Author: Baby Yit Lone

  • ကယ်ရီသမားအား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

    ကယ်ရီသမားအား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

    24-6-2026 အချိန် ည 7:30 အချိန် ဆိုင်ကယ်ကယ်ရီ ငှါးစီးလာပြီး ကယ်ရီသမားအား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွား မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲ မှ သင်္ဃန်း ကျွန်းကြီး သို့ ဆိုင်ကယ်ကယ်ရီလိုက်ပို့စဥ် ကျောင်းကြီး (၄)လမ်းအရောက်တွင် နောက်မှ လိုက်ပါလာသူ တစ်ဦးမှာ ဖိနပ်ကျခဲ့သည်ဟုဆို ကာ ရပ်ပေးစဥ် ဓားဖြင့် ထိုးသဖြင့် ဆိုင် ကယ်အား ယူသွားရန်ပြောသော်လည်း လိုက်ပါလာသူ ၂ဦးမှ ဓားဖြင့် ဝိုင်းထိုးသဖြင့် ထိုးသွင်းဒဏ်ရာ ရရှိပြီး(အူထွက်ကျ) ပြတ်ရှဒဏ်ရာများ ရရှိပြီး ပုလဲအရန်မီးသတ်မှ သွေးထိန်းပေးခြင်းများ လုပ်ဆောင်ပေးပြီး မြောက်ဥက္ကလာ ဆေးရုံ အချိန်မှီ သို့ ပို့ဆောင်ကူညီ ပြီးမိသားစု ထံဆက်သွယ်ပေးခဲ့ ဆေးရုံသို့အချိန်မှီ ရောက်ရှိ ဆေးကုသမှု့ခံယူ နေ Htin Lin Aung

  • ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုတိုက်ပွဲက လူအများရဲ့အာရုံကို ဖမ်းစားထား

    ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုတိုက်ပွဲက လူအများရဲ့အာရုံကို ဖမ်းစားထား

    ပုံမှန်အားဖြင့်တော့ ရွှေဖိနပ်ဆုလုပွဲက ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ကွယ်က အစိတ်အပိုင်းတခုမျှသာ ဖြစ်လေ့ရှိတာပါ။ ဒါပေမဲ့ ၂၀၂၆ ပြိုင်ပွဲမှာတော့ ထိပ်တန်းတိုက်စစ်းသမားတွေရဲ့ အပြိုင်အဆိုင် ဂိုးသွင်းနှုန်းက အလွန်မြန်ဆန်လွန်းတာကြောင့် အဓိက ပြောစမှတ်ပြုစရာ အကြောင်းအရာတွေထဲက တခု ဖြစ်လာခဲ့ပါပြီ။ အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီက အမေရိကန်မြေမှာ နှစ်ပွဲကစား ငါးဂိုးအထိ သွင်းယူပြီးတဲ့နောက် ကမ္ဘာ့ဖလား ခြောက်ကြိမ်အတွင်း စုစုပေါင်း ၁၈ ဂိုးနဲ့ သွင်းဂိုးအများဆုံကစားသမားအဖြစ် စံချိန်ချိုးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နောက်မှာတော့ လေးဂိုးစီ သွင်းယူထားကြတဲ့ ကီလီယံ အမ်ဘာပေနဲ့ အာလင်း ဟာလန်းတို့က ကပ်လိုက်နေသလို၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဟာရီကိန်းတို့ကလည်း ဒီအားပြိုင်မှုထဲမှာ ပါဝင်နေပါတယ်။ ၁၉၅၈ ခုနှစ်တုန်းက ပြင်သစ်ရဲ့ ဂျပ်စ် ဖွန်တိန်း ကမ္ဘာ့ဖလား တကြိမ်တည်းမှာ…

  • Grade-6 ကျောင်းသား ၂ ဦး ရန်ဖြစ်ရာမှ ဓားထိုးခံရ၍ ၁ ဦးသေ

    Grade-6 ကျောင်းသား ၂ ဦး ရန်ဖြစ်ရာမှ ဓားထိုးခံရ၍ ၁ ဦးသေ

    မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် Grade -6 ကျောင်းသားလူငယ်နှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဓားထိုးခံရပြီး တဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယာဉ်တော်စံကျေးရွာရှိ ကုလားရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့တွင် ကျောင်းသားတဦး ယမန်နေ့ (ဇွန်လ ၂၃ ရက်နေ့) မွန်းလွဲပိုင်းက ဓားဖြင့်အထိုးခံခဲ့ရခြင်းဟု ဆိုသည်။ “သွေးတွေထွက်ပြီး လဲနေတာကို ပတ်ဝန်းကျင်ကတွေ့လို့ လူနာတင်ယာဉ်ခေါ်ပေးလိုက်တာ။ အဲ့ဒီအခါကျမှ ဓားနဲ့လည်ပင်းကို အထိုးခံရထားမှန်းသိကြတယ်။ ကလေးကတော့ သွေးထွက်လွန်ပြီး ဆေးရုံကို သွားတဲ့လမ်းမှာတင် သေဆုံးသွားပါတယ်” ဟု အမရပူရ ဒေသခံတဦးက ပြောသည်။ ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့သူသည် ကုလားရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်နေသည့် အသက် ၁၅ နှစ်အရွယ် Grade-6 ကျောင်းသား မောင်ထူးထက်အောင်ဆိုသူ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဇွန်လ…

