Author: Baby Yit Lone

  • ဓနုဖြူဈေးကြီး မီးလောင်မှု ဖြစ်စဉ်နှင့် သတိပြုဖွယ်ရာများ (ရုပ်သံ)

    ဓနုဖြူဈေးကြီး မီးလောင်မှု ဖြစ်စဉ်နှင့် သတိပြုဖွယ်ရာများ (ရုပ်သံ)

    ဓနုဖြူဈေးကြီး မီးလောင်မှု ဖြစ်စဉ်နှင့် သတိပြုဖွယ်ရာများ

    “အခု တွေ့မြင်နေရတဲ့ မြင်ကွင်းကတော့ တကယ့်ကို စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုပါပဲ။

    ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ရဲ့ အထင်ကရ ဓနုဖြူဈေးကြီးမှာ အခုလိုမျိုး အကြီးအကျယ် မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

    ဒေသခံတစ်ဦးက တိုက်ရိုက်ရိုက်ကူးထားတဲ့ ဒီရုပ်သံဖိုင်ထဲမှာ မီးတောက်တွေဟာ ထိန်းမနိုင်သိမ်းမရ လောင်ကျွမ်းနေတာကို တွေ့ရမှာပါခင်ဗျာ။”

    “မီးဟာ အရှိန်အဟုန်နဲ့ လောင်ကျွမ်းခဲ့တာကြောင့် ဆိုင်ခန်းပေါင်းများစွာနဲ့ ကုန်စည်တွေဟာ ပြာပုံဘဝကို ရောက်ရှိသွားခဲ့ပါပြီ။

    ‘အားလုံး ကုန်ပါပြီ’ ဆိုတဲ့ ဈေးသည်တွေရဲ့ ငိုကြွေးသံတွေ၊ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အသံတွေကလည်း ကြားရသူအပေါင်းကို စိတ်မကောင်းဖြစ်စေပါတယ်။

    တစ်မြို့လုံးနီးပါး စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့အထိ မီးခိုးလုံးတွေဟာ ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့တာပါ။”

    “အခုလို အပူချိန်တွေ အလွန်အမင်း မြင့်တက်နေတဲ့ နွေရာသီကာလမှာ မီးဘေးအန္တရာယ်ဟာ ကျွန်တော်တို့ရဲ့ အနီးအနားမှာတင် ရှိနေပါတယ်။

    ပေါ့ဆမီး တစ်စကနေ တစ်မြို့လုံး ပြာကျနိုင်တဲ့အထိ ကြောက်စရာကောင်းပါတယ်။

    မိဘပြည်သူများအနေနဲ့ မိမိတို့ရဲ့ အိမ်၊ ဆိုင် နဲ့ လုပ်ငန်းခွင်တွေမှာ မီးသတ်ဆေးဘူးတွေ၊ ရေကန်တွေနဲ့ မီးချိတ်၊ မီးကပ်တွေကို အဆင်သင့် ထားရှိကြဖို့ တိုက်တွန်းလိုပါတယ်။

    လျှပ်စစ်ဝိုင်ယာကြိုး အဟောင်းတွေကို စစ်ဆေးဖို့နဲ့ မီးမသုံးခင်၊ သုံးပြီး စနစ်တကျ စစ်ဆေးဖို့က အသက်နဲ့ စည်းစိမ်ကို ကာကွယ်ရာ ရောက်ပါတယ်ခင်ဗျာ။”

    “ဓနုဖြူဈေးကြီးမှာ ဆုံးရှုံးခဲ့ရတဲ့ မိဘပြည်သူများနဲ့အတူ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။

    နောက်နောင် ဒီလို အဖြစ်ဆိုးမျိုးတွေ မကြုံရအောင် အားလုံးပဲ မီးဘေးသတိ အမြဲရှိကြပါလို့ ပြောကြားရင်း… အခုလို သတင်းနဲ့ ဗဟုသုတတွေကို သိရှိနိုင်ဖို့ ကျွန်တော်တို့ Page ကို Like and Follow လုပ်ထားပေးကြပါဦး။

    အားလုံးပဲ ဘေးကင်းကြပါစေ။”

  • အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲပစ်ခတ်မှုတွင် ထရန့်နှင့် ဇနီးအား သက်တော်စောင့်အဖွဲ့ ကယ်ထုတ်ခဲ့ရ

    အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲပစ်ခတ်မှုတွင် ထရန့်နှင့် ဇနီးအား သက်တော်စောင့်အဖွဲ့ ကယ်ထုတ်ခဲ့ရ

    ဝါရှင်တန်ရှိ Washington Hilton ဟိုတယ်၌ ပြုလုပ်သည့် အိမ်ဖြူတော် သတင်းထောက်များအသင်း (WHCA) ညစာစားပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ၎င်း၏ဇနီးကို သက်တော်စောင့်အဖွဲ့က စင်ပေါ်မှ ဘေးလွတ်ရာသို့ အမြန်ဆုံး ခေါ်ထုတ်ခဲ့ရသည်။

    စနေနေ့ည ( မြန်မာစံတော်ချိန် ယနေ့ နံနက်ပိုင်း) က ဟိုတယ် လုံခြုံရေးစစ်ဆေးရေးဂိတ်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လျှို့ဝှက်အေးဂျင့်အဖွဲ့ကက ထုတ်ပြန်သည်။

    သေနတ်သံကြားရသည်နှင့်တစ်ပြိုင်နက် လုံခြုံရေးအရာရှိများက “ပစ်ပြီ” ဟု အော်ဟစ်ကာ သမ္မတအနီးသို့ သေနတ်များထုတ်၍ အပြေးအလွှား သွားရောက်ခဲ့ကြသည်။

    ညစာစားပွဲစတင်ပြီး ငါးမိနစ်ခန့်အကြာတွင်ပင် ခန်းမအနောက်ဘက်မှ ရုတ်ရုတ်သဲသဲဖြစ်သံများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် တက်ရောက်လာသူ ရာနှင့်ချီသော ဧည့်သည်များမှာ စားပွဲခုံများအောက်တွင် ဝပ်၍ ပုန်းအောင်းခဲ့ကြသည်။

    ထို့နောက် စင်ပေါ်တွင် လက်နက်ကိုင် သက်တော်စောင့်များ ရောက်ရှိလာပြီး သမ္မတ ထရန့်နှင့် ဇနီး မလယ်နီယာ ထရန့်တို့ကို ခန်းမအတွင်းမှ အမြန်ဆုံး စောင့်ရှောက်ခေါ်ထုတ်သွားခဲ့သည်။

    ထိုဖြစ်စဉ်တွင် သမ္မတထရန့်မှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ မကြာမီ ပြုလုပ်မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။

    ယင်းအခမ်းအနားတွင် သမ္မတထရန့်၊ ၎င်း၏ဇနီးနှင့် ဒုတိယသမ္မတဂျေဒီဗန့်စ်တို့အပြင် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်၊ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်စီဂက်ဘက်၊ ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီ၊ အိမ်ဖြူတော်သတင်းပြန်ကြားရေး အတွင်းရေးမှူး ကာရိုလင်းလဲဗစ်၊ အိမ်ဖြူတော် ဆက်သွယ်ရေးညွှန်ကြားရေးမှူး စတီဗင်ချောင်နှင့် FBI ညွှန်ကြားရေးမှူး ကက်ရှ်ပက်တယ်လ် စသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိ အများအပြားလည်း တက်ရောက်ခဲ့ကြသည်။

    ယခုဖြစ်စဉ်ဖြစ်ပွားသည့် Washington Hilton ဟိုတယ်သည် ၁၉၈၁ ခုနှစ်တွင် ဂျွန်ဟင့်ကလေးဂျုနီယာ ဆိုသူက သမ္မတ ရော်နယ်ရေဂင်ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် နေရာပင် ဖြစ်သည်။

    ထို့နောက် သမ္မတထရန့်သည် ဒေသစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်တွင် ကျည်ကာယာဉ်တန်းဖြင့် အိမ်ဖြူတော်သို့ ပြန်လည်ထွက်ခွာနေပြီ ဖြစ်သည်။

    အဆိုပါပစ်ခတ်မှုတွင် သံသယရှိသူအား ဖမ်းဆီးထိန်း သိမ်းထားနိုင်ပြီဖြစ်ကြောင်း FBI က အတည်ပြုချက် ထုတ်ပြန်ခဲ့သည်။

