Author: Baby Yit Lone

  • ငါးသိုင်းချောင်းမှာ ရေစတင်ဝင်လာပြီ

    ငါးသိုင်းချောင်းမှာ ရေစတင်ဝင်လာပြီ

    ငါးသိုင်းချောင်းတွင် ရေစတင်ဝင်ရောက်လာပြီး ဒေသခံများပြောင်းရွှေ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ရေတက်လာလို့ ဒေသခံတွေဟာ ရေဘေးလွတ်တဲ့နေရာတွေဆီကို‌ စတင်ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။ လေးမျက်နှာမြို့နယ်က ငဝန်ရေကာတာကျိုးပေါက်တဲ့ အရှိန်ကြောင့် ငါးသိုင်းချောင်းမြို့ထဲက ရပ်ကွက်နဲ့ ကျေးရွာတွေ ရေဝင်နစ်မြုပ်လို့ သြဂုတ် ၇ ရက် မနက်ပိုင်းကစတင်ပြီး ဒေသခံတွေဟာ ကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာလို့ သိရပါတယ်။ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူတယောက်က “လေးမျက်နှာဘက်လောက်တော့ အခြေအနေ မဆိုးသေးပါဘူး။ ရေတွေတော့စတင်လာပါပြီ။ အန္တရာယ်မရှိစေဖို့ ရေဘေးရှောင် နေရာတွေကို ကြိုတင်ပြောင်းရွှေ့ထားတာ” လို့ပြောပါတယ်။ ငါးသိုင်းချောင်းမြို့ထဲက မြို့ကွက်သစ်ရပ်ကွက်၊ ရိုးလမ်း၊ ရွှေဘိုရပ်ကွက်၊ ငါးသိုင်းချောင်း ပြည်သူ့ဆေးရုံရှေ့၊ မြစ်ကျိုးအင်း၊ မဲဇလီကုန်းချောင်းတလျှောက်၊ အောင်ဇေယျလမ်းစတဲ့ နေရာ တွေမှာ ရေဝင်နစ်မြုပ်နေတယ်လို့ သိရပါတယ်။ ဒေသခံ တယောက်က “မဲဇလီချောင်းဘက်ကနေ ရေတွေဝင်လာတာ။ မိုးကသိပ်မရွာဘူး။ မိုးရွာတာ…

  • နေပြည်တော်က G-9 ကျောင်းသားလေး ကြိုးဆွဲချသွားပြန်ပြီ

    နေပြည်တော်က G-9 ကျောင်းသားလေး ကြိုးဆွဲချသွားပြန်ပြီ

    နေပြည်တော်တွင် G-9 ကျောင်းသား ၁ ဦး ကြိုး ဆွဲချ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာ G-9 ကျောင်းသားတယောက် ကြိုးဆွဲချ အဆုံးစီရင်သွား တယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ အသက် ၁၅ နှစ်အရွယ် ရွှေနံ့သာရပ်ကွက်၊ နယ်မြေ ၁၀ ကွက်သစ်မှာနေထိုင်တဲ့ ရွှေနံ့သာ အခြေခံပညာ ကျောင်းက G-9 ကျောင်းသားဖြစ်ပြီး သြဂုတ် ၇ ရက်၊ ညနေ ၆ နာရီကျော် လောက်က နေအိမ်မှာ ကြိုးဆွဲချ အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။ ဒေသခံတယောက်က “ကောင်လေးက အိမ်ရဲ့အပေါ်ထပ်မှာ ဂိမ်းဆော့နေတာ။ ထမင်းစားဖို့ လှမ်းခေါ်တာ ဆင်းမလာတော့ အဖိုးဖြစ်သူက အိမ်ပေါ်တက်ကြည့်တာ။ အိမ်အပေါ်မှာ ကြိုးဆွဲချ အဆုံးစီရင်ထားတာကို အဖိုးကတွေ့တာ” လို့ပြောပါတယ်။ အမြင့် ၉…

  • နားကပ်တစ်ရံအတွက် ၆ နှစ်သမီးလေးအား T-တ်ခဲ့သူ

    နားကပ်တစ်ရံအတွက် ၆ နှစ်သမီးလေးအား T-တ်ခဲ့သူ

    အောင်ပန်း၊ နောင်ရဲရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ်ကို သတ်သူအား ဖမ်းမိ ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာနေ အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးကို ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်က သတ်ခဲ့သူ အမျိုးသမီးကို ယနေ့ နေ့လယ်ပိုင်းတွင် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ သေဆုံးသူ ကလေးငယ်သည် ဆော့ကစားနေရာမှ ပျောက်ဆုံးနေခြင်း ဖြစ်ကာ မိသားစုဝင်များက လိုက်လံ ရှာဖွေစဉ် ကျေးရွာ၏ အနောက်ဘက် ရှိ ဆုတောင်းပြည့် ၅ ဆူတောင်ဘုရားအနီး ရေစုကန်အတွင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ကလေးငယ်၏ ရုပ်အလောင်း၌ နားကပ် မရှိတော့ခြင်းအား ကွင်းဆက်လိုက်ကာ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ရာမှ လူသတ်မှု…

  • ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ ကမာရွတ် အထက (၅) ကျောင်းရှေ့ ရန်ကုန်သားတွေ တကွက်ပြ

    ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ ကမာရွတ် အထက (၅) ကျောင်းရှေ့ ရန်ကုန်သားတွေ တကွက်ပြ

    ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ ကမာရွတ် အထက (၅) ကျောင်းရှေ့မှာ ရှစ်လေးလုံးလှုပ်ရှားမှု ပြုလုပ် စစ်အာဏာသိမ်းမှုကို ဆန္ဒပြရင်း ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အထက (၅) ကျောင်းရှေ့မှာ “ရေဘဝဲ” (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ တော်လှန်လူငယ်တွေက ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ် လှုပ်ရှားမှု ဒီကနေ့ (သြဂုတ် ၈) ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်က လုံခြုံရေးတင်းကြ​ပ်နေတဲ့ကြား​မှ တော်လှန်လူငယ်တွေက “8888” ဘန်နာစာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ကြသော အရေးတော်ပုံကျောင်းသားတွေရဲ့ အတွေ့အကြုံကောင်းတွေနဲ့ ခေတ်ဝန်ကိုထမ်းပြီး ခေတ်လမ်းကို လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးရဲဘော်တွေရဲ့ အတွေးအမြင်သစ်တွေကို ပေါင်းစပ်ကာ တော်လှန်ရေးတိုက်ပွဲ နည်းနာမျိုးစုံနဲ့ လှုပ်ရှားနေတဲ့ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်တွေနဲ့အတူ မပြီးဆုံးသေးတဲ့တာဝန်တွေကို ကျရာကဏ္ဍမှ…

  • ရခိုင်အမျိုးသမီးငယ် မကျော့ကျော့ဝေကိုTတ်ဖြ-တ်ခဲ့သူအား ထိုင်းတရားရုံးက အမိန့်ချပြီ

    ရခိုင်အမျိုးသမီးငယ် မကျော့ကျော့ဝေကိုTတ်ဖြ-တ်ခဲ့သူအား ထိုင်းတရားရုံးက အမိန့်ချပြီ

    ရခိုင်အမျိုးသမီးငယ် မကျော့ကျော့ဝေကိုသတ်ဖြတ်ခဲ့သူအား ထိုင်းတရားရုံးက ထောင် ရှစ်နှစ်ချမှတ် ထိုင်းနိုင်ငံမှာ ရခိုင်ရွှေ့ပြောင်းလုပ်သားအမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သူကို ဘန်ကောက်မြို့မှာရှိတဲ့ တရားရုံးက ထောင်ဒဏ်ရှစ်နှစ်ချမှတ်လိုက်ပြီလို့ သိရပါတယ်။ ထောင်ချခံလိုက်ရသူဟာ မကျော့ကျော့ဝေ(၂၈)နှစ်ကိုသတ်ဖြတ်ခဲ့တဲ့ သူ့ခင်ပွန်းဟောင်း ဦးကျော်မင်းနိုင်(၃၇)နှစ်ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်မှာ ဘန်ကောက်မြို့မှာရှိတဲ့ ဘန်ဘော်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့တာပါ။ အခုလို ဦးကျော်မင်းနိုင်ကို ထောင်ဒဏ်ရှစ်နှစ်ပဲချမှတ်ခဲ့မှုဟာ လုံလောက်တဲ့ပြစ်ဒဏ်မဟုတ်ဘူးလို့ မကျော့ကျော့ဝေဘက်ကနေ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ကိုစိုးမြင့်က ပြောပါတယ်။ “လူတစ်ယောက် အသက်တစ်ချောင်းကိုပေးထားပြီးမှ သူက ထောင်ဒဏ်က ရှစ်နှစ်ပဲကျတယ်ဆိုတော့ ကျနော်တို့ကတော့ သိပ်လက်မခံနိုင်ဘူး။ ဒါပေမဲ့ ရှေ့နေကတော့ ပြောတယ်။ ဒီအမှုကို ပြန်လုပ်လို့ရတယ်ပေါ့နော်။ ပိုက်ဆံကတော့ နည်းနည်းသွင်းရမယ်ပေါ့။ သူက (ဦးကျော်မင်းနိုင်) ရှေ့နေငှားပြီးတော့ အမှုကို ပေါ့လျော့အောင်လုပ်နေတယ်သူက။ ပိုက်ဆံနဲ့ လုပ်တယ်ပေါ့လေ”လို့ ပြောပါတယ်။…