Author: Baby Yit Lone
-

မြိတ် – ထားဝယ် လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး ပုလောမြို့နယ်၊ တောင်ယာကမ်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း KNLA တပ်မဟာ (၄)၊ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ တောင်ယာကမ်းရွာရှိ စခန်းအပြင် အောက်ပေါင်းရွာစခန်း၊ လေသာတောင်ရှိ စစ်ကောင်စီ၏ ရုန်းတပ်ဖွဲ့စခန်းနှင့် ပုလောမြို့နယ်အတွင်းရှိ ရဲကင်းစခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦးအပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ ရုန်းတပ်ဖွဲ့နှင့်…
-

ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်ရာမှ မထင်မှတ်ဘဲ အသက်ဆုံးရှုံးခဲ့ရသူ
ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်ရာမှ ကွမ်းနင်ပြီး အသက်ရှူပိတ်သွားကာ သေဆုံးခဲ့သည့် စိတ်မကောင်းစရာဖြစ်ရပ်တစ်ခု ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့ပါတယ်။ အသက် (၃၉) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မတ်လ (၁၂) ရက်ညပိုင်းက နာမည်ကြီး အဆိုတော်များ လာရောက်ဖျော်ဖြေသည့် မော်လံပွဲတစ်ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ပွဲစင်အောက်တွင် ထိုင်ကာ ပွဲကိုကြည့်ရှုနေရင်း အလွန်ပျော်ရွှင်နေပြီး အားရပါးရ ရယ်မောနေခဲ့ကြောင်း မျက်မြင်တွေက ပြောကြပါတယ်။ ထိုအချိန်မှာ သူဟာ ကွမ်းယာကိုလည်း ဝါးနေခဲ့တယ်လို့ ဆိုပါတယ်။ ရယ်မောနေစဉ်အတွင်း ပါးစပ်ထဲရှိ ကွမ်းယာကြောင့် ပါးစပ်အတွင်း နီရဲနေခဲ့ပြီး မကြာခင်မှာပဲ အသက်ရှူမဝသလို ဖြစ်လာခဲ့ပါတယ်။ ထို့နောက် ခဏအကြာတွင် လဲကျသွားခဲ့ပြီး အနီးအနားရှိ လူများက အရေးပေါ် CPR ကူညီဆောင်ရွက်ပေးကာ ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြပါတယ်။ သို့သော် ဆေးရုံသို့ ရောက်ရှိမီ လမ်းပေါ်မှာပင်…
-

နှစ်ရှည်လများ ခါးနာဝေဒနာ ခံစားနေရသူများအတွက် လက်တွေ့ပျောက်ကင်းတဲ့ ဆေးနည်းလေး
“နှစ်ရှည်လများ ခါးနာဝေဒနာ ခံစားနေရသူများအတွက် လက်တွေ့ပျောက်ကင်းတဲ့ ဆေးနည်းလေး ပြန်လည်မျှဝေခြင်း” ခါးနာတာ (၂) နှစ်ကျော်ပြီဖြစ်တဲ့ ကျွန်မ၊ လိမ်းဆေးပေါင်းစုံသုံး၊ သက်ရင်းကြီးရွက်၊ ဗာဒံရွက်တွေပေါ် အိပ်ကြည့်ပေမဲ့ မထူးခြားခဲ့ပါဘူး။ နောက်ဆုံးတော့ ဝဋ်ကြွေးပဲဆိုပြီး လက်လျှော့ထားခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ သိလိုက်ရတဲ့ “ခွေးတောက်ရွက်နဲ့ သနပ်ခါး” ဆေးနည်းလေးကြောင့် အံ့ဩစရာကောင်းအောင် ပျောက်ကင်းသွားခဲ့ပါတယ်။ 🛠 ပြုလုပ်နည်း (အရမ်းရိုးရှင်းပါတယ်) ၁။ ခွေးတောက်ရွက်အစိမ်းကို ရေစင်အောင်ဆေးပါ။ ၂။ ကျောက်ပျဉ်ပေါ်မှာ သနပ်ခါး (ကရမက်ဆိုရင် ပိုကောင်းပါတယ်) နဲ့ ခွေးတောက်ရွက်ကို ရောပြီး ပျစ်ပျစ်လေးရအောင် သွေးပါ။ ၃။ ရလာတဲ့ ဆေးရည်ကို နာကျင်နေတဲ့နေရာမှာ နှံ့အောင် လိမ်းပေးပါ။ ၄။ ဆေးခြောက်သွားပြီဆိုမှ အိပ်ရာဝင်ပါ။ ✨…
-

