Author: Baby Yit Lone

  • အီရန်စစ်ပွဲတွင် အသံထက်မြန်သော “Dark Eagle” ဒုံးကျည်စနစ်ကို အသုံးပြုရန် အမေရိကန် စီစဉ်

    အီရန်စစ်ပွဲတွင် အသံထက်မြန်သော “Dark Eagle” ဒုံးကျည်စနစ်ကို အသုံးပြုရန် အမေရိကန် စီစဉ်

    အမေရိကန်နှင့် အီရန်အကြား အပစ်အခတ်ရပ်စဲရေးမှာ ထိလွယ်ရှလွယ်ဖြစ်နေချိန်တွင် အမေရိကန်က အီရန်ပဋိပက္ခတွင် အဆင့်မြင့်ဆုံးလက်နက်စနစ်တခုဖြစ်သည့် “Dark Eagle” ဟု လူသိများသော အသံ ထက်မြန်သောဒုံးကျည်စနစ်ကို ဖြန့်ကြက်ရန် စီစဉ်နေသဖြင့်၊ ယင်းမှာ တင်းမာမှုကို အဆင့်သစ်တခုသို့ ရောက်ရှိသွားနိုင်သည့် အခြေအနေဖြစ်ကြောင်း သတင်းများက ဆိုသည်။ တရားဝင်အားဖြင့် “တာဝေးပစ် အသံထက်မြန်သောလက်နက်” ဟု ခေါ်ဆိုသည့် ယင်းလက်နက်စနစ်မှာ အပြည့်အဝအသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး သော်လည်း ခွင့်ပြုချက်ရရှိပါက ယင်းသည် အမေရိကန်က တိုက်ရိုက်ပဋိပက္ခတခုအတွင်း အသံထက် မြန်သောလက်နက်ကို ပထမဆုံးအကြိမ် ဖြန့်ကြက်အသုံးပြုခြင်း ဖြစ်လာမည်ဖြစ်သည်။ Dark Eagle ဆိုသည်မှာ မည်သည့်အရာနည်း “Dark Eagle” သည် အခိုင်အမာကာကွယ်ထားသည့် ပစ်မှတ်များနှင့် အချိန်နှင့်တပြေးညီ တိုက်ခိုက်ရန် လိုအပ်သော…

  • အလွန်စိတ်ဝင်စားစရာ ဂြိုဟ်သား နှင့် UFO ဆိုင်ရာမှတ်တမ်းများ အမြန်ဆုံး ချပြမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု

    အလွန်စိတ်ဝင်စားစရာ ဂြိုဟ်သား နှင့် UFO ဆိုင်ရာမှတ်တမ်းများ အမြန်ဆုံး ချပြမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု

    အလွန်စိတ်ဝင်စားစရာ ဂြိုဟ်သား နှင့် UFO ဆိုင်ရာမှတ်တမ်းများ အမြန်ဆုံး ချပြမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု အစိုးရ ရရှိထားသည့် ဂြိုဟ်သားနှင့် UFO ဆိုင်ရာ အထောက်အထား မှတ်တမ်းများကို မကြာမီ အများသိ အမြန်ဆုံး ချပြသွားမည်ဟု လကမ္ဘာပေ ါ်သွားခဲ့သည့် Artemis II အာကာသယာဉ်မစ်ရှင်နှင့် ပတ်သက်ပြီး ဧပြီ ၂၉ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံပွဲ ပြုလုပ်ရာ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြု ပြောကြားခဲ့သည်။ အမေရိကန်စစ်ရေးဌာန (DoW) သည် နှစ်ပေါင်းများစွာအတွင်း ကောင်းကင်ပြင်၌ အမျိုးအမည် မသိလေ ကြောင်းဖြစ်စဉ်များ (UAPs) နှင့် အမျိုးအမည်မသိ ပျံသန်းနေသော အရာ၀တ္ထုများ (UFOs) မှတ်တမ်းများကို လျှို့ဝှက်စွာ သိမ်းဆည်းထားခြင်းအား ယနေ့ ထုတ်ဖော်ပြသရန်…

