Author: Baby Yit Lone

  • စပါးကလပ်နဲ့ပေါင်းပြီး အတန်းရှင်းရှာ တနိုင်ငံလုံးကို ဂျင်းကောင်းကောင်းထည့်လိုက်တဲ့ ပက်ထရစ်ရှာ

    စပါးကလပ်နဲ့ပေါင်းပြီး အတန်းရှင်းရှာ တနိုင်ငံလုံးကို ဂျင်းကောင်းကောင်းထည့်လိုက်တဲ့ ပက်ထရစ်ရှာ

    ၇၂ နာရီလည်း စောင့်စရာ မလိုဘူတော့ဘူးနော်။

    အတန်းရှင်းရှာတဲ့ လုပ်ဇာတ်တွေဆိုတော့ စိတ်ပူကြသူတွေ Sel လို့ရပါပြီဆင့်…🤣😅

    ညကျရင် သမ်ိုးဇီး Come back live ရှိလို့ ပက်ထရစ်ရှာပွဲ တခန်းရပ် 😵‍💫

    ဆော် ကဲ သူတွေ ၂၄ နာရီ ပြည့်အောင် မဆော်ကဲလိုက်ရ 🥴

    “ယုတ်မာလိုက်ကြတာဟာ” ဆိုတာ အဲ့ဘဲကို တမနက်လုံးဆော်ကဲနေတဲ့ လူတွေကို ပြောတာနေမှာနော်… 😅😁

    စပါးကလပ်တို့ အရှုပ်တော်ပုံထဲမှ ပက်ထရစ်ရှာ ပြောတဲ့ အသံဖိုင်ထဲမှာ သူ့ကို ကြံ စည်တဲ့အကြောင်း ပါတယ်နော် 🙄

  • ထွက်ပေါ်လာတဲ့သတင်းတွေက တကယ်မဟုတ်ပါဘူးဆိုပြီး  It’s mint နဲ့မတူ ဖြေရှင်းလာတဲ့ ပက်ထရစ်ရှာ

    ထွက်ပေါ်လာတဲ့သတင်းတွေက တကယ်မဟုတ်ပါဘူးဆိုပြီး It’s mint နဲ့မတူ ဖြေရှင်းလာတဲ့ ပက်ထရစ်ရှာ

    🙄 မော်ဒယ် ပက်ထရစ်ရှာ ဘာဖြစ်နေပြီလဲ?

    မလေးရှားနိုင်ငံမှာ ကြော်ငြာသွားရိုက်တဲ့ မော်ဒယ် ပက်ထရစ်ရှာ (စူးရှနိုင်) ဟာ ဟိုတယ်တစ်ခုမှာ ပိတ်လှောင်ခံထားရတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။

    ပက်ထရစ်ရှာက မလေးရှားမှာ အခြေစိုက်တဲ့ It’s Mint – The Burmese Entrepreneur အမည်နဲ့ Facebook page ဖွင့်ထားသူ Motivation Speaker တစ်ဦးနဲ့ ကြော်ငြာရိုက်ဖို့ မလေးရှားကို ရောက်ရှိနေတာလို့ ဆိုပါတယ်။

    ယနေ့ (မေလ ၉ ရက်) မနက်ပိုင်းမှာ သူမရဲ့ ဆိုရှယ်မီဒီယာပေါ် “ယု.တ်.မာ.လို.က်တာ” လို့ စာသားပို့စ် တင်ခဲ့ရာကနေ ပရိသတ်တွေနဲ့ ရင်းနှီးသူတွေကြား စိုးရိမ်မှုတွေ ရှိလာခဲ့ကြပါတယ်။

    ထို့နောက် သူမရဲ့ မိတ်ဆွေတွေနဲ့ ဖုန်းပြောရာမှာ ဟိုတယ်တစ်ခုရဲ့ အခန်းထဲမှာ ရှိနေပြီး အခန်းထဲ တစ်ယောက်တည်း မဟုတ်ဘူးလို့ သတိထားပြီးပြောနေတဲ့ လေသံဖြင့် ပြောနေစဉ် အနောက်ကနေ ပါးစပ်ပိတ်ခံရပြီး ဖုန်းလွတ်ကျသွားတဲ့ အသံဖိုင်လည်း ပျံ့နှံ့နေပါတယ်။

