Author: Baby Yit Lone

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံခွင့် စစ်အုပ်စု လျစ်လျူရှုထား

    ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံခွင့် စစ်အုပ်စု လျစ်လျူရှုထား

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က တောင်းဆိုထားမှုကို စစ်အုပ်စုက လျစ်လျူရှုထားဆဲဖြစ်ပြီး တွေ့ဆုံခွင့်မရသေးကြောင်း စုံစမ်းသိရှိရသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး ရှေ့နေအဖွဲ့က စစ်အုပ်စုထံ စာဖြင့် အကြိမ်ကြိမ် တင်ပြတောင်းဆိုနေခြင်းဖြစ်သည်။

    လွန်ခဲ့သည့် ငါးလခန့်က တွေ့ဆုံခွင့် ထပ်မံတင်ပြထားမှုမှာလည်း လက်ရှိအချိန်အထိ “ဘာမှ မထူးဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ယနေ့ (မေလ ၁၀ ရက်) ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်အား “သတ်မှတ်နေအိမ်” သို့ပြောင်းရွှေ့ကြောင်း ကြေညာပြီးနောက်ပိုင်းတွင်မူ ရှေ့နေအဖွဲ့က တွေ့ဆုံခွင့် ထပ်မံ တင်ပြထားခြင်း မရှိသေးကြောင်းလည်း ပြောသည်။

    လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက နေရာပြောင်းရွှေ့လိုက်သော်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း ၎င်းအတွက် ထောင်ဝင်စာပစ္စည်းပေးပို့မှုကို နေပြည်တော်အချုပ်ထောင်သို့သာ ဆက်လက်ပေးပို့နေရဆဲဖြစ်ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူများက ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ “သတ်မှတ်နေအိမ်” ၌ ကျန်ရှိပြစ်ဒဏ်များအား ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ကြောင်း စစ်အုပ်စုက ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ယင်းနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား မိသားစု၊ ရှေ့နေများနှင့် ပုံမှန်တွေ့ဆုံခွင့်ပေးရန်၊ လိုအပ်သည့် ဆေးကုသမှုများ ခွင့်ပြုပေးရန်နှင့် “ခြွင်းချက်မရှိ” လွှတ်ပေးရန် ဥရောပသမဂ္ဂ (EU)၊ ဩစတြေးလျ၊ ကနေဒါနှင့် နော်ဝေးနိုင်ငံတို့က တောင်းဆိုထားသကဲ့သို့ ယူကေ၊ အမေရိကန်၊ ကုလသမဂ္ဂ၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားကြသည်။

    ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက နေရာရွှေ့ပြောင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူအား နေရာရွှေ့ပြောင်းခြင်းမှာ လွတ်မြောက်ခွင့်ပေးခြင်းမဟုတ်ဘဲ ဓားစာခံအဖြစ် ဆက်လက်ထား ရှိနေခြင်းသာဖြစ်ကြောင်းနှင့် အသက်ရှင်နေသေးသည့် သက်သေပြရန် ထုတ်ပြန်တောင်းဆိုထားသည်။

    ထို့ပြင် All in One Piece Movement ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အမျိုးမျိုးသောသတင်းများ ထွက်ပေါ်နေသော်လည်း ခိုင်မာသောအထောက်အထား မဟုတ်ပါက လက်ခံမည်မဟုတ်ကြောင်းနှင့် အနာဂတ်တွင်လည်း ‘သက်ရှိထင်ရှားရှိကြောင်း’ သက်သေကိုသာ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းကစပြီး ရှေ့နေအဖွဲ့နှင့်ပါ တွေ့ခွင့်မရတော့ဘဲ ပြင်ပ နှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရသူဖြစ်သည်။

  • တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်

    တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်

    ရန်ကုန်တွင် သီလရှင်ဝတ်စုံဖြင့် Miss Grand Myanmar ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်ပြီး ပွဲလက်ခံသည့် ဟိုတယ်ကို လုပ်ငန်းလုပ်ခွင့် ၆ လပိတ်

    ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် Miss Grand Myanmar အလှမယ်ပြိုင်ပွဲ ၏ အမျိုးသားဝတ်စုံ (National Costume) ယှဉ်ပြိုင်မှုတွင် ဗုဒ္ဓဘာသာ သီလ ရှင်ဝတ်စုံကို ဝတ်ဆင်ကာ မော်ဒယ် လျှောက်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း ရန်ကုန်အခြေစိုက် မဘသအသိုင်းအ၀ိုင်းထံမှ သိရသည်။

