Author: Baby Yit Lone

  • ရွှေဘိုတွင် ရဲတပ်ဖွဲ့ဝင်အချို့ ပစ်သတ်ခံရပြီးနောက် မြို့ရှောင်လမ်း ဖြတ်သန်းခွင့်ပိတ်

    ရွှေဘိုတွင် ရဲတပ်ဖွဲ့ဝင်အချို့ ပစ်သတ်ခံရပြီးနောက် မြို့ရှောင်လမ်း ဖြတ်သန်းခွင့်ပိတ်

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြို့ရှောင်လမ်းမှာ ကားတွေကို တားဆီးကာ ပိုက်ဆံတောင်းခံတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်ကစပြီး ရွှေဘိုမြို့ရှောင်လမ်းကနေ ပြည်သူတွေ သွားလာခွင့် ယာယီပိတ်ထားကြောင်း လုပ်ငန်းရှင်နဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

    လုပ်ငန်းရှင်တယောက်က “သူတို့(ရဲတွေ) အဲလို ပိုက်ဆံတောင်းနေကျဆိုတော့ PDF တွေ ချောင်းပြီး တွယ်ပစ်လိုက်တာ ဟုတ်တယ်။ အခုက အဲဒီ မြို့ရှောင်လမ်းက ဘက်ဖိုးကြီးနဲ့ သွားကုတ်လိုက်ပြီ။ ပြည်သူတွေ သွားပိုင်ခွင့် မရှိတော့ဘူးတဲ့။ သူတို့ဟာသူတို့ တောင်းစားလို့ဖြစ်တဲ့ကိစ္စ ဘက်ဖိုးနဲ့ သွားကုတ်ပစ်လိုက်သတဲ့” လို့ ပြောပါတယ်။

    မြို့ရှောင်လမ်း ပိတ်လိုက်တော့ ခါတိုင်းဆိုရင် ကားကြီးတောင် ပေးမသွားဘဲ ဒဏ်ငွေချတဲ့ မြို့လယ်လမ်းမကြီးပဲ သွားစရာ လမ်းကျန်တော့တယ်လို့ သူကပြောပါတယ်။

    ဇန်နဝါရီ ၁၀ ရက် မနက်ကပဲ ရွှေဘိုမြို့ရှောင်လမ်းမှာ ပိုက်ဆံ သွားတောင်းတဲ့ ရဲ ၅ ယောက်သွားတဲ့ထဲက ၄ ယောက် သေသွားတယ်လို့ သူက ပြောပါတယ်။

    “သေသွားတဲ့ထဲမှာလည်း နှစ်ပွင့်၊ သုံးပွင့် ရှိသူ ပါတယ်လို့ ပြောတယ်။ PDF နဲ့ သွားတိုးတာ မဟုတ်ဘူး။ အဲဒီကောင်တွေက ကျနော်နဲ့ ခဏခဏတွေ့တယ်။ အဲဒီကောင်တွေ အမြဲတမ်း ကားတစီးနဲ့ ကျနော် သိတယ်။”

    PDF တွေက ရွှေဘိုမြို့ရှောင်လမ်းမှာ ကားတား ငွေတောင်းနေတဲ့ ရဲတပ်ဖွဲ့ကို ချောင်းနေတာ ကြာလောက်ပြီလို့ ယူဆရပြီး PDF တွေနဲ့ သွားတိုးတာ မဟုတ်ဘဲ တည့်တည့်လာ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

    ကုန်တင်ယာဉ်မောင်းတယောက်က “လမ်းကို မြို့ထဲကနေ ပေးတာ။ လမ်းပြောင်းပေးလိုက်တာ” လို့ ပြောပါတယ်။

    ဇန်နဝါရီ ၁၀ ရက် မနက်မှာ ရွှေဘိုက ကင်းပတ်နေတဲ့ ရဲကားထဲက ရဲတွေ ငွေနောက်ကို လိုက်ရင်းနဲ့ မြို့ရှောင်လမ်းမှာ တောထဲက PDF တွေ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

    လုံခြုံရေး အကြောင်းပြ ပတ်ကင်းသွားရင်း ငွေလိုက်တောင်းရင်းနဲ့ ခါတိုင်း ကား လေး၊ ငါးစီး သွားပေမယ့် လူနည်းနည်းပဲ ခွဲပြီး တစီးတည်းသွားချိန် ဖြစ်သွားတာဖြစ်ပြီး စပါးသယ်တဲ့ ဒေသကားတွေ အပါအဝင် လမ်းမှာတွေ့တဲ့ ကားတွေကို တွေ့တဲ့နေရာ တားပြီး ငွေတောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

    ရွှေဘိုကနေ စစ်ကိုင်းမြို့အဝင်အထိ ဂိတ်ပေါင်း ၁၂ ဂိတ် ထက်မနည်း ရှိပြီး ဂိတ်ကြေး သိန်း ၂၀ ခန့်အထိ ပေးဆောင်ရတာပြီး အဲဒီလိုတွေ မတရား တောင်းခံတာကြောင့် ငွေကျည်ဆန်သင့်တာလို့ လုပ်ငန်းရှင်၊ ယာဉ်မောင်းတွေက ပြောပါတယ်။