    အနုပညာရှင် အသိုင်းအဝိုင်းမှ စိုးရိမ်သူအချို့ကလည်း မြန်မာသံရုံးနဲ့ မလေးရှားမှာ ရှိနေသူတွေကို ကူညီပေးကြဖို့ ဆိုရှယ်မီဒီယာပေါ်မှာ အကူအညီတောင်းထားကြပါတယ်။

    မော်ဒယ် ပက်ထရစ်ရှာ မလေးရှားမှာ အမှန်တကယ် ဘာဖြစ်နေပြီလဲ သတင်းတွေ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

    ထွက်ပေါ်လာတဲ့သတင်းတွေက တကယ်မဟုတ်ပါဘူးဆိုပြီး

    It’s mint နဲ့မတူ ဖြေရှင်းလာတဲ့ ပက်ထရစ်ရှာ 🥺

    ဗွီဒီယိုထဲမှာမျက်နှာလုံးဝမကောင်းဘူးနော်

    နောက်ကွယ်မှာ ဘယ်လိုတွေ ရှိလဲမသိဘူး သနားပါတယ်

  • ထပ်တက်လာတဲ့အသံဖိုင်တွေ နားထောင်ရတာ  အဆင်ပြေမနေဘူးးး

    ထပ်တက်လာတဲ့အသံဖိုင်တွေ နားထောင်ရတာ အဆင်ပြေမနေဘူးးး

    “မလေးရှားရောက် ပက်ထရစ်ရှာ (စူးရှနိုင်) ဘာတွေဖြစ်နေတာ…..?

    မလေးရှားနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတဲ့ မော်ဒယ် ပက်ထရစ်ရှာ (စူးရှနိုင်) တစ်ယောက် လက်ရှိမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်း

    ဖြစ်စဉ်မှာ ပက်ထရစ်ရှာဟာ မလေးရှားအခြေစိုက် Motivation Speaker တစ်ဦးနဲ့ ကြော်ငြာရိုက်ကူးဖို့ သွားရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း အဆင်မပြေမှုတွေ ရှိနေကြောင်း သူမရဲ့ လူမှုကွန်ရက်မှာ “ယုတ်မာလိုက်တာ” ဆိုတဲ့ စာသားကို တင်ခဲ့ရာကနေ စတင်ခဲ့တာပါ။

    ဒါ့အပြင် TikTok လူမှုကွန်ရက် (Ye Min Lwin အကောင့်) တွင် ပျံ့နှံ့နေတဲ့ အသံဖိုင်အရ သူမဟာ ဟိုတယ်အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရသလိုမျိုး အကူအညီတောင်းခံနေပြီး ဖုန်းပြောဆိုနေစဉ်မှာပင် တစ်စုံတစ်ယောက်ရဲ့ တားဆီးမှုကို ခံလိုက်ရတဲ့ပုံစံမျိုး ကြားသိရတာကြောင့် အခြေအနေက ပိုမိုစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

    လက်ရှိမှာတော့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေအချို့ကလည်း မလေးရှားရှိ အသိမိတ်ဆွေများအနေနဲ့ တတ်နိုင်သမျှ ကူညီစုံစမ်းပေးကြဖို့ တောင်းဆိုထားကြပါတယ်။

    ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုတော့ ကာယကံရှင်ဘက်က တိကျတဲ့ ထုတ်ပြန်ချက်ကို ပရိသတ်တွေက ဆက်လက်စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်