    မေလ ၈ ရက်နေ့ စစ်ကောင်စီတရားရုံးက သာသနာရေးဝန်ကြီးဌာန၏ တိုင်ကြားချက်အရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီနောက် အလှမယ် အိမွန်လွင် (တာချီလိတ်မယ်)ကို သီလရှင်ဝတ်စုံဝတ်ကာ ယှဉ်ပြိုင်ခဲ့မှုအတွက် သာသနာညိုးနွမ်းစေမှု အပါအဝင် ပုဒ်မများဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်​ ၄ နှစ်၊ Miss Grand Myanmar ပွဲစီစဉ်သူ မရမ်ဆိုင်းနော် ကို ထောင်ဒဏ် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ်၊ ပွဲကျင်းပခဲ့သည့် Eravati Sule Grand Yangon ဟိုတယ်မှ မန်နေဂျာကို ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း သိရှိရသည်။

    ယင်းအပြင် ပြိုင်ပွဲကျင်းပခဲ့သည့် ရန်ကုန်မြို့ Eravati Sule Grand Yangon ဟိုတယ်ကိုလည်း (၆) လယာယီပိတ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။

    ပြီးခဲ့သည့် မေလ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ Eravati Sule Grand Yangon ဟိုတယ်တွင် ကျင်းပခဲ့သည့် Miss Grand Myanmar ပြိုင်ပွဲ၌ တာချီလိတ်ကိုယ်စားပြုအလှမယ် အိမွန်လွင်က သီလရှင်ဝတ်စုံကို ဝတ်ဆင်၍ မော်ဒယ်ရှိုးလျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

    ယင်းလုပ်ရပ်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနက ဗုဒ္ဓဘာသာကို စော်ကားရာရောက်သည်ဟုဆိုကာ ပြည်ထဲရေးဝန်ကြီးဌာနသို့ အရေးယူပေးရန် မေလ ၅ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

    ယင်းဖြစ်စဉ်ကြောင့် Miss Grand Myanmar အဖွဲ့အစည်းက အလှမယ် အိမွန်လွင်ကို ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သလို၊ ကျင်းပရန် ကျန်ရှိနေသည့် ဆန်ကာတင်ပြိုင်ပွဲ (Preliminary) နှင့် နောက်ဆုံးဗိုလ်လုပွဲ (Grand Final) တို့ကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    လက်ရှိတွင် အဆိုပါဟိုတယ်မှာလည်း အမိန့်ကြောင့် ပိတ်ထားရသည့်အတွက် ဧည့်သည် လက်ခံမှုများကို ရပ်ဆိုင်းထားကြောင်း သိရှိရသည်။

  • ပရိသတ်တွေ စိုးရိမ်နေကြတဲ့ ပက်ထရစ်ရှာရဲ့ ဖြစ်ရပ်နဲ့ မိခင်ဖြစ်သူကိုယ်တိုင် အကူညီတောင်းပီ

    ပရိသတ်တွေ စိုးရိမ်နေကြတဲ့ ပက်ထရစ်ရှာရဲ့ ဖြစ်ရပ်နဲ့ မိခင်ဖြစ်သူကိုယ်တိုင် အကူညီတောင်းပီ

    🚨 ပရိသတ်တွေ စိုးရိမ်နေကြတဲ့ ပက်ထရစ်ရှာရဲ့ ဖြစ်ရပ်နဲ့ မိခင်ဖြစ်သူကိုယ်တိုင် အကူညီတောင်းပီ🚨

    မော်ဒယ်လ်နဲ့ သရုပ်ဆောင် ပက်ထရစ်ရှာ (Patricia) တစ်ယောက် မလေးရှားနိုင်ငံမှာ အလုပ်ကိစ္စနဲ့ သွားရောက်နေထိုင်စဉ်အတွင်း ဖြစ်ပေါ်နေတဲ့ သတင်းတွေကြောင့် ပရိသတ်တွေသာမက မိသားစုဝင်တွေပါ အထူးစိုးရိမ်ပူပန်နေကြပါတယ်။