    ကိုးကား- Newyork Times

    ထရမ့်တက်တဲ့ အိမ်ဖြူတော်သတင်းထောက်များညစာစားပွဲမှာ သေနတ်သမားကို ဖမ်းမိ

    ဝါရှင်တန် ဟေလ်တန်ဟိုတယ်မှာ ပြုလုပ်တဲ့ အိမ်ဖြူတော်သတင်းထောက်တွေ ညစာစားပွဲ ကျင်းပနေတဲ့ဟိုတယ်မှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရအပြီးမှာပဲ အဲဒီမှာရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လုံခြုံရေးအဖွဲ့တွေက ဘေးကင်းကင်းနဲ့ ခေါ်ဆောင်သွားနိုင်ပြီလို့ သိရပါတယ်​။

    သေနတ်သမားကိုတော့ ဖမ်းမိပြီလို့ ထရမ့်က လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့မိနစ်ပိုင်းကပဲ ရေးတင်ပါတယ်။​

    ဒီဖြစ်ရပ်အတွင်း ညစာစားပွဲကို တက်ရောက်လာသူတွေဟာ စားပွဲခုံတွေ အောက်မှာ ဝင်ပုန်းနေခဲ့ကြတယ်လို့ အဲဒီမှာရှိနေတဲ့ ဘီဘီစီရဲ့ ဝါရှင်တန်သတင်းထောက်က ရေးပါတယ်။

    သေနတ် ၇ ချက်၊ ၈ ချက် ပစ်ခတ်ခဲ့ရတယ်လို့ ပွဲထဲမှာရှိတဲ့ လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။​

    သမ္မတ၊ သမ္မတကတော်နဲ့ လုံခြုံရေးပေးသင့်သူအားလုံး ဘေးကင်းပြီလို့ သမ္မတလုံခြုံရေးအဖွဲ့က ပြောပါတယ်။

    အခုတော့ ဟိုတယ်အပြင်မှာ လုံခြုံရေး တိုးမြှင့်ထားလိုက်ပြီလို့ သိရပါတယ်။

  • ထီးသဲလယ်စခန်းတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေးတင်းကျပ်

    ထီးသဲလယ်စခန်းတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေးတင်းကျပ်

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့​တောင်ဘက်၊ ဝေါ်​လေမြိုင်အနီး စစ်​အာဏာရှင်တပ်ရဲ့ ထီးသဲလယ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၂၅ ရက်​ မနက် ၆ နာရီလောက်မှာ စခန်းသိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ခြမ်းမှ ပြည်သူတွေ မထိခိုက်စေဖို့ ထိုင်းစစ်တပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

    တိုက်ပွဲမှာ စစ်တပ်က တပ်သားနဲ့ အရာရှိစစ်သည် အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံရသလို ​သေဆုံးသူ​တွေလည်းရှိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ကာကင်း ၆ ခုနဲ့ စခန်းလုံခြုံ​ရေးတည်​ဆောက်ထားတဲ့ စစ်တပ်ရဲ့ ထီးသဲလယ်စခန်းဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ မတ် ၃၁ ရက်ကစတင်ပြီး တိုက်ခိုက်နေတာပါ။

    တိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်ကျဆုံး များနေတာကြောင့် ဂျက်တိုက်လေယာဉ်၊ Y 12 လေယာဉ်တွေနဲ့ ဗုံးကြဲပစ်ကူပေးနေတာကြောင့် ထီးသဲလဲရွာအပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံတွေ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    ဧပြီ ၂၂ ရက် မနက်ကလည်း ဝေါ်လေမြိုင်ရွာအတွင်းမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    ဝေါ်လေမြိုင် တောင်ဘက်အနီး ထီးသဲလယ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ ၆၀ မမ လက်နက်ကျည် ၄ လုံးက ဝေါ်လေမြိုင် ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၆ မှာ ကျရောက်ပေါက်ကွဲခဲ့လို့ ရပ်ကွက် ၆ ရွာဦးဘုန်းတော်ကြီး ကျောင်းအရှေ့မှာ လူကြီး တယောက်နဲ့ အသက် ၈ နှစ်အရွယ် ကလေး တယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသွားတာပါ။

    စစ်အာဏာရှင်က တဖက်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းနေချိန်မှာ တခြားတဖက်မှာတော့ တိုက်ပွဲတွေဖြစ်နေပြီး နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတာ ဖြစ်ပါတယ်။

