Author: Baby Yit Lone
-

အသက် ၆၀ ကျော် ဖခင်အရင်းကို သမီးအရင်းက လက်ဆယ်ရေကန်ဘောင်မှာ လာရောက်စွန့်ပစ်သွားခဲ့တဲ့ ဖြစ်ရပ်”
အသက် ၆၀ ကျော် ဖခင်အရင်းကို သမီးအရင်းက လက်ဆယ်ရေကန်ဘောင်မှာ လာရောက်စွန့်ပစ်သွားခဲ့တဲ့ ဖြစ်ရပ်” ဘဝရဲ့ နေဝင်ချိန်မှာ နွေးထွေးတဲ့ အိမ်ဂေဟာလေးတစ်ခုထက် ပူလောင်တဲ့ မျက်ရည်တွေနဲ့အတူ လက်ဆယ်ရေကန်ဘောင်ထက်မှာ အဖော်မဲ့ ကျန်ရစ်ခဲ့ရတဲ့ ဖခင်အိုကြီးတစ်ဦးရဲ့ ဖြစ်ရပ်ကတော့ တကယ်ကို ရင်နာစရာပါ။ အသက် (၃၀) ကျော်အရွယ်ရှိပြီဖြစ်တဲ့ ကိုယ်တိုင်မွေးထားတဲ့ သမီးအရင်းဖြစ်သူက အသက် (၆၀) ကျော်အရွယ်ရှိပြီဖြစ်တဲ့ မိဘအိုကြီးကို “လာရောက်စွန့်ပစ်သွားခဲ့တာ” ဖြစ်ပါတယ်။ ပရဟိတအဖွဲ့က လူငယ်တွေ ရောက်ရှိသွားချိန်မှာတော့ အဆိုပါဖခင်ကြီးဟာ အိမ်ပြန်ပို့မှာကို ကြောက်လန့်တကြား ငိုယိုတောင်းပန်နေရှာပါတယ်။ “အိမ်ပြန်ရင် ပိုဆိုးမှာကို ကြောက်နေတဲ့ မျက်ရည်တွေ…” သားသမီးတွေရဲ့ ငြိုငြင်မှုက ဘယ်လောက်တောင် ကြီးမားနေခဲ့သလဲဆိုတာ ဖခင်အိုကြီးရဲ့ တုန်လှုပ်နေတဲ့ ပုံရိပ်တွေက သက်သေပြနေပါတယ်။ ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် သင်ခန်းစာတစ်ခုလည်း…
-

မွန်ဝန်ကြီးသား အုပ်ကြီးကို ပါးရိုက်ကာ အမှုလည်းဖွင့်ထား
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်တွင် မွန်ဝန်ကြီး၏သားက ကျေးရွာအုပ်ချုပ်ရေးမှူးကို ပါးရိုက်သည့် အပြင် အမှုလည်း ဖွင့်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်(ဧပြီ၁၇ရက်)တွင် သံဖြူဇရပ်မြို့နယ်၊ပငရွာအတွင်း တရားမဝင် မွန်ပြည်နယ်ဝန်ကြီး နိုင်လယိတမသား ဇင်မျိုး၏အဖွဲ့နှင့် ပငရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ စကားများ ရန်ဖြစ်ကြရာမှ ဇင်မျိုးက အုပ်ကြီးကို ပါးရိုက်ခဲ့သည့်အပြင် အုပ်ကြီးအပါအဝင် ၈ဦးအား သံဖြူဇရပ်ရဲစခန်း၌ အမှုဖွင့်ထားကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။ “အဲဒီသတင်းကို လဂွန်းအိမ်စာစဉ်က တင်ထားတာတွေ့လို့ ဒေသခံတွေဆီ စုံစမ်းကြည့်တော့ သတင်း မှန်ပါတယ်။ဖြစ်တာကတော့ ဝန်ကြီးသားဆိုတဲ့ကောင်က အာဏာပြတာပေါ့။ပင ဆိုတာ နိုင်လယိ တမရဲ့ ဇာတိရပ်ရွာလည်းဖြစ်တော့ ရွာမှာရှိနေတဲ့ ဝန်ကြီးသားနဲ့ဆွေမျိုးအပေါင်းအပါက ပါဝါပြပြီး အုပ်ကြီးကိုပါ ပါးရိုက်ပစ်လိုက်တာ။ပြီးတော့ ပါးလည်းရိုက် အမှုလည်းဖွင့်တော့ ပြည်သူတွေကြားထဲ မှာ ဟာသဖြစ်နေတာပေါ့”ဟု ၎င်းက ပြောသည်။ ပငရွာတွင် သင်္ကြန်တွင်း…
-

