Author: Baby Yit Lone

  • A Man & a Woman

    A Man & a Woman

    A Man & a Woman (2016)

    ဒီတစ်ခါမိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ 2016 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating 6.7 ရရှိထားတဲ့ အိမ်ထောင်ရေး ဒရာမာဇာတ်ကားလေးဖြစ်ပါတယ် ။

    (အိမ်ထောင်ရေးကားမို့လို့ ၁၈+ ဇာတ်ဝင်ခန်းတချို့ ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါဘူး)

    Castတွေအနေနဲ့ကတော့ Goblin နဲ့ Train to Busan စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသားချော Gong Yoo နဲ့ The Price of Confession ထဲက မင်းသမီး Jeon Do-yeon တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။

    ဇာတ်လမ်းအညွှန်း

    အီဆန်းမင်(Jeon Do-yeon)ဟာ ဖက်ရှင်လုပ်ငန်းကို အစ်မဖြစ်သူနဲ့အတူလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း အော်တစ်ဇင်ရောဂါခံစားနေရတဲ့ သားလေးကိုပြုစုစောင့်ရှောက်ရတဲ့သူဖြစ်ပါတယ် . .

    ခင်ပွန်းဖြစ်သူက အလုပ်နဲ့ပဲအချိန်ကုန်ပြီး ကလေးကိစ္စမှန်သမျှ ဆန်းမင်ကိုပဲ တာဝန်ယူခိုင်းသလိုဖြစ်နေတာကြောင့် တဖြည်းဖြည်းနဲ့ ဆန်းမင်ဟာ စိတ်ပင်ပန်းပြီး အထီးကျန်သလို ခံစားလာခဲ့ရပါတယ် . .

    တစ်နေ့မှာ သားလေးကို ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ကို စခန်းချခရီးလိုက်ပို့ရင်း ဂင်ဂီဟုန်(Gong Yoo)ဆိုတဲ့လူနဲ့ အမှတ်မထင် ဆုံတွေ့ခဲ့ပါတယ်။

    ဂီဟုန်ကတော့ ဖင်လန်နိုင်ငံမှာ တာဝန်ကျနေတဲ့ အဆောက်အဦဒီဇိုင်နာ ဗိသုကာပညာရှင်တစ်ဦးပါ။

    သူ့မိသားစုဘဝကလည်း ပြီးပြည့်စုံမှုမရှိဘဲ စိတ်ကျရောဂါခံစားနေရတဲ့ သမီးလေးတစ်ယောက်နဲ့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တဲ့ရောဂါရှိတဲ့ ဇနီးတစ်ယောက်ကိုပဲ ဂရုစိုက်ပေးနေရသူပါ ..

    ဆန်းမင်က သားလေးကိုစိတ်မချတာကြောင့် ဂီဟုန်ရဲ့ကားအကူအညီနဲ့ စခန်းချတဲ့နေရာကိုလိုက်သွားခဲ့ရာက အပြန်ခရီးမှာတော့ နှင်းတွေကြောင့် လမ်းပိတ်ပြီး လမ်းမှာ တစ်ညတာတည်းခိုဖို့ ဖြစ်လာပါတော့တယ် ။

    သူတို့နှစ်ယောက်ဟာ တည်းခိုခန်းမှာ အပြန်အလှန် စကားတွေပြောကြည့်ရင်းနဲ့ အချင်းချင်း ထူးခြားတဲ့စိတ်အေးချမ်းမှု နားလည်နိုင်တဲ့ချိတ်ဆက်မှုတွေနဲ့အတူ မထင်မှတ်ဘဲ ငြိတွယ်သွားကြပါတယ်။

    ဒီလိုနဲ့ နောက်ဆုံးမှာ သူတို့နှစ်ဦးဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာခံစားချက်နဲ့ မိသားစုတာဝန်တွေကြားမှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို မှန်ကန်စွာနဲ့ ရွေးချယ်သွားနိုင်မလဲ ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်ပါဦးနော်။

  • Athena: Goddess of War

    Athena: Goddess of War

    Athena: Goddess of War (2011)

    အက်ရှင်ကားကောင်းကောင်းလေးတွေကို ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် 2009 ခုနှစ်က ထွက်ရှိထားတဲ့ Iris ဇာတ်လမ်းတွဲလေးရဲ့ spin off ဖြစ်တဲ့ Athena: Goddess of War ဆိုတဲ့ Action, Thriller, Romance အမျိုးအစား ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် ..