    ကနဦးမှာ အကူအညီတောင်းခံမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမအဆင်ပြေကြောင်း ပြန်လည်ပြောဆိုမှုတွေ ထွက်ပေါ်လာတာကြောင့် အခြေအနေက ပိုမိုရှုပ်ထွေးနေတာပါ။

    လက်ရှိမှာတော့ ပက်ထရစ်ရှာရဲ့ မိခင်ဖြစ်သူဟာ သမီးဖြစ်သူနဲ့ အဆက်အသွယ် ကောင်းကောင်းမရရှိတော့တဲ့အတွက် စိုးရိမ်စိတ်ကြောင့် နှလုံးရောဂါအခံပါ ပြန်လည်ထကြွလာတယ်လို့ သိရပါတယ်။

    သမီးဖြစ်သူထံ ဖုန်းဆက်သွယ်လို့ ရတဲ့အချိန်မှာလည်း အခြေအနေကို မေးမြန်းလိုက်တာနဲ့ ဖုန်းအဆက်အသွယ် ချက်ချင်းပြတ်တောက်သွားတာကြောင့် မိခင်တစ်ယောက်အနေနဲ့ ရင်ထိတ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    📌 သိထားရမယ့် အချက်အလက်များ –

    ပက်ထရစ်ရှာသည် မလေးရှားရှိ ဟိုတယ်တစ်ခုတွင် ရှိနေစဉ် အခြားသူတစ်ဦး၏ Live တွင် အကူအညီတောင်းခံခဲ့ခြင်း။

    နောက်ပိုင်းတွင် သူမကိုယ်တိုင် အဆင်ပြေကြောင်း ဗီဒီယိုထွက်ပေါ်လာသော်လည်း ပတ်ဝန်းကျင်က သံသယဖြစ်နေခြင်း။

    မိခင်ဖြစ်သူက ၂၄ နာရီအတွင်း အိမ်သို့ပြန်လာရန် သို့မဟုတ် ဆက်သွယ်ရန် အကူညီတောင်းထားခြင်းဖြစ်သည်။

    အချိန်မီ ဆက်သွယ်မှုမရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားအကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း ပြောဆိုထားခြင်း။

    အခုလို ရှုပ်ထွေးနေတဲ့ အခြေအနေတွေအပေါ် ပရိသတ်ကြီးကရော ဘယ်လိုမျိုး မြင်မိပါသလဲ?

    ပက်ထရစ်ရှာတစ်ယောက် ဘေးကင်းကင်းနဲ့ မိခင်ဖြစ်သူဆီ အမြန်ဆုံးပြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်ပါ။ 👇

    စဉ်းစားတတ်တဲ့ ဦးနှောက်ပါရင် ဒီကောင်မလေးအတွက် စိုးရိမ်စရာကြီးဘဲ

    ဟို‌ကောင်က ဘာသာခြားမို့ ဒီလိုရေးခြင်းမဟုတ်

    ခုဖြစ်တဲ့ပြသနာက ဘာသာရေးနဲ့ ဘာမှမဆိုင်ဘူး လူနဲ့ဘဲဆိုင်တာ

    စဉ်းစားကြည့်ရအောင် ဘာလို့ စူးရှထက် တတ်ပီးမဖြေရှင်းတာလဲ

    ဖုန်းကောင်းကောင်းကိုင်ခွင့်မရတာလဲ မိခင်နဲ့ အဆက်သွယ်ပြတ်နေတာကရော ဘာလို့လဲ?

    ဟိုကောင်လွှင့်တဲ့ Live မှာ မဟုတ်တာပြောတယ်ဆိုတဲ့ တစ်ယောက်ကို ဘာလို့ရန်မထောင်ဘဲ ဟိုကောင်ကြိုးဆွဲရာ လိုက်ကနေရတာလဲ?

    ရိုးရိုးလေးဘဲ စဉ်းစားကြည့်ပါ

    ကိုယ့်နိုင်ငံသူတစ်ယောက် ခုလိုဖြစ်နေတာတော့ စိုရိမ်မိတာ အမှန်ဘဲ ကိုယ်ကူနိုင်တာဆို ချက်ခြင်းထလိုက်သွားပီ

    အဲ့လိုကောင် ရန်ကုန်မှာဆို အရိုးနဲ့အသားနဲ့ ထွင်းပေးလိုက်ပီ

    ခင်မို့မို့အေးလို့ ပြောလည်း မတတ်နိုင် ရေးမိပြန်ပီ မနက်ကတော့ ရေးထားတာ ဖျက်လိုက်တာက ငါပရဟိတလုပ်နေတာ ဝင်ပါတိုင်းမကောင်းဘူးဆိုပ ဖျက်မိတာ ခုကစဉ်းစားလေ တနုတ်နုတ်ဖြစ်လေဘဲ

