Author: Baby Yit Lone

  • ပြည်သူ ၅ ဦးကို စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ခဲ့

    ပြည်သူ ၅ ဦးကို စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ခဲ့

    ကျောက်ပန်းတောင်း၊ အင်ပင်ကြီးရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ခဲ့

    မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသခံပြည်သူများက ပြောဆိုသည်။

    မတ်လ ၁၈ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် သေနတ်များ၊ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဖမ်းဆီးခံရသော ပြည်သူ ၅ ဦးဖြစ်သည့် အင်ပင်ကြီးကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ဒေါ်စန်းခိုင်၊ ကိုမိုက်ခဲ၊ ကိုညီအောင် ၊ ကိုဇော်မျိုးအောင် နှင့် ကိုသူရလွင် တို့ကို အကြမ်းဖက် စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး လမ်းပိုင်းတနေရာတွင် နှိပ်စက် သတ်ဖြတ်ကာ ရွာပြင်တွင် ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ဒေသခံပြည်သူများက မတ်လ ၂၄ ရက်နေ့တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

    “၁၈ ရက်နေ့က ဘုရားကြီးကုန်းအုပ်စု၊ အင်ပင်ကြီးကျေးရွာကို အင်အား ၇၀ ကျော်ပါတဲ့ စစ်ခွေး စစ်ကြောင်းဝင်ရောက်ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ လမ်းတနေရာအရောက်မှာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပါ။ သတ်ခံရတဲ့ ပြည်သူ ၅ ဦးက အင်ပင်ကြီးရွာက မစန်းခိုင်၊ ကိုမိုက်ခဲ ၊ ကိုညီအောင် ၊ ကိုဇော်မျိုးအောင်နဲ့ ကိုသူရလွင် တို့ပါ။ စစ်ခွေးတွေက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ” ဟု ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

    ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းနေ့တွင် ကျောင်းစုကျေးရွာမှ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဖုန်းအလုံး ၆၀ ကျော်ကို ခိုးယူလုယက်ခဲ့ကြောင်း၊ ၎င်းတို့ ဖမ်းဆီးသွားသော ပြည်သူ ၂ ဦးကို ငွေကျပ် ၂ သိန်းဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရသည်။

    “ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတာ ဟုတ်ပါတယ်။ အဲစစ်ခွေးတွေက ရွာကို ဝင်စီးပြီး ထွက်ပြေးတဲ့ ပြည်သူတွေကို လိုက်ဖမ်းတာ အဲမှာ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၄ ဦး ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူ ၅ ဦးကို စစ်ခွေးတွေ PDF ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး နှိပ်စက် သတ်ဖြတ်ခဲ့တယ်။ ရုပ်အလောင်းတွေကိုတော ရွာပြင်မှာ စွန့်ပစ်ခဲ့ပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ကျောက်ပန်းတောင်းမြို့နယ်တွင် မတ်လ ၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကမ်းဖြူရွာကို ဝင်ရောက်စီးနင်းပြီး အဖွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စိုင်ဂေါင်းရွာမှ ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ခါးပက်ရွာအနီးတွင် အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    photo credit – KPG Update News

  • ဆီဆိုင် ၇ ဆိုင်က ဆိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးထား

    ဆီဆိုင် ၇ ဆိုင်က ဆိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးထား

    တောင်သူတွေအတွက် ဓာတ်ဆီကို ပုံးနဲ့ ရောင်းချခဲ့လို့ဆိုကာ ဆီဆိုင် ၇ ဆိုင်က ဆိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးထား

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုနဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို စစ်ကော်မရှင်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

    မတ်လ ၁၃ ရက်နေ့က စတင်ကာ စုံ/မ စနစ်နဲ့ စက်သုံးဆီ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး တောင်သူတွေအတွက် စက်သုံးဆီတွေကို ပုံး၊ ပေပါတွေနဲ့ ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ဆိုင်ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့ပါတယ်။

    “မင်းသန့် ဆီဆိုင်ရယ်၊ မိဘမေတ္တာ ဆီဆိုင်ရယ်၊ စွမ်းမြန်မာ ဆီဆိုင်ရယ်၊ တခြားဆိုင်တွေက ပိုင်ရှင်နဲ့ မန်နေဂျာတွေကို ဖမ်းတယ်။ တောင်သူတွေကို ဓာတ်ဆီ ရောင်းတာမှာ ပုံးတွေထဲ ထည့်ပြီး ရောင်းလို့ဆိုပြီး အဖမ်းခံရတာ” လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

