Author: Baby Yit Lone
-

ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ
ဟိုပုံးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ စစ်မှုထမ်းလူသစ်များကို လေ့ကျင်သင်ကြားပေးသည့် စစ်ကောင်စီ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် ရှမ်းတောင်၊ ဟိုပုံးမြို့မှာရှိတဲ့ စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးက ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ထားရာ ၎င်းလက်အောက်ရှိ စစ်တပ်အရာရှိငယ်အချို့က ကျောင်းအုပ်ကြီးရောင်းသည့် စမူဆာကို စစ်မှုထမ်းသင်တန်းသားများထံ လိုက်လံရောင်းချပေးနေရကြောင်း ဟိုပုံးကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ကျောင်းအတွင်း စစ်မှုထမ်းသင်တန်းသားများ၏ လစာထဲမှ အားကစားဝတ်စုံ၊ အဝတ်အစား၊ ပေါက်တူး၊ ရေချိုးစီးဖိနပ်စသည့် ပစ္စည်းများ အကြောင်းပြကာ ဖြတ်တောက်နေသည့်အပြင် ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ပြီး ပေါင်မုန့်ကြက်ဥကြော်၊ ဂျုံလုံးကြော်စသည်တို့ကို မဝယ်မနေရ ရောင်းချကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ကျောင်းအုပ်ကြီး စမူဆာ၊ ကျောင်းအုပ်ကြီး ပေါင်မုန့်ကြက်ဥကြော်၊…
-

နာရေးအိမ်ကို စစ်တပ်ဗုံးကြဲ
ဗန်းမော်မှာ နာရေးအိမ်ကို စစ်တပ်ဗုံးကြဲပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး အများအပြားဒဏ်ရာရ ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆုတောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ ဦးမနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ကောင်ဂျာရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာ ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းပြုလုပ်နေတဲ့ဆုတောင်းပွဲကို ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ စစ်တပ်ကဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်တွေကပြောပါတယ်။ “ဗန်းမော်နယ်ကိုဒီနေ့၄ကြိမ် ဗုံးကြဲတာပါ။ထီလင်းကျောင်းရှေ့မှာက ဒေသခံတွေ ဆုတောင်းပေးလုပ်နေတာ။အဲဒီနေရာကိုကြဲသွားတာ။ ရုပ်အလောင်း တချို့တစ်စစီပဲ။ သေဆုံးတာ ၂၀ထက် မနည်းပါဘူး။ စိစစ်နေဆဲပါပဲ”လို့ ၎င်းကပြောပါတယ်။ ဒါအပြင်ဒဏ်ရာရသူအရေအတွက်လည်းများပြားပြီး အရေးပေါ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ဒေသခံအချို့ပြောပါတယ်။ ဗန်းမော်မြို့ပေါ်မှာတိုက်ပွဲပြင်းထန်နေပေမယ့် စစ်ကောင်စီဗုံးကြဲတဲ့ကောင်ဂျာကျေးရွာအုပ်စုမှာ တိုက်ပွဲလုံးဝရှိမနေဘူးလို့ ဆိုပါတယ်။ ကျေးရွာမှာဒေသခံတွေအပြင် စစ်ဘေးရှောင်ပြည်သူတွေလာရောက်ခိုလှုံနေကြတာလည်းရှိတယ်လို့သိရပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထံလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီ ဗုံးကြဲတဲ့နေရာဟာဒေသခံတစ်ဦးကွယ်လွန်လို့ မနက်ဖြန်မှာ…
-