    အချိန်တန် အဖြေထွက်မှာပါ

    Than Htike Aung

  • ရန်ကုန်မြို့ရဲ့ မတူညီတဲ့ ကမ္ဘာ နှစ်ခုက လူ နှစ်ယောက်အကြောင်း

    ရန်ကုန်မြို့ရဲ့ မတူညီတဲ့ ကမ္ဘာ နှစ်ခုက လူ နှစ်ယောက်အကြောင်း

    ရန်ကုန် ကမ္ဘာ (၁)

    စနေနေ့ မနက် ၈ နာရီ၊ ဟန်မင်းဖြိုး တယောက် ခေါင်းထဲ ရီဝေနောက်ကျိစွာနဲ့ ဟိုတယ်အခန်းတခုထဲ နိုးလာသည်။ မနေ့ညက အရှိန် အကင်းမသေသေးသောကြောင့် ဖြစ်သည်။

    ဒီနေ့ လုပ်စရာ ဘာရှိလဲလို့ ဖုန်းထဲမှာ ကြည့်လိုက်တော့ ရန်ကုန် နာမည်ကြီး ဟိုတယ်ရဲ့ ရေကူးကန်မှာ နေ့လည်ပိုင်း ချိန်းထားတာ တခုနဲ့ ညနေကျရင် ရန်ကုန်ညပြေးပွဲ ဆိုပြီး ပေါ်လာသည်။

    အကောင်ကြီးကြီးရဲ့ သားတယောက်ဖြစ်တဲ့ ဟန်မင်းဖြိုးဟာ တကယ်တော့ ကျန်းမာရေး လိုက်စားသူ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်ညပြေးပွဲကို ဝင်ပြေးရတဲ့ အကြောင်းရင်း ရှိသည်။ မျက်စိကျနေတဲ့ တက်သစ်စ မော်ဒယ်မလေးလည်း အဲဒီပြိုင်ပွဲ ဝင်ပြေးမယ်တဲ့။

    အဖူးအငုံ ဆိုရင် ဒူးတုန်အောင် ကြိုက်တဲ့ ဟန်မင်းဖြိုးက အကောင်ကြီးသား ပီပီ အကွက်မြင်သည်။ ငွေနဲ့ လိုက်လို့ မရတဲ့ အခု ကောင်မလေးလို ပုံစံမျိုးဆို သူတို့လုပ်နေတဲ့ အလုပ်ထဲ ဝင်ယောင်ပြီး ရင်းနှီးမှု ယူရုံပဲ ဖြစ်သည်။

    ၁၅ ကီလိုမီတာ ပြည့်အောင် ပြေးစရာမလို၊ ပန်းဝင်စရာမလို၊ အယောင်ပြ ဓာတ်ပုံရိုက်၊ လိုင်းပေါ်တင်၊ ကောင်မလေးနား သွားကပ်ကာ အဆင်ပြေရင် ကားပေါ်ခေါ်သွားရုံပဲ ဖြစ်သည်။

    ဝင်ပြေးတဲ့သူ အများစုကလည်း တကယ့် အပြေးသမားထက် လိုင်းပေါ်တင်ချင်တဲ့ ပေါ်ပင်တွေပဲ များမည်ဟု ထင်သည်။ ဒါကတော့ သူတို့ ကိစ္စပါ။ မော်ဒယ်မလေး အကြောင်း ခေါင်းထဲ ရောက်လာတာနဲ့ အကြောပေါင်းတထောင်က ဖျင်းကနဲ ဖြစ်သွားသည်။

    ဓာတ်ဆီတန်းစီစရာမလို၊ စုံမကို ဂရုစိုက်စရာ မလိုတဲ့ ဟန်မင်းဖြိုးတယောက် အဲကွန်း အပြည့်ဖွင့်ထားတဲ့ နောက်ဆုံးပေါ် ကားကြီးထဲမှာ မော်ဒယ်မလေးကို ဘယ်လိုတင်ရမလဲလို့ စိတ်ကူးယဉ်ရင်း ပီတိဖြာနေသည်။

