Author: Baby Yit Lone
-

ကျောက်မဲမှာ အကြွေးပေးရမယ့်သူက အကြွေးရှင်ကို လာရောက်ပစ်ခတ်
ကျောက်မဲမှာ အကြွေးပေးရမယ့်သူက အကြွေးရှင်ကို လာရောက်ပစ်ခတ်လို့ တယေက်သေပြီး တယောက်ဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီရက်ပိုင်းအတွင်း အကြွေးပေးရမယ့်သူက အကြွေးရှင်နဲ့ အိမ်စောင့် ကိုလာရောက်ပစ်ခတ်ခဲ့ရာ တယေက်သေဆုံး တယောက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အိမ်ထဲကို အလကား နေရင်း ပစ်သတ်သွားတာ။ SSPP က ဗိုလ်ကို ပစ်ခိုင်းတာ။ တယောက်သေတယ်။ တယောက် ဒဏ်ရာရတယ်။ အမှတ် ၂ ရပ်ကွက် ပေါက်ကုန်းမှာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပြတယ်။ အကြွေးရှင် အိမ်ကို အကြွေးပေးရမယ့်သူက SSPP က လူ နှစ်ယောက်ကို ခေါ်လာပြီး လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ သူကတော့ ချိုင်းနားကနေ ကျည် ဖောက်ဝင်သွားကာ ခါးနားကျည် ရှိနေသေးလို့ ဆိုပါတယ်။ “အိမ်ကို…
-

မင်းတိုင်ပင်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်း ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းမိ
မင်းတိုင်ပင်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်း ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းမိ စစ်ကိုင်းတိုင်း၊ ပုလဲ-ဂန့်ဂေါလမ်းပိုင်းမှ ပုလဲမြို့နယ် နှောကန်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ဩဂုတ်လ ၂၈ရက်က မိုင်းမိကာ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ကာကွယ်ရေးတပ်များ ထောင်ထားသည့် မိုင်းထိခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “မင်းတိုင်ပင်ရွာကို မီးရှို့ပြီး ဆက်ထွက်နေတဲ့ စစ်ကြောင်း မိုင်းထိတာ။ သုံးယောက်သေပြီး ဒဏ်ရာရတာတွေလည်း ရှိတယ်။ အခုက လမ်းပိုင်းတစ်ခုလုံး ဒီကောင်တွေ အင်အား ၃၀၀ လောက်ရှိနေတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။ နှောကန်ကျေးရွာသည် မင်းတိုင်ပင်ရွာနှင့် ဆက်စပ်တည်ရှိသည်။ အဆိုပါ စစ်ကြောင်းနှင့် PDF၊ ABSDF ပူးပေါင်းတပ်များသည် မင်းတိုင်ပင်ရွာအနီး ငှက်ပျောတောရွာတွင် ဩဂုတ် ၁၉…
-

စစ်ကော်မရှင်က ဒေါ်လာ သုံးသိန်းခြောက်သောင်း (၃၆၀,၀၀) ဖြင့်နောက်ထပ် အမေရိကန်လော်ဘီတစ်ခုကို ထပ်ငှား
သမ္မတဒေါ်နယ်ထရမ့်အစိုးရနှင့် ဆက်ဆံရေး တည်ဆောက်နိုင်ရန် အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ အလက်ဇန်ဒရီးယားမြို့အခြေစိုက် McKeon Group အကျိုးဆောင်ကုမ္ပဏီတစ်ခုကို မြန်မာစစ်ကော်မရှင်က ထပ်မံငှားရမ်းထားကြောင်း O’Dwyer’s Daily PR အွန်လိုင်းဌာနက ဖော်ပြထားသည်။ ယခု ငှားရမ်းမှုအရ McKeon Group ကုမ္ပဏီသည် မြန်မာစစ်ကော်မရှင်အတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်၊ နိုင်ငံခြားရေးဌာနတို့နှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် ပံ့ပိုးပေးမည်ဖြစ်သည်။ သြဂုတ်လ ၁ ရက်နေ့က စတင်အသက်ဝင်သည့် ၆ လသက်တမ်း စာချုပ်အရ ကုမ္ပဏီသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ စုစုပေါင်း ဒေါ်လာ သုံးသိန်းခြောက်သောင်း (၃၆၀,၀၀) ရရှိမည်ဖြစ်သည်။ ယင်းအစီအစဉ်အတွက် ကုမ္ပဏီဥက္ကဋ္ဌ ဟောင်းဝပ် မက်ကီယွန်က လုပ်ငန်းများကို ဦးဆောင်နေသည်။ မက်ကီယွန်ကနှင့်အတူ ကုမ္ပဏီကို ပူးတွဲတည်ထောင်သည့် သူ၏ ဖခင်…
-

