Author: Baby Yit Lone

  • Heer Express

    Heer Express

    Heer Express (2025) အချိုးအကွေ့ ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့မိသားစုနဲ့ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါ။ ဟီးရ်ဆိုတဲ့ကောင်မလေးတစ်ယောက် မိခင်ဖြစ်သူကဆုံးပါးသွားပြီးတဲ့နောက် ဦးလေးလူပျိုကြီးနှစ်ယောက်ရဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာပြီး ရွာမှာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ တစ်နေ့အကြောင်းဖန်လာတော့ နိုင်ငံခြားသားတစ်ယောက်က သူမရဲ့စားသောက်ဆိုင်မှာလာစားပြီးသူမရဲ့လက်ရာကိုအလွန်နှစ်သက်သွားပါတယ်။ နိုင်ငံခြားသားကလည်း သူကလန်ဒန်မှာအိန္ဒိယစားသောက်ဆိုင်ဖွင့်ထားကြောင်း လန်ဒန်ကသူ့ရဲ့စားသောက်ဆိုင်မှာ ဟီးရ်ရဲ့အိန္ဒိယလက်ရာစစ်စစ်ကို ချက်ပြုတ်ပေးစေချင်ကြောင်းကမ်းလှမ်းလာတဲ့အခါမှာတော့ ဟီးရ်တစ်ယောက် ဦးလေးလူပျိုကြီးနှစ‌်ယောက်ကိုထားခဲ့ပြီး လန်ဒန်ကိုထွက်ဖို့အကြောင်းဖြစ်လာပါတော့တယ်။ လန်ဒန်ကိုရောက်တော့ ဘယ်လိုမျိုးအလွဲတွေနဲ့ကြုံရမလဲ… သူမကိုချစ်တဲ့သူနဲ့တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ… လန်ဒန်မှာရှိနေတဲ့ သေပြီလို့ထင်ထားတဲ့သူမအဖေနဲ့ ဘယ်လိုတွေပြန်ဆုံတွေ့ကြမလဲ… ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို မိသားစုဆန်ဆန်ရိုက်ကူးထားတဲ့ အချစ်ဟာသ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

  • Under the Stars

    Under the Stars

    Under the Stars (2025) ဒီဇာတ်ကားလေးကတော့ အီတလီကျေးလက်ဒေသအငွေ့အသက်အပြည့်နဲ့ နှစ်စမှာ ချစ်ကြည်နူးဖွယ်ရာ ကြည့်ရှုရမဲ့ Romance Comedy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အီယန်ဆိုတဲ့ ဗြိတိန်စာရေးဆရာဟာ ပထမစာအုပ်ထုတ်ဝေပြီးတဲ့နောက် စာဖတ်ပရိသတ် တော်တော်များများက သူ့ကို မှတ်မှတ်ထင်ထင်ရှိလာတဲ့အလျောက် ဒုတိယစာအုပ်ကို ထပ်ထုတ်ဖို့ စာရေးနေဆဲဖြစ်ပါတယ်။ သူအခုရေးနေတဲ့စာအုပ်က အချစ်ဝတ္ထုဆိုပေမဲ့ သူ့ရဲ့အချစ်ရေးကတော့ အေးစက်လို့နေခဲ့ပါတယ်။ သူ့ချစ်သူ ကိတ်နဲ့ သူဟာ အတူရှိနေပေမဲ့ အလုပ်ကိုယ်စီနဲ့ အနေဝေး အေးစက်နေပြီး အီယန်ခမျာလည်း အချစ်ဝတ္ထုကို ဈာန်ထည့်ပြီး ဆက်မရေးနိုင်ပဲ တန်းလန်းဖြစ်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အီယန်က သူအချိန်ပိုင်းလုပ်တဲ့ကုမ္မဏီနဲ့ တော်တော်လှမ်းတဲ့ ဆန်းဒဝှစ်ချ်ဆိုင်ကို အကြောင်းတစ်ခုကြောင့် ရောက်သွားရာက သူ့ကောင်မလေး ကိတ်က တခြားကောင်လေးနဲ့ ဖောက်ပြန်နေတာကို ပက်ပင်းတိုး တွေ့လိုက်ရပါတော့တယ်။ အဲဒီအချိန်မှာ သူဟာ…