အိုင်စီဂျေက ဘုန်းကြီးအမှု ရွာပတ်ခြင်း
ဘုန်းကြီးအမှု ရွာပတ် ဆိုသည့် စကားရှိသည်။ မြန်မာ့လူနေမှု ဓလေ့တွင် ဘုန်းကြီးသည် တိုက်ရိုက် အာဏာမရှိစေကာမှု ရပ်ရွာတခု၏ ဥသျှောင် သို့မဟုတ် ဩဇာလွှမ်းမိုးသူ ဖြစ်သည်။ ထိုဘုန်းကြီး ပြဿနာတခုခု ဖြစ်လျှင် ရပ်ရွာအတွင်း နေထိုင်သူမှန်သမျှ တိုက်ရိုက်ဆိုင်ဆိုင် မဆိုင်ဆိုင် ပါဝင်ပတ်ရသည့် သဘောကို စကားပုံက ရည်ညွှန်းလိုဟန်ရှိသည်။ ယခုခေတ်တွင်တော့ ကိုယ်လည်း ဘာမှမလုပ်လိုက်ရ၊ မသိလိုက်ရပါဘဲ တယောက်ယောက်၏ အရှုပ်ထုပ် ပြဿနာထဲ ဝင်ပါနေသည့်အခါ ဘုန်းကြီးအမှု ရွာပတ်ဟု ငြီးတွားတတ်ကြသည်။ ယခု အိုင်စီဂျေက အမှုသည်လည်း မြန်မာနိုင်ငံသူအများအဖို့ ဘုန်းကြီးအမှု ရွာပတ်ခြင်း သက်သက်သာ ဖြစ်လေသည်။ ပြည်သူ့ မေးခွန်း လွန်ခဲ့သည့် ၂၀၁၆-၁၇ ခုနှစ်က မွှေးလိုက်သော မီးသည် ထပ်တလဲလဲ ပွဲဆူစေခဲ့ပြီးသား ဖြစ်သည်။ ယခုလည်း…
-
အောင်ဇမ္ဗူ ဖြစ်စဉ်ကနေ မြန်မာ့အနုပညာလောကတခုလုံးကို သတိပေးလိုက်တဲ့ အချက်ပေး ခေါင်းလောင်းသံ
အောင်ဇမ္ဗူ ဖြစ်စဉ်ကနေ မြန်မာ့အနုပညာလောကတခုလုံးကို သတိပေးလိုက်တဲ့ အချက်ပေး ခေါင်းလောင်းသံ ဇာတ်မင်းသား အောင်ဇမ္ဗူနဲ့ လူပြက်အဖွဲ့ကတော့ ပရိသတ်ကို တရားဝင် တောင်းပန်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေမှာ စကားတခွန်း ရှိပါတယ်။ “ကျွန်တော်၊ ကျွန်မ မသိလို့ ဥပဒေကို ချိုးဖောက်မိပါတယ်” ဆိုပေမယ့်လည်း ဥပဒေအရတော့ အပြစ်ပေးခံရမှာပါပဲ။ မြန်မာ့အနုပညာလောက အထူးသဖြင့် ပရိသတ်နဲ့ အများဆုံး ထိတွေ့ရတဲ့ ရုပ်ရှင်နဲ့ ဇာတ်သဘင်လောကမှာ တဖက်သားကို ချိုးနှိမ်ပြီး ဟာသလုပ်နေကြတာဟာ နှစ်ပေါင်း များစွာရှိပါပြီ။ အဝလွန်တဲ့သူ၊ အသားမည်းတဲ့သူ၊ သွားခေါတဲ့သူ၊ အရပ်ပုတဲ့သူ၊ စကားမပီတဲ့သူ၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်သည် စသဖြင့် ခန္ဓာကိုယ် ထူးခြားတဲ့သူတွေကို ပြင်းပြင်းထန်ထန် ဟာသ လုပ်ခဲ့ကြပါတယ်။ ဒီလိုဟာသမျိုးကိုမှ နှစ်ခြိုက်တဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။ ဒါပေမယ့်…
-

ဗိုလ်မှူးချုပ် သန့်ထင်စိုး ခြစားမှု၊ တရားမဝင်စီးပွားရှာမှု၊ တပ်တွင်း အနိုင်ကျင့်မှုများ ကျူးလွန်သော်လည်း အရေးယူမှုမရှိ
MNDAA စစ်သုံ့ပန်းဘ၀မှ ဟိုပုန်းကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ဖြစ်လာသူ ဗိုလ်မှူးချုပ် သန့်ထင်စိုး ခြစားမှု၊ တရားမဝင်စီးပွားရှာမှု၊ တပ်တွင်း အနိုင်ကျင့်မှုများ ကျူးလွန်သော်လည်း အရေးယူမှုမရှိ မင်းအောင်လှိုင်ကို ကစထမှူးဘ၀တွင် သူရှာကျွေးခဲ့၍ ကြိုက်ရာတိုင်နိုင်ဟုဆို ကိုးကန့် MNDAA ၏ စစ်သုံ့ပန်းဘ၀မှ လွတ်မြောက်ပြီး ဟိုပုန်းကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ဖြစ်လာသော ဗိုလ်မှူးချုပ် သန့်ထင်စိုး လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင်စီးပွားရှာမှု၊ တပ်တွင်း အနိုင်ကျင့်မှုများ အကြီးအကျယ် ကျူးလွန်သော်လည်း အရေးယူမှုမရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းအခြေစိုက် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း၊ ကျောင်းအုပ်ကြီးဖြစ်ချိန်မှစတင်ပြီး လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင်စီးပွားရှာမှု၊…