    မင်းသား Jung Woo Sung, မင်းသမီး Park Soo Ae, မင်းသမီး Lee Ji Ah, မင်းသား Cha Seung Won, မင်းသား Kim Min Jong, Super Junior အဖွဲ့ဝင် Choi Si Won တို့က အဓိကပါဝင်ထားပြီးတော့ TVXQ အဖွဲ့ဝင် Max Changmin တို့လည်း Guest အဖြစ်ပါဝင်ထားပါသေးတယ်။

    ဇာတ်လမ်းအညွှန်း

    ယုတ်ညံ့ဆိုးဝါးလှတဲ့ စိတ်သဘောထားရှိတဲ့ ဆွန်းဟျော့ (Cha Seung Won) ဦးဆောင်တဲ့ Athena အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံနှင့်တကွ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာခဲ့ပါတယ်…

    ဆွန်းဟျော့ရဲ့ ဆိုးဝါးရက်စက်လွန်းလှတဲ့ အစီအစဉ်ကို တားဆီးဖို့အတွက် နိုင်ငံ့လုံခြုံရေးအေဂျင်စီ အဖွဲ့ဝင် အီဂျောင်အူ (Jung Woo Seung) တစ်ယောက် တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။

    တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားနိုင်ငံ သမ္မတရဲ့ သမီးဖြစ်သူ အီတလီနိုင်ငံမှာ ပြန်ပေးဆွဲခံရမှုကိုပါ လိုက်လံစုံစမ်းရင်း .. ဂျောက်အူနဲ့ သူ့အဖွဲ့သားတွေက ဘယ်လို ကြိုးစားပြီး ဓားစာခံကို အန္တရာယ်ကင်းကင်း ပြန်ခေါ်လာပေးသွားမလဲ

    ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း ရန်သူ့ဘက်က အသွင်ယူ သူလျှိုဖြစ်တဲ့ ယွန်းဟယ်အင်း (Park Soo Ae) ကို ချစ်မိသွားတဲ့အခါမှာတော့ ..

    အချစ်နဲ့ တာဝန်ရောယှက်နေတဲ့ အခိုက်အတန့်တွေမှာ ဂျောင်အူတစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို Athena: Goddess of War ဆိုတဲ့ 2011 ခုနှစ်ထွက် ဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးနော် ..

  • Nimbiya Banada Myaga Page 1

    Nimbiya Banada Myaga Page 1

    Nimbiya Banada Myaga – Page 1 (2025) အတိတ်ခြေရာ

    မိခင်နှင့်သားကြားက သံယောဇဉ်ကို အခြေခံပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပေါင်းစပ်တင်ဆက်ထားတဲ့ ကန်နာဒါစကားပြော သည်းထိတ်ရင်ဖိုဒရာမာရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

    ဇာတ်လမ်းကတော့ မာလ်နတ်ဒ်ဒေသမှာရှိတဲ့ရွာတစ်ရွာမှာ အစပျိုးထားတာပါ။

    မြေရှင်သူဌေးကတော် ဗာရာလက်ရှ်မီးဟာ ခင်ပွန်းဖြစ်သူ မြေရှင်သူဌေးရဲ့ ထူးဆန်းတဲ့ ေသဆုံးမှုအပြီးမှာ သားဖြစ်သူ အာချာနာကိုပါ ထပ်မံဆုံးရှုံးလိုက်ရပါတယ်။

    သူတို့ရဲ့ သစ္စာရှိအစေခံတစ်ဦးရဲ့စောင့်ရှောက်မှုအောက်မှာ လူမမယ်အရွယ် သားဖြစ်သူဟာ ပျောက်ဆုံးသွားခဲ့တာပါ။

    နှစ်ပေါင်း ၂၅ နှစ်ကြာပြီးနောက်မှာ မြို့ပေါ်ကိုရောက်နေတယ်လို့ပြောတဲ့ သူတို့ရဲ့သားဖြစ်သူ အာချာနာ ပြန်ရောက်လာတဲ့အခါမှာတော့ အတိတ်က မြှုပ်နှံထားခဲ့တဲ့ လျှို့ဝှက်ချက်တွေ၊ မိသားစုတွင်းက ကလဲ့စားချေမှုတွေနဲ့ သံယောဇဉ်ဇာတ်လမ်းတွေ တဖန်ပြန်လည်အသက်ဝင်လာပါတော့တယ်။

  • My Love Story with Yamada-kun at Lv999

    My Love Story with Yamada-kun at Lv999

    My Love Story with Yamada-kun at Lv999 (2025)

