Author: Baby Yit Lone
-

မိုးကုတ်ကို စစ်တပ်ဗုံးထပ်ကြဲလို့ သေဆုံးသူ ၁၀ ဦးကျော်ထိတိုးလာ
မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုစစ်တပ်ကဒီမနက် လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာကြောင့်ကလေးငယ်အချို့ အပါအဝင် သေဆုံးသူ ၁၃ဦးထိရှိလာပြီလို့ ဒေသခံအချို့ကပြောပါတယ်။ သြဂုတ် ၂ ရက်မနက်၈ နာရီ၂၂မိနစ်ခန့်ကမိုးကုတ်မြို့အနောက်ပိုင်း ၊ဂေါင်းဦးဘာရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ဂေါင်းဦးဘာရပ်ကွက်ဟာ အရမ်းမကြီးသလို လူစည်ကားတဲ့ရပ်ကွက်လည်းမဟုတ်ဘူးလို့ဒေသခံအချို့ကပြောပါတယ်။ “သေတာက ၁၃ဦးပါ။ထိခိုက်တာကမသိရသေးပါဘူး။ ခလေးကောလူကြီးကောအကုန်လုံး၁၃”လို့ဒေသခံတဦးကပြောပါတယ် ။ အခြားဒေသခံတဦးကလည်း “ကားကို ထိသွားတာပါ။ ၇ဦး သေဆုံးတယ်လို့ ကြားတယ်။ သွားကြည့်လို့က မရဘူး။ မိုးကလည်းသည်း၊ လေယာဉ်ကလည်း ထပ်ဝဲနေလို့”လို့ပြောပါတယ်။ ကားပေါ်ကပြည်သူတွေအပြင် ဗုံးကြဲခံရတဲ့အနားကနေအိမ်ကပြည်သူတွေအများစုသေဆုံးထိခိုက်ခဲ့တာလို ဒေသခံအချို့ကပြောပါတယ် ။ဒဏ်ရာရသူအရေအတွက်ကိုတော့ မသိရသေးပါဘူး။ စစ်တပ်က မိုးကုတ်မြို့ကို ဗုံးမကြာခဏကြဲတာကြောင့် ဒေသခံတွေ ဗုံးခိုကျင်းတူးထားပေမယ့် လေယာဥ်လာသံမကြားရပဲ ဗုံးကြဲမှသာသိကြတာလို့ဒေသခံတွေကပြောပါတယ်။ ဒါအပြင် ဒီကနေ့ မနက် ဗုံးကြဲခံရချိန်မှာ မိုးရွာနေတယ်လို့လည်းသိရပါတယ် ။ “ဗုံးခိုကျင်းတွေအများကြီးလုပ်ထားကြတာ။အခုက လေယာဥ်သံကမကြားရဘူး။လာကျဲတိုင်းအုံးဆိုမှသိရတာ”လို့ဒေသခံတဦးကပြောပါတယ် ။ ဒေသခံအမျိုးသမီးတဦးကလည်း”ညကတစ်ညလုံးလေကြောင်းကနေဝဲနေလို့ သတိထားနေကြတဲ့ ကြားကနေ…
-

-

-

-

စစ်ကြောင်းမြင်၍ ထွက်ပြေးသည့် ကိုယ်ဝန်ဆောင်အပါ အမျိုးသမီး ၃ ဦး ပစ်သတ်ခံရ
မြင်းခြံတွင် စစ်ကော်မရှင် စစ်ကြောင်းမြင်၍ ထွက်ပြေးသည့် ကိုယ်ဝန်ဆောင်အပါ အမျိုးသမီး ၃ ဦး ပစ်သတ်ခံရ