Author: Baby Yit Lone

  • Hag

    Hag

    Hag (2025)

    ဘဝထဲကိုသူငယ်ချင်းဟောင်းတစ်ယောက် ပြန်ဝင်လာတာဟာကံကောင်းခြင်းလား ဒါမှမဟုတ် ငရဲတံခါး ပွင့်သွားတာလားဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ။

    အခုတင်ဆက်ပေးမှာကတော့ Hag ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

    Hagဟာ ရိုးရိုးတန်းတန်း Horror ကားတွေနဲ့မတူဘဲ စွဲလမ်းမှုရဲ့ အနက်ရှိုင်းဆုံး အမှောင်ခြမ်းကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။

    ဂီတလောကမှာ နေရာတစ်ခုရဖို့ ရုန်းကန်နေရတဲ့ရိုဝန်ရဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ဘဝထဲကို တချိန်ကရင်ခုန်ခဲ့ဖူးတဲ့ ငယ်သူငယ်ချင်း မဂ် ပြန်ရောက်လာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတယ်။

    သူမဟာ အစပိုင်းမှာတော့ ကူညီတတ်တဲ့၊ နားလည်ပေးတတ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပေါ့။

    ဒါပေမဲ့ “ဂရုစိုက်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုဝန်ရဲ့ ပတ်ဝန်းကျင်က လူတွေကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ရှားပစ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့…

  • Andhela Ravamidhi

    Andhela Ravamidhi

    Andhela Ravamidhi (2025)

    ခြေကျင်းဝတ်သံစဉ်

    အိန္ဒိယရိုးရာအကအလှတွေကို အရသာရှိရှိခံစားရမယ့် တေလေဂူစကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

    ဒီရုပ်ရှင်ထဲမှာ ရိုးရာအကပညာနဲ့ ခေတ်သစ်လူမှုဘဝကြားက ပဋိပက္ခတွေကို ပီပြင်အောင်ရုပ်လုံးဖော်ထားပါတယ်။

    ဒီရုပ်ရှင်ကို ရုပ်ရှင်ရဲ့ဇာတ်ဆောင်ဖြစ်သူ မင်းသမီး အင်ဒရာနီကပဲ ဒါရိုက်တာလုပ်ရိုက်ကူးထားတာပါ။

    ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ပါဗာနီဟာ ထူးချွန်တဲ့ အိန္ဒိယရိုးရာ အကပညာရှင်တစ်ဦးပါ။

    သူဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အစပိုင်းမှာ အိမ်ထောင်ရေးသာယာခဲ့ပေခဲ့ ကလေးမရနိုင်တဲ့ ပြဿနာကြောင့် အိမ်ထောင်ရေးပဋိပက္ခတွေနဲ့ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို ရင်ဆိုင်ရပါတယ်။

    ဒီကြားထဲမှာပဲ ပါဗာနီဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း၊ အခက်အခဲတွေကို အနုပညာနဲ့ ဘယ်လိုကျော်ဖြတ်ပြီး ဘဝရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ရှာဖွေသွားမလဲဆိုတာကို ရိုက်ကူးပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။

  • Observe and Report

    Observe and Report

    Observe and Report (2009)

    “အသံကြားရယ်ရပါစေ၊ ရုပ်မြင် စခွီထပါစေ” ဆိုတဲ့ ပါရမီနဲ့မွေးဖွားလာတဲ့လူတစ်ယောက်ရှိပါတယ်။

    သူကတော့ ဟာသမင်းသား Seth Rogen ပါ။

    သူစကားပြောရင်ကို ရယ်နေရတဲ့ လူတစ်ယောက်ပါ။

    Seth Rogen ပါတော့ ထုံးစံအတိုင်းပဲ ပေါက်ကရပေါင်း ၁ သိန်း ၆ သောင်းလောက်နဲ့ တော်တော်လေးကိုရယ်ရပါတယ်။

    ဒီကားက သိပ်ပြီးထူးခြားနေတဲ့ ဟာသရုပ်ရှင်မျိုးမဟုတ်ပေမယ့် ဘဝအမောကိုတော့ ပြေစေမှာသေချာပါတယ်။