    ထပ်တပ်လာတဲ့အသံဖိုင်တွေ နားထောင်ရတာ

    အဆင်ပြေမနေဘူးးး

    ဘေးကင်းကင်းနဲ့ အမြန်ဆုံး ပြန်ထွက်လာနိုင်ပါစေ ညီမလေးရေ🙏

  • ၄ ပေအမြင့်ရှိ ဂြိုဟ်သားများနှင့် FBI ၏ လျှို့ဝှက်ချက် အဖုံးပွင့်ပြီ

    ၄ ပေအမြင့်ရှိ ဂြိုဟ်သားများနှင့် FBI ၏ လျှို့ဝှက်ချက် အဖုံးပွင့်ပြီ

    👽 ၄ ပေအမြင့်ရှိ ဂြိုဟ်သားများနှင့် FBI ၏ လျှို့ဝှက်ချက် အဖုံးပွင့်ပြီ

    ​လတ်တလော ထုတ်ပြန်လိုက်တဲ့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ လျှို့ဝှက်ဖိုင်တွေကြောင့် ကမ္ဘာတစ်ဝှမ်းက ဂြိုဟ်သားနဲ့ UFO စိတ်ဝင်စားသူတွေကြားမှာ အကြီးအကျယ် လှုပ်ခတ်သွားခဲ့ပါတယ်။

    Daily Express U.S. အပါအဝင် နိုင်ငံတကာ သတင်းဌာနတွေက အပြိုင်အဆိုင် ဖော်ပြလာတဲ့ ဒီဖိုင်တွေထဲမှာ “အာကာသဝတ်စုံနဲ့ ဆောင်းဦးထုပ်တွေ ဝတ်ဆင်ထားတဲ့ ၄ ပေခန့်သာ အရပ်ရှိတဲ့ ဂြိုဟ်သားတွေ” အကြောင်း မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက် အတိအကျ ပါဝင်နေတာ ဖြစ်ပါတယ်။

    ၁၉၆၆ ခုနှစ်က လျှို့ဝှက် မှတ်တမ်း (The 1966 FBI Memo)

    ​ဒီအချက်အလက်တွေဟာ ၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က FBI ရဲ့ ဆန်ဖရန်စစ္စကို ရုံးခွဲကနေ ထိုစဉ်က FBI ဒါရိုက်တာကြီး J. Edgar Hoover ထံ တိုက်ရိုက်ပေးပို့ခဲ့တဲ့ “အမည်မသိ ပျံသန်းနေသော အရာဝတ္ထုများ (Unidentified Flying Objects)” ခေါင်းစဉ်တပ်ထားတဲ့ အတွင်းရေးမှတ်တမ်းတစ်ခုကနေ ထွက်ပေါ်လာတာပါ။ အဆိုပါ မှတ်တမ်းအရ ၁၉၆၅ ခုနှစ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ UFO မြင်တွေ့ရမှု အများဆုံးနှစ်အဖြစ် သတ်မှတ်ထားပါတယ်။

    မျက်မြင်သက်သေများ၏ အံ့ဖွယ်ထွက်ဆိုချက်များ

    ​အံ့ဩစရာအကောင်းဆုံး အချက်ကတော့ ယာဉ်ပျံတွေဆီကနေ ဆင်းသက်လာတဲ့ သက်ရှိတွေကို မျက်မြင်တွေ့ခဲ့ရသူတွေရဲ့ ထွက်ဆိုချက်ပါပဲ။ မှတ်တမ်းထဲမှာ “ယာဉ်ပျံပေါ်မှ ဆင်းသက်လာသော အမှုထမ်းများကို တွေ့ရှိခဲ့ကြောင်း သက်သေအချို့က ထွက်ဆိုထားပြီး၊ ၎င်းတို့သည် အရပ် ၃ ပေခွဲမှ ၄ ပေခန့်သာရှိကာ အာကာသဝတ်စုံနှင့် ဆောင်းဦးထုပ်ဟု ယူဆရသောအရာများကို ဝတ်ဆင်ထားသည်” လို့ အတိအလင်း ရေးသားထားပါတယ်။ ဒီသက်သေတွေထဲမှာ သာမန်အရပ်သားတွေသာမက ရဲအရာရှိတွေ၊ စစ်ဘက်ဆိုင်ရာနဲ့ လေကြောင်းလိုင်း လေယာဉ်မှူးတွေ ပါဝင်နေတာကြောင့် ပိုပြီး ခိုင်လုံနေပါတယ်။

    အဆင့်မြင့် နည်းပညာနှင့် ရုပ်ပိုင်းဆိုင်ရာ အထောက်အထားများ

    ​FBI ရဲ့ မှတ်တမ်းတွေမှာ ဒီယာဉ်ပျံတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း မှတ်တမ်းတင်ထားပါသေးတယ်။

