Author: Baby Yit Lone

  • ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန် AA နှင့် စစ်ကောင်စီ သဝဏ်လွှာပို့

    ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန် AA နှင့် စစ်ကောင်စီ သဝဏ်လွှာပို့

    ရွေးကောက်ပွဲမှာ အနိုင်ရပြီး အသစ်တက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်းကြီး ဒေါက်တာ ခါလီလာရာမန်ထံကို အာရက္ခတပ်တော် (AA)ရဲ့ခေါင်းဆောင်လည်းဖြစ် ရက္ခိုင့်အမျိုးသားအဖွဲ့ (ULA)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် BSS သတင်းဌာနက ရေးသား ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ အာရက္ခပြည်သူ့အစိုးရတို့ကြားမှာ လက်တွေ့ကျပြီး ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တခုကို ဖန်တီးကြဖို့ကိုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းထားပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ်အနေနဲ့ ကျနော်တို့နဲ့အတူ လက်တွေ့ ကျပြီး ရေရှည်တည်တံ့တဲ့ လက်တွေ့ ဖြေရှင်းနည်းတွေကို လက်တွဲလုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ လက်ရှိ ဆက်ဆံရေးကောင်းတွေကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်သူ့ အစိုးရတို့အကြား ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တခုကို ဖန်တီးကြဖို့ အခွင့်အရေးလည်း ရှိနေပြီ” လို့ပြောပါတယ်။…

  • လှည်းကူးတွင် ဒါယိကာမကြီးအား မတရားပြုကျင့်ရန် ကြိုးစားကာ ဓားဖြင့် ခုတ်သတ်ခဲ့သည့်ကျောင်းထိုင်ဘုန်းကြီးကိုသေဒါဏ်ချမှတ်

    လှည်းကူးတွင် ဒါယိကာမကြီးအား မတရားပြုကျင့်ရန် ကြိုးစားကာ ဓားဖြင့် ခုတ်သတ်ခဲ့သည့်ကျောင်းထိုင်ဘုန်းကြီးကိုသေဒါဏ်ချမှတ်

    ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ အောင်ဘုန်းပြည့်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးက ဒါယိကာမကြီးအား မတရားပြုကျင့်ရန် ကြိုးစားပြီး ဓားဖြင့် အကြမ်းဖက်ခုတ်သတ်ခဲ့သည့်အမှုနှင့် ပတ်သက်၍ တရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဘုန်းကြီး သမ္မာစာရ (သက်တော် ၄၀၊ ဝါတော် ၂၀) သည် ဒါယိကာမကြီး ဒေါ်သီတာအောင် (အသက် ၄၇ နှစ်) ကို “မိခင် နှလုံးအမောဖောက်ဖြစ်နေသည်” ဟု လိမ်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။ ထို့နောက် ကံနိမ့်နေကြောင်း ပြောဆိုကာ သင်္ကန်းလျှော်ပေးရန် ခိုင်းစေခဲ့သည်ဟု ဆိုသည်။ ရေချိုးခန်းအတွင်း သင်္ကန်းလျှော်နေစဉ် ဘုန်းကြီးမှ မတရားပြုကျင့်ရန် ကြိုးစားခဲ့ပြီး ဒေါ်သီတာအောင်က လက်မခံငြင်းဆန်သဖြင့် ဓားဖြင့် လည်ပင်းပြတ်လုနီးပါးအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် စုစုပေါင်း…

  • အမေ နဲ့ ရင်းနှီးလို့ဆိုပီး ခနခန…

    အမေ နဲ့ ရင်းနှီးလို့ဆိုပီး ခနခန…

    “အမေနဲ့ ရင်းနှီးလို့ဆိုပြီး အိမ်အထိလာကာ တစ်နေကုန် အနှိပ်ခံနေသည့် ဘုန်းကြီး ၃ ပါးကြောင့် သမီးဖြစ်သူ စိတ်ပျက်ပြီး ဆရာမော်ပလာထံ အကူအညီတောင်း” 🚨 ​ထိုင်းနိုင်ငံ၊ ပရာကျင်ပူရီမြို့မှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် သမီးငယ်လေးတစ်ဦးဟာ သူမရဲ့ အမေနဲ့ ဘုန်းကြီး ၃ ပါးတို့ရဲ့ ပတ်သက်မှုအပေါ် မသင်္ကာဖြစ်ပြီး ဆရာမော်ပလာ (Mor Pla) ဆီကို ရင်ဖွင့်တိုင်တန်းလာပါတယ်။ ​ ဖြစ်စဉ်မှာ – သမီးနှစ်ယောက်ရှိတဲ့ အဆိုပါအိမ်ကို ဘုန်းကြီး ၃ ပါးဟာ မကြာခဏဆိုသလို လာရောက်လေ့ရှိပြီး အမေဖြစ်သူဆီမှာ အနှိပ်လာခံလေ့ရှိပါတယ်။ သမီးဖြစ်သူက “အပြင်မှာ အနှိပ်ခန်းတွေ အများကြီးရှိပါလျက်နဲ့ ဘာလို့ မိန်းမတွေပဲရှိတဲ့ အိမ်ထဲအထိလာပြီး မနက်ကနေ ညနေအထိ အနှိပ်ခံနေရတာလဲ” ဆိုတာကို…