    ဇာတ်ညွှန်း

    ရော်နီဆိုတာ ကုန်တိုက်တစ်ခုရဲ့ လုံခြုံရေးခေါင်းဆောင်။

    ရဲလည်းမဟုတ်၊ သာမန်အရပ်သားလည်းမဟုတ်တဲ့ ဂွတိဂွကြားအခြေအနေပေါ့။

    ကုန်တိုက်မှာ မိန်းကလေးတွေကို ဖွားဖက်တော်လိုက်လှန်ပြပြီး ထွက်ထွက်ပြေးနေတဲ့ ဘဲတစ်ဗွေပေါ်လာတယ်။

    သိတဲ့အတိုင်း ဒါဟာ SA အမှု ဆိုတော့ ဒါကိုဖြေရှင်းဖို့ တာဝန်သိပြည်သူတစ်ယောက်လည်းဖြစ်၊
    လုံခြုံရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ရော်နီရဲ့ သမိုင်းပေးတာဝန်ဖြစ်လာတယ်။

    တစ်ရက်မှာတော့ ကုန်တိုက်မှာအချောလုံးဖြစ်တဲ့ ဘရန်ဒီဆိုတဲ့ကောင်မလေးတည့်တည့်မှာ အဲဒီဘဲက ထပ်လှန်ပြသွားတယ်။

    “ကျွန်မ,မကြိုက်တဲ့ ဖွားဖက်တော်ကြီး” ဆိုပြီး မူးဝေအော့အန်ကာ အုတ်အော်သောင်းနင်းတွေဖြစ်ကုန်တယ်။

    ရဲဌာနက စုံထောက် ဟယ်ရစ်ဆင်ပါရောက်လာခဲ့တယ်။

    ဆိုတော့ ရော်နီတစ်ယောက်လုပ်ကွက်ပျောက်တော့မယ်။

    ဘရန်ဒီအပေါ်ကို ချစ်ခြင်းအင်္လကာတွေသီချင်တာကတကြောင်း၊ သူဘာကောင်လဲဆိုတာ ပြချင်တာကတကြောင်းတို့ကြောင့် စုံထောက်နဲ့လုံခြုံရေးခေါင်းဆောင်တို့သည် မျက်စောင်းတောင်ထိုးပြီးမကြည့်ချင်တဲ့အခြေအနေဖြစ်လာတယ်။

    ပြောရရင်တော့ ရော်ဖီဘက်ကပဲ တဖက်သတ်ဖြစ်တာပေါ့လေ။

    အချိန်ကိုက်လေးမှာပဲ ဖောက်ထွင်းမှုတစ်ခုကဖြစ်နေပြန်တယ်။

    ကဲ ဒီတော့ ရော်နီတစ်ယောက်ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းသွားမှာပဲဆိုတာကို စခွီထရင်း ကြည့်လိုက်ကြပါဦး။

    ဒီကားက အရမ်းထူးခြားနေတာမျိုးမဟုတ်ပေမဲ့ Seth Rogen ရုပ်ရှင်ဖြစ်ပြီး ဟာသသရုပ်ဆောင် တော်တော်လေးကိုပါပါတယ်။

    Ronnie အဖြစ် မင်းသား Seth Rogen

    Brandie အဖြစ် Scary Movie Franchise က ပင်တိုင်စံမင်းသမီးချော စပ်စလူးစိန် Anna Faris

    စုံထောက် Harrison အဖြစ် မင်းသားကြီး Ray Liotta

    Ronnie တွဲဖက် Dennis အဖြစ် Michael Pena

    ကော်ဖီဆိုင်ဝန်ထမ်းအဖြစ် မင်းသမီးချော Collette Wolfte

    ဂိုဏ်းစတားခေါင်းဆောင်အဖြစ် Seth Rogen ကားဆိုမပါမဖြစ် ဟာသမင်းသား Danny McBride

    အလုပ်သင် လုံခြုံရေးဝန်ထမ်းအဖြစ် Jesse Plemons တို့က မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အားဖြည့်ထားတာကြောင့် ကြည့်ရတန်တယ်လို့ဆိုရပါမယ်။

  • W/O Anirvesh

    W/O Anirvesh

    W/O Anirvesh (2025)

    ဘယ်သူလဲ

    တစ်နေ့ အမျိုးသားတစ်ယောက် တိုင်ချက်လာဖွင့်တယ်။

    အကြောင်းရင်းက မိန်းမက နောက်လူနဲ့ဖောက်ပြန်ပြီး သူ့ကို လုပ်ကြံဖို့ ကြိုးစားနေလို့ပါတဲ့။