    ​စွမ်းအင်စက်ကွင်းများ (Force Fields) – ယာဉ်ပျံတွေဟာ လျှပ်စစ်သံလိုက် စက်ကွင်းတွေကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်က လျှပ်စစ်ပစ္စည်းတွေနဲ့ ပါဝါစနစ်တွေကို အလုပ်မလုပ်နိုင်အောင် နှောင့်ယှက်နိုင်စွမ်းရှိပါတယ်။

    ​အမြန်နှုန်း – လေထဲမှာ အသံလုံးဝမထွက်ဘဲ ငြိမ်သက်စွာ ရပ်တန့်နေနိုင်သလို၊ မျက်စိတစ်မှိတ်အတွင်း “အံ့မခန်း အမြန်နှုန်း” နဲ့ ရုတ်တရက် ပျံသန်းသွားနိုင်ပါတယ်။ တချို့နေရာတွေမှာ ယာဉ်ပျံ ထွက်ခွာသွားပြီးနောက် မြေပြင်မှာ မီးကျွမ်းထားတဲ့ အရာတွေ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

    ​ပျက်ကျယာဉ် အစိတ်အပိုင်းများ – ပျက်ကျသွားတဲ့ ပန်းကန်ပြားပျံ ၃ စီးဆီကနေ အစိတ်အပိုင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖိုင်တွေမှာ အရိပ်အမြွက် ဖော်ပြထားပါတယ်။ ဓာတ်ခွဲခန်း စမ်းသပ်မှုတွေအရ အဆိုပါ အပျက်အစီးတွေဟာ “မသိရှိရသေးတဲ့ အလွန်မာကျောသော သတ္တု” နဲ့ မဂ္ဂနီဆီယမ် အလွိုင်းတွေ ဖြစ်နေပါတယ်။ ထူးခြားတာက အဲဒီသတ္တုတွေထဲမှာ ၁၅ မိုက်ခရို (15-micron) အရွယ်အစားရှိတဲ့ သတ္တုလုံးလေးတွေ ထောင်ပေါင်းများစွာ ပါဝင်နေပြီး မျက်နှာပြင်မှာ အာကာသထဲက ဥက္ကာခဲငယ်လေးတွေ ရိုက်ခတ်ထားတဲ့ အရာတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

    ​ဆယ်စုနှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ ဒီလျှို့ဝှက်ချက်တွေကို အစိုးရရဲ့ ပွင့်လင်းမြင်သာမှုရှိရေး အစီအစဉ်အရ မကြာသေးမီကမှ ချပြခဲ့တာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေကို စိတ်ဝင်စားသူတွေအတွက်တော့ ဒါဟာ ကြီးမားတဲ့ သက်သေအထောက်အထားတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်ပဲ ၄ ပေအရပ်ရှိတဲ့ ဂြိုဟ်သားတွေ ကမ္ဘာကို ရောက်ခဲ့သလား၊ အစိုးရတွေက ဘာတွေ ဆက်ဖုံးကွယ်ထားသေးသလဲ ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမယ့် စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခု ဖြစ်လာပါပြီ။

    လျှို့ဝှက်ထားခဲ့သော UFO အစီရင်ခံစာမှတ်တမ်း ပထမအသုတ် ပင်တဂွန် ထုတ်ပြန်

    ဆယ်စုနှစ်နှင့်ချီ လျှို့ဝှက်ထားခဲ့သည့် ယူအက်ဖ်အို (UFO) ဆိုင်ရာ အစီရင်ခံစာမှတ်တမ်းများကို သောကြာနေ့တွင် ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်သည်။

    ယင်းသည် လူအချို့က ဆယ်စုနှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့သည့် အရာဖြစ်သည်။

    “လျှို့ဝှက်ထားခဲ့တဲ့ ဒီမှတ်တမ်းတွေက နှစ်ပေါင်းများစွာ ထင်မြင်ချက်ပေးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုတော့ အမေရိကန်ပြည်သူတွေ ကိုယ်တိုင်မြင်တွေ့ခွင့်ရမယ့်အချိန် ရောက်ပါပြီ” ဟု ကာကွယ်ရေး ဝန်ကြီး ပိဟက်ဆက်က X လူမှုကွန်ရက်တွင် တင်ထားသည့် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