    ခွေးနှစ်ကောက် ကိုက်ရင်တောင် ထွက်အားပေးကြတဲ့ ရန်ကုန်သားတွေကတော့ ညပြေးပွဲကို အားပေးကြလိမ့်ဦးမည်။ အဲဒါက သူတို့ ကိစ္စပါပဲ။

    ရန်ကုန် ကမ္ဘာ (၂)

    စနေနေ့ ည (၈) နာရီ၊ အောင်ကျော်ထွန်း စိတ်ညစ်နေသည်။ လက်က နာရီကို ထပ်ကြည့်လိုက်သည်။ ည ၈ နာရီ ၂ မိနစ်၊ အခုထိ YBS 133 မလာသေး။

    လက်ထဲမှာ ကားခပေးဖို့ အသင့်ကိုင်ထားတဲ့ နှစ်ရာတန် နှစ်ရွက်ဟာ ချွေးစီးတွေကြောင့် စိုဖတ်ဖတ် ဖြစ်နေသည်။ ဂျန်းရှင်းစီးတီး ကားမှတ်တိုင်မှာ ည ၇ နာရီကျော်ကတည်းက YBS 133 ကို စောင့်နေတာ ဖြစ်သည်။ ယုဇနဥယျာဉ်မြို့တော်ကို ပြန်ဖို့က ဒီတလိုင်းပဲ ရှိသည်။

    ညနက်လေ အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ အောင်ကျော်ထွန်း ကြောက်စိတ်ဝင်လေ ဖြစ်သည်။ နယ်ကနေ စ၊စ်ဘေးရှောင်ရင်း အမေ၊ သူနဲ့ ညီမလေးတို့ သုံးယောက် ဈေးသက်သာတဲ့ ယုဇနဥယျာဉ်မြို့တော်က တိုက်ခန်းကျဉ်းလေး တခုမှာ ငှားနေတာ ဖြစ်သည်။ ကျန်းမာရေး မကောင်းတဲ့ အမေကို ညီမလေးက ကူပေးနေရချိန်မှာ အောင်ကျော်ထွန်း တယောက် ကြုံရာဘောက်အလုပ်များ လုပ်ပြီး ငွေရှာနေရသည်။

    ယခုလည်း နေ့စားအလုပ်တခုအတွက် မြို့ထဲလာရင်း အိမ်ပြန်နောက်ကျနေရခြင်း ဖြစ်သည်။ ညပြေးပွဲဆိုလား၊ မာရသွန်ဆိုလား လုပ်တာကြောင့် မြို့ထဲမှာ လမ်းတွေပိတ်ပြီး YBS တွေ နောက်ကျနေတာလို့ သတင်းကြားရသည်။

    ဒီလောက် ပူနေတဲ့အထဲ အမောခံ ပြေးလွှားနေသူတွေကို သူအံ့ဩသည်။ တနေ့လုံး ပစ္စည်းတွေ ထမ်းပိုးလာတဲ့ အောက်ကျော်ထွန်းကတော့ အမေ ချက်ပေးထားတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်းနဲ့ ငပိရည်ကို စားပြီး မီးပြတ်လို့ ပူလောင်အိုက်စပ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ လှဲလျောင်း အနားယူချင်တာပဲ သိသည်။

    ညပြေးပွဲက လူတွေကို မေလ ရာသီဥတုပူပူမှာ မိုး မစို့မပို့ ရွာလို့ ပိုပူနေရတဲ့အထဲ အလကား အားအကုန်ခံပြီး ပြေးနေကြတဲ့သူတွေလို့ ထင်မိသည်။ ဒါကတော့ သူတို့ကိစ္စပါ။

    အဓိက ကိစ္စက ည ၉ နာရီ ထိုးကာနီးလေ သူရင်ခုန်လေ ဖြစ်သည်။ အောင်ကျော်ထွန်းတို့လို လူမျိုးဟာ ပေါ်တာဆွဲသူတွေကို ဆွဲဆောင်နိုင်ဆုံး အမျိုးအစားဖြစ်နေသောကြောင့် ဖြစ်သည်။