ကွတ်ခိုင်က TNLA တပ်စခန်းတွေကို MNDAA ထိုးစစ်ဆင်
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်ထဲက TNLA တပ်စခန်းတွေကို MNDAA တပ်ဖွဲ့က ဒီမနက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ကွတ်ခိုင်မြို့အထွက်က ရှုခင်းသာ ၊ပန်ဖတ်ရွာ နဲ့ ကောင်းခါးရွာ လမ်းခွဲနေရာတွေမှာ တိုက်ပွဲတွေဖြစ်နေတာလို့ မြို့ခံတွေကပြောပါတယ်။ “မနက်ကတည်းက အခုထိ အသေးအကြီးအသံတွေစုံနေတာပဲ။ အကုန်လုံး တံခါးပိတ်ပြီး နေနေရတယ်။ ကျောင်းတွေ စျေးတွေ အကုန်ပိတ်ထားပြီ” လို့ ကွတ်ခိုင်မြို့ခံတယောက်ကပြောပါတယ်။ တိုက်ပွဲကြောင့် TLEC ပညာရေး လက်အောက်ကနေ ကျင်းပနေတဲ့ စာပေးပွဲတွေလည်း ရပ်လိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ MNDAA ဘက်က TNLA တပ်ဖွဲ့ စခန်းတွေ ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး မြို့ပေါ်ရပ်ကွက်က TNLA တပ်ဖွဲ့စခန်းတွေကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ “MNDAA ဘက်က ဒရုန်းနဲ့စတင်တိုက်ခိုက်တာတွေလုပ်နေပြီ။…
-

ကညနရဲ့ အသုံးမကျမှု
ကညနရဲ့ အသုံးမကျမှုကြောင့် တကမ္ဘာလုံးမှာ တခုပဲ ရှိရမယ့် QR ကုတ်တွေ မြန်မာပြည်မှာ အများအပြားထပ်ကုန်ကြပါပြီ။ မိမိကားရဲ့ ဝှီးတက်က QR ကုတ်ကို ဖတ်ကြည့်လို့ သူများကားနံပါတ်ပေါ်နေရင် လုပ်ဆောင်ရမယ့် နည်းလမ်းအဆင့်များကို ဖော်ပြလိုက်ပါတယ်- အဆင့် (၁) – QR ကုတ် မှားနေပြီဟု သိပါက နီးစပ်ရာ မိတ္တူဆိုင်မှာ မိမိရဲ့ ပလပ်စတစ်လောင်းထားသော ဝှီးတက်ပြားများကို ဂရုတစိုက် ပြန်ခွာပါ။ QR ကုတ် မပျက်စီးစေရန် အထူးဂရုစိုက် ခွာဖို့ လိုအပ်ပါတယ်။ မိတ္တူဆိုင်တွေက ခွာခ ကျပ် ငါးထောင်ကနေ တသောင်းအထိ တောင်းနေပါပြီ။ အဆင့် (၂) – ခွာထားသော ကတ်ပြားများကို ကညနရဲ့ ကွန်ပျူတာဌာနမှာ သွားရောက် တိုးဝှေ့ပြီး အသစ် ပြန်လျှောက်ဖို့…