Author: Baby Yit Lone
-
ရခိုင်တွင် AA အောင်မြင်မှုများကို တရုတ်နှင့် အိန္ဒိယ စောင့်ကြည့်နေ
အာရက္ခတပ်တော် (AA) သည် မြန်မာ၏ သေနင်္ဂဗျူဟာကျသော အနောက်ပိုင်းဒေသကို ထိန်းချုပ်ရန် နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ်သည် အရေးပါသောကာလသို့ ရောက်လာသည်။ ထိုအခြေအနေသည် မြန်မာ့ပြည်တွင်းစစ်နှင့် ဒေသတွင်း ပထဝီနိုင်ငံရေးကို ပြန်လည်ဖွင့်ဆိုနိုင်သည် အာဏာအပြောင်းအလဲဖြစ်သည်။ မြန်မာစစ်အုပ်စုသည် နိုင်ငံအတွင်းမှ နယ်မြေများကို အခြားနေရာများတွင် ပြန်လည်ရယူနေသော်လည်း AA သည် နိုင်ငံအနောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်၌ တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားသည်။ မြန်မာစစ်အုပ်ချုပ်သူများအပေါ် အောင်ပွဲများဖြင့် အားတက်နေသော AA သည် ပြည်နယ်မြို့တော်နှင့် အဓိကကျသည့် အိန္ဒိယဆိပ်ကမ်းစီမံကိန်းရှိရာ စစ်တွေနှင့် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ်အတွက် အဓိကျသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိပ်ကမ်းများ၊ ပင်လယ်နက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူအပါအဝင် ပြည်နယ်မှ လက်ကျန်ဒေသများကို သိမ်းပိုက်မည်ဟု ကြုံးဝါးထားသည်။…
-

၁၀၂၇ စစ်ဆင်ရေး၏ အောင်နိုင်သူမှ အထီးကျန် ခုခံသူ TNLA ၏ သင်ခန်းစာများ
၁၀၂၇ စစ်ဆင်ရေး၏ အောင်နိုင်သူမှ အထီးကျန် ခုခံသူ TNLA ၏ သင်ခန်းစာများ နှင့် တော်လှန်ရေး အနာဂတ်အတွက် သတိပေးခေါင်းလောင်းသံ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” သည် မြန်မာ့နွေဦးတော်လှန်ရေး၏ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ထိုစစ်ဆင်ရေး၏ အဓိကအောင်နိုင်သူများထဲမှ တစ်ဦးအဖြစ် ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အချက်အချာကျသော မြို့ကြီးများနှင့် နယ်မြေဒေသ အများအပြားကို လျှပ်တပြက်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းသည် TNLA ၏ စစ်ရေးစွမ်းရည်ကို သက်သေပြခဲ့သော်လည်း၊ အောင်ပွဲနှင့်အတူ ကြီးမားသော နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများလည်း တပါတည်း ကပ်ပါလာခဲ့သည်။ ယနေ့အချိန်တွင် TNLA သည် အောင်ပွဲ၏အသီးအပွင့်များကို ခံစားရမည့်အစား မဟာမိတ်များနှင့် တင်းမာမှုများ၊ ဒေသခံတိုင်းရင်းသားများ၏…
-

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ
ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်ဈေးကွက်ဖြစ်ပေါ်နေ ဧရာဝတီတိုင်းရှိ ဘိုကလေး၊ ကန်ကြီးထောင့်နှင့် ဒေးဒရဲမြို့နယ်များတွင် စစ်မှုထမ်းရန်အတွက် လူအစားထိုး ရောင်းဝယ်သည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်နေကြောင်း သိရသည်။ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက်အရွယ်ရှိ လူငယ်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း တို့မှ ရှာဖွေဖမ်းဆီးကာ စစ်ကောင်စီလက်အောက်ခံ စစ်ကော်မရှင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အရောင်းအဝယ်ဈေးကွက် ဖန်တီးနေကြောင်း ဒေသခံများထံမှ သိရသည်။ “ဘိုကလေးမြို့နယ် (၉) ရပ်ကွက်အုပ်ကြီးက အဆိုးဆုံးပဲ။ ရာထူးတည်မြဲဖို့ သူ့သားအရင်းနှစ်ယောက် လုံးကို စစ်မှုထမ်းထဲ ထည့်လိုက်ပြီး ရသမျှကို ယူနေတာ။ မိသားစုလိုက် ဆိုင်ကယ်တစ်စီးစီနဲ့ ချမ်းသာနေတာ” ဟု ဘိုကလေးမြို့ခံတစ်ဦးက ပြောသည်။ ဘိုကလေးမြို့နယ်မှ စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသည် ရန်ကုန်၊ လှိုင်သာယာမှ လူမိုက်များနှင့် ပူးပေါင်းကာ ပျံကျလုပ်ကိုင်သည့် လူငယ်များ၊ အသက်မပြည့်သေးသူများနှင့်…
-

စီးပွားရေး လုပ်ငန်းရှင် (၄၀) ကျော် ကို စစ်တပ် လိုက်ဖမ်းနေ
ယမန်နေ့ ညပိုင်းကစပြီး နေပြည်တော်မှာရှိတဲ့ လုပ်ငန်းရှင်အချို့ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတယ်လို့ စီပွားရေးလုပ်ငန်းရှင်တွေနဲ့ နီးစပ်တဲ့ နေပြည်တော်သတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။ ကနဦးသတင်းများအရ နေပြည်တော်ပြန်လည်တည်ဆောက်ရေးစီမံကိန်းနဲ့ EV ကားကိစ္စလည်း ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းရှင် အယောက် ၄၀ ကျော်ကို ဖမ်းဆီးသွားမယ်လို့ သတင်းများ ထွက်ပေါ် ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင် ၁၀ ယောက်ကျော်ကို စစ်တပ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
-

အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်
မုံရွာမြို့ အခြေစိုက် အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၃ ဦး အပါအဝင် ၈ ဦး ပွဲချင်းပြီး သေဆုံးပြီး ယမ်းသိုလှောင်ရုံ မီးလောင်ပျက်စီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၃ ဦး အပါအဝင် ၈ ဦး ပွဲချင်းပြီး သေဆုံးကာ ယမ်းသိုလှောင်ရုံ မီးလောင်ပျက်စီးခဲ့ကြောင်း Chindwin Rocket Brother -CRB မှ တာဝန်ခံက ပြောဆိုသည်။ ဇူလိုင်လ ၂၉ ရက်နေ့နှင့် ဩဂုတ်လ ၂၆ ရက်နေ့ တို့တွင်…