Author: Baby Yit Lone

  • ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ၇၅ ရာခိုင်နှုန်း ရှိ

    ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ၇၅ ရာခိုင်နှုန်း ရှိ

    ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ၇၅ ရာခိုင်နှုန်း ရှိတယ်လို့ အကြားအမြင် ဆရာလေး လင်းညှို့တာရာက အတတ်ဟောလိုက်ပါတယ်။ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှု အပေါ် မှတ်ချက်ပြုရင်း ဟောခဲ့တာ ဖြစ်ပါတယ်။ မတူတဲ့ပုံစံတွေနဲ့ ဖြေလျှော့ဦးမှာ ကြည့်နေ၊ အမေစုကို လွတ်ဖို့ ၇၅ ရာခိုင်နှုန်းလောက်တော့ရှိတယ်။ အချို့ဆုံးဖြတ်ချက်တွေကို ခင်ဗျားတို့ လက်ခံနိုင်ကြမှာတော့ မဟုတ်ဘူး။ လက်မခံနိုင်လည်း လက်ခံပေးရဖို့တွေ ရှိကြလိမ့်မယ်။ ကျနော်ကတော့ တွေးကြည့်တာတော့ လက်ခံနိုင်ဖို့တော့ အတော်ခက်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်တွင်းရောက်နေသူ အများအပြား ယနေ့ လွတ်မြောက်နိုင်မယ်လို့ သိရပါတယ်။ ဒီကနေ့က ထောင်ကနေ စစ်ကောင်စီ ရဲ့ လွတ်ပေးခဲ့တဲ့ ရာဇဝင်မှာ အကောင်းဆုံးပဲ ၊ ၅၀(ည) နဲ့ ၅၂(က) လို့ ခေါ်တဲ့ အမှုနှစ်ခုပါ ပိတ်သိမ်းလိုက်တယ်။ ဒီအမှုနဲ့…

  • အီရန်၏ အဆင်ခြင်မဲ့တုံ့ပြန်မှုကို ခုခံမည်ဟု ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ထုတ်ပြန်

    အီရန်၏ အဆင်ခြင်မဲ့တုံ့ပြန်မှုကို ခုခံမည်ဟု ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ထုတ်ပြန်

    အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းပစ်ခတ်နိုင်စွမ်းကို အရင်းအမြစ်ကနေ ချေမှုန်းပစ်မဲ့ ခုခံကာကွယ်ရေး ဆောင်ရွက်ချက်တွေကို လိုအပ်လာရင် လုပ်ဆောင်သွားမယ်လို့ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်ခေါင်းဆောင်တွေက ပူးတွဲကြေညာလိုက်ပါတယ်။ ကနဦး အမေရိကန်နဲ့ အစ္စရေး စစ်ဆင်ရေးတွေမှာ မပါဝင်တဲ့ နိုင်ငံတွေအပေါ် အီရန်က အဆင်ခြင်မဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ “အီရန်ရဲ့ အဆင်ခြင်မဲ့ တိုက်ခိုက်မှုတွေဟာ မဟာမိတ်တွေကို ပစ်မှတ်ထားနေပြီး ကျနော်တို့ရဲ့ စစ်မှုထမ်းတွေနဲ့ အရပ်သားတွေကိုပါ ခြိမ်းခြောက်နေတယ်” လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကိစ္စအတွက် အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း ပါရှိပါတယ်။ အီရန်ဟာ အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထားပြီးတော့ ပင်လယ်ကွေ့နိုင်ငံတချို့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့…

  • ခါမေနီကို သုတ်သင်နိုင်ခဲ့သည့် တိုက်ခိုက်မှုနောက်ကွယ်မှ CIA ၏ ထောက်လှမ်းရေးစွမ်းပကား

    ခါမေနီကို သုတ်သင်နိုင်ခဲ့သည့် တိုက်ခိုက်မှုနောက်ကွယ်မှ CIA ၏ ထောက်လှမ်းရေးစွမ်းပကား

    အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရန် အသင့်ပြင်နေချိန်တွင် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)သည် အရေးအကြီးဆုံး ပစ်မှတ်ဖြစ်သည့် အီရန်ဦးသျှောင်အယာတိုလာ အလီ ခါမေနီ တည်ရှိရာနေရာကို အတိအကျ စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ စီအိုင်အေသည် ခါမေနီ၏ သွားလာလှုပ်ရှားမှုပုံစံများနှင့် တည်နေရာများကို လပေါင်းများစွာ စောင့်ကြည့် ထောက်လှမ်းခဲ့ခြင်းဖြင့် ခိုင်လုံသောသတင်းအချက်အလက်များ ရရှိခဲ့ကြောင်း စစ်ဆင်ရေးနှင့် နီးစပ်သူများက ပြောသည်။ ထို့နောက် တီဟီရန်မြို့လယ်ရှိ ခေါင်းဆောင်မှုဝင်းအတွင်း၌ အီရန်ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးတခုကို စနေနေ့နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စီအိုင်အေက သိရှိခဲ့သည်။ အရေးကြီးဆုံးအချက်မှာ အဆိုပါနေရာ၌ အီရန်ဦးသျှောင်ကိုယ်တိုင် ရှိနေမည်ဟူသော အချက်ပင်ဖြစ်သည်။ ရရှိလာသော ထောက်လှမ်းရေးသတင်းသစ်ကို အမိအရအသုံးချရန်အတွက် အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့၏ တိုက်ခိုက်မည့်အချိန်ဇယားကို ညှိနှိုင်းပြင်ဆင်ခဲ့ကြကြောင်း ဆုံးဖြတ်ချက်အကြောင်း သိရှိနားလည်သူများက ဆိုသည်။ ယင်းသတင်းအချက်အလက်သည် အီရန်ထိပ်တန်းခေါင်းဆောင်များနှင့် ဦးသျှောင်ခါမေနီတို့ကို…

  • မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့်သတင်းကို  စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိ

    မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိ

    တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေသော်လည်း မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်း ဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချ တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေသော်လည်း မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်ပိုင် ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချထားသည်ကို တွေ့ရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အမေရိကန်နှင့်အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁ ရက်နေ့တွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီမှာ သူ၏ ရုံးခန်းအတွင်း အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း တစ်ကမ္ဘာလုံးရှိ သတင်းမီဒီယာများ အားလုံးတွင် အကြီးအကျယ် ဖော်ပြခဲ့ကြောင်း၊ သို့ရာတွင် မတ်လ ၁ ရက်နေ့ နှင့်…

  • ထိုင်းအမျိုးသမီးတစ်ဦးက ဩစတြီးယားနိုင်ငံသား နှစ်ဦးနှင့် လက်ထပ်

    ထိုင်းအမျိုးသမီးတစ်ဦးက ဩစတြီးယားနိုင်ငံသား နှစ်ဦးနှင့် လက်ထပ်

    အသက် ၃၇ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦးသည် Prakhon Chai ခရိုင်တွင် ဩစတြီးယားနိုင်ငံသား အမျိုးသားနှစ်ဦးနှင့် တစ်ပြိုင်တည်း မင်္ဂလာဆောင်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းအတွင်း စိတ်ဝင်စားမှုများစွာ ရရှိခဲ့ကြောင်း သိရသည်။ ဩစတြီးယားနိုင်ငံ၏ ရဲတပ်ဖွဲ့မှ အငြိမ်းစား Romanနှင့် လက်ရှိတွင် ဩစတြီးယားရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော Macky တို့ကို Dujduan Ketsaro (ခေါ်) Gig ထိုင်းအမျိုးသမီးက တပြိုင်တည်း လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများ ဖြစ်ကြပြီး တစ်ဦးတည်းသော အမျိုးသမီးကို ချစ်မြတ်နိုးလာကြသဖြင့် သုံးယောက် အဖြစ် ဘဝတည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း ဒေသ မီဒီယာများက ဖော်ပြသည်။ Dujduan Ketsaro (ခေါ်) Gig သည် ယခင်က လွတ်လပ်သီချင်းရေး၊ သီဆိုသူတစ်ဦးဖြစ်ပြီးကြောင်း ထိုင်းနိုင်ငံ…