Author: Baby Yit Lone
-

ကသာ လေယာဥ်ဗုံးကြဲမှာ ဆုံးပါးခဲ့ရတဲ့ သူငယ်ချင်း ၃ ယောက်ရဲ့အဖြစ်
တကယ်စိတ်မကောင်းဘူး သူငယ်ချင်းတို့ရေ နောင်ဘဝတွေရှိရင် ဒီလိုအဖြစ်ဆိုးနဲ့မကြုံတွေ့ပါစေနဲ့ 😔 သတင်းကြားကြားချင်းရင်ထဲစို့နစ်နေအောင်ခံစားရပါတယ်😔 အမှတ်တရတွေ ခေါင်းထဲပေါ်လာပီး ငိုချမိတယ် လိမ်မာပီးဘုရားတရားသိတတ်တဲ့သူတွေမို့ ကောင်းရာ မွန်ရာဘဲရောက်မာပါ ဆုတောင်းပေးနေပါတယ်🙏 Khin Thiri May ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာနှင့် စစ်ဘေးရှောင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းရပ်ကွက်တို့ကို ယနေ့ မတ်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော်များအပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ယနေ့နံနက်ပိုင်းတွင် ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ နှင့် တော်လှန်ရေးအင်အားစု (PDF) များ…
-

မြောက်ဒဂုံ Terminal ဆီဆိုင်မီးလောင်
ဆီတန်းစီနေတဲ့ကားအချို့ပါမီးထဲပါသွားပြီး ဒဏ်ရာရသူအချို့ရှိ ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီး ဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆီဆိုင်ပေါက်ကွဲတာ ဘယ်လောက်ပြင်းလဲ ဆိုရင် လမ်းဆုံ မီးပွိုင့်ကပါ ထိပြီး ပျက်စီးသွားတယ်”လို့ ဖြစ်စဥ်ကို တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ မီးလောင်ရတဲ့ ဖြစ်စဥ် အသေးစိတ်ကို မသိရသေးပေမယ့် ဖြစ်စဥ်အနီးနားရှိနေသူတွေကတော့ ဆီဆိုင်အနီးရပ်ထားတဲ့ကားကနေ မီးလောင်မှုစခဲ့တာလို့ ဆိုပါတယ်။ “ရပ်ထားတဲ့ ကားကနေစလောင်တာတဲ့။ဆိုင်က ကားလား ဆီတန်းစီတဲ့ကားလားမသိဘူး။ဆီဆိုင်ဘေးနားက g & g စတိုးဆိုင်လဲအကုန် ကုန်တယ်။လူနာ တင်ကားတွေ နှစ်စီး၊သုံးစီးပဲ”လို့ မီးလောင်မှုဖြစ်စဥ်အနီးရောက်နေသူက ပြောပါတယ်။ ဆီဆိုင်တစ်ခုလုံးမီးလောင်မှုထဲ ပါသွားပြီး ဆီတန်စီထားတဲ့ အိမ်စီးကားနှစ်စီး နဲ့ တက္ကစီ တစ်စီးလည်း…
-

အီရန်ဒရုန်းတွေက မြန်မာ ကုမ္ပဏီ တစ်ခုနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိနေ
အီရန်ရဲ့ စစ်သုံးဒရုန်းတွေ တည်ဆောက်မှုဟာ မြန်မာနိုင်ငံက ကုမ္ပဏီ တစ်ခုနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း Conflict Armament Research (CAR)ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တစ်ခုက ညွှန်ပြနေပါတယ်။ အီရတ်-ဆီးရီးယား နယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုအပြီး သိမ်းဆည်းရမိတဲ့ ဒရုန်းအပျက်အစီးတွေထဲက မော်တာတစ်လုံးဟာ မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုနဲ့ ပတ်သက်နေတယ်လို့ CARက ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ၊ ပို့ကုန် ကန့်သတ်မှုတွေ အပြင်းအထန် ခံထားရတဲ့ နိုင်ငံနှစ်ခုကြားမှာ အပြန်အလှန် ကုန်သွယ် ဖလှယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်ကို အတည်ပြုပေးခဲ့ကြောင်း CA Rက သုံးသပ်ခဲ့ပါတယ်။ အဲဒီ မော်တာကို ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ…
-

သေနတ်လည်းကိုင်မယ် လွတ်တော်လည်းတက်မယ် အစိုးရလည်းလုပ်မယ် ဥပဒေလည်းပြုမယ် သယံဇာတလည်းရောင်းမယ် စီးပွာရေးလည်းလုပ်မယ်
စစ်တပ်က သေနတ်လည်းကိုင်မယ် လွတ်တော်လည်းတက်မယ် အစိုးရလည်းလုပ်မယ် ဥပဒေလည်းပြုမယ် သယံဇာတလည်းရောင်းမယ် စီးပွာရေးလည်းလုပ်မယ်။ တကယ်တော့ မင်းအောင်လှိုင် စစ်တပ်ကိုယ်တိုင်က ပြည်သူအားလုံး မဖြစ်မနေ တော်လှန်ရေးထဲ ပါ၀င်လာအောင် စည်းရုံးနှိုးဆော်ပေးနေတာ အကြိမ်းကြိမ်အခါခါပါပဲ ၊ ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်နေတဲ့ ပြည်သူကို ခေတ်ပြောင်းအောင် ခေါင်းတည့်တည့် ပစ်ခဲ့ကြတယ် ၊ ဒီရက်စက်မှု ကြောင့်ပဲလူငယ်တွေ လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ချက်ခိုင်မာအောင် စစ်တပ်က တွန်းပို့ပေးလိုက်တာပဲ ၊ လူထုတော်လှန်ရေးကို တန်ပြန်တော်လှန်ဖို့ စစ်တပ်က ပျူစောထီ ပြည်သူစစ်ဖွဲ့တယ် အဲဒါက မဘသ ဘုန်းကြီးတွေနဲ့ စစ်တပ်ဘောမ ကြံဖွတ်တွေပဲလုပ်ကြတာ ကျေးရွာနေပြည်သူတွေအပေါ် အကြမ်းဖက်မှု အနိုင်ကျင့်မှု ရွာလုံးကျွတ် မီးရှို့ဖျက်စီတာတွေ လုပ်ကြတယ် တော်လှန်ရေးပြည်သူတွေက နာကျည်းချက်များ လာလေလေ တော်လှန်ရေးပိုပိုတိုး အားစိုက်တော်လှန်လာလေပဲ ၊ ကျေးရွာတွေမှာ အဲဒီလို…
-

ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု အဆောက်အဦများ မီးလောင်ပြာကျပြီး သံဃာတော်များ ထိခိုက်မှုရှိ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ မီးလောင်ပြာကျပြီး သံဃာတော်များ ထိခိုက်မှုရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း စာသင်ကျောင်းသည် ၅ ရက်ကျောင်းပိတ်ထားသည့် အတွက် ထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော်များ ထိခိုက်မှုရှိကြောင်း သိရသည်။ “ဆူးလေကုန်းရွာက စာသင်ကျောင်းနဲ့…