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ
“လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ အလွန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်နေပါပြီ” Unique ကွန်ပြူတာဆိုင်မှာ Laptop မရောင်းနိုင်တော့တာ၊ Royal Express လို Delivery ကုမ္ပဏီတွေမှာ ပို့စရာမရှိတော့တာနဲ့ Samsung လို နိုင်ငံတကာ ကုမ္ပဏီကြီးတွေတောင် ရောင်းစရာပစ္စည်းမရှိလို့ Sales Target တွေလျှော့ ချနေရတာဟာ မြန်မာ့စီးပွားရေးယန္တရားကြီး တကယ်ပဲ ရပ်ဆိုင်းတော့မယ်ဆိုတာကို ပြသနေတဲ့ ထင်ရှားတဲ့ လက္ခဏာတွေပါပဲ။ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်များ လက်ရှိဖြစ်နေတဲ့ နိုင်ငံခြားငွေရရှိမှု ကျဆင်းခြင်း၊ စစ်လက်န-က်ဝယ်ယူမှု ဦးစားပေးခြင်း၊ သွင်းကုန်ကန့်သတ် ခြင်းနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခြင်းစတဲ့ အချက်တွေအပေါ် အခြေခံပြီး ရှေ့ဆက်ဖြစ်လာနိုင်တဲ့ စီးပွားရေးအခြေအနေကတော့- * ငွေကြေးဖောင်းပွမှုနဲ့ ဈေးနှုန်းမြင့်တက်မှု နိုင်ငံခြားငွေမရှိလို့ အခြေခံကုန်ကြမ်းတွေ မသွင်းနိုင်တဲ့အခါ ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ…
-

အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား
၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျောင်းတက်နေချိန် သူ့အိမ်က အဆင်မပြေတာကြောင့် စပါးထွက်ထမ်းရင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခြင်း ခံခဲ့ရပါတယ်။ ပေါ်တာဆွဲခံရတဲ့နေ့က ည ၉ နာရီလောက်မှာ သူ့ကို သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ယောက်က လက်ထိပ်ခတ်ပြီး ကားပေါ်တင်ခေါ်သွားတာပါ။ သူ့ကို အဲ့လိုခေါ်သွားတဲ့နေရာမှာ ၂၁ ရက်ကြာခဲ့တယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရချိန်မှာလည်း စစ်တပ်ထဲ မဝင်ချင်ကြောင်း ငြင်းဆန်တဲ့အခါ ရိုက်နှက်ခံရတဲ့အတွက် နောက်ဆုံးမှာ မောင်ဇင်ကိုကိုတစ်ယောက် စစ်မှုထမ်းဖို့ ခေါင်းညိမ့်ခဲ့ရပါတယ်။ “သူတို့က ကျောင်းသားမှန်းဘာမှန်းမသိဘူး။ ပြောလည်းမပြောခိုင်းဘူး။ ဖြေလည်းမဖြေခိုင်းဘူး။ ကျနော်က မဝင်ချင်ဘူး ငြင်းခဲ့ပါတယ်။ ငြင်းတော့ ကျနော့်ကိုရိုက်ခဲ့ပါတယ်။ လက်ထိပ်ခတ်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ရိုက် တော့ သူတို့ နောက်တစ်ရက်ကျတော့ ထပ်မေးခဲ့ပါတယ်။ ဝင်မှာလား ၊ မဝင်ဘူးလား ထပ်မေးခဲ့ပါတယ်။…