Author: Baby Yit Lone
-

အမရပူရ၌ ၆ တန်းကျောင်းသား ၁ ဦး ဓားဖြင့် ထိုးသတ်ခံရ
မန္တလေးတိုင်း၊ အမရပူရမြိုနယ်၊ ယာဥ်တော်စံကျေးရွာမှာ ဇွန် ၂၃ ရက်က ၆ တန်းကျောင်းသားတယောက် ဓားနဲ့ ထိုးသတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က ယာဥ်တော်စံကျေးရွာ မူလတန်းလွန်ကျောင်းအနီးရှိ ဓာတ်တိုင်အောက်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ လဲကျနေတဲ့ ၆ တန်းကျောင်းသား တယောက်ကို တွေ့ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။ “ကျောင်းထမင်းစားဆင်းတော့ ကလေးတွေက ဓာတ်တိုင်နားမှာ လည်ပင်းမှာ ဓားဒဏ်ရာနဲ့လဲနေတဲ့ ၆ တန်းကျောင်းသားကို တွေ့တယ်။ ဆရာမတွေနဲ့ ရွာကလူတွေပေါင်းပြီး ဆေးရုံပို့တော့ လမ်းခုလတ်မှာ သေသွားတယ်။ ဓားနဲ့ထိုးတာက ၆ တန်းကျောင်းသား၊ အဲဒီကလေးကိုလည်း ထိုးတဲ့ဓားနဲ့ ရဲတွေက ဖမ်းမိတယ်။ သေတဲ့သူရော ဓားနဲ့ထိုးသူရော ယာဥ်တော်စံရွာကပဲ။” သေဆုံးသူမှာ အသက် ၁၅ နှစ် အရွယ်…
-

ခြေသံလုံသည့် ဧရာဝတီစစ်မျက်နှာ
ဧရာဝတီတိုင်းတွင် အာဏာသိမ်းပြီးကတည်းက PDF များနှင့် နွေဦးတပ်ဖွဲ့များ လှုပ်ရှားရန် ကြိုးပမ်းခဲ့ကြသော်လည်း ၂၀၂၄ ခုနှစ်အထိ အောင်မြင်မှုမရရှိခဲ့ပေ။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ ရခိုင်တောင်ပိုင်းရှိ ဂွမြို့ကျပြီးနောက် ဂွ-ငသိုင်းချောင်းကားလမ်းအတိုင်း ဧရာဝတီတိုင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် အာရက္ခတပ်တော် AA တပ်များနှင့်အတူ PDF ဧရာဝတီတိုင်းမှ ဗျူဟာတခုနှင့် နွေဦးတပ်ဖွဲ့တခုတို့ အတူတကွ ဝင်ရောက်လာသည်ကို တွေ့ရ၏။ ရခိုင်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ရခိုင်ရိုးမ အရှေ့ခြမ်းကို ဦးတည်၍ ဧရာဝတီတိုင်းစစ်မျက်နှာတွင် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် စစ်မျက်နှာ သုံးခုဖွင့်ထားသည်ဟု ဆိုနိုင်၏။ ၎င်းတို့မှာ ၁။ သာပေါင်းစစ်မျက်နှာ ၂။ ငသိုင်းချောင်း၊ မြောက်စမ်း စစ်မျက်နှာ ၃။ လေးမျက်နှာ၊ ကွင်းကောက်စစ်မျက်နှာ တို့ဖြစ်၏။ ဤစစ်မျက်နှာသုံးခု၌ ၂၀၂၅ ခုနှစ်…
-