  • Loving Bali

    Loving Bali

    Loving Bali (2024) ဒီဇာတ်ကားလေးကတော့ အင်ဒိုနီးယား-ဒတ်ချ် ကပြား ဆယ်လီကောင်မလေးတစ်ယောက်ရဲ့ ဘာလီခရီးစဉ်ကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျန်နီဆိုတဲ့ကောင်မလေးက ဖော်လိုဝါထောင်ဂဏန်းရှိတဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ပြီးတော့ သူ့မှာလည်း အလုပ်သဘောအရတွဲနေတဲ့ မက်စ်ဆိုတဲ့ ဆယ်လီကောင်လေး ရှိပါတယ်။ ဒါပေမဲ့ ဂျန်နီဟာ သူမရဲ့အဖွားဖြစ်သူ ဆုံးသွားတာ မကြာသေးတော့ ဝမ်းနည်းပူဆွေးနေတဲ့အတွက် လိုင်းပေါ်မှာ ပို့စ်ကောင်းကောင်းမတင်နိုင်ပါဘူး။ ဒီလိုနဲ့ သူမက အားပေးတဲ့နှုန်း ကျလာတော့ သူမကို စပွန်ဆာပေးထားတဲ့သူတွေက သူမကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် သူ့ကောင်လေးကပါ သူ့ကို ထားခဲ့ပါတော့တယ်။ ဒီတော့ သူမဟာ ဝမ်းနည်းပူဆွေးနေတဲ့ သူ့အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့ကို စိတ်အပြောင်းအလဲဖြစ်အောင်၊ သူကလည်း သူ့နည်းသူ့ဟန်နဲ့ ဖော်လိုဝါတိုးလာအောင် ရည်ရွယ်ပြီး အဖွားဖြစ်သူရဲ့ အရိုးပြာကို အဖွားရဲ့ဇာတိဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သွားကြဲဖို့ ထွက်လာပါတော့တယ်။…

  • Last Life in the Universe

    Last Life in the Universe

    Last Life in the Universe (2003) ဘဝမှာ အထီးကျန်တယ်ဆိုတဲ့စကားလုံးကို အပြည့်အဝခံစားနေရတဲ့ ခိန်ကျိဆိုတဲ့ ဂျပန်လူမျိုး ကောင်လေးတစ်ယောက် သ-တ်သေဖို့လည်း မကြာခဏကြိုးစားတတ်ပြီး သီးသီးသန့်သန့်နေတတ်သူမျိုးဖြစ်ပါတယ် တနေ့မှာတော့ ခိန်ကျိက နွိင်းဆိုတဲ့မိန်းမလှလေးနဲ့ သိကျွမ်းခဲ့ပြီး ဘဝက တဖြန်ပန်းရောင်သမ်းလာတဲ့အချိန်မှာတော့… အထီးကျန်လို့ ဘဝကြီးကို လက်လျှော့ဖို့ ခဏခဏကြိုးစားတဲ့ လူတစ်ယောက်ကို မျှော်လင့်ချက်ပြန်သမ်းလာအောင် လုပ်ပစ်နိုင်စွမ်းရှိမဲ့ အချစ်ဖြစ်လာမလားဆိုတာကတော့……..

  • One Nite in Mongkok

    One Nite in Mongkok

    One Nite in Mongkok (2004) ဒီဇာတ်ကားလေးကတော့ ၂၀၀၄ မှာ ထွက်ရှိခဲ့ပြီး Daniel Wu အပါအဝင် နာမည်ကျော်တရုတ်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့အပြင် ဟောင်ကောင်ညရဲ့ နီယွန်မီးတွေအောက်မှာ ရိုက်ကူးထားတဲ့ ဆွတ်ပျံ့လွမ်းဆွေးဖွယ်ရာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လိုင်ဖူ (Daniel Wu) ဆိုတဲ့ကောင်လေးဟာ ကြေးစားလူသတ်သမားဟာ ဂိုဏ်းတစ်ခုက ပြိုင်ဘက်ဂိုဏ်းခေါင်းဆောင်ရဲ့သားကို သတ်ခိုင်းဖို့ သူ့ကိုငှားခဲ့တဲ့အတွက် ဟောင်ကောင်ကို ရောက်ချလာပါတော့တယ်။ တဖက်မှာလည်း လူသတ်သမား ဟောင်ကောင်ကိုရောက်လာတယ်လို့ သတင်းပေးဆီက သိထားရတဲ့ အရာရှိ မိုင်လို ဦးဆောင်တဲ့ရဲတပ်ဖွဲ့ကလည်း ဂိုဏ်းချင်းတိုက်ပွဲကြောင့် အသက်အများကြီး ထပ်ဆုံးရှုံးရပြီး သွေးချောင်းစီးမဲ့အဖြစ်မျိုး မဖြစ်ရလေအောင် တားဆီးဖို့ လိုင်ဖူကို အသည်းအသန် ကြိုးစားရှာနေကြပါတယ်။ လိုင်ဖူကလည်း ဟောင်ကောင်ကိုရောက်ပြီး ကံကြမ္မာက အကြောင်းဖန်လာလေတော့ အကြမ်းဖက်ခံနေရတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်နဲ့…