Author: Baby Yit Lone

  • ကွတ်ခိုင် MNDAA ရုံးကို TNLA ဝင်ရောက်စီးနင်း၊ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် ဒေသခံစိုးရိမ်

    ကွတ်ခိုင် MNDAA ရုံးကို TNLA ဝင်ရောက်စီးနင်း၊ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် ဒေသခံစိုးရိမ်

    သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) ည ၉ နာရီကျော်မှ စတင်ပြီး ကွတ်ခိုင်မြို့ပေါ် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆင်ထားသည့် ဆိုလာပြားနှင့် စောင့်ကြည့်ရေးကင်မရာ CCTV များကို TNLA တပ်သားများ ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့နောက် ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ကာ MNDAA အလံနှင့် ညစောင့်တပ်သားများကိုပါ ယူဆောင်ဖမ်းဆီးသွားခဲ့ပြီး ဈေးအနီး ဆောက်လုပ်ရေးဝင်းတွင် တပ်စွဲထားသည့် MNDAA ရုံးနေရာတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်၍ သေနတ်ပစ်ဖောက်မှု…

  • မီးဖိုချောင် ပန်းကန်ဆေးသည့် နေရာက အသံတိတ်လူသတ်သမား

    မီးဖိုချောင် ပန်းကန်ဆေးသည့် နေရာက အသံတိတ်လူသတ်သမား

    ပန်းကန်ဆေးရာမှာစတီးဖတ်သုံးတဲ့အိမ်ရှင်မတွေ သတိထားကြပါ။ အူပုပ်ပြီးသေသွားလို့ပါ။ Steel Wool အကြောင်းသိကောင်းစရာ… လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတယောက်နဲ့ ဆုံဖြစ်ပါတယ်။ အိပ်ယာထဲကမထနိုင်သလို အစားအသောက်ပါ မစားနိုင်တဲ့အတွက် လူတကိုယ်လုံးက အရိုးပေါ်အရေတင်နေပါပြီ။ သူခံစားနေရတဲ့ဝေဒနာကို မေးကြည့်တော့ ချက်နားကစူးအောင့်ပြီး နာနေသလို ဝမ်းလဲချုပ်နေပါတယ်။ ဆေးခန်းပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲ ပေးသတဲ့။ ဖြစ်နိုင်ခြေကို ကျွန်တော်စဉ်းစားကြည့်ပါတယ်.. အစာအိမ်မှာအနာရှိသလား၊ အူခေါက်သလား၊ အူကင်ဆာလားပေါ့။ စိတ်ထဲမှာမသင်္ကာလာတာနဲ့ မေမေ့တပည့် ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ ဆရာဝန်ကြီးက လူနာကိုချက်ချင်း ဆေးရုံကြီးကို ခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ ပြောပါတယ်။ ဓါတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး။ ဆရာဝန်တွေခေါင်းစားရတဲ့ပြဿနာပါ။ Operation လုပ်ဖို့ကလဲ ရောဂါအတိအကျ မသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ။ အတိုချုံ့ပြောရရင်တော့ လူနာဟာ ခြောက်လအကြာမှာ ဆုံးပါးသွားပါတယ်။ ရင်ခွဲပြီးစစ်ဆေးတဲ့အခါ ရလာတဲ့Result က အူမကြီးတခုလုံးပုပ်နေပါပြီ။ အူမကြီးကို…

  • စစ်တပ်က ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်း

    စစ်တပ်က ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်း

    မောက်မယ်မြို့နယ် ပွန်းချောင်းဒေသ တိုက်ပွဲတွင် စစ်တပ်က ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်းခြင်းကြောင့် ထိခိုက်သေဆုံးသူများပြားဟု PNLA ပြောဆို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းဒေသ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်က ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်းခြင်းကြောင့် ကလေးစစ်သားများ အပါအဝင် PNO စစ်သား ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းရိန်းယံက ပြောကြားသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ မောက်မယ်မြို့၊ ဗန်းမတ်ဒေသ၊ ပွန်ချောင်းဘက်သို့ အင်အားအလုံးအရင်းဖြင့် ချီတက်လာသော အကြမ်းဖက် စစ်အုပ်စု လက်အောက်ခံ PNO ပြည်သူ့စစ်များကို PNLA တပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊…

  • ပန်းတောင်းရှိ ကပစ-၁၆ စက်ရုံ ထုတ်လုပ်မှုရပ်ဆိုင်းပြီး ခံစစ်ပြင်နေ

    ပန်းတောင်းရှိ ကပစ-၁၆ စက်ရုံ ထုတ်လုပ်မှုရပ်ဆိုင်းပြီး ခံစစ်ပြင်နေ

    စက်ရုံအနီး ကာကင်းစခန်း ၇ ခုအထိ AA သိမ်းပိုက်ထား ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီးသို့ အာရက္ခ တပ်တော် (AA) က ထိုးစစ်ဆင်လာသည့်အတွက် စက်ရုံထုတ်လုပ်မှုများ ရပ်ဆိုင်းသွားကာ ခံစစ်စခန်း အနေအထား ပြုလုပ်နေကြောင်း သိရသည်။ ကပစ-၁၆ ၏ အဓိက ကာကင်းစခန်းဖြစ်သော ပွိုင့် (၆၆၆) စခန်းကုန်းကို AA က ဒုတိယအကြိမ် သိမ်းယူပြီးနောက်၊ စက်ရုံအနီးရှိ စခန်း ခုနစ် ခုအထိ ယခုဖေဖော်ဝါရီလအတွင်း ဆက်တိုက်သိမ်း ယူခဲ့သည့်အတွက် စစ်ကော်မရှင်က စက်ရုံအနီးဝန်းကျင်သို့ စစ်ကူများခေါ်ယူကာ အင်အားတိုးချ ထားကြောင်း သိရသည်။ “အဓိက ရင်ဆိုင်ရမယ့် စခန်းကြီးတစ်ခုပဲ ရှိမယ်။ ကျန်တာကတော့ ကာကင်းစခန်းတွေပဲ” ဟု…

  • ဖလမ်းမြို့နယ်ရှိ စစ်ကော်မရှင် စခန်းကုန်းတစ်ခု သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

    ဖလမ်းမြို့နယ်ရှိ စစ်ကော်မရှင် စခန်းကုန်းတစ်ခု သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

    ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်အတွင်းရှိ ထင်းရှူစခန်း ခံစစ်ကုန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းနှစ်ဦးနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း ရှေ့တန်းစစ်ရေးသတင်းမြစ်ထံမှ သိရသည်။ တီးတိန်မြို့နယ် သိုင်ငင်းဘက်မှ တက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖလမ်းမြို့နယ်ရှိ ချင်းပူးပေါင်းတပ်ဖွဲ့များ၏ ထင်းရှုးစခန်း ခံစစ်ကုန်းကို ဦးစွာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထင်းရှူးစခန်း ခံစစ်ကုန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် တစ် နာရီဝန်းကျင်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် စခန်းကို အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ “မနေ့ည ၁၂ ကျော်လောက်မှာ ဖလမ်းမြို့နဲ့ ဗာလုံကြား Lumbang ရွာမှာ တိုက်ပွဲပြင်းထန်တယ်။ ဒီနေ့ မနက်…