Author: Baby Yit Lone
-

ဖုန်းဆိုင်မှာ ခြိမ်းခြောက်တဲ့ တပ်ကြပ်ကြီးဆိုသူ ဖမ်းဆီးခံရ
စစ်တပ်ကြပ် အစစ်မဟုတ်ဘူးလို့ စစ်လော်ဘီတွေက သတင်းဖြန့် မန္တလေးတိုင်း၊ မေမြို့က ဖုန်းဆိုင်တဆိုင်မှာ ဝန်ထမ်းတွေကို “ တစ်ဆိုင်လုံးကို PDF တွေပါဆိုပြီး ဖမ်းပြီး ဆွဲထည့်ထားလို့ရတယ်” လို့ ခြိမ်းခြောက်ခဲ့သူ စစ်အုပ်စု တပ်ကြပ်ကြီးအဆင့် စိုးဝင်း ဆိုသူကို စစ်အုပ်စုက ဖမ်းဆီးလိုက်ပါတယ်။ ဒီလူဟာ စစ်သားအယောင်ဆောင် ဖြစ်တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။ အွန်လိုင်းပေါ်ပျံ့နှံ့လာတဲ့ CCTV မှတ်တမ်းအရ ထိုလူဟာ တပ်ကြပ်ကြီးဖြစ်ကြောင်း အော်ဟစ်ခြိမ်းခြောက်နေတာကြောင့် ဒီလိုအမူအကျင့်ကို စစ်အုပ်စု စစ်စစ်တွေကသာ လုပ်လေ့ရှိပြီး စစ်တပ်နဲ့ ရင်းနှီးဆက်စပ်မှု မရှိသူတွေကတော့ လုပ်မှာမဟုတ်ဘူး လို့ ဖေ့ဘုတ်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပေးပါတယ်။ စစ်လော်ဘီတွေကတော့ CCTV ကိုမျှဝေတဲ့ Thi Ha ဖုန်းဆိုင်ကိုပါ ဖမ်းဖို့ စစ်တပ်ကို လှုံဆော်နေပြီး ဒါဟာ…
-

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းနောက်ကွယ်
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းနောက်ကွယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြံအစည်က ဘာလဲ ” လွန်ခဲ့တဲ့နှစ်က ဒေါက်တာဇော်မြင့်မောင် ထောင်ထဲမှာ ကျန်းမာရေးမကောင်းဘူး ဆိုတဲ့ သတင်း အပြင်ထွက်လာတယ် ။ သတင်းတွေထွက်လာပြီး မကြာခင်မှာ ဒေါက်တာဇော်မြင့်မောင်ကို လွှတ်ပေးလိုက်တယ်။ ရက်ပိုင်းမှာတင် ဆုံးသွားတယ်။ ပြီးတော့ စာရေးဆရာ မောင်သာချိုကို လွှတ်ပေးလိုက်တယ်။ သိပ်မကြာခင်မှာ ဆုံးသွားတယ်။ ဆရာမောင်သာချိုဟာ အာဏာမသိမ်းခင်က ကျန်းမာရေး ဒေါင်ဒေါင်မြည်သူတစ်ယောက်ပါ။ မြန်မာပြည်သူတွေကို ဉာဏ်အလင်းတံခါးဖွင့်ပေးတဲ့ စာပေဟောပြောပွဲတွေမှာ ဟောပြောနေရင်း အာဏာသိမ်းချိန်မှာ အဖမ်းခံခဲ့ရတာပါ။ ဆရာမောင်သာချို လွတ်လာချိန်မှာ ကျန်းမာရေးက မျှော်လင့်ချက်မရှိတော့ဘူးလို့ ဆရာမောင်သာချိုနဲ့ ရင်းနှီးသူတွေက ကျွန်တော့်ကို ပြောပြပါတယ်။ အမေစု နှလုံးရောဂါ ခံစားနေရပြီး စိုးရိမ်ဖွယ်အခြေအနေမှာ ရှိနေတယ် ဆိုတဲ့ သတင်းဟာ အမေစုရဲ့သားငယ် ကင်မ်အဲရစ်က နိုင်ငံတကာသတင်းဌာနတွေကို…
-