    စိတ်ဝင်စားဖွယ်ရာ အချက်အလက်များထဲတွင် လပေါ်သို့ ဒုတိယမြောက်ခြေချနိုင်ခဲ့သည့် Apollo 11 မှ အာကာသယာဉ်မှူး ဘတ်ဇ်အယ်ဒရင်၏ ၁၉၆၉ ခုနှစ်က ထွက်ဆိုချက်လည်း ပါဝင်သည်။

    လမျက်နှာပြင်နှင့် နီးကပ်စွာရှိနေသော “ကြီးမားသည့်” အရာဝတ္ထုတခုကို မြင်တွေ့ခဲ့ရကြောင်းနှင့် လေယာဉ်အဖွဲ့သားများက လေဆာရောင်ခြည် ဖြစ်နိုင်သည်ဟု ယူဆရသည့် “အလွန်တောက်ပသော အလင်းရင်းမြစ်” တခုအကြောင်းကိုပါ ပြောကြားထားသည်။

    ထွက်ပေါ်လာသည့် အစီရင်ခံစာများစွာနှင့်အတူ ကမ္ဘာတဝန်းရှိ စစ်ဘက်သုံးကင်မရာများမှ ရိုက်ကူးထား သည့် ဗီဒီယိုဖိုင်များစွာလည်း ပါဝင်လာခဲ့သည်။

    တွေ့ရှိရသည့် အရာဝတ္ထုများထဲတွင် ၂၀၂၂ ခုနှစ်က အရှေ့တရုတ်ပင်လယ်ပြင်ထက်တွင် တွေ့ရှိခဲ့သည့် ဘောလုံးပုံသဏ္ဌာန် အရာဝတ္ထုတခုအပါအဝင်၊ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက အီရတ်၊ ဆီးရီးယားနှင့် ယူအေအီးတို့၏ ကောင်းကင်ယံတွင် ပုံမှန်မဟုတ်သော အရှိန်နှုန်း၊ လားရာများဖြင့် ရွေ့လျားနေသည့် အစက်အပြောက်ပုံသဏ္ဌာန် ဗီဒီယိုမှတ်တမ်းများလည်း ပါဝင်သည်။

    ယခုမှတ်တမ်းများ ထုတ်ပြန်ခြင်းသည် ‘အမည်မသိ ထူးခြားဆန်းပြားဖြစ်စဉ်များ’ (UAPs) ဟု လူသိများ လာသည့် ယူအက်ဖ်အို (UFO) များ၊ ကမ္ဘာပြင်ပ သက်ရှိများ ရှိနိုင်ခြေများနှင့် ပတ်သက်သော အစိုးရ မှတ်တမ်းများကို စတင်စိစစ်၍ လျှို့ဝှက်ချက်အဆင့်အတန်း လျှော့ချထုတ်ပြန်ရန် ဖေဖော်ဝါရီလ အတွင်းက ဒေါ်နယ်ထရမ့် ပေးခဲ့သည့် ညွှန်ကြားချက်အရ ထွက်ပေါ်လာခြင်း ဖြစ်သည်။

    ယခုခြေလှမ်းသည် ပြည်သူလူထု၏ “ကြီးမားသော စိတ်ဝင်စားမှု” အပေါ် အခြေခံထားခြင်းဖြစ်ပြီး၊ ကမ္ဘာပြင်ပသက်ရှိများနှင့် ၎င်းတို့၏ အာကာသယာဉ်များကို ခြေရာခံခြင်း (သို့မဟုတ်) လက်ခံထိန်း သိမ်းထားခြင်းဟု ယူဆရသည့် စီမံကိန်းများအပေါ် အစိုးရ၏ သိရှိနားလည်မှုနှင့် ပတ်သက်၍ သတင်း အချက်အလက်များကို သိလိုစိတ်ပြန်လည်မြင့်တက်လာခြင်းကို ထင်ဟပ်စေကြောင်း ထရမ့်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လက နာဆာ (NASA) ၏ အုပ်ချုပ်ရေးမှူးအသစ်ဖြစ်သူ ဂျဲရက်ဒ် အိုက်ဆက်မန်းက ပိုမိုပွင့် လင်း မြင်သာမှုရှိခြင်းက ကြိုးပမ်းမှုကို ပိုမိုခိုင်မာစေကြောင်း၊ နာဆာက အာကာသခရီးစဉ်များကို စီစဉ်ရာတွင် ကမ္ဘာပြင်ပသက်ရှိများ ရှိနေနိုင်ခြေကို အနည်းဆုံးအားဖြင့် အစိတ်အပိုင်းတခုအနေဖြင့် ထည့်သွင်းစဉ်းစား၍ စီစဉ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “တချိန်ချိန်မှာတော့ ငါတို့တွေက ဒီစကြဝဠာထဲမှာ တထီးတည်းမဟုတ်ဘူးဆိုတာကို သက်သေပြနိုင်မဲ့ အရာ တခုခုကို ရှာဖွေတွေ့ရှိဖို့ အခွင့်အလမ်းက တော်တော်လေးကို မြင့်မားနေပါတယ်” ဟု NBC သတင်းဌာန၏ Meet the Press အစီအစဉ်တွင် ၎င်းက ပြောကြားခဲ့သည်။