ငါးနှစ်အောက် ကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရ၊ တစ်ဦးသေဆုံး
မြောက်ဦးနှင့် မောင်တောမြို့တွင် အသက်ငါးနှစ်အောက် ကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရ၊ တစ်ဦးသေဆုံး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်နှစ်ခုတွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ကျူးလွန်ခဲ့သူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး (DLEPS) ဌာနက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသော်လည်း မည်သို့ဆောင်ရွက်နေသည်ကိုမူ အသေးစိတ်မသိရကြောင်း ခံရသည့် ကာယကံရှင်မိသားစုဝင်များက ဆိုကြသည်။ အဆိုပါ သက်ငယ်မုဒိမ်းမှုနှင့် သတ်ဖြတ်မှုဖြစ်စဉ်မှာ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာနှင့် မောင်တောမြို့နယ် အောင်သုခကျေးရွာတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးကို အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသအခြေစိုက်…
-

ချောင်းသာတွင် အငြိမ်းစားဗိုလ်ကြီးကို ရဲစခန်းမှူးနှင့်အဖွဲ့က ဝိုင်းရိုက်နှက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှာရှိတဲ့ “77777” KTV မှာ စစ်အာဏာရှင်တပ် အငြိမ်းစားဗိုလ်ကြီးတယောက်ကို ရဲအရာရှိတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဧပြီ ၂၄ ရက်က အငြိမ်းစားဗိုလ်ကြီး စည်သူနိုင်က KTV မှာ လိုအပ်တဲ့ပစ္စည်းတွေ မှာယူရာက 77777 KTV က တာဝန်ရှိသူတို့အကြား အငြင်းပွားမှုဖြစ်ပွားပါတယ်။ အငြင်းပွားမှုကို လာရောက်ဖြေရှင်းပေးတဲ့ ချောင်းသာနယ်မြေ ရဲစခန်းက စခန်းမှူး မျိုးကိုကို၊ နယ်ထိန်း ဝေလင်း၊ သီဟဇော် ဆိုတဲ့ အရာရှိတွေနဲ့ပါ ထပ်ဆင့်အငြင်းပွားမှု ဖြစ်ပွားပြီး ရဲအရာရှိတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ သိရပါတယ်။ ဒေသခံတယောက်က “ရိုက်နှက်ခံရတဲ့ ဗိုလ်ကြီးက ရဲတွေမှန်း မသိဘူး၊ မူးနေတာ။ လာပြီးဖြေရှင်းပေးတဲ့ ဝိုင်းရိုက်တဲ့ရဲတွေက ပထမ ဗိုလ်ကြီးမှန်း မသိဘူး။ နောက် သိတော့လည်း…
-

ဂျုံးဂျုံးကျသွားပြီဖြစ်တဲ့ ရန်ကုန်
ရန်ကုန်ရှိ စူပါမားကတ်ကြီးများနှင့် ကုန်တိုက်အများစုတွင် လျှပ်စစ် မီးမမှန်ခြင်းနှင့် မီးစက်အတွက် စက်သုံးဆီဝယ်ယူရန် ခက်ခဲခြင်း၊ စျေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် အေးခဲထားရမည့် စားသောက်ကုန်ပစ္စည်းများ လုံးဝမတင်တော့ ရန်ကုန်မြို့ရှိ စူပါမားကတ်ကြီးများနှင့် ကုန်တိုက်အများစုတွင် လျှပ်စစ်မီး ပုံမှန် မရရှိခြင်း၊ မီးစက်မောင်းနှင်ရန် စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲရှိခြင်းနှင့် ဆီစျေးနှုန်းအဆမတန် မြင့်မားနေခြင်းတို့ကြောင့် အေးခဲထားရမည့်စားသောက်ကုန်များ၊ ရေခဲမုန့်နှင့် ရေခဲ ချောင်း အပါအဝင် အေးခဲကုန်ပစ္စည်းများအားလုံးကို လုံး၀မတင်တော့ကြောင်း ရန်ကုန်မြို့ အခြေစိုက် စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ယခု ဧပြီလဆန်းပိုင်းမှစတင်၍ ကုန်တိုက်များ၊ စူပါမားကတ်အများစုတွင် လက်ကျန်အေးခဲကုန်ပစ္စည်းများကို လျှော့စျေးများဖြင့် အမြန်ကုန်အောင် ရောင်းချနေပြီး နောက်ထပ်အသစ်တင်သွင်းမှုများကို ရပ်ဆိုင်းထားလိုက်ကြကြောင်း၊ အဓိကအားဖြင့် ရေခဲ သေတ္တာကြီးဖြင့် အမြဲ အေးခဲထားရသည့် စားသောက်ကုန်နှင့်လူသုံးကုန်များကို တင်သွင်းရောင်းချမှုများကို ကုန်တိုက်များက စတင်ရပ်နားခြင်းဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်အခြေစိုက်…