    Photo : Thai official

  • ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား

    ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား

    ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်–ငွေဆောင်ကားလမ်းပေါ်တွင် ဘုန်းကြီးအချို့နှင့် မယ်သီလအချို့ ပါဝင်နေသည်ဟု ဆိုသည့် မသင့်လျော်သော အပြုအမူများပါဝင်သည့် ရုပ်သံတစ်ခု လူမှုကွန်ရက်များတွင် ပျံ့နှံ့လာပြီးနောက် အများပြည်သူအတွင်း ဝေဖန်မှုများနှင့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြသည်။

    ရုပ်သံတွင် သာသနာဝင်ပုဂ္ဂိုလ်များအဖြစ် ခန့်မှန်းထားသည့် လူအချို့သည် သာသနာနှင့် မညီညွတ်သော အပြုအမူများ ပြုလုပ်နေသည်ဟု မြင်တွေ့ရကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေပြီး၊ ယင်းကိစ္စသည် ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း ပြောဆိုနေကြသည်။

    ဗုဒ္ဓဘာသာဝင်များအနက် တချို့က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများမှ စိစစ်စစ်ဆေးကာ မှန်ကန်မှုရှိပါက စည်းမျဉ်းဥပဒေအရ အရေးယူဆောင်ရွက်ရန် တောင်းဆိုထားကြသည်။

    တချို့ကလည်း သံဃာဝင်အဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပိုမို တိကျသော စိစစ်မှုများ လိုအပ်ကြောင်း၊ အတုယောင် သာသနာဝင်များကြောင့် ဘာသာရေးအပေါ် ယုံကြည်မှု ကျဆင်းနိုင်ကြောင်း ထောက်ပြနေကြသည်။

    လက်ရှိအချိန်တွင် ရုပ်သံပါဝင်သူများ၏ အထောက်အထားနှင့် ဖြစ်ရပ်မှန်အတည်ပြုချက်များကို တာဝန်ရှိသူများက စုံစမ်းနေကြောင်း သိရှိရပြီး၊ အာဏာပိုင်များနှင့် သံဃာ့အဖွဲ့အစည်းများဘက်မှ တရားဝင်ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်း မရှိသေးပါ။

    🥵 ဘုန်းကြီးကျောင်းမှာ လူတွေ မိသားစုလိုက် နေထိုင်နေတာတွေနဲ့ သံဃာတော်တွေ ကား/ဆိုင်ကယ် မောင်းတာ၊ မာတုဂါမနဲ့ ငြိစွန်းတာတွေကို တစ်နိုင်ငံလုံးမှာ စတင်စစ်ဆေးအရေးယူတောမည်

    ● ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းအချို့တွင် လူပုဂ္ဂိုလ်များ၊ မိသားစုများမှာ ကျောင်းဝင်းအတွင်း အိမ်ဂေဟာသဖွယ် အမြဲတမ်း နေထိုင်လာကြပြီး လူတရုန်းရုန်းဖြင့် သာသနာ့နယ်မြေနှင့် မတူတော့သည့် အခြေအနေများ ဖြစ်ပေါ်နေပြီး ကျောင်းဝင်းအတွင်း ထမိန်များ လူအဝတ်အစားများနှင့် အမြင်မတင့်တယ်မှု ဖြစ်နေတာကြာပါပြီ။ အချို့ကျောင်းတွေမှာဆို ဦးဇင်းကိုရင်တွေကအစ ဘုန်းကြီးအမျိုးပိုမှ စားရတဲ့ ဘဝဖြစ်နေတာကြောင့် ဝေဖန်မှုတွေ မကြာခဏ ဖြစ်နေကြပါတယ်။

    ● ဒီတစ်ကြိမ်မှာတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) မှ သာသနာတော်သန့်ရှင်းတည်တံ့ရေးအတွက် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စီမံချက်ချမှတ် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ အသေးစိတ် ထုတ်ပြန်ချက်မှာ–

    (၁) နိုင်ငံတစ်ဝန်းရှိ သာသနိကအဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်း သပ်ရပ်မှု ရှိစေရေး၊

    (၂) ဘုရား၊ စေတီ၊ ပုထိုးများ သန့်ရှင်းတင့်တယ်မှု ရှိစေရေးနှင့် ဘုရား၊ စေတီ၊ ပုထိုးများတွင် ကိန်းဝပ်စံပါယ်လျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်များကို ဆွမ်းဆက်ကပ်နိုင်ရေး၊

