Author: Baby Yit Lone
-

KIO နှင့် PSLF/TNLA အကြား နယ်မြေအငြင်းပွားမှုအတွက် ညှိနှိုင်းဆွေးနွေးမှု စတင်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် KIO နှင့် PSLF/TNLA အကြား နယ်မြေအငြင်းပွားမှုအတွက် ညှိနှိုင်းဆွေးနွေးမှု စတင်
-

ပြည်ပရောက် ကျောင်းသားများနှင့် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာသေးပါက လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ ပေးရမည်
ပြည်ပရောက် ကျောင်းသားများနှင့် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာသေးပါက လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု လှိုင်သာယာ FMI City အုပ်ချုပ်ရေးမှူးက တောင်းခံနေ
-

-

-

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ နန်းတော်ဦးစေတီတော်ပေါ် ဖိနပ်စီးတက်သည်ကို စစ်ကောင်စီက ဖုံးကွယ်သော်လည်း ရှေ့ကဖုံး နောက်ကပေါ်ဖြစ်
စစ်ကောင်စီတပ်ဝါဒဖြန့်ဝက်ဘ်ဆိုက်ဖြစ်သော CINCDS တွင် ဖော်ပြသည့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ ပဲခူးတိုင်းအတွင်းရှိ ငလျင်ကြောင့်အပျက်အစီးများကို ဧပြီ ၇ ရက်နေ့က လိုက်လံကြည့်ရှုသတင်းတွင် နန်းတော်စေတီတော်အား ဖိနပ်စီးတက်ခဲ့သည့်အတွက် “ပုံသုံးရာတွင် ဂရုပြုသုံးရန်” ဟူသော မှတ်ချက်ပါလာခဲ့သည်။ နန်းတော်ဦးဘုရားပေါ်သို့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့က ဖိနပ်စီးတက်ခဲံ့သည်ကို စစ်ကောင်စီဝါဒဖြန့်ယန္တရားများတွင် ဖုံးကွယ်ခဲ့သော်လည်း မှတ်ချက်တခုကြောင့် ရှေ့ကဖုံး၊ နောက်ကဖော်ဖြစ်ခဲ့ရသည်။ အာဏာသိမ်း စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုး၀င်းဦးဆောင်သည့်အဖွဲ့က ယမန်နေ့ ဧပြီလ ၇ ရက်နေ့က ပဲခူးတိုင်းအတွင်း စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့သွားရောက်ရာတွင် တောင်ငူရှိ နန်းတော်ဦး လောကမာရဇိန်စေတီတော်၊ တောင်ငူဗဟိုအကျဉ်းထောင်၊ တောင်ငူနည်းပညာတက္ကသိုလ်၊ တောင်ငူပြည်သူ့ဆေးရုံ၊ ရွှေဆံတော်စေတီတော်နှင့် ဆွာချောင်းတံတားအခြေအနေတို့ကို ကြည့်ရှုခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်၏ Website ဖြစ်သည့် CINCDS တွင် သတင်းဖော်ပြရာ၌…