    မင်းသန့် စက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းခိုင်၊ အထွေထွေမန်နေဂျာ ဦးမင်းရဲထွန်း၊ မင်းသန့်(၁) စက်သုံးဆီအရောင်းဆိုင် မန်နေဂျာဖြစ်သူ ဦးဇော်မင်းအောင်တို့ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီနောက် မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင် ဦးမြင့်ဇော်ဦး၊ ဆိုင်မန်နေဂျာ ဖြစ်သူ ကိုကိုလတ်၊ စွမ်းမြန်မာ စက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ ဦးစိန်တင်၊ ဂိုဒေါင်တာဝန်ခံ ကိုဇေယျာမင်းတို့ကိုလည်း စစ်ကော်မရှင်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရတဲ့ ဆီဆိုင် ၇ ဆိုင်နဲ့ ဆိုင်ပိုင်ရှင်၊ ဝန်ထမ်းတွေကို ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၉(က)နဲ့ အမှုဖွင့်ထားပြီး အဆိုပါပုဒ်မအရ အနည်းဆုံး ငွေဒဏ် ကျပ် ၅ သိန်းကနေ ကျပ်သိန်း ၅၀ ထိဖြစ်စေ၊ ၆ လ ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးပါ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

  • ထိုင်းရေနံတင်သင်္ဘော ၂ စီးကို အီရန်က ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ပြု

    ထိုင်းရေနံတင်သင်္ဘော ၂ စီးကို အီရန်က ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ပြု

    ထိုင်းနိုင်ငံက စက်သုံးဆီပြတ်လပ်မှုပြဿနာဖြေရှင်းရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆွေးနွေးရာမှာ အောင်မြင်မှုရရှိခဲ့တယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။

    ဒါကြောင့် မတ် ၂၄ ရက်ကစလို့ ထိုင်းရေနံတင် သင်္ဘောအပါအဝင် ကုန်တင်သင်္ဘောတွေကို အရှေ့အလယ်ပိုင်းဒေသ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပြုလိုက်သလို ပစ်ခတ်ခံရတဲ့ မယူရီနားရီးသင်္ဘောပေါ် ကျန်ရှိနေသေးတဲ့ ထိုင်းဝန်ထမ်း ၃ ယောက်ကိုလည်း ကယ်တင်ပေး နေတယ်လို့ ဆိုပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က “ထိုင်းကုန်သည်သင်္ဘောတွေ ဟော်မုဇ် ရေလက်ကြားကနေ သွားလာခွင့်ရသွားပါပြီ၊ Bangchak ရေနံတင်သင်္ဘောက ပထမဆုံး ဖြတ်သန်း ရတယ်၊ အခု ထိုင်းနိုင်ငံကို ဦးတည် ခုတ်မောင်းပြန်လာနေပါပြီ။

    နောက်ထပ် SCG Chemical သင်္ဘောလည်း ဖြတ်သန်းခွင့် ရထားတယ်။ ဘေးရန်ကင်းစွာ ဖြတ်သန်းလာရမယ်လို့ ခန့်မှန်းတယ်”လို့ မနေ့က အစိုးရရုံးရှေ့မှာ ပြောပါတယ်။

    ဒါ့အပြင် မတ် ၁၁ ရက်က အဆိုပါရေလက်ကြားမှာ အပစ်ခံရတဲ့ Mayuree Naree ထိုင်းကုန်တင် သင်္ဘောပေါ် ပိတ်မိနေတဲ့ ဝန်ထမ်း ၃ ယောက်ကိုလည်း အီရန်နဲ့ အိုမန် ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကယ်တင်နေတယ်။

    ဒါပေမဲ့ စစ်ဆေးတွေ့ရှိချက်နဲ့ သူတို့ရဲ့ ကံကြမ္မာအပေါ် အတည်ပြုချက်ရဖို့ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေနဲ့ မပြတ်ဆက်သွယ်နေပြီး ၃ ယောက်လုံး ဘေးကင်းမယ်လို့ မျှော်လင့်တယ်လို့ဆို ပါတယ်။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘန်ကောက်အခြေစိုက် အီရန်နိုင်ငံသံရုံးက “ကျွန်ုပ်တို့ ၂ နိုင်ငံနဲ့ ဆူရတန် အိုမန်နိုင်ငံတို့ ရင်းနှီးစွာပူးပေါင်းဆောင် ရွက်မှုကြောင့် ထိုင်းသင်္ဘောတစင်း ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းသွားပြီလို့ ထိုင်းပြည်သူတွေကို အသိပေးလိုပါတယ်၊ ကျွန်ုပ်တို့ရဲ့ ချစ်ကြည်ရင်းနှီးမှု ကို ကျွန်ုပ်တို့ တန်ဖိုးထားပြီး ကျွန်ုပ်တို့ မိတ်ဆွေကို ကျွန်ုပ်တို့ မမေ့ပါဘူး” လို့ ရေးသား ဖော်ပြ ပါတယ်။

    ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ၊ အခွန်အကောက်တန်ဖိုး အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

    တခြားနိုင်ငံက ကုန်တင်သင်္ဘောတွေအနေနဲ့တော့ ဖြတ်သန်းခ ဒေါ်လာ ၂ သန်း ( ထိုင်းဘတ် ၆၅ သန်း ) ထိ ပေးဆောင်ရပေမဲ့ အမေရိကန်နဲ့ အစ္စရေးသင်္ဘောတွေကတော့ လုံးဝဖြတ်သန်းခွင့် မရှိဘူးလို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

  • အီရန်က ‘ရန်လိုမှု မရှိသော’ ရေနံတင်သင်္ဘောများကို လမ်းဖွင့်ပေး၊ သမ္မတ ထရမ့်က ငြိမ်းချမ်းရေး အစီအစဉ် ပေးပို့

    အီရန်က ‘ရန်လိုမှု မရှိသော’ ရေနံတင်သင်္ဘောများကို လမ်းဖွင့်ပေး၊ သမ္မတ ထရမ့်က ငြိမ်းချမ်းရေး အစီအစဉ် ပေးပို့

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထံ ငြိမ်းချမ်းရေးအစီအစဉ်တရပ် ပေးပို့ခဲ့ပြီး၊ တလနီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်နိုင်ရန် အင်္ဂါနေ့တွင် အကောင်းမြင်မျှော်လင့်ချက်ဖြင့် ပြောကြားနေချိန်၌ အီရန်အစိုးရကလည်း ‘ရန်လိုမှု မရှိသော’ ရေနံတင်သင်္ဘောများကို အရေးပါလှသည့် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ပြုကြောင်း ကြေညာခဲ့သည်။

    ယင်းမှာ သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည့် အလားအလာများမှာ အကြမ်းဖက်မှုအသစ်များနှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်သည်။ အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပြီး၊ အစ္စရေးကလည်း ဘက်ပေါင်းစုံမှ ဆက်လက်ဖိအားပေးနေကာ လက်ဘနွန်တောင်ပိုင်းရှိ နယ်မြေ ဒေသတခုကို သိမ်းပိုက်စိုးမိုးရန် ကြွေးကြော်ထားသည်။

    မကြာသေးမီရက်များအတွင်း အီရန်ကို အကြီးအကျယ် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ရာမှ တလနီးပါးကြာစစ်ပွဲသည် ပြီးဆုံးခါနီးပြီဟု ပြောဆိုပြန်သည့် အပြောင်းအလဲမြန်နေသူ သမ္မတ ထရမ့်က အမေရိကန်သည် အီရန်နှင့် “ ညှိနှိုင်းနေသည်” ဟု ပြောကြားနေပြန်သည်။ သို့သော် တရားဝင်ဆွေးနွေးမှုများရှိသည်ကို အီရန်က အတည်ပြုခြင်း မရှိသေးပေ။

    “အီရန်က မနေ့က တကယ့်ကို အံ့ဩစရာကောင်းတဲ့ အရာတခု လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို လက်ဆောင်တခု ပေးခဲ့ပြီး၊ အဲဒီလက်ဆောင်က ဒီနေ့ ရောက်လာပါတယ်။ အဲဒါက တန်ဖိုးအလွန်ကြီးမားတဲ့ လက်ဆောင်ကြီးတခုပါပဲ” ဟု သမ္မတ ထရမ့်က အိမ်ဖြူတော် အိုဗယ်ရုံးခန်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    “အဲဒါက ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိပါတယ်၊ ကျွန်တော်တို့ မှန်ကန်တဲ့လူတွေနဲ့ ဆက်ဆံနေရပြီဆိုတာပါပဲ” ဟု သမ္မတ ထရမ့် က ပြောကြားခဲ့သည်။

    ၎င်းက အသေးစိတ် ထပ်မံရှင်းပြခြင်း မရှိသော်လည်း အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ် ရေလက်ကြားနှင့် သက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ရ သည်။