ဗန်းမော်မြို့ စစ်အင်အားထပ်ပို့ဖို့ စစ်တပ်က မန္တလေးဆိပ်ကမ်းမှာ ပြင်ဆင်နေ
ရေလမ်းကိုအသုံးပြုပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူအင်အားပို့ဖို့ စစ်တပ်က မန္တလေးမြို့ဂေါ်ဝိန်ဆိပ်ကမ်းမှာ ပြင်ဆင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ကနေ ဂေါ်ဝိန်ဆိပ်ကမ်းကို စစ်ကားကြီး(ဖောကား)တွေနဲ့ ရိက္ခာ၊လက်နက်ခဲယမ်းတင်နေတာတွေဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။ စစ်တပ်က မနေ့က ညနေပိုင်းမှာ စစ်ကား ၁၀စီးနဲ့ ဂေါ်ဝိန်ဆိပ်ကမ်းကို ပစ္စည်းတွေ ပို့နေတာလို့ မြို့ခံတွေကပြောသလို Revolution Of MDY ကလည်း အတည်ပြုဖော်ပြထားပါတယ်။ လက်ရှိအချိန်ဟာ ဧရာဝတီမြစ်ဟာ ရေတက်ချိန်ဖြစ်ပြီး စစ်သင်္ဘောတွေ သောင်တင်တဲ့ အန္တရာယ်မရှိတော့ဘဲ လွယ်လွယ်ကူကူသွားလာနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ထပ်မံပြီး ရေလမ်းကို အသုံးပြုဖို့ပြင်ဆင်လာတာ ဖြစ်နိုင်တယ်လို့ မြစ်ကမ်းဘေးနေထိုင်သူတွေက ပြောပါတယ်။ “အခုချိန်က ရေအရမ်းတက်နေတယ်။ ကျွန်းတွေတောင် မြှုပ်နေပြီ။ ဒီအချိန် သင်္ဘောတက်ရင်တော့ စစ်ကောင်စီအတွက်ပိုမြန်နိုင်တာပေါ့”လို့ မြစ်ကမ်းအနီးက…
-

တရုတ်အမျိုးသား ၁ ဦး မှော်မှို စားပြီး ‘မသေနိုင်သည့်ကျင့်စဉ် ကျင့်ရန်’ တိုက် ၂၇ ထပ်မှ တွယ်ဆင်းရာမှ ကိုမာ ဖြစ်
တရုတ်နိုင်ငံက အမျိုးသားတဦးသည် မှော်မှိုများကို အရက်နှင့်ရောစပ် သောက်သုံးခဲ့ပြီးနောက် ၎င်း၏ အထပ်မြင့်တိုက်ခန်းပေါ်မှ အောက်သို့ တွယ်ဆင်းရန် ကြိုးစားရာ အောက်ထပ်ရှိ အိမ်နီးနားချင်းဖြစ်သူက အချိန်မီ ကယ်ဆယ်ခဲ့ရသည်။ အဆိုပါအမျိုးသားမှာ စိတ်ကို ပြောင်းလဲစေတတ်သော အဆိပ်မှိုကို အရက်နှင့် ရောစပ်သောက်သုံးပြီး စိတ်အာရုံ ချောက်ခြားနေကာ အောက်သို့ ပြုတ်ကျပြီး သေဆုံးနိုင်မည့် အန္တရာယ် ရှိနေသည်ကို ပါးနပ်သည့် အိမ်နီးနားချင်းက အချိန်မီ မြင်တွေ့ပြီး ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်မှာ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ရှုအမည်ရှိ အဆိုပါ အမျိုးသားက အိမ်တွင် ကိုယ်တိုင်ချက်ပြုတ်ထားသည့် ဂျန်ရှို့ချင်း (jianshouqing) မှိုများ စားပြီး စိတ်အာရုံ ချောက်ခြားကာ တိုက် ၂၇ ထပ် ပြတင်းပေါက်မှ အပြင်သို့ ထွက်၍ တွယ်ဆင်းခြင်း ဖြစ်သည်။…
-

နည်းပညာ လက်ဝယ်ရောက်ချိန် စစ်တပ်ကို ဆုံးမနိုင်ပြီဟု ဦးမင်းကိုနိုင် ပြော
မြိုင်တွင် ရဟတ်ယာဉ် တိုက်ခိုက်ခံရပြီးနောက် လေကြောင်းမှ ပြန်လည်ဗုံးကြဲနေ တော်လှန်ရေးတပ်ဖွဲ့များ လက်ဝယ်သို့ နည်းပညာရောက်ရှိလာသည့်နေ့တွင် အာဏာသိမ်းစစ်တပ်ကို ဆုံးမနိုင်ပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားပြောဆိုလိုက်သည်။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်အုပ်စု၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အသေခံဒရုန်းဖြင့် ပစ်ချတိုက်ခိုက်နိုင်ခဲ့ပြီးနောက် ဇွန်လ ၂၃ ရက် ညဦးပိုင်းတွင် ဦးမင်းကိုနိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ လေယာဉ်မှူး ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် စုစုပေါင်း ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။ အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် စစ်ကော်မရှင်တပ်က ဒရုန်းဘက်ထရီများ တင်ဆောင်လာစဉ် အတွင်းပိုင်း ပေါက်ကွဲမှုဖြစ်ပွားချိန်နှင့် တိုက်ဆိုင်၍…