္ခဏာများနှင့် စစ်ဆေးအတည်ပြုခြင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်အတွင်း နီပါးဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာခြင်းကြောင့် လူထုအတွင်း စိုးရိမ်ပူပန်မှုများ ရှိနေပါသည်။ ကာကွယ်ဆေးမရှိသေးသော ဗိုင်းရပ်စ်အကြောင်း ကြားရသည့်အခါ ကြောက်ရွံ့ခြင်းမှာ သဘာဝဖြစ်သော်လည်း၊ ကြိုတင်သိရှိနားလည် ထားခြင်းဖြင့် ဤအန္တရာယ်ကို ကာကွယ်နိုင်မည် ဖြစ်သည်။ ⚠️ အဓိကမှတ်သားရန်အချက်များ ▫️ နီပါးဗိုင်းရပ်စ်၏ ရှေ့ပြေးလက္ခဏာများသည် သာမန်တုပ်ကွေးနှင့် ဆင်တူသော်လည်း လျင်မြန်စွာပင် ပြင်းထန်သော ဦးနှောက်ရောင်ခြင်း (Encephalitis) အဆင့်သို့ ရောက်ရှိသွားနိုင်သည်။ ▫️ ရောဂါပိုးကို စစ်ဆေးရာတွင် သာမန်သွေးစစ်ချက်ဖြင့် မရနိုင်ဘဲ အထူးပြုလုပ်ထားသော RT-PCR စစ်ဆေးမှုများ လိုအပ်သည်။ ▫️လက်ရှိတွင် သီးသန့်ကုသဆေး မရှိသေးသဖြင့် ရောဂါလက္ခဏာပြသည်နှင့် ချက်ချင်းသီးသန့်ခွဲထားပြီး လိုအပ်သော ထောက်ပံ့ကုသမှုများ (Supportive Care) ကို…
-

ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည် ဥပဒေအတိုင်း ဆက်ရှိမယ်လို့ စစ်ကော်မရှင်ပြော
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ အလွန်ကာလတွေမှာလည်း ဥပဒေ အတိုင်းပဲ ဆက်ဖြစ်မယ်လို့ စစ်ကော်မရှင်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။ ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေ ဖမ်းမိတာနဲ့ပတ်သက်လို့ စစ်တပ်က နိုင်ငံတကာသံရုံး တာဝန်ရှိသူတွေ၊ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို သွားရောက်ပြသပြီးနောက် ပြင်ဦးလွင်လေဆိပ်က မထွက်ခွာမှီ မီဒီယာတစ်ချို့ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။ “ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုက နိုင်ငံရေးအမှုဆိုတာထက် ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ဟာတွေ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတို့ ဘာတို့နဲ့ပတ်သက်ပြီး စွဲဆိုခံထားရတာဖြစ်ပါတယ်။ စွဲဆိုခံထားရတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေ ပြောမယ်ဆိုရင်တော့ တရားဥပဒေအတိုင်းပဲ ဆက်ဖြစ်ပါမယ်” လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းကြောင်းနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း အမြဲမပြတ်ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ လက်ရှိကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတက်လာပြီးရင် နိုင်ငံရေးထွက်ပေါက်တွေထဲက…
-