    သို့သော် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်အသစ်တွင် သောကြာနေ့က ပထမဆုံးအသုတ်အဖြစ် ထုတ်ပြန်လိုက်သည့် စာမျက်နှာ ရာပေါင်းများစွာပါဝင်သော မှတ်တမ်းဖိုင် ၁၆၂ ခုတွင် အသစ်အဆန်းဖြစ် စေမည့် (သို့မဟုတ်) အတည်ပြုနိုင်စွမ်းရှိသည့် သက်သေအထောက်အထား အနည်းငယ်သာ ပါဝင်ခဲ့သည်။

    ပင်တဂွန်၏ ထုတ်ပြန်ချက်တွင် ပြည်သူလူထုအနေဖြင့် “ယခုမှတ်တမ်းများတွင် ပါဝင်သော အချက် အလက်များနှင့် ပတ်သက်၍ မိမိတို့ဘာသာ ဆုံးဖြတ်ချက် ချနိုင်ပါသည်” ဟု ဖော်ပြထားသည်။

    ကိုးကားချက်များ (References):

    ​The Times of India: ‘Four feet tall, wearing space suits and helmets’: Newly released FBI UFO files reveal bizarre claims.

    ​Hindustan Times: UFO Files update: Bombshell FBI files reveal ‘four-foot’ beings in ‘space suits’ near mysterious craft.

    ​Daily Express U.S. / Daily Mail: Reporting on the declassified 1966 FBI memo to J. Edgar Hoover.

  • ပက်ထရစ်ရှာ ဘာမှမဖြစ်ပါဘူးလို့ အာမခံလိုက်တဲ့ ယုန်လေး

    ပက်ထရစ်ရှာ ဘာမှမဖြစ်ပါဘူးလို့ အာမခံလိုက်တဲ့ ယုန်လေး

    မလေးရှားရောက် ပက်ထရစ်ရှာ (စူးရှနိုင်) ဘာတွေဖြစ်နေတာလဲ?

    မလေးရှားနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတဲ့ မော်ဒယ် ပက်ထရစ်ရှာ (စူးရှနိုင်) တစ်ယောက် လက်ရှိမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေကြောင့် ပရိသတ်တွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

    ဖြစ်စဉ်မှာ ပက်ထရစ်ရှာဟာ မလေးရှားအခြေစိုက် Motivation Speaker တစ်ဦးနဲ့ ကြော်ငြာရိုက်ကူးဖို့ သွားရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း အဆင်မပြေမှုတွေ ရှိနေကြောင်း သူမရဲ့ လူမှုကွန်ရက်မှာ “ယု-တ်-မ-ာ-လို-က်-တာ” ဆိုတဲ့ စာသားကို တင်ခဲ့ရာကနေ စတင်ခဲ့တာပါ။

    ဒါ့အပြင် TikTok လူမှုကွန်ရက် (Ye Min Lwin အကောင့်) တွင် ပျံ့နှံ့နေတဲ့ အသံဖိုင်အရ သူမဟာ ဟိုတယ်အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရသလိုမျိုး အကူအညီတောင်းခံနေပြီး ဖုန်းပြောဆိုနေစဉ်မှာပင် တစ်စုံတစ်ယောက်ရဲ့ တားဆီးမှုကို ခံလိုက်ရတဲ့ပုံစံမျိုး ကြားသိရတာကြောင့် အခြေအနေက ပိုမိုစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