    လက်ရှိအချိန်အထိ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တရားဝင် ထုတ်ပြန်ချက် မရှိသေးဘဲ ရွှေဘိုမြို့နဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီက ကုန်တင်ကား စပယ်ယာတွေ အပါအဝင် ရပ်ထဲ ရွာထဲ ခပ်စိတ်စိတ် ပေါ်တာဆွဲလာနေပြီး ငွေနဲ့ ပြန်ရွေးရကာ လုံခြုံမှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

  • ရွှေပြည်သာတွင် အောက်ဆိုက်ကား ၁ စီး တိမ်းမှောက်ပြီး ခရီးသည် ၂၅ ဦး ဒဏ်ရာရ

    ရွှေပြည်သာတွင် အောက်ဆိုက်ကား ၁ စီး တိမ်းမှောက်ပြီး ခရီးသည် ၂၅ ဦး ဒဏ်ရာရ

    ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝင်းသာဓုကန် စက်မှုဇုန်ရှေ့မှာ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက အောက်ဆိုက်ကားတစီး တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ ရွှေမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

    အောက်ဆိုက်ကား တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို လူနာတင်ယာဥ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဥ်တစီးနဲ့ သွားရောက် ကူညီပေးခဲ့တယ်လို့ အဲဒီအသင်းက ဆိုပါတယ်။

    ဒါ့အပြင် တိမ်းမှောက်ခဲ့တဲ့ကားမှာ စက်သုံးဆီ ယိုထွက်တာရှိခဲ့လို့ ဆီလမ်းကြောင်းပိတ်ဆို့တာ၊ ဘက်ထရီငုတ်ဖြုတ်တာ၊ ဆီလမ်းကြောင်းတလျှောက် သဲနဲ့ မြေသားဖုံးအုပ်တာ၊ မီးကူးစက်လောင်ကျွမ်းတာ မဖြစ်ရအောင် လမ်းသွားလမ်းလာတွေ ဆေးလိပ်မသောက်ဖို့ သတိပေးတာတွေ လုပ်ပေးခဲ့တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

    ရွှေပြည်သာမြို့နယ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေကာ ရွေးကောက်ပွဲ လုပ်နေတဲ့ နေ့မှာပဲ အောက်ဆိုက်ကား မဆင်မခြင်မောင်းရာကနေ ယာဥ်တိမ်းမှောက်မှု ဖြစ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

    ရွှေပြည်သာမြို့ခံတယောက်က “အောက်ဆိုက်ကားတွေရော စက်ရုံဖယ်ရီကားတွေရော အရမ်း အမောင်းကြမ်းတာ။ မကြာခဏလည်း ယာဥ်တိုက်မှုတွေ ဖြစ်တယ်။ ဒါလည်း မမှတ်ဘူး” လို့ ပြောပါတယ်။

    တညင်းကုန်းလမ်းဆုံကနေ ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်ကို အောက်ဆိုက်ကားတွေ ဝင်ရောက်ပြေးဆွဲနေတာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း လိုင်းကား လုံလုံလောက်လောက် စီစဥ်ပြေးဆွဲပေးနိုင်တာ မရှိတဲ့အတွက် ခရီးသည်တွေက အောက်ဆိုက်ကားတွေကို စီးနင်းနေရသလို အဲဒီ အောက်ဆိုက်ကားတွေ မဆင်မခြင် မောင်းနှင်လို့ မကြာခဏ ယာဥ်မတော်တဆမှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

  • အဆုံးအစွန်ထိ ချွ-တ်ပြတော့မယ့် အုန်းသီးများပိုင်ရှင် Ball Ma နန်းဝေဝေမြင့်

    အဆုံးအစွန်ထိ ချွ-တ်ပြတော့မယ့် အုန်းသီးများပိုင်ရှင် Ball Ma နန်းဝေဝေမြင့်

    ဓမ္မစကူးလ်ဆရာမ ဘဝကို ဖြတ်သန်းခဲ့ပြီးနောက် အဆုံးအစွန်ထိ ချွ-တ်ပြတော့မယ့် အုန်းသီးများပိုင်ရှင် Ball Ma နန်းဝေဝေမြင့်

    ပုဂံလမ်းကပဲစောင့်စောင့်

    ညောင်ဦးလမ်းကပဲစောင့်စောင့်

    ဘယ်လမ်းကစောင့်စောင့်

    ဒီအဝတ်စားနဲ့စောင့်နေရင်တော့

    ရေတောင်ခေါ်တိုက်မဲ့သူ ရှိမှာမဟုတ်ဘူး။ ☺️

    “မိုးနဲ့အတူ ပုဂံလမ်းကစောင့်နေမယ်” သီချင်းကိုဆိုသွားတဲ့

    မော်ဒယ်လား

    အဆိုတော်လား

    သရုပ်ဆောင်လား မသိရတဲ့ နန်းဝေဝေမြင့်ကို

    ပရိတ်သတ်က များစွာဝေဖန် ရေးသားခဲ့ကြပါတယ်။

    ဘာကြောင့်ဝေဖန်ရေးသားကြလဲဆိုတော့

    သူမဟာ အရင်က ဓမ္မစကူး ဆရာမဘဝမှာ မြန်မာဆန်ဆန်အဝတ်စားလေးတွေကို မြတ်မြတ်နိုးနိုးတန်ဖိုးထားဝတ်ဆင်ရာကနေ ပရိတ်သတ်အားပေးမှုကြောင့် နာမည်တစ်ခုရရှိခဲ့ပြီးနောက် ခုချိန်မှာတော့ အနုပညာလောကထဲရောက်ရှိလာပြီး စင်ပေါ်တက် မတော်တရော်တွေ ဝတ်ပြနေမှုတွေကြောင့် ဝေဖန်ပြောဆိုနေကြတာပါ။