  • မလေးရှားမှ ပြန်ပို့ခံရပြီး စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရသော ရခိုင်လူမျိုး ၂၀၀ ကျော်ရှိ

    မလေးရှားမှ ပြန်ပို့ခံရပြီး စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရသော ရခိုင်လူမျိုး ၂၀၀ ကျော်ရှိ

    မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်ပို့ခံရပြီး လေဆိပ် အပါအဝင် ကားဂိတ်များတွင် စစ်ကောင်စီထံ စစ်မှုထမ်းအဖြစ် မတရားဖမ်းဆီးခံရသော ရခိုင်လူမျိုး ၆ လအတွင်း ၂၀၀ကျော် ရှိခဲ့ကြောင်း သိရသည်။ မလေးရှားအာဏာပိုင်များသည် ပြည်နယ်အချို့က ကုန်တိုက်၊ စက်ရုံအလုပ်ရုံ၊ ရပ်ကွက်များကို ဆက်တိုက်ဆိုသလို တရားမဝင် နေထိုင်သူများအား ဝင်ရောက် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ စာရွက်စာတမ်း အထောက်မရှိခြင်းကြောင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူများ ရှိသလို CI ပြုလုပ်ပြီး မိမိဆန္ဒအလျောက် ပြန်သူများလည်း အများအပြား ရှိခဲ့ကြောင်း မလေးရှားတွင် ပရဟိတ လုပ်ကိုင်နေသူများက ပြောသည်။ ယင်းအထဲမှ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင် ၁ရက်နေ့ကစ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁…

  • ရက်စက်စွာနင်းခြေခံလိုက်ရတဲ့ ဘဝသုံးခု (ရုပ်/သံ)

    ရက်စက်စွာနင်းခြေခံလိုက်ရတဲ့ ဘဝသုံးခု (ရုပ်/သံ)

    ဘယ်လိုအကြောင်းပြချက်နဲ့မှ ခွင့်လွှတ်လို့မရနိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် အနာဂတ်ကိုယ်စီနဲ့ အမျိုးသမီးသုံးယောက်ရဲ့အသက်ခန္ဓာဟာ အချိန်မတိုင်မီ ကြွေလွင့်ခဲ့ရပါတယ်။ သူတို့ကတော့ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာမှာနေထိုင်ကြတဲ့ ဒေါ်လှသိန်းရွှေ (၅၅)နှစ်၊ သူမရဲ့သမီး ဒေါ်အေးအေးသိန်း (၃၁)နှစ်နဲ့ ဒေါ်လှသိန်းရွှေရဲ့ တူမဖြစ်သူ မပြည့်စုံဝင်း (၁၃)နှစ်တို့ဖြစ်ပါတယ်။ သူမတို့ သုံးယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ အစောပိုင်းက ‌သူမတို့ပိုင်ဆိုင်တဲ့ တောတောင်ထဲက ဥယျာဉ်ခြံတခုသို့ အလုပ်လုပ်ဖို့ အသွားမှာ ပျောက်ဆုံးနေခဲ့ပါတယ်။ အကြောင်းကတော့ အုန်းတောကျေးရွာက သူမတို့သုံးယောက်အပါအဝင်အမျိုးသမီး ငါးယောက်ဟာ တောတောင်ထဲက ဥယျာဉ်ခြုံသို့အသွား စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ပြီး တားမြစ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေရဲ့အဆိုအရ သိရပါတယ်။ အမျိုးသမီးငါးယောက်ထဲက နှစ်ယောက်ကတော့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ တားမြစ်မှုကြောင့် လှည့်ပြန်ခဲ့ကြပေမဲ့ ဒေါ်လှသိန်းရွှေတို့မိသားစုဝင်သုံးယောက်ကတော့ တခြားတဘက်က ဥယျာဉ်ခြံသို့ အရောက်သွားခဲ့ကြပါတယ်။ အဲဒီခရီးဟာ သူမတို့အတွက် အသက်ရှင်လျက်…