Author: Baby Yit Lone
-

Criminal
Criminal (2016) မင်းသားကြီး Kevin Costner ရဲ့ ဇာတ်ကြမ်းကားပါ။ IMDb (6.3/10) ရရှိထားပါတယ်။ ဓါတ်ပူးမင်းသား Ryan Reynolds ဟာ CIA အေးဂျင့်တစ်ယောက်ပါ။ ကမ္ဘာနဲ့ချီ ဒုက္ခရောက်မယ့် ကိစ္စတစ်ခုမှာ ဝင်ရောက်ကယ်တင်ရင်း မအောင်မြင်ဘဲ ဂန့်သွားပါတယ်။ အဲ့ဒီမပြီးပြတ်သေးတဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သူ့ရဲ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို လူကြမ်းကြီး Kevin Costner ထဲကို ကော်ပီကူး ရွှေ့ပြောင်းပါတယ်။ အဲ့ဒီထူးဆန်းတဲ့ကိစ္စကြီးအောင်မြင်သွားမလား? ကမ္ဘာနဲ့ချီဒုက္ခရောက်မယ့်ကိစ္စကြီးရော အောင်မြင်သွားမလား? လူကြမ်းကြီးရဲ့နှလုံးသားရော နူးညံ့သွားမလားဆိုတာ ရင်တမမကြည့်ရှုရမှာပါ။ Spoil လုပ်ရရင် လူကြမ်းကြီးရဲ့ နှလုံးသားကတော့မင်းသမီး Gal Gadot (Wonder Woman ) ကြောင့် သေချာပေါက် အရည်ပျော်သွားဖို့ရှိနေပါတယ်…:P ။
-

The Outsider
The Outsider (2018) ဒုတိယကမ္ဘာစစ်အပြီး နစ်ခ်ဆိုတဲ့အမေရိကန်စစ်သားဟောင်းတစ်ဦးဟာ ဂျပန်အကျဉ်းထောင်တစ်ခုမှာထောင်ကျနေတာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ အကျဉ်းထောင်ထဲမှာသူဟာ ယာကူဇာအဖွဲ့ကအဖွဲ့ဝင်တစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ထောင်ကထွက်တဲ့အခါ ဒီအမေရိကန်ဟာ ယာကူဇာအဖွဲ့ထဲဝင်လိုက်တဲ့နောက် ယာကူဇာတစ်ယောက်အဖြစ်နေထိုင်ကျက်စားပုံကိုရိုက်ပြထားတဲ့အတွက် ကမ္ဘာစစ်ပြီးကာစ ဂျပန်နိုင်ငံက ယာကူဇာတွေရဲ့ပတ်ဝန်းကျင်ကိုကြည့်ရှူရမယ့် ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ Sucide Squad ထဲ ဂျော်ကာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Thirty Seconds to Mars တီးဝိုင်းကအဆိုတော်မင်းသား Jared Leto က သွေးအေးအေး မျက်နှာပေးနဲ့အမေရိကန်စစ်သားဟောင်း ယာကူဇာတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)
-