The Headless General Who Stole the Book of Heaven
The Headless General Who Stole the Book of Heaven (2023) ဒဏ္ဍာရီအရ ချဲ့ထျန်းမျိုးနွယ်စုဟာ ငရဲပြည်က တစ္ဆေတံခါးကို ဖွင့်ခဲ့ပြီးချဲ့ထျန်းလျှို့ဝှက်ပညာကို ကျင့်ကြံခဲ့တယ်။ အဲဒီပညာရဲ့ လျှို့ဝှက်ချက်တွေကို ချဲ့ထျန်းစာအုပ်မှာ မှတ်တမ်းတင်ထားတယ်တဲ့။ အားဂူလိဦးဆောင်တဲ့ဝံပုလွေတပ်ကြီးဟာ ချဲ့ထျန်းမျိုးနွယ်ရဲ့ နဂါးသွေးကြောရတနာနဲ့မိန်းမလှလေး ရှီထျန်းကျောင်းကို လိုချင်တဲ့အတွက် ကျွိလန်မြို့ကိုအပိုင်သိမ်းချင်နေကြပါတယ်။ မြို့စောင့်စစ်သူကြီးရှီဝမ့်ဖူးဟာရန်သူအင်အားကို မနိုင်တဲ့အတွက် မြို့ထဲကပြည်သူတွေနဲ့ သူ့သမီးကိုကယ်တင်ဖို့အတွက် ရှောင်းပုဖျင်နဲ့ ပူးပေါင်းပြီး ချဲ့ထျန်းစာအုပ်ထဲမှာမှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပညာတွေကို အသုံးချပြီး ကျွိလန်မြို့ကို တစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ကျိန်စာ ၇ ခုကိုလည်း ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီး တစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဝံပုလွေတပ်တွေကလည်းရှီဝမ့်ဖူးကို သေပြီအထင်နဲ့ မြို့ထဲကို ဝင်လာခဲ့ပါတယ်။ မထင်ထားဘဲ မြို့ထဲမှာ နိမိတ်ဆိုးတွေ ဆက်တိုက်ပြပြီးဝံပုလွေတပ်က စစ်သူကြီးတို့လည်း ဆက်တိုက်အသေဆိုးနဲ့ သေခဲ့ရပါတယ်။…
-

The Legend of Jade Sword
The Legend of Jade Sword (2020) ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ကျိယိချွမ်းအနေနဲ့ မင်းသား(Jiang Qi Lin) ၊ယွိချီရွှယ်အနေနဲ့ မင်းသမီး(Tang Jing Mei) တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Legend of Jade Sword (2020)ဆိုတဲ့Movieလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သုံးလောကဘုံမှာ ရက်စက်ကြမ်းတမ်းနေတဲ့နတ်ဧရာဇ်ကြီးဝူကျန့်ကို နွီဝါးမယ်တော်က ချိတ်စည်းပိတ်ထိန်းသိမ်းလိုက်ပြီးကျိမျိုးနွယ်နဲ့ ယွိချီမျိုးနွယ်ကို စောင့်ကြည့်ထားစေခဲ့တယ်။ ဒါပေမယ့် နတ်ဧရာဇ်ရဲ့ မျိုးဆက်ဖြစ်တဲ့ ရှောက်ယန်ဘုရင်က ချိတ်စည်းကို ဖယ်ရှားဖို့ကြိုးပမ်းနေခဲ့ပြီး မျိုးနွယ်စုကြားပဋိပက္ခတွေလည်း ထိန်းမရနိုင်အောင်ဖြစ်ခဲ့တယ်။ ကျိမျိုးနွယ်စုဝင်ဖြစ်တဲ့ ကျိယိချွမ်းက မျိုးနွယ်စုအတွက် မကောင်းဆိုးဝါးကို ဖမ်းပေးပြီးရင် ဆရာတူညီမလေးဖြစ်တဲ့ယွိချီရွှယ်နဲ့ လွတ်လပ်တဲ့ကောင်းကင်ဘုံရတနာမြေဆီထွက်ခွာဖို့လုပ်ခဲ့ကြတယ် မကောင်းဆိုးဝါးဖမ်းဆီးရာကနေ သူတို့တွေ ဘယ်လိုအဖြစ်အပျက်တွေကြုံတွေ့ရမလဲ … သူတို့တွေ ကောင်းကင်ဘုံရတနာမြေဆီသွားတဲ့ခရီးလမ်းမှာဘယ်တွေဖြစ်ကြဦးမလဲ…. နတ်ဧကရာဇ်ကြီးရဲ့ မျိုးဆက်ရဲ့ အကြံအစည်ကရော…