Author: Baby Yit Lone

  • စစ်ကိုင်းတွင် ခရီးသွားယာဉ်တန်းကို စစ်အုပ်စုကလေကြောင်းမှတိုက်ခိုက်

    စစ်ကိုင်းတွင် ခရီးသွားယာဉ်တန်းကို စစ်အုပ်စုကလေကြောင်းမှတိုက်ခိုက်

    စစ်ကိုင်းတွင် ခရီးသွားယာဉ်တန်းကို စစ်အုပ်စုကလေကြောင်းမှတိုက်ခိုက်မှု ၆ ဦးထက်မနည်း သေဆုံး

  • အလုပ်ပြုတ်လာတဲ့အမျိုးသား မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်

    အလုပ်ပြုတ်လာတဲ့အမျိုးသား မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်

    အလုပ်ပြုတ်လာတဲ့အမျိုးသား မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှုကျူးကျော်ရပ်ကွက်တစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။ ကျူးကျော်ရပ်ကွက်မှာ နေထိုင်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်တဲ့ ဖြစ်စဉ်ဟာ မနေ့က ဩဂုတ်လ ၁၁ ရက် ည ၇ နာရီအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ သေဆုံးသူအမျိုးသားက အသက် ၃၁ နှစ်အရွယ်လို့ သိရပြီး သေဆုံးနေတဲ့ ပုံစံက နေအိမ်ရဲ့ ခေါင်မိုး သစ်သားတန်းမှာ ပုဆိုးနဲ့ချည်ပြီးကြိုးဆွဲချခဲ့တာပါ။ သူက မကြာခင်ကပဲ လုပ်ငန်းခွင် လူလျှော့ချတဲ့အထဲမှာ သူပါပြီး အလုပ်ပြုတ်လာကာ စိတ်ဓာတ်ကျနေခဲ့တာလို့ ပတ်ဝန်းကျင်ကပြောပါတယ်။ ၎င်းရဲ့အမျိုးသမီးဖြစ်သူကလည်း မန္တလေးမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အဆက်အသွယ်မရကြောင်း၊ အဆိုပါအမျိုးသားဟာလက်ရှိမှာ ယောက္ခမဖြစ်သူနဲ့အတူနေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီး ပြည်သူလူထုဟာ အထွေထွေအကျပ်တည်းတွေနဲ့ ရင်ဆိုင်လာရပြီး မကြာခဏဆိုသလို…

  • မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၁ ရက်ကြာ ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၁ ရက်ကြာ ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ဖြစ့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၁ ရက်ကြာ ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး MBT အထူးကွန်မန်ဒို ရဲဘော် ၅ ဦးကျဆုံး

  • မိတ္ထီလာမှာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

    မိတ္ထီလာမှာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

    မိတ္ထီလာသူနာပြုသင်တန်းကျောင်းမှာ သင်တန်းသူတယောက် ကိုယ့်ကိုယ်ကိုမီးရှို့ သတ်သေမှုဖြစ်ပွား မိတ္ထီလာမြို့နယ်၊အစိုးရ သူနာပြုသင်တန်းကျောင်းမှာ ဒီနေ့ ဩဂုတ် ၁၂ ရက်နေ့ မနက်အစောပိုင်းက သင်တန်းသူအမျိုးသမီးတယောက် အိမ်သာထဲမှာ မိမိကိုယ်ကို ဒီဇယ်လောင်းမီးရှို့ကာ သတ်သေမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “အိမ်သာထဲမှာ ဒီဇယ်ပုံးတွေ့တယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့တယ်သုံးသပ်တာပါ။” လို့ ဖြစ်စဥ်သိရှိသူတယောက်ပြောပါတယ်။ သူနာပြုသင်တန်းကျောင်းရှိ ရေချိုးခန်းနဲ့ အိမ်သာတွဲရက်ခန်းထဲမှာ အခန်းတံခါးကို ဂျက်ထိုးထားပြီး အဆုံးစီရင်ခဲ့တာဖြစ်ကြောင်း ၊ မီးခိုးနံ့တွေ ထွက်လာမှသာ ပတ်ဝန်းကျင်ကသိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” အခန်းက ဂျက်ထိုးထားတော့ အခန်းအပေါ်ကို လှေခါးထောင်တက် အောက်ဆင်းပြီးမှ ဂျက်ဖြုတ်ရတယ်။ အပေါက်က ဖွင့်မရဘဲ အလောင်း နဲ့ ပိတ်ခံနေလို့ အလောင်းကိုအပေါ်ဆွဲတင်ပြီးမှ အပေါက်ဖွင့်ရတယ်။အဲဒီအထိကိုမီးအကြွင်းအကျန်က ကျန်နေသေးတယ်။” လို့ သူကထပ်မံပြောပါတယ်။ အဆိုပါ သင်တန်းသူအမျိုးသမီးက အသက် ၂၀…

  • ထိုင်းနိုင်ငံ  Uthai Thani ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၅၅ ဦး ဖမ်းဆီးခံရ

    ထိုင်းနိုင်ငံ Uthai Thani ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၅၅ ဦး ဖမ်းဆီးခံရ

    ထိုင်းနိုင်ငံ Uthai Thani ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၅၅ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာနက သတင်းဖော်ပြသည်။ ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ Uthai Thani အတွင်းရှိ တောထဲတွင် ရပ်နားထားသော ကား ၃ စီးကို ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးရာ ကားအတွင်းနှင့် အနီးအနားတွင် မြန်မာနိုင်ငံသား ၅၅ ဦး ကို တွေ့ရှိရကြောင်း၊ ၎င်းတို့မှာ အထောက် အထား စာရွက်စာတမ်းမပါဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၉ ဦးရှိကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တရားမဝင် မြန်မာများမှာ ဘန်ကောက်တွင်…