  • မဘသ ဘုန်းကြီး ဒေါက်တာလက္ခဏသာရကို လိုင်စင်မဲ့ကားစီးမှု၊ လက်နက်ကိုင်ဆောင်မှုဖြင့် စစ်တပ်က ဖမ်းဆီးမှု

    မဘသ ဘုန်းကြီး ဒေါက်တာလက္ခဏသာရကို လိုင်စင်မဲ့ကားစီးမှု၊ လက်နက်ကိုင်ဆောင်မှုဖြင့် စစ်တပ်က ဖမ်းဆီးမှု

    မဘသ ဘုန်းကြီး ဒေါက်တာလက္ခဏသာရကို လိုင်စင်မဲ့ကားစီးမှု၊ လက်နက်ကိုင်ဆောင်မှုဖြင့် စစ်တပ်က ဖမ်းဆီးမှု အမျိုးသားရေးသံဃာထုကို စိန်ခေါ်မှုဟု မဘသအစွန်းရောက် ပေါက်ဘုန်းကြီး ဒေါသတကြီး တုံ့ပြန် မဘသ ဘုန်းကြီးတစ်ပါးဖြစ်သူ ဒေါက်တာ လက္ခဏသာရကို လိုင်စင်မဲ့ကားစီးမှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် ဖမ်းဆီးခဲ့ခြင်းသည် အမျိုးသားရေးသံဃာထုကို စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း မဘသအစွန်း ရောက် ပေါက်ဘုန်းကြီးက ယနေ့ တယ်လီဂရမ်လူမှုကွန်ရက်ဗီဒီယိုဖိုင်မှတစ်ဆင့် ဒေါသတကြီး တုံ့ပြန်ပြောကြားလိုက်သည်။ ပေါက်ဘုန်းကြီးက ယခုဖမ်းဆီးမှုအပေါ် သင်္ဃန်းကျွန်းရဲစခန်းနှင့် ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်တို့ ပူးပေါင်းကာ လုပ်ဆောင်ခြင်းဖြစ်၍ အမျိုးသားရေး သံဃာထုကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်ဟု ပြောဆုသိည်။ “သင်္ဃန်းကျွန်းရဲစခန်းနဲ့ လွှတ်တော်အမတ်တို့က ဒီအမျိုးသားရေး သံဃာတော်တွေကို ဘယ်လိုပုဒ်မ တပ်တပ် ဖမ်းလို့ရတယ်ဆိုတော စိန်ခေါ်လိုက်တဲ့ သဘောပဲ။ အရေးယူလို့ရတယ်ဆိုတာ စိန်ခေါ်လိုက်တဲ့သဘောပဲ။ အခု အမျိုးသားရေး သံဃာတော်တစ်ပါး မော်တော်ယာဉ်…

  • ခြေသံလုံသည့် ဧရာဝတီစစ်မျက်နှာ

    ခြေသံလုံသည့် ဧရာဝတီစစ်မျက်နှာ

    ဧရာဝတီတိုင်းတွင် အာဏာသိမ်းပြီးကတည်းက PDF များနှင့် နွေဦးတပ်ဖွဲ့များ လှုပ်ရှားရန် ကြိုးပမ်းခဲ့ကြသော်လည်း ၂၀၂၄ ခုနှစ်အထိ အောင်မြင်မှုမရရှိခဲ့ပေ။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ ရခိုင်တောင်ပိုင်းရှိ ဂွမြို့ကျပြီးနောက် ဂွ-ငသိုင်းချောင်းကားလမ်းအတိုင်း ဧရာဝတီတိုင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် အာရက္ခတပ်တော် AA တပ်များနှင့်အတူ PDF ဧရာဝတီတိုင်းမှ ဗျူဟာတခုနှင့် နွေဦးတပ်ဖွဲ့တခုတို့ အတူတကွ ဝင်ရောက်လာသည်ကို တွေ့ရ၏။ ရခိုင်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ရခိုင်ရိုးမ အရှေ့ခြမ်းကို ဦးတည်၍ ဧရာဝတီတိုင်းစစ်မျက်နှာတွင် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် စစ်မျက်နှာ သုံးခုဖွင့်ထားသည်ဟု ဆိုနိုင်၏။ ၎င်းတို့မှာ ၁။ သာပေါင်းစစ်မျက်နှာ ၂။ ငသိုင်းချောင်း၊ မြောက်စမ်း စစ်မျက်နှာ ၃။ လေးမျက်နှာ၊ ကွင်းကောက်စစ်မျက်နှာ တို့ဖြစ်၏။ ဤစစ်မျက်နှာသုံးခု၌ ၂၀၂၅ ခုနှစ်…