    (၃) ရှေးဟောင်းအဆောက်အအုံစာရင်းဝင် ဘုရားများမှအပ ရွှေသင်္ကန်းကပ်လှူခြင်းမရှိသော ဘုရားများ ကြည်ညိုဖွယ်ဖြစ်စေရန် ထုံးသင်္ကန်း လှူဒါန်းဆက်ကပ်နိုင်ရေး၊

    (၄) ရဟန်းသံဃာများ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ကိုယ်တိုင် မောင်းနှင်ခြင်းကို တားမြစ်နိုင်ရေး၊

    (၅) ဘုန်းတော်ကြီးကျောင်းများတွင် လူပုဂ္ဂိုလ်များ၊ မိသားစုများ၊ ညဉ့်အိပ်၊ ညဉ့်နေ အမြဲကဲ့သို့ နေထိုင်ခြင်း မပြုစေရေးနှင့် ရဟန်းသံဃာများ မာတုဂါမနှင့် ငြိစွန်းသည့် ဖြစ်စဉ်များ မပေါ်ပေါက်စေရေး။

    ရန်ကုန်လို မြို့ကြီးတွေမှာ ကျောင်းတွေဟာ လူတွေနဲ့ တရုန်းရုန်း ဖြစ်နေတာကို အခုလို “ကျောင်းတွင်း လူနေထိုင်မှု ရှင်းလင်းရေး” ညွှန်ကြားချက်က အတော်လေး ဂယက်ထစေမှာပါ။ တစ်ဖက်မှာလည်း သံဃာတော်တွေ ကား၊ ဆိုင်ကယ်မောင်းတာနဲ့ သွားစရာရှိတဲ့အခါ မောင်းပေးမယ့်သူမရှိတာတွေကြောင့် ဒီထုတ်ပြန်ချက်တွေကို လိုက်နာနိုင်ပါ့မလား။ မာတုဂါမနှင့် ငြိစွန်းသည့် ဖြစ်စဉ်များ မရှိစေရေး၊ သာသနိက အဆောက်အအုံများနှင့် ဘုရားစေတီများ သန့်ရှင်းသပ်ရပ်စေရေး ဆိုတာတွေ ကို ဘယ်လိုမြင်ကြလဲဆိုတာ နီးနီးစပ်စပ် သိရှိထားသူများ ဆွေးနွေးပေးကြပါဦး။

  • မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်ထိမြင့်တက်ပြီး အပူကြောင့်သေဆုံးသူရှိလာ

    မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်ထိမြင့်တက်ပြီး အပူကြောင့်သေဆုံးသူရှိလာ

    ယခုရက်ပိုင်းအတွင်း နိုင်ငံတဝန်းနေ့အပူချိန်များမြင့်တက်နေရာတွင် မန္တလေးမြို့၌ အပူချိန် ၄၃ ဒီကရီဆဲလ်စီးယပ်အထိမြင့်တက်နေပြီး အပူဒဏ်ကြောင့်သေဆုံးသူများရှိနေကြောင်းသတင်းရရှိသည်။

    ၂၀၂၅ ခုနှစ် ဧပြီလ ယခုချိန်တွင် မန္တလေးမြို့အပူချိန်သည် ၄၂ ဒီကရီဆဲလ်စီးယပ်ရှိသဖြင့် တစ်နှစ်ကျော်ကာလအတွင်း အပူချိန် ၁ ဒီကရီဆဲလ်စီးယပ်ရှိလာကာ အပူချိန်မြင့်တက်ခြင်းဖြစ်သည်။

    မန္တလေးမြို့တွင်အပူချိန်မြင့်တက်မှုကြောင့် မူးလဲသတိလစ်သူအပူလျှပ်သူများပြားနေပြီး ဆရာဝန်တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

    ပြီးခဲ့သည့်ရက်ပိုင်းတွင် မန္တလေး နန်းရှေ့၊ ၁၉ လမ်းရှိ ဘောလုံးကွင်းရှေ့၌ အမျိုးသားတစ်ဦး ကားအတွင်းရုတ်တရက်သေဆုံးခြင်း၊ အမျိုးသမီးတစ်ဦး မူးလဲသတိလစ်သွားခြင်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