    မင်းသားချော Ryûto Sakuma နဲ့ အလှလေး Mizuki Yamashita တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ နာမည်ကြီး မန်ဂါစီးရီးကို ပြန်လည်အသက်သွင်းထားတဲ့ အွန်လိုင်းဂိမ်းအခြေခံ Rom-Com မနဲ့မောင် ဂျပန်အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    အွန်လိုင်းဂိမ်းကစားရင်း ချစ်သူရထားတဲ့ အာကာ့နဲဟာ ရုတ်တရက် လမ်းခွဲခြင်းခံလိုက်တဲ့အတွက် ဒေါသထွက်ပြီး စိတ်ထွက်ပေါက်အနေနဲ့ပဲ ဂိမ်းကစားနေရင်းကနေ Guild ဆိုတဲ့ စကားပြောခန်းထဲ မထင်မှတ်ဘဲ ရောက်သွားက လူမှုဆက်ဆံရေးညံ့တဲ့ ယာမာဒါဆိုတဲ့ နာမည်နဲ့ ကစားသူကို ဘုဘောက်တွေ ပွားမိပါတော့တယ်။

    အဲဒီနောက်မှာ အာကာ့နဲဟာ ရည်းစားဟောင်းကို လက်စားချေမယ့်အကြံနဲ့ ဂိမ်းရဲ့တစ်နှစ်ပြည့်အခမ်းအနားကို သွားခဲ့ပေမဲ့လည်း ရည်းစားဟောင်းကို ချစ်သူအသစ်နဲ့ တွေ့လိုက်ချိန်မှာတော့ အာကာ့နဲဟာ ထူပူပြီး ယာမာဒါက သူ့ချစ်သူအသစ်ပါဆိုပြီး ဟန်ဆောင်မိတ်ဆက်ပေးလိုက်မိပါတော့တယ်။

    အသည်းကွဲနေတဲ့ တက္ကသိုလ်ကျောင်းသူမမက အထက်တန်းကျောင်းသား ဂိမ်းသမားလေးကို ဘယ်လိုတွေ ရင်ခုန်အောင် လုပ်သွားမလဲဆိုတာ…

  • Boot Camp

    Boot Camp

    Boot Camp (2008)

    မင်းသမီး Mila Kunis နဲ့ မင်းသား Gregory Smith တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ Boot Camp ဆိုတဲ့ ဇာတ်ကားလေးဟာ ဖီဂျီကျွန်းရဲ့ လှပတဲ့ သဘာဝအလှတရားတွေနောက်ကွယ်က “Camp Serenity” လို့ အမည်ရတဲ့ လူငယ်ပြုပြင်ရေးစခန်းတစ်ခုအကြောင်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။

    ဒါပေမဲ့ “Serenity” (အေးချမ်းခြင်း) ဆိုတဲ့ နာမည်နဲ့ မလိုက်အောင် ဒီနေရာဟာ မိဘတွေက သူတို့ရဲ့ဆိုးသွမ်းတဲ့ သားသမီးတွေကို ငွေပေးပြီးပို့လိုက်တဲ့ “တရားမဝင်ငရဲခန်း” တစ်ခုသာ ဖြစ်နေပါတယ်။

    ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့”ဆိုဖီ”ဆိုတဲ့ကလေးမလေးဟာ သူမရဲ့ ပထွေးဖြစ်သူရဲ့အကြံကြောင့် ဒီစခန်းကိုရောက်လာခဲ့သူဖြစ်ပါတယ်။

    ဒီစခန်းမှာ ဒေါက်တာဟေးလ်ဆိုတဲ့ လူဟာ “လူသစ်စိတ်သစ် ဖြစ်စေရမယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ညှင်းပန်းနှိပ်စက်ပြီး သူတို့ရဲ့ ပင်ကိုယ်စရိုက်ကို ရိုက်ချိုးဖို့ ကြိုးစားတယ်။

    ဒီနေရာမှာ စည်းကမ်းဆိုတာထက် အနိုင်ကျင့်မှုက ရှေ့တန်းရောက်နေပြီး အကျဉ်းသားအချင်းချင်း ပြန်လည်စောင့်ကြည့်ခိုင်းတဲ့စနစ်ကြောင့် ဘယ်သူ့ကိုမှ ယုံကြည်လို့မရတဲ့ အခြေအနေဆိုးကို ဆိုဖီတစ်ယောက် ရင်ဆိုင်လာရတော့တယ်။

    ဆိုဖီ ဒီငရဲတွင်းကနေ လွတ်မြောက်အောင် ဘယ်လိုရုန်းကန်မလဲ…

    သူမရဲ့ ချစ်သူကဘင်ကရော သူမကို ကယ်တင်နိုင်မှာလားဆိုတာကိုတော့…