    အမေမှာတဲ့ ဆေးထုပ်နဲ့ ညီမလေးအတွက် မုန့်ထုပ်လေး ပါတဲ့ ကျောပိုးအိတ်ကို ခန္ဓာကိုယ်ရှေ့ ပြောင်းလွယ်ပြီး ခပ်တင်းတင်း ဖက်ထားလိုက်သည်။ ည ၉ နာရီထိုးလို့မှ YBS 133 မလာရင် ဘယ်လိုလုပ်မလဲ စဉ်းစားနေသည်။ ခေါင်းထဲမှာ ဘာမှ မပေါ်။ အောင်ကျော်ထွန်းတို့လို့ လူတွေအတွက် လောကကြီးမှာ အဖြေမရှိ။

    ခပ်လှမ်းလှမ်းမှာတော့ ခွေးနှစ်ကောင် ကို၊က်ရင်တောင် ထွက်အားပေးကြတဲ့ ရန်ကုန်သားတွေက အပြေးသမားတွေကို ဟေးလားဝါးလား နှုတ်ဆက်နေကြသည်။ အဲဒါကလည်း သူတို့ ကိစ္စပါပဲ။

    (ရန်ကုန်မြို့ရဲ့ မတူညီတဲ့ ကမ္ဘာ နှစ်ခုက လူ နှစ်ယောက်အကြောင်းကို ခံစားရေးဖွဲ့ပါသည်)

  • ပက်ထရစ်ရှာ ဇာတ်သိမ်းပြီ

    ပက်ထရစ်ရှာ ဇာတ်သိမ်းပြီ

    ပက်ထရစ်ရှာရဲ့ Case က ထင်သလောက်မရိုးရှင်းဘူးနော်။ ရဲမင်းလွင်ဆီ ထပ်မံ ဖုန်းဆက်လာတဲ့ Video file မှာ စကားတွေက အထစ်ထစ်အငေါ့ငေါ့နဲ့ အကို မနက်က ဖြစ်သွားတဲ့ ကိစ္စက အဓမ္မကျင့်တာ မဟုတ်ဘူး။

    ဖုန်းလုတာလို့ ထအော်တာ ဆိုပြီးပြောတယ်။ ရဲမင်းလွင်က ok ညီမ မြန်မာပြည်သာ မြန်မြန်ပြန်လာခဲ့လို့ ပြောတဲ့စကားမဆုံးခင်မှာပဲ ဖုန်းကို ချပစ်သွားတယ်။

    ဖုန်းချတာက ပက်ထရစ်ရှာ မဟုတ်ဘူး။ အဲ့ဒီကောင်ပဲ။

    နောက်ဖိုင်တစ်ခုမှာ အပေါ်ကနေ တက်ဖိပြီး အဲ့လို ကြံစည်တဲ့ အကြောင်းတွေ ပြောထားတယ်။ ဖြစ်လားမဖြစ်လား ကာယကံရှင်တွေပဲသိမယ်။

    နောက်ဆုံး Itlsmint အကောင့်ကနေ တင်လာတဲ့ video file အကိုတို့ပွဲကို ညီမသိလားဆိုတဲ့ဟာ ပက်ထရစ်ရှာ ရီနေတာ။ အဲ့ဒါက Norgee နဲ့ ဖြစ်တဲ့ပွဲတုန်းက ဟာကို ပြောတာ။

    အဲ့တုန်းက ပက်ထရစ်လာလို့ သွားကြိုတဲ့ အချိန်တုန်းက file ပါ ဒါနဲ့ ပက်သက်ပြီး ပက်ထရစ်ရှာကို အမြင်စောင်းသွားကြတဲ့ လူတွေရှိနေလို့ ရှင်းပြပေးတာ

    ဟုတ်ပြီ ဖုန်းလုလို့အော်ရအောင်လည်း မင်းသမီးနဲ့ အလုပ်အပ်တဲ့သူ အဲ့လောက် စည်းတွေ ဘောင်တော် ကျော်တဲ့အထိ ဖြစ်စရာလိုလား။ ဘာကိစ္စ ဖုန်းလုစရာရှိလဲ။

    နောက်တစ်ခု အဲ့ဒီကောင်နဲ့ ထွက်ရှင်းတဲ့ Video ဖိုင် ဘာလို့ မျက်နှာပျက်နေရတာလဲ။ မပြောချင်ပဲ ထိန်းချုပ်ခံရလို့ ပြောနေရတဲ့ Styleမျိုး။ နောက်တစ်ခု မျက်နှာတွေ ဘာလို့ ကွက်ပြီးနီနေရတာလဲ။