    ရဲတွေလည်း လိုအပ်တာတွေမေးမြန်းပြီး စုံစမ်းဖို့ စတင်ပါတော့တယ်။

    ကျူးလွန်သူမိန်းမဆီ ဖုန်းဆက်အစ်မေးတော့ သူတို့သိထားတဲ့ ဇာတ်လမ်းနဲ့ပြောင်းပြန် မိန်းမဖြစ်သူက နစ်နာသူဖြစ်သွားပြန်ပါတယ်။

    ဒီအချိန်မှာပဲ ရေတွင်းထဲမှာ တွေ့လာရတဲ့ အမျိုးသမီးအလောင်းတစ်ခု။။။

    ဒါတွေအားလုံး ဘယ်လိုဆက်စပ်နေမလဲ ဘယ်သူ့ကိုယုံပြီး ဘာတွေစုံစမ်းတွေ့ရှိမလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။

  • The Last Viking

    The Last Viking

    The Last Viking (2025)

    ဒီဇာတ်ကားကတော့ နာမည်ကြီး မင်းသားကြီး Mads Mikkelsen နဲ့ Nikolaj Lie Kaas တို့ ဦးဆောင်ပါဝင်ထားပြီး ၂၀၂၅ ခုနှစ်က ထွက်ရှိထားတဲ့ Dark Comedy ဇာတ်ကားသစ် “The Last Viking” (2025) ဖြစ်ပါတယ်။

    ဒီကားကို Riders of Justice တို့၊ Men & Chicken တို့လို နာမည်ကြီးကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Anders Thomas Jensen က ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေကြားမှာ တော်တော်လေး ဟော့ဖြစ်နေတဲ့ ကားတစ်ကားပါ။

    ဇာတ်လမ်းအကျဉ်း

    Anker (Nikolaj Lie Kaas) ဆိုတဲ့ လူတစ်ယောက်ဟာ ဘဏ်ဓားပြတိုက်မှုနဲ့ ထောင်ဒဏ် (၁၅) နှစ်ကျခံပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာပါတယ်။ သူ ထောင်မကျခင်တုန်းက ဓားပြတိုက်လို့ရလာတဲ့ ပိုက်ဆံတွေကို သူ့ရဲ့အစ်ကိုဖြစ်သူ Manfred (Mads Mikkelsen) နဲ့အတူ ဝှက်ထားခဲ့ကြတာပါ။

    ပြဿနာက Anker ထောင်ကလွတ်လာချိန်မှာ အစ်ကိုဖြစ်သူ Manfred က စိတ်ကျန်းမာရေး ချို့ယွင်းနေပြီဖြစ်ပြီး သူဝှက်ထားတဲ့ ပိုက်ဆံနေရာကို လုံးဝမမှတ်မိတော့ပါဘူး။ Manfred က သူ့ကိုယ်သူ တခြားလူတစ်ယောက်လို့ ထင်နေပြီး ပုံမှန်စိတ်အခြေအနေမဟုတ်တော့တာကြောင့် Anker တစ်ယောက် အခက်တွေ့ရပါတော့တယ်။

    ပျောက်ဆုံးနေတဲ့ ပိုက်ဆံတွေကို ပြန်ရှာဖို့ကြိုးစားရင်း ညီအစ်ကိုနှစ်ယောက်ကြားက အလွဲလွဲအချော်ချော် အဖြစ်အပျက်တွေ၊ အတိတ်က စိတ်ဒဏ်ရာတွေနဲ့ မိသားစုလျှို့ဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်လာတဲ့အခါမှာတော့…

    သုံးသပ်ချက်

    ဒီကားက Anders Thomas Jensen ရဲ့ လက်ရာအတိုင်း ဟာသနှောတဲ့ Dark Comedy ပုံစံမျိုးဖြစ်ပြီး မင်းသားကြီး Mads Mikkelsen ရဲ့ ကာရိုက်တာအသစ်အဆန်းကို မြင်တွေ့ရမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်။

    ဇာတ်လမ်းက ရယ်စရာကောင်းသလို၊ တစ်ဖက်မှာလည်း မိသားစုသံယောဇဉ်နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေကို ထိထိမိမိ တင်ဆက်ထားပါတယ်။

    Dark Comedy ကြိုက်သူတွေနဲ့ Mads Mikkelsen ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ကားသစ်တစ်ကားမို့ ညွှန်းပေးလိုက်ပါတယ်။