Author: Baby Yit Lone

  • စာရေးဆရာကြီး ဦးတင်ညွန့် ဖမ်းဆီးခံထားရ

    စာရေးဆရာကြီး ဦးတင်ညွန့် ဖမ်းဆီးခံထားရ

    နိုင်ငံရေး၊ သုတနှင့် ရသစာပေများ ရေးသားနေသူ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်ကို စစ်အုပ်စုက ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ “သူ့ကို ပြီးခဲ့တဲ့၂၃ ရက်နေ့ မနက် ၂ နာရီက သန်လျင်က သူ့အိမ်မှာ လာဖမ်းသွားတာ။ အမျိုးသမီးတစ်ယောက်က တစ်တော့အွန်လိုင်းမှာတင်ရောင်းတဲ့စာအုပ် ၃ အုပ်နဲ့ပတ်သက်ပြီး ဆရာတင်ညွန့်ကို လာဖမ်းသွားတာ” ဟု ဆရာတင်ညွန့်၏မိသားစုနှင့် နီးစပ်သူတစ်ဦးကအတည်ပြု ပြောသည်။ ဆရာတင်ညွန့်ကို စစ်အုပ်စုက ဖမ်းဆီးထားမှုသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့မှာ ရေးသားထုတ်ဝေခဲ့သည့် ခွေးထိန်းငတာ၊ ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည်၊ ဦးသန်းရွှေ၏ ယတြာများ စာအုပ်တို့နှင့် အဓိကဆက်စပ်နေကြောင်း ဆရာတင်ညွန့်နှင့် နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြောဆိုထားသည်။ လူမှုကွန်ရက် Tiktok…

  • BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင်

    BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင်

    အမေရိကန်အထက်လွှတ်တော်အမတ် ၅ ဦး တင်သွင်းသည့် BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင် အမေရိကန်အထက်လွှတ်တော်အမတ် ၅ ဦး တင်သွင်းသည့် BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင်လာကြောင်း အထက်လွှတ်တော်အမတ် Michael Bennet က သတင်းထုတ်ပြန်ထားသည်။ အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ ကော်လိုရာဒိုပြည်နယ် အထက်လွှတ်တော်အမတ်လည်းဖြစ်သူ Michael Bennet က အခြားသော အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် Chris Van Hollen၊ Todd Young၊ Mitch McConnell ၊ Jeff…

  • OSC ဆေးရုံ ဝန်ခံပြီ…

    OSC ဆေးရုံ ဝန်ခံပြီ…

    အခုပဲ တရားဝင်တောင်းပန်ပီ ဆေးရုံရောက်ပြီး ၃ နာရီနီးပါး စောင့်ဆိုင်းခဲ့ရပေမဲ့ နာမည်စာရင်းမရှိလို့ဆိုပြီး ဓာတ်မှန် (Doppler Ultrasound) ရိုက်ခွင့်မရခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး OSC ဆေးရုံ ဘက်က အမှားကို ဝန်ခံကာ တရားဝင် ပြန်လည်တောင်းပန်လိုက်ပြီ ဖြစ်ပါတယ်။ ဘာတွေဖြစ်ခဲ့တာလဲ? ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့က လူနာတစ်ဦးဟာ ဆေးရုံရဲ့ ဝန်ဆောင်မှု အားနည်းချက်ကြောင့် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပေမဲ့ ကုသမှုမရရှိဘဲ အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရတာပါ။ ဒီဖြစ်စဉ်ကို ကာယကံရှင်က လူမှုကွန်ရက်ပေါ်မှာ ဝေမျှခဲ့ရာကနေ အများက စိတ်ဝင်စားခဲ့ကြပါတယ်။ ဆေးရုံရဲ့ တုံ့ပြန်မှု ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ချက်ချင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စနစ်ပိုင်းဆိုင်ရာ အားနည်းချက် နှင့် ဝန်ထမ်းများအကြား ချိတ်ဆက်မှု လွဲချော်ခြင်း…

  • ဒါမျိုးတွေကို  ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီ

    ဒါမျိုးတွေကို ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီ

    ဗီဒီယိုဖိုင်ကိစ္စမှ သံဃာတု၊ သီလရှင်တု ၄ ဦးအား လူဝတ်လဲ၍ ဥပဒေအရ အရေးယူဆောင်ရွက်နေ ‎ ‎အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသော ပုသိမ်-ငွေဆောင်ကားလမ်းဘေး သရုပ်ပျက်ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ ၄ ဦးအား သက်ဆိုင်ရာမှဖမ်းဆီးကာ သာသနာရေးဆိုင်ရာဥပဒေများ၊ နယ်မြေခံဥပဒေများအရထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ‎ပုသိမ်-ငွေဆောင်ကားလမ်းပေါ်က ရုပ်သံဖိုင်နှင့်ပတ်သက်၍ ယနေ့ (ဧပြီ ၂၆ ရက်) တွင် ရပ်ကျေးသံဃနာယကဆရာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ ငွေဆောင်မြို့၊ မဒေါ့ကုန်းအုပ်စုရှိ အောင်သစ္စာမဏ္ဏိုင်ကျောင်းတိုက်သို့သွားရောက်စစ်ဆေးကြောင်း ကနဦးသိရှိရပါ တယ်။ ‎စစ်ဆေးမှုများအရ ဖြစ်စဉ်တွင်ပါဝင်သူများဖြစ်သည့် ဥူးခေမာဝံသ၊ ဥူးရေဝတ၊ နန္ဒမာလာ (သီလရှင်)၊ မမာလာဝံသ (သီလရှင်) ‎အဆိုပါ ၄ ဦးကို ဓမ္မဝါဒဖြစ်သော သာသနာတော်ကို ညှိုးနွမ်းစေသော အပြုအမူများလုပ်ဆောင်မှုများကြောင့် သိက္ခာချလူဝတ်လဲခြင်းများပြုလုပ်ခဲ့ပြီးနောက် ဥပဒေအရဆက်လက်အရေးယူနိုင်ရန် သလပ်ခွာနယ်မြေရဲစခန်းတွင် ခေတ္တထိန်းသိမ်းကာ…

  • မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ

    မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ

    🌧 မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ ဧပြီလကုန်ကနေ မေလဆန်းအထိ မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ ဆက်တိုက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မိုးမျှော်နေတဲ့သူတွေနဲ့ စိုက်ခင်းရေသွင်းရမယ့်သူတွေအတွက် ဝမ်းသာစရာသတင်းပဲဖြစ်ပါတယ်။ 📍 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကာလ: ဧပြီလ (၂၆) ရက်မှ မေလ (၉) ရက်နေ့အထိ။ အခြေအနေ: နေ့စဉ်ရက်ဆက် မိုးရွာသွန်းပါမယ်။ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အတွက် မိုးတွင်းရောက်ပြီလို့တောင် ပြောလို့ရတဲ့ အခြေအနေပါ။ ပြင်ဆင်ရန်: မိုးရေထိလို့မရတဲ့ လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးလိုက်ပါတယ်။ 📍 တနင်္သာရီတိုင်းနှင့် အောက်ပိုင်းဒေသများ ဧပြီ (၂၈-၂၉): ကရသူရိနှင့် ခမောက်ကြီးဒေသတစ်ဝိုက် မိုးအနည်းငယ်ရွာပါမယ်။ မေ (၁-၃): တနင်္သာရီတိုင်းတစ်တိုင်းလုံး မိုးရွာပါမယ်။ အထူးသဖြင့် မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းခရိုင် တို့မှာ နေရာကွက် မိုးများနိုင်ပါတယ်။ 📍 အခြားဒေသများ…