  • ပဇီတိုက်ပွဲ မြန်မာစစ်တပ် အထိနာကာ စစ်ကြောင်းပြိုလဲ

    ပဇီတိုက်ပွဲ မြန်မာစစ်တပ် အထိနာကာ စစ်ကြောင်းပြိုလဲ

    AA က ထပ်မံလိုက်လံတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေ ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲမှာ အကြမ်းဖက် မြန်မာစစ်တပ်က အထိနာ အကျအဆုံးများပြီး စစ်ကြောင်းပြိုကာ နောက်ဆုတ်သွားပြီးနောက် အဲဒီစစ်ကြောင်းကို အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းတပ်ဖွဲ့က လိုက်လံ ရှင်းလင်းတိုက်ခိုက်ရာကနေ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ” မနေ့က ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက အင်အားအလုံးအရင်းနဲ့ ဒရုန်းပစ်ကူ‌တွေသုံးပြီး ပဇီရွာကို စစ်ကြောင်း ထိုးတာ။ နှစ်ဖက်တိုက်ပွဲပြင်းလို့ စစ်ကောင်စီဖက်ကအထိနာသွားတယ်။ နောက်ပိုင်း စစ်ကြောင်း ပြိုသွားတယ်။ မနေ့ကညအချိန်လောက်မှာ သူတို့နောက်ဆုတ်ထွက်ပြေးကြတယ်။ အဲဒါ အေအေက လိုက်ရှင်းတော့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။ ခုလို နောက်ဆုတ်ထွက်ပြေးသွားတဲ့ စစ်တပ်…

  • ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးဆောက်ထားသော အိမ်သို့ ရွှေ့ပြောင်းထား

    ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးဆောက်ထားသော အိမ်သို့ ရွှေ့ပြောင်းထား

    ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးဆောက်ထားသော အိမ်သို့ ရွှေ့ပြောင်းထား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ သီးသန့်ထောင်သဖွယ် အထူးဆောက် လုပ်ထားသောအိမ်သို့ ပြီးခဲ့သည့် သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ရက်)က အရေးပေါ် ပြောင်းရွှေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယင်းနေအိမ်သည် နေပြည်တော်ရှိ စစ်တပ်နယ်မြေအတွင်း တိုက်ရိုက်တည်ရှိခြင်းမဟုတ်ဘဲ စစ်တပ်မိသားစုများ နေထိုင်ရာမြို့နယ်တွင် တည်ရှိကြောင်း၊ သိသာထင်ရှားသည့် အလွန်မြင့်မားသော ခြံစည်းရိုးများကို ပတ်ပတ်လည်ခတ်ထားကြောင်း သိရသည်။ ထို့အဆောက်အအုံမှာ ဒေါ်အောင်ဆန်းစုကြည် မပြောင်းရွှေ့မီ အရေးပေါ် အမြန်အချောသတ် ဆောက်လုပ်ခဲ့ခြင်းဖြစ် နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့ပြီး နောက်တရက် နှစ်ဆန်းတရက်နေ့ (ဧပြီ ၁၇ ရက်)တွင် သမ္မတ ဦးဝင်းမြင့်ကို လက်ရှိကျခံနေသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၂၅…

  • ဒေါ်အောင်ဆန်းစုကြည်၊ တရုတ်အထိုင်နဲ့ နေပြည်တော်ရဲ့ ရွှေ့ကွက်

    ဒေါ်အောင်ဆန်းစုကြည်၊ တရုတ်အထိုင်နဲ့ နေပြည်တော်ရဲ့ ရွှေ့ကွက်

    ရက်ပေါင်း ၁,၉၀၀ ကျော်( ၅ နှစ်ကျော်ကြာ)အကျဥ်းချခံထားရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက်ဓာတ်ပုံတစ်ပုံကို ”ပြစ်ဒဏ်ကျခံရတဲ့နေရာကိုပြောင်းလဲသတ်မှတ်”ဆိုတဲ့သတင်းနဲ့အတူနေပြည်တော်က ထုတ်ပြလာပါတယ်။ ဒီထုတ်ပြမှုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ဦးဆောင်တဲ့” Proof of Life” လှုပ်ရှားမှု၊ အာဆီယံရဲ့ ဖိအားပေးတောင်းဆိုမှု၊ တရုတ်၊ထိုင်းနဲ့ ဒေသတွင်းအပါအဝင် နိုင်ငံတကာရဲ့ သံတမန်ရေးရာလှုပ်ရှားမှုနောက်ခံများအဖြစ် ရှုမြင်နေကြပါတယ်။ ဒါပေမဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းမဟုတ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့ပုံစံကိုသာ ပြောင်းလဲလိုက်ခြင်းလည်းဖြစ်ပါတယ်။ ရွှေ့ကွက်တခုအဖြစ်ပုံဖော်ခံထားရတဲ့ ဒီအရွေ့က နေပြည်တော်အတွက် နိုင်ငံရေးအရအသိအမှတ်ပြုခံရရေး အကျပ်တည်းတွေကိုလျော့ပါးလာစေဖို့ ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ရဲ့ မိတ်ဆွေလား ဒေါ်အောင်ဆန်းစုကြည်ကို ”နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီ” ဖြစ်ကြောင်း ဧပြီ ၃၀ ရက်နေ့ညမှာ နေပြည်တော်က ကမ္ဘာတဝန်းကို အသံထုတ်ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းကတော့…