Author: Baby Yit Lone
-

မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ‘ဆန်ပြုတ်သောက်ရန်’ နေပြည်တော်သို့ ခေါ်ယူခံရ
ဗန်းမော်တွင် စစ်ရှုံးနိမ့်မှုများကြောင့် မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ‘ဆန်ပြုတ်သောက်ရန်’ နေပြည်တော်သို့ ခေါ်ယူခံရ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်အရှိန်ကြောင့် စစ်ကော်မရှင် တပ်များ အရေးနိမ့်နေပြီး တပ်စခန်းများ ဆက်တိုက်လက်လွှတ်နေရသည့်အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အဝင်ရှိ အရေးပါသော ထောက်ပို့တပ် (ထပရ – ၉၃၃) ၏ ခြေကုတ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် KIA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်များ တပ်ဆုတ် ထွက်ပြေးရမှုများ ပိုမိုများပြားလာခြင်း ဖြစ်သည်။ ယခုအခါ ဗန်းမော်နည်းပညာတက္ကသိုလ်၊ ထပရ-၉၃၃ နှင့်…
-

ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်
ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ် ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော ရုရှားဘလော့ဂါ ဂျော်ဂျီယာဒီဇူကိုအက်ဗ်ကို ထိုင်းအာဏာပိုင်များက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်လာကာ ထိုထောင်ဒဏ်တွင် ထိုင်းထောင်အတွင်း တစ်နှစ်သာ နေရပြီးနောက် ရုရှားသို့ ပြန်ပို့ပြီး ထိုင်းနိုင်ငံသို့ နောက်တစ်ကြိမ် ၉၉ နှစ်ကြာ ဝင်ခွင့်ပိတ်သည့် ပြစ်ဒဏ် ချထားကြောင်း သိရသည်။ အသက် ၂၃ နှစ်သာရှိသေးသော ဂျော်ဂျီယာသည် ဘားဆိုင်မှ ၄၂ နှစ်အရွယ် ထိုင်းအမျိုးသမီးအား စတာလင်ပေါင် ၂၃ ပေါင်နှင့် ညီမျှသည့် ဘတ် ၁၀၀၀ ပေးကာ ဗီဒီယိုကို…
-

အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ဝင်ရောက်လာချိန် အီရန် ခံစစ်ပြင်
အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်း ဦးဆောင်တဲ့ သင်္ဘောအုပ်စုဟာ အီရန်ကို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်း ရောက်ရှိလာပါပြီ။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက တိုက်ခိုက်မှုလိုမျိုး နျူကလီးယား စက်ရုံတွေကို ပစ်မှတ်ထားမှာမဟုတ်ဘဲ အီရန်အစိုးရကို ဖြုတ်ချဖို့ ပူးတွဲတိုက်ခိုက်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ပဲ့ထိန်းဒုံးကျည်ပစ် ဖျက်သင်္ဘောတွေဟာ နေရာအတိအကျ မယူရသေးပေမယ့် အီရန်ကို ပစ်ခတ်နိုင်တဲ့ အကွာအဝေးမှာ ရှိနေပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ငွေကြေးဖောင်းပွမှု ၆၀ ရာခိုင်နှုန်းအထိ ရှိလာပြီး ဇန်နဝါရီ ၂၆ ရက်မှာတော့ စတော့ဈေးကွက် စံချိန်တင် ကျဆင်းခဲ့ပါတယ်။ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီက အမေရိကန်ဟာ ပြည်တွင်းစည်းလုံးမှုကို ဖြိုခွဲဖို့ ကြိုးစားနေပြီး “တိုင်းပြည်ကို အရေးပေါ်အခြေအနေအဖြစ် ပုံဖော်တာဟာ စစ်မက်ပြုတာတမျိုးဖြစ်တယ်” လို့ ဝေဖန်ပါတယ်။…
-

ကောင်းကင်ယံမှာ လေထီးခုန်ရင်း အချစ်နယ်ကျွံတဲ့စုံတွဲ
“အချစ်ဆိုတာ ကောင်းကင်ထက်မြင့်တယ်” ဆိုတဲ့စကားကို ဒီစုံတွဲကတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြပုံရပါတယ်။ ၂၀၁၄ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ယနေ့ချိန်ထိ အွန်လိုင်းမှာ လူပြောအများဆုံး ထူးဆန်းဖြစ်ရပ်တစ်ခု ဖြစ်နေဆဲပါ။ ဝီလျံ (William) နဲ့ လက်စလီ (Leslie) လို့ အမည်ရတဲ့ ဒီစုံတွဲဟာ ရိုးရိုးတန်းတန်း မြေပြင်ပေါ်မှာ ချစ်ကြည်နူးရတာကို အားမရနိုင်ဘဲ ပေပေါင်းထောင်ချီမြင့်တဲ့ ကောင်းကင်ယံမှာ လေထီးခုန်ရင်း အချစ်နယ်ကျွံဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ လေယာဉ်ပေါ်ကနေ ခုန်ချလိုက်တဲ့အချိန်မှာတော့ အားလုံးက စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပေမဲ့ တကယ်တမ်း လေထဲမှာ “အလုပ်ရှုပ်” နေကြတဲ့အခါမှာတော့ အချိန်နဲ့ အကွာအဝေးကို သတိမထားမိတော့ဘဲ ပြဿနာက စတက်ပါတော့တယ်။ တိမ်တွေကြားမှာ အချစ်မူးနေကြတဲ့အတွက် မြေပြင်နဲ့ ဘယ်လောက်နီးကပ်နေပြီလဲဆိုတာကို သူတို့နှစ်ဦးစလုံး မေ့လျော့နေခဲ့ကြတာပါ။ နောက်ဆုံး စက္ကန့်ပိုင်းအလိုကျမှ…
-

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု
မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု တိုင်းမှူး နေအိမ် ထိမှန်ဟုဆို မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ တိုင်းမှူး နေအိမ်ကို ထိမှန်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ၊ Shadow…