VPN အသုံးပြုလို့မရတဲ့ ပြဿနာ
ပြည်တွင်းမှာလူသုံးများတဲ့ VPN အချို့ချိတ်ဆက်မရမှုတွေ ပြန်လည်ဖြစ်ပွား ယခုရက်ပိုင်းအတွင်းပြည်တွင်းမှာလူသုံးများတဲ့ VPN တွေချိတ်မရတဲ့ပြဿနာဖြစ်ပေါ်နေပြီးဒါဟာအချို့ သော VPN တွေအနေနဲ့ပိတ်ပင်ခံရတာဖြစ်နိုင်တယ်လို့နည်းပညာကျွမ်း ကျင်သူတွေက သုံးသပ် ပြောပြပါတယ်။ Facebook မှာ VPN ချိတ်မရပေမယ့်အခြားသော TikTok,YouTube တို့ကဲ့သို့သော Social လူမှုကွန်ရက်တွေကတော့လွယ်လွယ်ကူကူအသုံး ပြုလို့ရနေသေးတယ်လို့လူမှု့ကွန် ရက်အသုံးပြုသူ User တွေကပြောပါတယ်။ “VPN ချိတ်မရဘူးဆိုတာကလူသုံးများတဲ့ VPN တွေပါ။လူအရမ်းအ သုံးများတဲ့ VPN တွေပေါ့လေ၊ဒါတွေကလူသုံးတာအရမ်းများလာတဲ့အခါပိတ်သွားတာမျိုးဖြစ်တတ်တယ်။တချို့ VPN တွေဆိုအပြီးပိတ်သွားတာမျိုးသုံးမရတာမျိုးရှိတတ်ပါတယ်။ ဒါပေမဲ့ Free VPN တွေကအများကြီးရှိတော့ တခုမရတခုချိတ်သုံးကြည့်ရမှာပါ။ VPN အား လုံးကိုလိုက်ပိတ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ VPN အမျိုးအစားပေါင်းများစွာရှိနေပါတယ်”လို့ မြန်မာနိုင်ငံသားအိုင်တီနည်းပညာရှင်တယောက်က ပြောပါတယ်။ အခုလို VPN အများစုကိုအသုံးပြုလို့မရတာ VPN တွေအပိတ်ခံရတာဟာသိပ်စိုးရိမ်စရာမလိုဘဲ၊Google နဲ့ Play Store တွေမှာ…
-

နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။ အဆိုပါ မကျီးပင်ဂိတ်အထိုင်စခန်းကို စစ်တပ်က စွန့်ခွာသွားပြီးနောက် စက်တက်ဘာလ ၅ ရက်နေ့၊ မနက် ၁ နာရီအချိန်မှာ တပ်ရင်း (၃၈၀၁) က ဒုရင်းမှူးဦးဆောင်ကာ တပ်ခွဲ (၂)၊ (၄)၊ (၆) တို့ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ “သူတို့ထွက်ပြေးတာကတော့ မနက်အစောကြီး ၁နာရီထိုးလောက် ပြေးသွားကြတယ်။ ကျနော်တို့က မနက်မိုးလင်းတာနဲ့ တန်းပြီးတော့ ရှင်းလင်းရေးလုပ်တာ” လို့ မြေပြင်ရဲဘော်တစ်ယောက်က မောင်းကို ပြောပါတယ်။ အဆိုပါ မကျီးပင်ဂိတ် အထိုင်စခန်းကို နယ်မြေရှင်းလင်းပြီးတဲ့နောက် ဆန် ၁အိတ်၊ ပဲ ၂အိတ်၊ ကျည်…
-

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ဟု စစ်ကောင်စီ ပြော
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ ဆိုးဝါးနေတဲ့အတွက် အထူးကုဆရာဝန်နဲ့ တွေ့ခွင့်မရတဲ့သတင်းနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ စက်တင်ဘာ ၆ ရက်က စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အပြန် နေပြည်တော်လေဆိပ်ကို ရောက်တဲ့အချိန်မှာ စစ်တပ်ဩဇာခံ မီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို မေးမြန်းတာမှာ အခုလို ဖြေတာဖြစ်ပါတယ်။ စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံကို ရောက်နေတဲ့အချိန်မှာ အချိန်ကိုက်ပဲ။ မီဒီယာတွေ အတော်တော်များများမှာ မြန်မာ့ခေါင်းဆောင် တက်ရောက်တယ်၊ မြန်မာ့ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေပေါ့လေ ပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ ဟိုဘက်က ဒီသတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့ သတင်းတခုကို ထုတ်လိုက်တာ ဖြစ်ပါတယ်။ သို့သော် သူတို့ ပြောတဲ့ဟာသည် မအောင်မြင်ပါဘူး။ ဒီသတင်းကို…