    အဓိကအကြောင်းကတော့ ယဉ်ကျေးသိမ်မွေ့တဲ့ ဓမ္မစကူးဆရာမဘဝကနေ ဒီနေ့ဒီချိန်မှာ ဒီလိုတွေမြင်တွေ့နေရတာကိုပါပဲ….

    ငပိစားမရှိတာ ဝယ်လို့ရတယ်

    အသိတရားမရှိတာ ဝယ်လို့မရဘူး။

    “တောက်” သိဖို့ 😱

    😎😎😎

  • Make a Girl

    Make a Girl

    Make a Girl (2025)

    အကီရာဆိုတဲ့ကောင်လေးက တီထွင်ဉာဏ်ကို မွေးရာပါတော်ပြီး သူများနဲ့ယှဉ်ရင် နှာတစ်ပန်းသာနေတဲ့ ကောင်လေးပေါ့။

    ဒါပေမဲ့သိတဲ့အတိုင်း ဒီလိုထူးချွန်သူတွေဆိုတော့လည်း ကျောင်းမှာ တစ်ယောက်တည်းဖြစ် ပြဿနာပေါင်းစုံတက်နေတဲ့သူပေါ့လေ။

    အဲဒီမှာ အခိုင်းအစေစက်ရုံတောင် တီထွင်ထားပြီး အဆင်မပြေဖြစ်နေတဲ့ အကီရာတစ်ယောက် သူ့ သူငယ်ချင်းက ကောင်မလေးရသွားလို့ လုပ်ငန်းခွင်မှာရော ကျောင်းစာမှာရော တိုးတက်မှုရှိလာတယ်

    အဆင်ပြေတယ်ဆိုလို့ သူ့ သုတေသနလုပ်ငန်းတွေလည်း ချစ်သူကောင်မလေးရရင် အဆင်ပြေသွားမှာပဲဆိုပြီး နံပါတ် ၀ ဇီးရိုးဆိုတဲ့ ချစ်သူကောင်မလေးအဖြစ် စက်ရုပ်မလေးကို တီထွင်လိုက်ပါတော့တယ်။

    အဲဒီမှာ အကီရာကို ချစ်ကိုချစ်ရမယ်ဆိုပြီး ပရိုဂရမ်ပါလာခဲ့တဲ့ စက်ရုပ်မလေးဟာ သူ့သခင်စေရာလုပ်ပြီး ဘယ်လိုမျိုးတွေ တိုးတက်လာမလဲ

    အကီရာအနေနဲ့ရော သူထင်သလို ချစ်သူစက်ရုပ်မလေး ထွင်လိုက်တာနဲ့ လုပ်ငန်းတွေ တိုးတက်သွားမလား ဒါမှမဟုတ် တစ်ခုခုဖြစ်သွားမလားဆိုတာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် Animation လေးတွေနဲ့အတူ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်….။

  • ဘီးလင်းတိုက်ပွဲတွင်  ခမရ ၃ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင် စစ်သားအများအပြား သေဆုံး

    ဘီးလင်းတိုက်ပွဲတွင် ခမရ ၃ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင် စစ်သားအများအပြား သေဆုံး

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာနှင့် အလူးလေးကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဘက်မှ ခမရ ၃ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်အချိန် ဘီလင်းမြို့နယ်၊ အလူးလေးကျေးရွာဘက် သို့ ကင်းလှည့်ထွက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်း၊ လက် နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခမရ ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင်အများအပြား သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

    “ခမရ ၃ ဒုတပ်ရင်းမှူးလည်း သေတယ်။ သူက လွန်ခဲ့တဲ့တစ်လခွဲလောက်ကမှ ပြောင်းလာတဲ့သူပါ။ မိုင်းကွင်းထဲမှာ သေတာ လည်းရှိတယ်။ ပစ်ခတ်တိုက်ခိုက်တာမှာ သေတာလည်းရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ခြုံခိုတိုက်ခိုက်တာဆိုတော့ အန္တရာယ်ကင်းတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    သေဆုံးသူ ဗိုလ်မှူးထူးလင်းမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီး သေဆုံးချိန်တွင် ဇနီးနှင့်သမီး ၁ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်က KNU တပ်မဟာ ၁ နယ်မြေအတွင်းတွင် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာပြီး လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော နေရာများကို ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို စစ်တပ်က အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနေကြောင်း KNU စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။