Author: Baby Yit Lone
-

မင်းလှမြို့ပေါ်တွင် ရွေးကောက်ပွဲဝင်မည့် စစ်တပ်လက် အောက်ခံ ကြံ့ဖွတ်ပါတီရုံးကို သတိပေးဖောက်ခွဲ
သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် အားလုံးတွင် ရွေးကောက်ပွဲပူးပေါင်းမှုများကို တိုက်ခိုက်မည် ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်နေသော ကြံ့ဖွတ်ပါတီရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၂၉ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် မင်းလှမြို့၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ဖွတ်ပါတီရုံး ဝင်ပေါက်အနီးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို ဗုံးခွဲ တိုက်ခိုက်မှု အတွင်း ကြံ့ဖွတ်ပါတီရုံး အစောင့် စစ်သား တချို့ ထိခိုက် ဒဏ်ရာ…
-

ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား
ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃၄ ဦး သေဆုံးခဲ့ကြောင်း NMSP-AD/Ramonnya Mon Army က သတင်းထုတ်ပြန်ထားသည်။ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၁ နာရီခန့် အထိ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲသည် ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၄ ဦး သေဆုံးကာ…
-

KNU ကို မတရားအသင်းအဖြစ် အာဏာသိမ်းစစ်တပ် ကြေညာ
ကရင်အမျိုးသားအစည်းအရုံး(KNU)ကို နိုင်ငံတော် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ အေးချမ်းသာယာရေးကို နှောင့်ယှက်မှုကြောင့် မတရားအသင်းအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အဖွဲ့ဝင်များ၊ ၄င်းတို့ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ဆက်နွယ်သူများသည် နိုင်ငံတော်တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အေးချမ်းသာယာရေးကို အန္တရာယ်အနှောက်အယှက်ဖြစ်စေသည်ဟု ယုံကြည်ကြောင်း အာဏာသိမ်းစစ်တပ်က ဆိုထားသည်။ ထိုသို့ စစ်တပ်က မကြေညာမီ သြဂုတ်လ (၁၂)ရက်နေ့ (၇၅) နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့တွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက စစ်တပ်၏ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူရန် မိန့်ခွန်းပြောကြားထားသည်။ ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းတွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခြင်းဖြစ်ပြီး နိုင်ငံစီမံအုပ်ချုပ်ရေးတွင် စစ်အာဏာတည်မြဲရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကာ နိုင်ငံအတွက် ပဋိပက္ခ…
-

စကားအတွက် တာဝန်ယူရတော့မယ့် မိန်းကလေး
သူ့ကိုလူတကာကဝိုင်းဆဲနေကြတာမို့ အစကမပြောဘဲနေမလို့ပါဘဲ။ အရွယ်ရောက်ပြီးသူ ကျား-မ မရွေးဟာ တပါးသူရဲ့အခွင့်အရေးကိုထိခိုက်မလာရင် မိမိနှစ်သက်ရာလုပ်ခွင့်ရှိပါတယ်။ ဘလော့ထောင်၊ ပေ့ချ်ဖွင့်ပြီး သျှတ္တရအကြောင်းတွေဘဲပြောပြော၊ ကိုယ့်ကိုဘယ်လိုလုပ်လို့ ကိုယ်ကဘယ်လိုလုပ်လို့ ဘယ်လိုတွေကောင်းပြီး ဘယ်လိုတွေမကောင်းဘူးဆိုတာမျိုးတွေဘဲဝေမျှဝေမျှ၊ ကိုယ့်ရဲ့ဖွားဖက်တော်ကိုယမ်းခါပြီးဘဲပြပြ၊ ရှိုက်ဖိုကြီးငယ်တွေကိုမပေါ်ပေါ်အောင်ဘဲကော့ပေးနေနေ၊ အမေပေးထားတဲ့အမွှေပန်းအိမ်လေးကိုလှန်လှောပြီးဘဲလေလံတင်တင် ဒါတွေအားလုံးဟာ ဆိုင်ရာပုဂ္ဂိုလ်များရဲ့တကိုယ်ရေကိစ္စများသာဖြစ်ပါတယ်။ ဆဲတဲ့သူတွေကဆဲကြမယ် နှစ်သက်သူများကပရိတ်သတ်ဖြစ်လာမယ်၊ ရှင်းတယ်။ အဲ … ဝမ်းစာချို့တဲ့လို့ဘဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်တခုကြောင့်ဘဲဖြစ်ဖြစ်၊ အာဃာတကြောင့်ဘဲဖြစ်ဖြစ်၊ Mission တခုကြောင့်ဘဲဖြစ်ဖြစ် အများနဲ့ဆိုင်တဲ့နိုင်ငံရေးအကြောင်းကိုပြောတဲ့အခါမှာ သမိုင်းကိုလိမ်မိရင်တော့ ဝိုင်းနွှာတဲ့ဒဏ်ကိုခံနိုင်ရည်ရှိရလိမ့်မပေါ့။ အခုပြောမယ့်ကိစ္စကတော့ လိင်ပိုင်းဆိုင်ရာတွေပြောတဲ့ VV Chen ဆိုတဲ့မိန်းကလေးရဲ့ ကျွံထွက်လာတဲ့သမိုင်းလိမ်ကွက်အကြောင်းပါ။ သံခိပ်ဆိုတာကိုကြားဖူးကြမှာပါ၊ အတိုချုပ်ပေါ့။ ဒီမိန်းကလေးရဲ့ပိုစ့်အောက် သူပြန်မန့်ထားတဲ့မန့်တခုကိုမြင်လိုက်ရချိန်မှာ အောက်ဖော်ပြပါ အတိုချုပ်အနက်ထွက်ပါတယ်။ “၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကိုဖြေရှင်းပေးဖို့နည်းလမ်းတွေရှိလျက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်လွှားမောက်မာစွာနဲ့ငြင်းဆန်ခဲ့တဲ့အတွက် စစ်တပ်ကအာဏာသိမ်းခဲ့တယ်” တဲ့။ နိုင်ငံသားတိုင်းဟာ မြင်ချင်သလိုမြင်ခွင့်ရှိပါတယ်၊ ဒါကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။ မြင်သလိုလည်း ပြောခွင့်ရှိပါသေးတယ်။…
-

မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ
ချောက်မြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် တပ်သား လုံလောက်စွာ မရရှိဟုဆိုကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် လာမည့် စက်တင်ဘာလ စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိဟုဆိုကာ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး တင်ထွန်းဦးက စစ်တပ်နှင့်ပျူစောထီးများကို နေအိမ်များအပေါ်အထိပါ လူငယ်မှန်သမျှကို တက်ဖမ်းခိုင်းနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ပြီး ချောက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးတင်ထွန်းဦးက စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိသေးသည့်အတွက် ပျူစောထီးများ၊ စစ်တပ်နှင့်ရဲများကို နေ့ရောညပါ…