Author: Baby Yit Lone

  • ရက်စက်စွာနင်းခြေခံလိုက်ရတဲ့ ဘဝသုံးခု (ရုပ်/သံ)

    ရက်စက်စွာနင်းခြေခံလိုက်ရတဲ့ ဘဝသုံးခု (ရုပ်/သံ)

    ဘယ်လိုအကြောင်းပြချက်နဲ့မှ ခွင့်လွှတ်လို့မရနိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် အနာဂတ်ကိုယ်စီနဲ့ အမျိုးသမီးသုံးယောက်ရဲ့အသက်ခန္ဓာဟာ အချိန်မတိုင်မီ ကြွေလွင့်ခဲ့ရပါတယ်။ သူတို့ကတော့ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာမှာနေထိုင်ကြတဲ့ ဒေါ်လှသိန်းရွှေ (၅၅)နှစ်၊ သူမရဲ့သမီး ဒေါ်အေးအေးသိန်း (၃၁)နှစ်နဲ့ ဒေါ်လှသိန်းရွှေရဲ့ တူမဖြစ်သူ မပြည့်စုံဝင်း (၁၃)နှစ်တို့ဖြစ်ပါတယ်။ သူမတို့ သုံးယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ အစောပိုင်းက ‌သူမတို့ပိုင်ဆိုင်တဲ့ တောတောင်ထဲက ဥယျာဉ်ခြံတခုသို့ အလုပ်လုပ်ဖို့ အသွားမှာ ပျောက်ဆုံးနေခဲ့ပါတယ်။ အကြောင်းကတော့ အုန်းတောကျေးရွာက သူမတို့သုံးယောက်အပါအဝင်အမျိုးသမီး ငါးယောက်ဟာ တောတောင်ထဲက ဥယျာဉ်ခြုံသို့အသွား စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ပြီး တားမြစ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေရဲ့အဆိုအရ သိရပါတယ်။ အမျိုးသမီးငါးယောက်ထဲက နှစ်ယောက်ကတော့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ တားမြစ်မှုကြောင့် လှည့်ပြန်ခဲ့ကြပေမဲ့ ဒေါ်လှသိန်းရွှေတို့မိသားစုဝင်သုံးယောက်ကတော့ တခြားတဘက်က ဥယျာဉ်ခြံသို့ အရောက်သွားခဲ့ကြပါတယ်။ အဲဒီခရီးဟာ သူမတို့အတွက် အသက်ရှင်လျက်…

  • အမေတခု သမီးတခုဘဝမှာ

    အမေတခု သမီးတခုဘဝမှာ

    အိမ်ထောင်ကွဲပြီးနောက် အမေတခု သမီးတခု အဖြစ်နဲ့ ဘဝကို ရုန်းကန်လှုပ်ရှားနေတဲ့ ဆယ်လီ အုပ်ကြီးရဲ့ သမီးလေး ဖေဖော်ဝါရီ ၂၅ ရက် နေ့လည်ကတည်းက ပျောက်ဆုံး သွားတယ်လို့ သိရပါတယ်။ ပျောက်ဆုံးသွားတဲ့ သမီးလေးကို ရှာပေးကြဖို့ လူမှုကွန်ရက် အသုံးပြုသူတွေကို ဆယ်လီ အုပ်ကြီးက ငိုယိုတောင်းပန်ခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ သမီးလေးကို ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။ ဆယ်လီ အုပ်ကြီးရဲ့ သမီးလေးဟာ ယောက်ျားလေးကဲ့သို့ ဝတ်ဆင်နေထိုင်လေ့ ရှိပြီး ယခင်က ဆယ်လီ အုပ်ကြီးရဲ့ ဟာသဗီဒီယိုတချို့မှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လုံးဝ မပါဝင်တော့ပါဘူး။ ယခု ပျောက်ဆုံးမှုမှာ မှတ်ပုံတင်ပါ ယူဆောင်သွားခဲ့တာကြောင့် အိမ်ကနေ ထွက်ပြေးတာ ဖြစ်နိုင်တယ်လို့ လူမှုကွန်ရက်အသုံးပြုသူတွေက သုံးသပ်နေကြပါတယ်။ ဆယ်ကျော်သက် အရွယ်ဖြစ်တာကြောင့် မိခင်နဲ့ စိတ်အခန့်မသင့်လို့…