    လက်ရှိမှာတော့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေအချို့ကလည်း မလေးရှားရှိ အသိမိတ်ဆွေများအနေနဲ့ တတ်နိုင်သမျှ ကူညီစုံစမ်းပေးကြဖို့ တောင်းဆိုထားကြပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုတော့ ကာယကံရှင်ဘက်က တိကျတဲ့ ထုတ်ပြန်ချက်ကို ပရိသတ်တွေက ဆက်လက်စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

    (သတင်းအချက်အလက်များကို လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ကနဦး သိရှိရခြင်းဖြစ်ပြီး အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပါသည်)

    အခုမှ ကျွန်တော်နိုးတာပါ နိုးနိုးချင်း

    ညီမလေး ပတ်ထရှစ်ရှာ

    Video လေးတွေ အသံဖိုင်တွေ အများကြီးပဲ

    လာပို့ကျတယ် ။

    တိတိကျကျစုံစမ်းနေပါတယ် ။

    ညီမလေး နဲ့ လည်း အဆက်သွယ်မရသေးပါဘူး။

    အိမ်နဲ့ လည်း ဆက်သွယ်နေပါတယ် ။

    မလေးရှားက တာဝန်ရှိသူတွေ နဲ့ လည်း

    ချိတ်ဆက်နေပါတယ်။ သူနဲ့ ဖြစ်တဲ့ သူရဲ့

    လိပ်စာသိရင်လည်း ပေးစေချင်ပါတယ်။

    Edit သတင်းပို့ချိတ်ဆက် စရာတွေ အကုန် ချိတ်ဆက် ကူညီပြီးပါပြီ.

    မလေးမှ မြန်မာ သံရုံးလည်း သိပါပြီ ။

    သက်တိုင်ရာ ဌာနတွေ လည်း သိပါပြီ ။

    ကျွန်တော်နဲ့ ညီမလို ခင်မင်ရင်းနီးပါတယ်။

    ညီမလိုပက်သက်သက် မပက်သက်သက်

    ကိုယ့်နိုင်ငံသား မြန်မာမိန်းကလေး တစ်ယောက်

    သူများနိုင်ငံမှာ ဒုက္ခကြုံတဲ့ အချိန် ကူညီ ရမှာပဲ ။

    ကျွန်တော့်ကို Video File တွေ စာတွေ အများကြီး

    လာပို့ကျတယ် ။ စိတ်ပူသွားတယ် ။

    မလေးရှား သံရုံး ။ ပြည်ထဲရေး ။ သက်ဆိုင်တဲ့

    အဖွဲ့အစည်းတွေရော. မလေး က ပေါက်ပေါက်ရောက်ရောက်ရှိတဲ့

    သူငယ်ချင်းတွေရော ဆက်သွယ်ပြီးပါပြီ။

    Hotel လည်း ရောက်ပြီး ပြီ ။

    ညီမလေးနဲ့ တော့ အဆက်သွယ် မရသေးဘူး။

    လွဲနေတာ တစ်ခုက အရေးကြီးတဲ့ ကိစ္စဆို ညီမလေး

    ကျွန်တော့်ကို အကူညီတောင်းလေ့ရှိတယ်

    မသွားခင်လည်း ပြောသွားတယ် ။

    ကျွန်တော် အမြဲ ကူညီပေးတယ်။

    ဒီ တစ်ခါက တစ်ခုခု လွဲနေတယ် မြင်တယ် ။

    သုံးသပ်ကြည့်ရရင်. ညီမလေး ပက်ထရစ်ရှာ

    ဘာမှ မဖြစ်ဘူး ။

    အသက်အန္တရာယ် လည်း လုံးဝ လုံးဝ မစိုးရိမ်ရဘူး ။

    အေးအေး ချမ်းချမ်း ရန်ကုန်ကို

    ပြန်ရောက်လာပါလိမ့်မယ် ။

    Yone Lay