Author: Baby Yit Lone
-

လားရှိုးမြို့အနီးတစ်ဝိုက် စစ်ကော်မရှင်နှင့် MNDAA တို့ လုံခြုံရေးတိုးချပြီး စစ်ရေးပြင်ဆင်နေ
ရှမ်းမြောက်၊ လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲပြီးနောက် ကိုးကန့်တပ် MNDAA နှင့် စစ်ကော်မရှင်တို့ တပ်ဖွဲ့ဝင်အင်အားများတိုးချကာ စစ်ရေးပြင်ဆင်မှုများပြုလုပ်လာကြောင်း သိရသည်။ လားရှိုးမြို့ ရပ်ကွက် (၁၁) အတွင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်က ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲပြီးနောက် စစ်ကော်မရှင်က ယင်းတို့ တပ်စွဲနေရာယူထားရာ စခန်းများတွင် စစ်အင်အားများ တိုးချဲ့ချထားခဲ့ပြီး ကာကင်းစခန်းများကိုပါ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “ရှော့တိုက်ဒုံးကျလို့ MNDAA ကို လားရှိုးမြို့အတွင်းက နှင်ထုတ်မယ်လို့ သတင်းထွက်နေတာ။ စစ်ပြင် ဆင်တာကတော့ အဲဒီမတိုင်ခင် အရင်ရက်ကတည်းက ပြင်ဆင်နေတာ”ဟု သတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်က ရှော့တိုက်ဒုံးပစ်ခတ်သည့် ဖြစ်စဥ်ကို MNDAA ပြုလုပ်သည်ဟု ယူဆ၍ အင်အားတိုးချလာခြင်းဖြစ်ပြီး MNDAA တပ်များဘက်မှလည်း လားရှိုးမြို့နယ်အတွင်းကျေးရွာများနှင့်…
-

ကချင်ဒေသ ၄ နေရာတွင် တိုက်ပွဲပြင်းထန်၊အရပ်သားအချို့သေဆုံး
KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။ ကချင်ပြည်နယ် ဖားကန့်၊ ဝိုင်းမော်၊ ဗန်းမော်နှင့် အင်းတော်ကြီးဒေသတို့တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်(KIA)တို့ ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်ကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားအချို့ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများထံက သိရသည်။ ဝိုင်းမော်မြို့အရှေ့ဘက်တွင် မြို့နှင့် တစ်ဆက်တည်းရှိနေသည့် အမှတ်(၅၈)ခြေလျှင်တပ်ရင်း အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ ၄ ရက်က KIA သိမ်းပိုက်ခဲ့သည့် ခလရ (၅၈) ၏ ကာကင်းစခန်းနှစ်ခုကို…
-

ကပစ ၁၆ ကို အေအေရောက်ဖို့ ကာကင်းသုံးခုသာကျန်
ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် ပန်းတောင်မြို့နယ်ထဲက အမှတ် ၁၆ ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆)ကိုရောက်ဖို့ ပွိုင့် ၆၆၆ ခံတပ်အပါအဝင် ကာကင်း ၃ ခုသာ ကျန်တော့တယ်လို့ အာရက္ခတပ်တော်-AA ရဲ့ စစ်ရေးအခြေအနေတွေကို သိရှိသူက ပြောပါတယ်။ ကပစ ၁၆ ရဲ့ ကာကင်းတွေကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်ကစလို့ သိမ်းယူနေတာဖြစ်ပြီး ဖေဖော်ဝါရီ ပထမပတ်ထဲမှာ ကာကင်းခံတပ်ပေါင်း ၇ ခုလောက်ကို သိမ်းယူထားနိုင်ပြီလို့လည်း ပြောပါတယ်။ ဒီနေ့မှာလည်း တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ သိရပါတယ်။ “AA နဲ့ ပူးပေါင်းတပ်စုတွေက စစ်ရှိန်မြှင့်ထားတယ်။ အခု ကပစ ၁၆ ထဲမှာ လုပ်ငန်းလည်ပတ်တာတွေ ရပ်လိုက်ပြီးတော့ ခံစစ်တွေ အခိုင်အမာ ပြင်နေတယ်။ စစ်အင်အားဖြည့်နေတယ်”လို့ စစ်ရေးအခြေအနေ သိရှိသူက…
-

ဆားလင်းကြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၁၁ ဦး ကျဆုံး
စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် အခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုကို စစ်ကော်မရှင်တပ်က ဂျိုင်ယိုကော်ပတာဖြင့် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် PDF ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် ယမန်နေ့( ဖေဖော်ဝါရီ ၁၂ ရက်) မွန်းလွဲ ၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ကော်မရှင်လေတပ်က ဂျိုင်ယိုကော်ပတာ သုံးစီးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။ စစ်ကော်မရှင်အတွက် ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရှာပေးနေသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို အရေးယူမှုများ ဆောင်ရွက်သွားတော့မည်ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ပုဂ္ဂလိက Non CDM ဝန်ထမ်းစီမံခန့်ခွဲရေးကော်မတီက ကြေညာခဲ့ပြီး နှစ်ရက်အကြာတွင် ယခုလေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “စခန်းပေါ်ကို ဗုံးက တည့်တည့်ကျတယ်…
-

မှန်လွန်းလို့ ထပ်ခါထပ်ခါ ဖတ်ဖြစ်တဲ့ ရှေးဟောင်း ဇနကဟောကိန်း
🔮 မှန်လွန်းလို့ ထပ်ခါထပ်ခါ ဖတ်ဖြစ်တဲ့ ရှေးဟောင်း ဇနကဟောကိန်း 🔮 သင့်အသက်ဘယ်လောက်လဲ? ဘာနေ့မွေးလဲ? အဖြေမှန်ကိုသာ ပြောပါ။ သင့်ကံကြမ္မာကို ဒီဟောကိန်းက ပြောပြပါလိမ့်မယ်။ 📜 ဇနကဟောကိန်း ဆိုတာ ဘုရားအလောင်းတော် မဟာဇနကမင်းကြီးရဲ့ ဖြစ်စဉ် (၇) မျိုးကို အခြေပြုပြီး ရှေးဆရာကြီးတွေ တီထွင်တွက်ချက်ထားတာ ဖြစ်ပါတယ်။ အရမ်းလွယ်ကူရှင်းလင်းပေမယ့် ယနေ့ခေတ်ပညာရှင်တွေအထိ သုံးစွဲနေဆဲ၊ မှန်ကန်မှုအားကောင်းတဲ့ တွက်ကိန်းတစ်ခုပါ။ (ပုံသေကားချမယူဘဲ မဟာဘုတ်စတဲ့ အခြားတွက်ကိန်းတွေနဲ့ ညှိနှိုင်းဟောပြောရင် အလွန်အစွမ်းထက်ပါတယ်) 🔢 အဟောကြည့်နည်း (အောက်ပါ ဇယားပုံတွင် တိုက်ဆိုင်စစ်ဆေးပါ) ဥပမာ – • မိမိက တနင်္ဂနွေသားသမီး၊ အခုရောက်သက် (၂၅) နှစ် ဆိုရင် တနင်္ဂနွေဇယားကွက်ထဲမှာ (၂၅) ကို ရှာပါ။ “နန်း”…