  • သူ့စကေးလ်နဲ့သူ သွားရှုပ်လို့မရတဲ့ မိုင်းဖုန်းဆရာတော်

    သူ့စကေးလ်နဲ့သူ သွားရှုပ်လို့မရတဲ့ မိုင်းဖုန်းဆရာတော်

    မိုင်းဖုန်းဆရာတော် က မဟနဆရာတော်ကြီးတွေကို လာကန်တော့တဲ့အခါ ပုံမှန်သင်္ကန်းအရောင်ကို ရုံတာ တွေ့ရတယ်။ ကျန်တဲ့အချိန်တော့ အဝါရောင်တွေရုံတာများတယ်။ ဆိုတော့… ခုနောက်ပိုင်း သတိထားမိသလောက်က ဆရာတော်က ထေရဝါဒလို့ပြောလို့မရသလို မဟာယာနလို့ ပြောဖို့တောင် ခပ်ခက်ခက်ရယ်။ အဲ့တော့… မိုင်းဖုန်းဆရာတော်ဟာ မိုင်းဖုန်းဆရာတော်ပုံစံ အနေနဲ့ပဲ မြင်ရမလို ဖြစ်နေတယ်။ သွားရှုပ်လို့ မရတာက _ ဆရာတော်က ဂူအောင်းပြီးကျင့်တဲ့အကျင့်တွေကို သေချာလုပ်နိုင်တယ်။ မေတ္တာ နဲ့ ဗုဒ္ဓါနုဿတိ ကို သေချာပွားပုံရတယ်။ မိန်းမကိစ္စ လုံးလုံး ကင်းရှင်းတာမျိုး တွေ့ရတယ်။ အနားကို အကပ်မခံဘူး အေးရော။ ကိုယ်တို့ ထေရဝါဒက ဆရာတော်ကြီးတွေ အများစုတောင် ဒကာမချောချောဆို ပြုံးပြုံး ပြုံးပြုံးနဲ့ ဆက်ဆံပုံလည်း တစ်မျိုးပြောင်းသွားတယ်။ သာယာပုံ ရပါတယ်။ ဥုးဇင်းငယ်တွေအများစုကတော့ ပြောမနေနဲ့တော့ Massager…

  • တာချီလိတ်မှာ စောင်နဲ့ထုပ်ကာ စွန့်ပစ်ခံရတဲ့ အမျိုးသမီး ရုပ်အလောင်းအမှုက ဆက်စပ်တရားခံ ၁ ဦးကို ဖမ်းဆီးရမိ

    တာချီလိတ်မှာ စောင်နဲ့ထုပ်ကာ စွန့်ပစ်ခံရတဲ့ အမျိုးသမီး ရုပ်အလောင်းအမှုက ဆက်စပ်တရားခံ ၁ ဦးကို ဖမ်းဆီးရမိ

    တာချီလိတ်မြို့ မြို့ပတ်လမ်းမှာ စောင်နဲ့ထုတ်ကာ စွန့်ပစ်ခံရတဲ့ အမျိုးသမီးရုပ်အလောင်းအမှုနဲ့ ပတ်သက်ပြီး အလောင်းကို စွန်ပစ်ခဲ့သူတွေနဲ့ ဆက်စပ်တဲ့ တရားခံတစ်ဦးကို ဖမ်းမိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တာချီလိတ်မြို့ပတ်လမ်းမှာ အသက် ၂၅ အရွယ် အမျိုးသမီးရုပ်အလောင်းကို စောင်နဲ့ထုတ်လျက်အနေအထားနဲ့ ဒေသခံတွေက တွေ့ရှိခဲ့ကြပြီးနောက် တရားခံတွေကို လိုက်လံစုံစမ်းခဲ့ရာက အမှုပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သေဆုံးသူအမျိုးသမီး မဖြူဖြူအေးနဲ့ အလောင်းဖျောက်ခဲ့သူ ဉာဏ်လင်းထက် (ခ)အားစန်းကော တို့ဟာ KTV မှာတွေ့ဆုံခဲ့ကာ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြပြီးနောက် မဖြူဖြူအေး ဆေးလွန်သွားခဲ့တာကြောင့် တည်းခိုခန်းတစ်ခုမှာ ထားခဲ့တယ်လို့ သိရပါတယ်။ တည်းခိုခန်းမှာထားပြီးနောက် နေအိမ်ကိုခေါ်ကာ အရပ်ဆေးနည်းတွေနဲ့ကုခဲ့ပြီး အခြေအနေမကောင်းတော့တာကြောင့် ဉာဏ်လင်းထက်(ခ)အားစန်းကောနဲ့ မိခင်ဖြစ်သူ ဒေါ်နန်းဆိုင်သန်း တို့ဟာ မဖြူဖြူအေးရဲ့ ရုပ်အလောင်းကို…

  • စာမေးပွဲဖြေခွင့် ထုတ်ပေး၍ ခရိုင်ပညာ‌ရေးမှူးကို အရေးယူမည်

    စာမေးပွဲဖြေခွင့် ထုတ်ပေး၍ ခရိုင်ပညာ‌ရေးမှူးကို အရေးယူမည်

    ကျောင်းအပ်နှံစာရင်းတွင်မပါ၍ မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိသည့် “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ ၁၀၀ ကျော်အား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခဲ့သည့် ခရိုင်ပညာရေးမှူးကို နိုင်ငံဝန်ထမ်းဥပဒေဖြင့် စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၃ ရက်ကစတင်ကျင်းပသည့် အတန်းဆုံးစာမေးပွဲတွင် စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ကွက်ရှိ “ထက်”ကိုယ်ပိုင် အထက်တန်းကျောင်းမှ Grade-5 ကျောင်းသား/သူ ၇၂ ဦးနှင့် Grade-9 ကျောင်းသား/သူ ၈၉ ဦး စုစုပေါင်း ၁၆၁ တို့သည် ဖြေဆိုခွင့်ကတ်များအား ဖေဖော်ဝါရီ ၂၂ ရက်၌ စစ်ကိုင်းခရိုင် ပညာရေးမှူးထံမှရရှိခဲ့သော်လည်း ပါဝင်ဖြေဆိုခွင့် မရခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းသား/သူ ၁၆၁ ဦးသည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ တာဝန်ရှိသူများမှ ကျောင်းသို့ သွားရောက်စစ်ဆေးစဉ် အမှန်တကယ် ကျောင်းတက်ရောက်မှု မရှိခြင်းနှင့် အတန်းဆုံးနှင့်…