    သူတင်ခဲ့တဲ့ “ယုတ်မာလိုက်ကြတာဟာ”ဆိုတဲ့စာက ဘာကိုရည်ရွယ်တာလဲ။ ဒီကိစ္စတွေ ရိုးရှင်းတယ်ဆိုရင် မင်းသမီးနဲ့ အလုပ်အပ်တဲ့သူကြား ဘာတွေမှ စည်းကျော် ဘောင်ကျော် ဖြစ်စရာမရှိဘူး။

    Ok ဖြစ်နိုင်ချေတွေ က တကယ်ပဲ ပျံ့နေသလို အုပ်စုဖွဲ့ ကျင့်ခံရတာလား။သူတို့မှာ အဲ့ဒီဟာကို HD တွေများကိုင်ပြီး ညှိနေသလား။ တစ်ဖက်က မင်းသမီး။

    ရှေ့ ဆက်ရမယ့်ဘဝတွေ ရှိသေးတယ်။ ဒါကြောင့်ပဲ ရေငုံနှုတ်ပိတ်နေပြီး ဒီအတိုင်းပဲ သဘောတူခဲ့သလား။

    ဒါကြောင့်ပဲ ဟိုကောင်က အလုပ်ဆက်လုပ်ဖို့တွေရှိသေးတယ်ဆိုပြီး ဒီ Video file ကို ကိုင်ပြီး ခေါ်မလား တွေးစရာတွေမှ တပုံကြီ။

    နောက်ဆုံး ပက်ထရစ်ရှာရဲ့ ဇာတ်ကားတွေကို ကြည့်ဖူးရင် သိလိမ့်မယ်။ အဲ့ဒီမျက်နှာဘေး။ လုံးဝ စိတ်အဆင်ပြေတော့ အခန်းတွေ စိတ်အလို မကျတဲ့ အခန်းတွေမှာ လုပ်တဲ့ မျက်နှာဘေးမျိုးပါ။

    တကယ်လို့ များ အများထင်သလို ဖြစ်ခဲ့တယ်ဆိုရင်၊ သူတို့ ဆီမှာလည်း ချုပ်ကွက်ရှိတယ်ဆိုရင် ပက်ထရစ်ရှာကလည်း သူ့သိက္ခာအရ ပြန်ပြီး မဖြေရှင်းတော့ဘူးဆိုရင် သေချာတယ်။ တသက်လုံး ရုပ်သေးရုပ်ဖြစ်ပြီ။

    ရဲမင်းလွင်ကလည်း ကျင့်တယ် ကျင့်တယ် တျောက်လျောက်ပြောနေတာ ဒီကောင်အကြောင်း ဒီကောင်တွေအသိဆုံးပဲ။

    အဲ့တော့ မြန်မာမိန်းကလေး တစ်ယောက်ဖြစ်တဲ့ ပက်ထရစ်ရှာက တကယ်ပဲ နစ်နာသူ ဖြစ်နေနိုင်ပါတယ်။

    It’s mint ဆိုတဲ့ လူက မိန်းကလေး တစ်ယောက်ကို လက်ပါစရာ မလိုဘူး ဘာညာနဲ့ တကယ် လုပ်နေတာက မြင်တဲ့အတိုင်းပဲ။

    ငါတို့အနေနဲ့ ကုလား အချင်းချင်းတူရင်တောင် ကိုယ့်မြန်မာအမျိုးသမီးတွေကို နှမနဲ့မခြား စောင့်ရှောက်ပေးနေတဲ့ ရဲမင်းလွင်လို ကုလားမျိုးပဲ လိုချင်တယ်။

    စပါးကလပ်တို့ အရှုပ်တော်ပုံထဲမှ ပက်ထရစ်ရှာ ပြောတဲ့ အသံဖိုင်ထဲမှာ သူ့ကို ကြံစည်တဲ့အကြောင်း ပါတယ်နော် 🙄

    မလေးရှားမှာ အဝေးကလှမ်းတွေ့လိုက်တာတဲ့ ဘယ်လိုတွေနားလည်ရပါ့

    သူကို အတည်ယူမယ့်လူ ရှိမှာမဟုတ်တော့ဘူးဆိုပြီး ကြေကွဲ

    နောက်ဆုံး ကြေညာချက်ပါဆိုပြီး ထုတ်ပြန်လာတဲ့ ပက်ထရစ်ရှာ နဲ့ It’s mint