Liar Liar
Liar Liar (1997) ဒီရုပ်ရှင်ကတော့ The Mask, The Truman Show, Yes Man အစရှိတဲ့ ရုပ်ရှင်တွေနဲ့ ပရိသတ်အချစ်ကို အခိုင်အမာရရှိထားတဲ့ ဟာသသရုပ်ဆောင်မင်းသား Jim Carrey ရဲ့ Comedy ရုပ်ရှင်ကားပေါင်းများစွာထဲက တစ်ကားပဲဖြစ်ပါတယ်။ ရှေ့နေဆိုတဲ့အလုပ်အကိုင်ဟာ စကားအလိမ္မာနဲ့ လိမ်ညာစကား နှစ်ခုကြားက မျဉ်းပါးပါးလေးပေါ်မှာ ရပ်တည်နေရတဲ့အလုပ်အကိုင်ဆိုပေမဲ့ ကိုယ့်အမှုသည် မှန်မမှန်ဆိုတာထက် သူကိုင်တွယ်တဲ့အမှုနိုင်ဖို့ကိုပဲ ဦးစားပေးတတ်တဲ့ ရှေ့နေ ဖလက်ချာ ရိဒ်… လိမ်ညာစကားကို သူ့ရဲ့နေ့စဉ်ဘဝမှာ ထမင်းစားရေသောက်လို ပြောဆိုနေတတ်တဲ့သူ… အဲဒါတွေကြောင့်ပဲ မိန်းမဖြစ်သူနဲ့ ကွာရှင်းထားရပြီး သားဖြစ်သူ မက်စ်လေးကိုပါ ကတိတွေ အထပ်ထပ်ပေးပြီး မတည်နိုင်တဲ့ ဖခင်တစ်ယောက်ဖြစ်လို့နေပါတယ်… အဖေဖြစ်သူရဲ့ မတည်နိုင်တဲ့ကတိတွေကိုပဲ နားထောင်နေရတဲ့ မက်စ်တစ်ယောက် သူ့ရဲ့ငါးနှစ်ပြည့်မွေးနေ့ကိုပါ ရောက်အောင်မလာနိုင်တဲ့ အဖေဖြစ်သူကြောင့်…
-

The Cursed: Insatiable Desires
The Cursed: Insatiable Desires (2025) မင်းသမီး Moon Chae-Won ရဲ့ ရုံတင် သရဲကားသစ်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ Yoo Jae-Myung, Seo Young-Hee တို့လို ဝါရင့်သရုပ်ဆောင်များအပြင် Mamamoo Solar, B1A4 အဖွဲ့ဝင်ဟောင်း Baro, STAYC Sumin, LOVELYZ Seo Ji-Soo, WJSN Eunseo အစရှိတဲ့ အိုင်ဒေါသရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ – ဇာတ်လမ်းအကျဉ်း – ညစဉ်ညတိုင်း ဘယ်သူမှမသိအောင် တိတ်တဆိတ် ဖွင့်လှစ်လေ့ရှိတဲ့ သရဲတွေကို အရောင်းအဝယ်လုပ်ရာ သရဲဈေး… လက်ချောင်းလေးတွေနဲ့ မြေခွေးပုံစံ ပြတင်းပေါက်ကို ဖန်တီးလိုက်ရင်တော့ သရဲဈေးတံခါးက ပွင့်လာမှာဖြစ်ပြီး အဲဒီဈေးမှာ အရောင်းအဝယ်လုပ်ခဲ့မိရင်တော့ အဖိုးအခကိုလည်း မလွဲမသွေ ပြန်ပေးဆပ်ရမှာဖြစ်ပါတယ်။…
-

Raat Akeli Hai: The Bansal Murders
Raat Akeli Hai: The Bansal Murders (2025) “အထီးကျန်ည” ၂၀၂၀က ထွက်ရှိခဲ့တဲ့ Raat Akeli Hai (2020)ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး Netflix ကနေ လောလောလတ်လတ် ထုတ်လွှင့်ခဲ့တဲ့ မင်းသားကြီးနဝါ့ဇ်ရဲ့ သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဩဇာကြီးမားလှတဲ့ မီဒီယာလုပ်ငန်းရှင်၊ စက်မှုလုပ်ငန်းရှင်တွေဖြစ်တဲ့ ဘန်ဆယ်မိသားစုက သူတို့စံအိမ်မှာပဲ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်သ-တ်ဖြတ်ခံလိုက်ရပါတယ်။ တရားခံကို အလွယ်တကူဖော်ထုတ်နိုင်ခဲ့ပေမယ့် အရာရာထောင့်စေ့အောင် ရှာဖွေဖော်ထုတ်တတ်တဲ့ အင်စပက်တာယာဒေ့ဗ်က တရားခံအစစ်လို့ မယုံကြည်တာကြောင့် တစတစတူးဖော်ကြည့်မိတဲ့အခါ။ မိသားစုထဲက ရှင်ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တချို့က တရားခံဖြစ်နေမလားဆိုတဲ့ သံသယဖြစ်စရာ သဲလွန်စတွေ ပေါ်လာတဲ့အခါမှာတော့…။