    ထို့နောက် မကြာမီမှာပင် အီရန်က နိုင်ငံတကာ ရေကြောင်းအဖွဲ့ချုပ် (IMO) မှတဆင့် ထုတ်ပြန်သည့် သတင်းစကားတွင် ကမ္ဘာ့ရေနံ ငါးပုံတပုံ ဖြတ်သန်းရာ ရေလမ်းကြောင်းဖြစ်သည့် ယင်းရေလက်ကြားမှ တဆင့် “ရန်လိုမှုမရှိသော သင်္ဘောများ” ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ကြောင်း အာမခံချက် ပေးခဲ့သည်။

    အာမခံကုမ္ပဏီများက စွန့်စားရမည်ကို စိုးရိမ်သဖြင့် သင်္ဘောအများစုမှာ ယင်းလမ်းကြောင်းကို ရှောင်ရှားနေကြသော်လည်း၊ အီရန်က မိတ်ဆွေနိုင်ငံများကို ပစ်မှတ်ထားမည်မဟုတ်ကြောင်း မကြာသေးမီရက်များအတွင်း ပြောကြားခဲ့သည်။

  • တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနိုင်လို့ လူကြားထဲ သိန်းရာချီ ဆုချတဲ့ မိခင်

    တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနိုင်လို့ လူကြားထဲ သိန်းရာချီ ဆုချတဲ့ မိခင်

    🎓 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနိုင်လို့ လူကြားထဲ သိန်းရာချီ ဆုချတဲ့ မိခင်

    ဒါဟာ တကယ်ပဲ မှန်ကန်တဲ့ ချီးမြှောက်မှုလား? 💰✨

    ​ဒီနေ့ Facebook ပေါ်မှာ တော်တော်လေး ပျံ့နှံ့နေတဲ့ သတင်းတစ်ခုပါ။

    တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစမှာတင် မိခင်ဖြစ်သူက သားသမီးကို လူကြားထဲမှာတင် ငွေသား သိန်းရာချီ ဆုချခဲ့တဲ့ ဖြစ်စဉ်ပါ။

    ​မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးအပေါ် ထားတဲ့ မေတ္တာနဲ့ ဂုဏ်ယူမှုကို နားလည်ပေးလို့ ရပေမဲ့ အခုလို အပြုအမူအပေါ် စဉ်းစားစရာတွေ ရှိလာပါတယ်။

    ​🚩 ဆုချတာ စောလွန်းနေပြီလား?

    ​စာမေးပွဲရလဒ် မထွက်သေးခင်၊ အောင်၊ မအောင် မသေချာသေးတဲ့ အချိန်မှာ အခုလို လူသိရှင်ကြား အကြီးအကျယ် ဆုချလိုက်တာဟာ ကလေးအတွက် အားဆေးဖြစ်စေမှာလား? ဒါမှမဟုတ် “ရလဒ်မကောင်းခဲ့ရင်” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နှစ်ဆသော ဖိအား (Pressure) ကို ပေးလိုက်တာလား?

    ​⚠️ ခေတ်ကာလအရ အန္တရာယ်များလွန်းပါတယ်

    ​အခုလို လုံခြုံရေး အခြေအနေ စိုးရိမ်ရတဲ့ ကာလမှာ လူမြင်ကွင်းမှာ ငွေသားအများအပြား ထုတ်ပြတာဟာ ခိုးဆိုးလုယက်မှု တွေအတွက် ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်။

    ကလေးရဲ့ ဘေးကင်းရေးကိုရော ထည့်သွင်းစဉ်းစားခဲ့ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။

    ​🤔 လူထင်ကြီးရုံ သက်သက်လား?

    ​တကယ်ပဲ ကလေးကို ဂုဏ်ပြုချင်တာလား၊ ဒါမှမဟုတ် လူကြားထဲမှာ မိမိကိုယ်ကို ဂုဏ်ဖော်ချင်တာလား (Show-off) ဆိုတာကလည်း ဝေဖန်စရာ ဖြစ်နေပါတယ်။

    အချစ်စစ်တယ်ဆိုတာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ ရေရှည်အကျိုးစီးပွားကို ပိုပြီး ကြည့်ပေးသင့်တာ မဟုတ်ပါလား။

    ​ဒီအပြုအမူအပေါ် သူငယ်ချင်းတို့ရော ဘယ်လိုမြင်ကြလဲ?

    “မိဘတိုင်း လုပ်သင့်တဲ့ အားပေးမှု” လို့ ထင်လား?

    ဒါမှမဟုတ် “အန္တရာယ်များတဲ့ ဟန်ပြလုပ်ရပ်” လို့ မြင်သလား?