Author: Baby Yit Lone
-

ပုံးဖြင့် ဆီမရောင်းသဖြင့် အလောင်းနှင့် အခေါင်းပါ ဆိုင်သယ်လာပြီး သုဘရာဇာ ဒီဇယ်ဝယ်ခဲ့ရ
ထိုင်းတွင် ပုံးဖြင့် ဆီမရောင်းသဖြင့် အလောင်းနှင့် အခေါင်းပါ ဆိုင်သယ်လာပြီး သုဘရာဇာ ဒီဇယ်ဝယ်ခဲ့ရ ထိုင်းနိုင်ငံ၊ ဘန်ဘူယန်းခရိုင်ရှိ သုဘရာဇာတစ်ဦးသည် အလောင်းအား မီးသင်္ဂြိုဟ်ရန် ဆီဆိုင်မှ ဒီဇယ် သွားဝယ်ရာတွင် ပုံးဖြင့်မရောင်းနိုင်ဟု ဝန်ထမ်းများက တုံ့ပြန်သဖြင့် ဒေါသထွက်ကာ နိဗ္ဗာန်ယာဉ်ပေါ် လူသေပါ ပါသည့် အခေါင်းအား သယ်လာပြီး သက်သေပြကာ ဒီဇယ်များ ဝယ်ခဲ့ရသည်။ အသက် ၄၈ နှစ်အရွယ် ပရီးချားဆိုသော သုဘရာဇာသည် ယခင်ကတည်းက ထိုဆီဆိုင်မှာပင် မီးသင်္ဂြိုဟ်ရာ၌ မဖြစ်မနေအသုံးပြုရသည့် ဒီဇယ်များကို ဝယ်နေကကျဖြစ်သော်လည်း အမေရိကန်နှင့် အီရန်တို့ စစ်ဖြစ်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီ ရှားပါးမှုက ထိုင်းနိုင်ငံတွင်လည်း သက်ရောက်မှုရှိ သဖြင့် ပုံးဖြင့် လာဝယ်သူများမှာ ဆီများစွာ ဝယ်လှောင်ထားသူများ ဖြစ်နိုင်သည်ဟုဆိုကာ ပရီးချားကို ဆီမရောင်းခဲ့ခြင်းဖြစ်သည်။…
-

“တပ်မတော်နေ့” အခမ်းအနားတက်သည့် မချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ်ပေးရန် လှုံ့ဆော်
“တပ်မတော်နေ့” အခမ်းအနားတက်သည့် မချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ်ပေးရန် လှုံ့ဆော် စစ်အာဏာရှင်တော်လှန်ရေး တက်ကြွလှုပ်ရှားသူ မချမ်းမြမြသော်သည် “ တပ်မတော်နေ့“ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဓာတ်ပုံများ ထွက်ပေါ်လာသဖြင့် ၎င်းအား လူမှုရေးပြစ်ဒဏ်ပေးရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုလျက်ရှိသည်။ ဆရာမ ချမ်းချမ်း (ခေါ်) မချမ်းမြမြသော်သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ Mondrian Seoul Itaewon ဟိုတယ်တွင် ယမန်နေ့ (မတ်လ ၂၇ ရက် ) က ပြုလုပ်သည့် စစ်ကော်မရှင် “တပ်မတော်နေ့” ဂုဏ်ပြုညစာ စားပွဲတက်ရောက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ ဆိုသည်။ မြေလတ်ဒေါင်းတို့ ပွဲကစို့ ၊ Fncc Burma Fact Check Community နှင့် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက ၎င်းအား လူမှုရေးပြစ်ဒဏ်ပေးရန် လူမှုကွန်ရက်မှ တဆင့်…
-

စစ်တွေ ဒကစ တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် အရာရှိနှင့် စစ်သည်အချို့ သေဆုံး
စစ်ကော်မရှင်က အင်အားဖြည့်တင်းပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် တပ်ရင်းအချို့ကို အာရက္ခ တပ်တော် (AA) က တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် ခြောက် ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် မတ်လ ၂၆ ရက် ည ၁၁ နာရီဝန်းကျင်မှစတင်ကာ စစ်ကော်မရှင်၏ စစ်တွေ ဒကစ၊ ရွှေမင်းဂံရေတပ်နှင့် အခြားတပ်ရင်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်၏တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) မတ်လ ၂၇ ရက် တွင်လည်း ဒကစ အတွင်းသို့ လက်နက်ကြီးကျည်များ ဆက်တိုက် ကျရောက်ပေါက်ကွဲခဲ့ပြီး ခမရ-၃၄၄) နှင့်…
-

URGENT ၄၈-နာရီ အထူးသတိ
🚨 [URGENT ၄၈-နာရီ အထူးသတိ] လေထုညှပ်ပိတ်မှု (Atmospheric Squeeze)အမြင့်ဆုံးအဆင့် ရောက်နေပြီ! ⚠️🌩️🔥 အခုဖြစ်နေတာက ရိုးရိုးလေတိုက်မိုးရွာတာမဟုတ်ပါဘူး။ အနောက်ဘက် (အိန္ဒိယ) ကလာတဲ့ မိုးစွမ်းအင်နဲ့ အရှေ့ဘက် (ထိုင်း) က အပူစုပ်အားတို့ မြန်မာပြည်အလယ်မှာ ထိပ်တိုက်တွေ့ပြီး လေထုပေါက်ကွဲမှု (Storm Explosion) တွေ ဖြစ်နေတဲ့ အခြေအနေပါ။ 🛰️ 🌏 ပညာရှင်များ၏ ပူးပေါင်းဆန်းစစ်ချက် (Expert Synthesis) ၁။ လေထုတင်းကျပ်မှု (Compression Zone) အနောက်က ရေငွေ့တွေက တွန်း၊ အရှေ့က ၄၂°C အပူရှိန်က ဆွဲယူနေလို့ မြန်မာပြည်အလယ်ပိုင်း (မန္တလေး/မကွေး/စစ်ကိုင်း) ဟာ လေစုပ်စက်ထဲရောက်နေသလို ဖြစ်နေပါတယ်။ ၂။ ဂြိုဟ်တုပုံရိပ်အရ ကချင်နဲ့ ရှမ်းမြောက်စွန်းမှာ Cold Coreလို့ခေါ်တဲ့…
-

စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာ
ရန်ကုန်တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာပြီး စျေးနှုန်းများ စံချိန်တင်မြင့်တက်၊ ဓာတ်ဆီ ၁ လီတာ ၁၂,၀၀၀ ကျပ်နှင့် ဒီဇယ် ၁ လီတာ ၁၅,၀၀၀ ကျပ်အထိ စျေးပေါက်လာ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီခွဲတမ်းများ ပုံမှန်မရရှိတော့ခြင်းနှင့် ဆီလိုသ လောက် ဝယ်ယူ၍မရသည့် အခက်အခဲများကြောင့် ပြင်ပမှောင်ခိုစျေးကွက် အကြီး အကျယ် ဖြစ်ထွန်းလာပြီး စျေးနှုန်းများမှာလည်း စံချိန်တင် မြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာနေပြီး ပြင်ပပေါက်စျေးမှာ ဓာတ်ဆီ ၁ လီတာလျှင် ငွေကျပ် ၁၂,၀၀၀ ကျပ်နှင့် ဒီဇယ် ၁ လီတာလျှင် ငွေကျပ် ၁၅,၀၀၀ ကျပ်အထိ ရှိနေသည်။ အဆိုပါ မှောင်ခိုစျေးကွက်သို့ ဆီဆိုင်အချို့ကပင် ဆီများ…