    “မန္တလေးအရမ်းပူတယ်။ အပြင်မထွက်နိုင်ဘူး။ နေ့လယ်ဘက် ကိစ္စရှိလို့ကားနဲ့ အပြင်ထွက်မယ်ဆိုရင်တောင် ကားထဲဦးထုပ်ဆောင်းထားရတယ်။ အပေါ်က အပူက ကားအမိုးရှိ တာတောင်မခံနိုင်ဘူး။ တအားပူတယ်။ အခုပိုပူလာပြီ မနေနိုင်ဘူး “ ဟု မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

    ထိုသို့အပူချိန်မြင့်တက်နေသည့်အပြင် လျှပ်စစ်မီးလုံလောက်စွာမရမှုကြောင့် အပူဒဏ်ခံစားရကာ ကလေးငယ်နှင့် လူကြီးများပိုမိုခံစားရကြောင်း မန္တလေးမြို့ခံ့များထံက သိရသည်။

    ပြီးခဲ့သည့်နှစ်ရက်တွင် လျှပ်စစ်မီးလာချိန် နှစ်နာရီတိုးပေးမည်‌ဆိုသော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပိုပြတ်နေကြောင်း မြို့ခံများကဆိုသည်။

    လက်ရှိနေ့အပူချိန်မြင့်တက်မှုကြောင့် ချောက်မြို့အပါအဝင် အချို့မြို့ကြီးများတွင် အပူရှောင်စခန်းများဖွင့်လှစ်ထားပြီး ပြည်သူ့ဆေးရုံများတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရန်ပြင်ဆင်ထားကြောင်း ရွေးတုအစိုးရလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

    စစ်အာဏာရှင်ဦးမင်းအောင်လှိုင်မွေးရပ်ဇာတိမြေဖြစ်သော မင်းဘူမြို့တွင် အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေးအတွက် ကျပ် သိန်း ၃၀၀ ကို ၎င်းက လှူဒါန်းကြောင်း ရွေးတုအစိုးရအာဘော် သတင်းစာများတွင်ဖော်ပြထားသည်။

    ထို့ပြင် အပူချိန်မြင့်တက်မှုကြောင့် မိတ်ထွက်ခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခမ်းခြင်း နှင့် သတိလစ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    အပူကြောင့်သတိလစ်ခြင်း (Heat Stoke) သည် ခန္ဓာကိုယ်အပူချိန်လွန်ကဲ၍ဖြစ်ရခြင်း အသက်အရွယ်၊ ရောဂါအခံနှင့် အခြားအကြောင်းအရင်းတို့ကြောင့်ဖြစ်ရကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လမှစတင်ကာ မကွေးမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့နှင့် နတ်မောက်မြို့တို့တွင် အပူရှောင်စခန်းများဖွင့်လှစ်ပြီး ကျန်ရှိနေသည့်အပူချိန်မြင့်သောဒေသများ တွင် ထပ်မံဖွင့်လှစ်ကြောင်းသိရသည်။

    မန္တလေးက လူတွေ အထူး ဂရုပြုကြပါ။

    နေကအရမ်းပူ မီးက ပြတ်နဲ့ အပူရှပ်တာကြောင့် ဆရာဝန်ကိုယ်တိုင် စိတ်မကောင်းစရာ အဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

    ဒီဖြစ်ရပ်မှာ အပြစ်တင်ရမှာက မီးဖြတ်တဲ့ လျှပ်စစ်ဌာနပါပဲ။ နွေရာသီကတော့ ပူမှာပါပဲ။

    အပူသက်သာဖို့ လျှပ်စစ်ဓာတ်အားကို ပိုသုံးရတာက ထုံးစံပါပဲ။

    အဲဒီ လျှပ်စစ်ဓာတ်အားတွေကို လုံလောက်အောင် ဖြည့်ဆည်းပေးရမှာက ပြည်သူ့ဆီက အခွန်ကို ယူပြီး ကိုယ့်ကိုကိုယ် အစိုးရလို့ သတ်မှတ်ထားတဲ့ လူတစုပါပဲ။

    ဒီလောက် ပြောလည်း ရှက်ရကောင်းမှန်း မသိလို့ ပြောတဲ့သူတောင် ရှက်လာပါပြီ။

    ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို အဲကွန်းခန်းထဲ ၂၄ နာရီနေပြီး အပင်ပန်းခံ လုပ်ပေးနေရတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီး ဆိုသူတွေ မသိချင်ယောင်ဆောင်နေကြတာလား ဆိုတာကတော့…