Author: Baby Yit Lone
-

ဇောင်းကြွနေတဲ့ သီတာယုမွန်တို့တဖွဲ့လုံး မာလကီးယား
သီတာယုမွန်ပျူစောထီးနှင့်စစ်သား မိုင်းဆွဲခံရမှု ၁၅ ဦးခန့်ပြင်းထန်းဒဏ်ရာရ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မြောက်ဘက် ကျောက်ပြုတ်မှထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ကထုတ်ပြန်သည်။ ဒီဇင်ဘာ ၇ ရက်နေ့ ည ၇ နာရီ ခွဲဝန်းကျင်တွင် မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ကျေးရွာမှ ထွက်လာသည့် သီတာယုမွန်ပျူစောထီးအဖွဲ့နှင့် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကျောက်ပြုတ် ဘုရားကုန်းအနီးမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း ၁၅ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားပြီး သေဆုံးသူများလည်းရှိနိုင်ကြောင်း၊အထိနာသွားသည့် စစ်အုပ်စုဝင်များသည် ရမ်းသန်းပစ်ခတ်ပြီး ပြန်လည်ထွက်ပြေးသွားကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ ၊ Myingyam DangerDynamite အဖွဲ့နှင့် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-

ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချ
ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂနှင့် ICC တရားရုံး အပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူရန် တောင်းဆို ရခိုင်ပြည်၊မြောက်ဦးမြို့နယ်တွင် ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂနှင့် ICC တရားရုံးအပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူရန် တောင်းဆိုလိုက်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ၉ နာရီကျော်အချိန် အကြမ်းဖက်စစ်အုပ်စုသည် ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို တိုက်လေယာဉ်များ အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ…
-

အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှု (ဓာတ်ပုံမှတ်တမ်း)
မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၈၀ အထိ ရှိလာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၃၃ ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ယောက်ထက်မနည်း ရှိလာနေပြီလို့ ဒေသခံတွေနဲ့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီကျော်အချိန်မှာ မြောက်ဦးဆေးရုံကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချသွားခဲ့တာပါ။ ဗုံးကြဲလို့ သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေ၊ လူနာစောင့်တွေအပြင် ရိုဟင်ဂျာ လူမျိုး ၂ ယောက်လည်း ပါဝင်နေပြီး…
-

Victoria’s Silver
Victoria’s Silver (2025) ကမ္ဘာစစ်ကာလမှာ ဖိလစ်ပိုင်နိုင်ငံကို ၀င်စီးပြီး ဖက်ဆစ်၀ါဒအတိုင်း အကြမ်းဖက်ပြီး ယောကျ်ားတွေလည်း အသတ်ခံရသလို မိန်းမတွေရဲ့ဘ၀ဟာလည်း မတွေးရဲစရာပါ တိုယမ်ဟာ ဂျပန်တပ်ချထားတဲ့နေရာကဖမ်းထားတာကနေ လွတ်မြောက်လာခဲ့ပြီး ဒိုမန်ဆိုတဲ့မျက်မမြင်ကောင်လေးနေတဲ့ အိမ်ဆီ ထွက်ပြေးရင်း ရောက်လာခဲ့ပါတယ် ဒိုမန်ဟာလည်း ဒုက္ခသည်ကို ခေါ်တင်ထားလိုက်ပါတယ် တိုယမ်ရဲ့ဘ၀ဟာလည်း ဆိုးရွားသလို ဒိုမန်ရဲ့ဘ၀ကလည်း ပြန်တွေးချင်စရာ မရှိတာကြောင့် ဂျိုကျိုးနဲ့နားရွက်ပဲ့ တွေ့သလိုပါပဲ တိုယမ်နဲ့ဒိုမန်တို နှစ်ယောက်သား ဘ၀နာကြသူနှစ်ယောက် ဒီအိမ်လေးတစ်လုံးမှာ သူတိုနှစ်ယောက်ရဲ့ဘ၀ဟာလည်း ဘာတွေဆက်ဖြစ်လာဦးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းမှာပဲ ဆက်လက်ရှုစားလိုက်ကြပါ အိပ်ရာခန်းတွေ ပါ၀င်တာကြောင့် မိသားစုနဲ့အတူ မကြည့်သင့်ပါ
-

သရုပ်ဆောင်မိုးအောင်ရင်၏ကားအပါအဝင် ကား ၆ စီး ဆင့်တိုက်မှုဖြစ်
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာရှေ့မှာ ဒီဇင်ဘာ ၁၀ ရက် ည ၁၀ နာရီခွဲဝန်းကျင်က သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ကားကနေတဆင့် ကား ၆ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။ မိုးအောင်ရင်ရဲ့ ကားဟာ ကုက္ကိုင်းတံတားပေါ်ကနေ အရှိန်နဲ့ မောင်းနှင်လာပြီး မီးပွိုင့်မှာ ရပ်ထားတဲ့ ကားတွေကို တိုက်မိရာမှ ဆင့်ကဲတိုက်မှုဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။ ယာဉ်ထိန်းရဲအရာရှိတယောက်က “ဖြစ်စဉ်ကမှန်တယ်။ မိုးအောင်ရင်ရဲ့ကားကနေ စတိုက်တာ။ သူ့ကိုစစ်ကြည့်လိုက်တော့ ဆေးသုံးထားတာတွေ့ရတယ်။ ဆေးကွဲပြီးမောင်းလာတယ့်သဘော။ အခုတော့ အမှုဖွင့်ဖို့လုပ်နေတယ်” လို့ ပြောပါတယ်။ ယာဉ်ထိန်းရဲအရာရှိတယောက်က “ဖြစ်စဉ်ကမှန်တယ်။ မိုးအောင်ရင်ရဲ့ကားကနေ စတိုက်တာ။ သူ့ကိုစစ်ကြည့်လိုက်တော့ ဆေးသုံးထားတာတွေ့ရတယ်။ ဆေးကွဲပြီးမောင်းလာတယ့်သဘော။ အခုတော့ အမှုဖွင့်ဖို့လုပ်နေတယ်” လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့်…